28/07/2026
ဓမ္မစကြာနေ့ အခါတော် ဆုတောင်း
🙏 ဓမ္မစကြာအခါတော်နေ့၏ မြတ်သောကုသိုလ်အရှိန်အဝါကြောင့်—
မြတ်စွာဘုရားရှင်၏ တရားတော်ကို နာယူကျင့်ကြံနိုင်သော ဉာဏ်ပညာများ တိုးပွားပါစေ။
မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်များနှင့် မိသားစုဝင်အားလုံး ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာကြပါစေ။
စီးပွားဥစ္စာများ တိုးတက်၍ လုပ်ငန်းအဆင်ပြေကာ လာဘ်လာဘများ ဝင်ရောက်ပါစေ။
ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေး၍ လိုအင်ဆန္ဒအားလုံး ပြည့်ဝကြပါစေ။
ဤကုသိုလ်ကောင်းမှုအဖို့အား အမျှအတန်းပေးဝေ၍ သတ္တဝါအပေါင်းတို့ ငြိမ်းချမ်းချမ်းသာကြပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။
သာဓု… သာဓု… သာဓု… 🙏