Nippon Auto Services

Nippon Auto Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nippon Auto Services, Car dealership, No. 47/48(B) . Corner of Baho and Hantharwaddy Road, Sanchaung Township , Yangon., Yangon.

မင်္ဂလာပါခင်ဗျာ🙏ဒီနေ့မှာတော့ ကျွန်တော်က ခုလိုCovid-19 Pandemic ရဲ့ Stay@Home ကာလမှာ မမောင်းပဲရပ်ထားတာကြာပြီဖြစ်တဲ့ ကိုယ်...
27/08/2021

မင်္ဂလာပါခင်ဗျာ🙏
ဒီနေ့မှာတော့ ကျွန်တော်က ခုလိုCovid-19 Pandemic ရဲ့ Stay@Home ကာလမှာ မမောင်းပဲရပ်ထားတာကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့ကားလေးရဲ့ System Operationတွေ ပုံမှန်လုပ်ဆောင်နေစေဖို့ ထိန်းသိမ်းသင့်တဲ့ အဓိကနည်းလမ်းတချို့ကို မျှဝေပေးပါမယ်ခင်ဗျ။

🚘ကားBattery ကို ကြာရှည်ခံအောင် ထိန်းသိမ်းမယ်။
Battery ရဲ့သဘောသဘာဝအရ မသုံးပဲပစ်ထားတာကြာသွားရင် ပျက်စီးသွားတတ်သလိုပဲ ကျွန်တော်တို့ကားတွေမှာပါတဲ့ Batteryတွေဟာလည်း ကားကိုမသုံးပဲ ရက်ရှည်လများရပ်ထားတဲ့အခါ ဖြည်းဖြည်းချင်း အားကုန်ခမ်းသွားတတ်ပါတယ်။ အဲ့လို Discharge မဖြစ်ဖို့ဆို တစ်ပတ်မှာ (၁၀-၁၅)မိနစ်ခန့် ကားစက်နှိုးပေးထားသင့်ပါတယ်။
🚘ကားကိုမကြာခဏ မောင်းပေးမယ်။
ကားမောင်းပေးရမယ်ဆိုတော့ စိတ်ထဲမှာကသိကအောက်နဲနဲတော့ ဖြစ်သွားတယ်ဟုတ်။ စက်ပစ္စည်းဆိုတာမျိုးက လည်ပတ်နေတဲ့အချိန်မှာ အကောင်းဆုံးလုပ်ဆောင်တာပဲ မဟုတ်လား။ အဲ့ဒီတော့ စက်ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ကားကိုလည်း ပုံမှန်လေးမောင်းနှင်ပေးဖို့တော့လိုအပ်တာပေါ့။ ဘယ်လိုမောင်းမလဲဆိုတော့ အနည်းဆုံး တစ်ပတ်မှာတစ်ကြိမ်လောက် ကားရှေ့တိုးနောက်ဆုတ်လုပ်ပေးတာအပြင် Air Conditionerကအစ ကားမှာပါတဲ့ System တွေအကုန် Operation လုပ်ပေးသင့်ပါတယ်။
🚘ကားရပ်ထားတဲ့အချိန် Hand Brake ဖြုတ်ထားပေးပါ။
Hand Break သုံးလိုက်ခြင်းအားဖြင့် ကားပါကင်ထိုးထားတဲ့အချိန် ပိုပြီးSafe ဖြစ်တဲ့အတွက် ကားရပ်ရက် Hand Break ဆွဲထားလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ Hand Break ကို အချိန်အကြာကြီးသုံးထားရင်လည်း Break System မှာ ညှပ်(Jam)နိုင်တဲ့အတွက် အဲ့ဒီအချက်ကိုလည်း ရှောင်ရမယ်ဗျ။
🚘ကားအတွင်းခန်းကို သန့်ရှင်းအောင်ထားမယ်။
ကားမထွက်ပဲ အချိန်အကြာကြီးရပ်ထားတဲ့အတွက်ကြောင့် ကားထဲမှာ လေဝင်လေထွက်မရှိတော့ပဲလှောင်နေမှာ အသေချာပဲပေါ့။ အဲ့လိုလှောင်ပိတ်နေချိန်မှာ ကားထဲမှာ အနံ့အသက်ကောင်းနေဖို့ဆို မလိုအပ်တဲ့ တိုလီမိုလီတွေ၊ အစားအသောက်ထုပ်ပိုးထားတဲ့အိပ်တွေနဲ့ အခြားအမှိုက်သရိုက်တွေကို ရှင်းထားရမယ်။ ဖြစ်နိုင်ရင် Air Fresher အမွှေးထုပ်လေးတွေဖြစ်ဖြစ် အမွှေးခဲလေးတွေဖြစ်ဖြစ်ထည့်ထားသင့်ပါတယ်။
🚘ကားအပြင်ပိုင်းကိုလည်း ဂရုစိုက်ရမယ်။
နောက်ဆုံးအနေနဲ့ကတော့ ကားရပ်ထားမယ့် နေရာကိုလည်း သေချာရွေးချယ်သင့်ပါတယ်။ နေရောင်ခြည်နဲ့ ရာသီဥတုဒဏ်ခံရပါများရင် ကားဆေးရောင်တွေ မှိန်တတ်တဲ့အတွက်ကြောင့် ကားကို ကားဂိုဒေါင်တို့ အရိပ်ရမယ့်နေရာနဲ့ အမိုးအကာရှိတဲ့နေရာမျိုးတို့မှာ ရပ်ထားသင့်ပါတယ်။ မဖြစ်မနေနေပူထဲမှာရပ်ထားရမယ်ဆိုရင်လည်း ကားမိုးကာခြုံပေးထားတာကလည်း Solutionတစ်ခုပေါ့။ ပြီးတော့ ကားကိုလည်း မှန်မှန်ဆေးပေးဖို့လည်း လိုအပ်ကြောင်း သတိပေးလိုက်ရပါတယ်ခင်ဗျာ။

ကျွန်တော်တို့အခုလတ်တလော Covid-19ရဲ့ရိုက်ခတ်မှုကြောင့် အရေးပေါ်လူနာတင်ယာဉ်တွေ ခါတိုင်းထက်ပိုပြီး မောင်းနှင်သွားလာနေတဲ့အချ...
03/08/2021

ကျွန်တော်တို့အခုလတ်တလော Covid-19ရဲ့ရိုက်ခတ်မှုကြောင့် အရေးပေါ်လူနာတင်ယာဉ်တွေ ခါတိုင်းထက်ပိုပြီး မောင်းနှင်သွားလာနေတဲ့အချိန်ဖြစ်တဲ့အတွက် အခြားအခြားသောယဉ်မောင်းတွေ သိတိပြုနိုင်ဖို့ Emergency Laneလေးအကြောင်း သိသေလာက် မှတ်သလောက် မျှဝေပေးပါရစေဗျ။
Emergency Laneဆိုတာကတော့ များသောအားဖြင့်လမ်းရဲ့အစွန်းဖက် လမ်းပခုံးမှာရှိတဲ့ယာဉ်ကြောကိုဆိုလိုပြီး အဲ့ဒီယာဉ်ကြောကို ယာဉ်ထိန်းရဲကား၊ လူနာတင်ကား၊ မီးသတ်ကား အစရှိတဲ့ အရေးပေါ်ယာဉ်များအတွက် ဦးစားပေးသတ်မှတ်ထားခြင်းဖြစ်ပါတယ်။ တကယ်တမ်းတော့ Emergency Lane ယာဉ်ကြောမှာ ဦးစားပေးသတ်မှတ်ထားသည့် ယာဉ်များတွေမှအပ အခြားယာဉ်တွေ ဝင်ရောက်မောင်းနှင်ခြင်းကို တားမြစ်ထားတဲ့ ဥပဒေဆိုတာရှိပေမယ့်လည်း နားလည်မှုနဲ့ မောင်းနှင်နေကြတာတွေတော့ရှိတယ်ဗျ။ ပြီးတော့ ပုံမှန်ယာဉ်တွေအနေနဲ့ Emergency Lane မှာရပ်နားဖို့ဆိုလည်း သတ်မှတ်ထားတဲ့အကြောင်းအရာလေးတွေရှိတယ်။
- မောင်းနှင်ရင်း စက်ချွတ်ယွင်းသွားလို့ပဲဖြစ်ဖြစ်
- ဥပမာ ယာဉ်တိုက်မှုလို အရေးပေါ်အခြေအနေနဲ့ ကြုံနေလို့ပဲဖြစ်ဖြစ်
- ယာဉ်ထိန်းရဲကနေတားလို့ ရပ်ပေးရတော့မယ်ဆိုရင်တော့ Emergency Lane မှာရပ်နားခွင့်ရှိတယ်ဗျ။
ကုန်ကုန်ခြုံပြောရမယ်ဆိုရင်တော့ သာမန်ယာဉ်တွေအနေနဲ့ Emergency Lane မှာမောင်းနှင်နေတာပဲဖြစ်ဖြစ် ရပ်နားထားတာပဲဖြစ်ဖြစ် တော်တော့်ကိုအန္တရာယ်များတယ်ဗျ။အထူးသဖြင့် လူနာတွေအတွက်အသက်လုပြီးမောင်းနှင်နေရတဲ့ ခုလို Covid-19ရောဂါပျင်းထန်နေတဲ့အချိန်မှာဆို ပိုပြီးသတိထားသင့်တာပေါ့ဗျာ။
မိုးရာသီလည်းဖြစ် ပြီးတော့ခုချိန်က လူတိုင်းကိုယ်စီမှာ ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ Emergency Laneမှာ မောင်းလို့မောင်းနေမှန်း မသိပဲသတိလက်လွတ်ဖြစ်ပြီး မဖြစ်သင့်တာတွေမဖြစ်ရအောင် ကျွန်တော်တို့အထူးဂရုစိုက်ဖို့လိုတယ် မဟုတ်လားဗျ။ အဲ့ဒါကြောင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာပြီး သတ်မှတ်ထားတဲ့ ယာဉ်ကြောကပဲမောင်းနှင်ကြဖို့ သတိပေးနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။


ဗုဒ္ဓဘာသာဝင်တို့ အထွဋ်မြတ်ထားသည့် ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ကမ္ဘာသူ/သား ၇ရက်သားသမီး အားလုံး စိတ်ချမ်းသာ ကို...
22/07/2021

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်မြတ်ထားသည့် ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ကမ္ဘာသူ/သား ၇ရက်သားသမီး အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကပ်ဘေးဆိုးကြီးတွေကလည်း လွတ်မြောက်ကြပါစေကြောင်း Nippon Auto Service မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ…🙏🏻

ခုလို Stay@Home ကာလမှာ အလုပ်အရမ်းများပြီး တော်ရုံ မတွေ့ဖြစ်ကြတဲ့ ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် Online စကားဝိုင်းလေးမှာ...
16/07/2021

ခုလို Stay@Home ကာလမှာ အလုပ်အရမ်းများပြီး တော်ရုံ မတွေ့ဖြစ်ကြတဲ့ ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် Online စကားဝိုင်းလေးမှာ ရောက်တတ်ရာရာပြောရင်း ကားစျေးကွက်ဖက် ဦးတည်ဖြစ်သွားကြတယ်။
လတ်တလော Covid-19 3rd waveရဲ့ အပြင်းအထန်ရိုက်ခတ်မှုတွေကြောင့် ကျွန်တော်တို့ရဲ့ တစ်ပတ်ရစ်ကားစျေးကွက်ဟာလည်း တော်တော်လေးအေးနေခဲ့တာ အမှန်ပါပဲ။
ဒါပေမယ့်လည်း တစ်ခါတလေ … “အဆိုးထဲကအကောင်းများဖြစ်နိုင်မလား”ဆိုပြီး ထပ်ခါထပ်ခါနဲ့ ကျွန်တော်စဉ်းစားမိတယ်ဗျ။ တကယ်တော့ ကျွန်တော်တို့တွေ အဓိကရုံးကန်နေကြရတဲ့ အကြောင်းရင်းက စားဝတ်နေရေးအတွက်ပဲ မဟုတ်လားဗျာ။
ခုလိုအချိန်မှာ ငွေပိုရှိတဲ့သူတွေက တစ်ပတ်ရစ်ကား ကောင်းကောင်းတစ်စီးဝယ်ပြီး စုမိစောင်းမိရှိခဲ့မယ်ဆိုရင်ရော။ ထိုနည်းတူစွာပဲ ကိုယ့်ဆီမှာအရှုံးပေါ် အောင် သိမ်းထားမယ့်အစား ထုတ်ရောင်းပြီး တစ်ဖက်တစ်လမ်းကနေ အကြပ်အတည်းတွေကို ဖြေလျှော့နိုင်ခဲ့မယ် ဆိုရင်ရော။ ရောင်းသူရော ဝယ်သူရော win-win situation ပဲလို့ ကျွန်တော်မြင်မိတယ်။
ဆိုတော့ဗျာ … ကျွန်တော့်လိုပဲ သုံးသပ်မိတဲ့ မိတ်ဆွေများရှိခဲ့ရင် ငွေပိုနေလို့ ကားဝယ်ယူချင်လို့ပဲဖြစ်ဖြစ် ငွေလိုနေလို့ ကားရောင်းချင်တာပဲဖြစ်ဖြစ် စိတ်ချယုံကြည်ရပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ Nippon Auto Services နဲ့ဆက်သွယ်လိုက်ပါလို့ အကြံပေးပါရစေ။

ကားကောင်းတစ်စီးက ကျွန်တော်တို့လိုရာခရီးကို လွယ်ကူချောမွေ့စွာပို့ဆောင်ပေးနိုင်တယ်ဆိုရင် ရောင်းရင်းတို့လက်ခံမယ်ဟုတ်??? 🙌ကျ...
12/07/2021

ကားကောင်းတစ်စီးက ကျွန်တော်တို့လိုရာခရီးကို လွယ်ကူချောမွေ့စွာပို့ဆောင်ပေးနိုင်တယ်ဆိုရင် ရောင်းရင်းတို့လက်ခံမယ်ဟုတ်??? 🙌
ကျွန်တော်ကတော့ အပြည့်အဝထောက်ခံပါရစေ။
ခုလို မိုးရာသီဆို ကားတစ်စီးရဲ့ တန်ဖိုးကို ပိုပြီးတော့တောင် တော်တော်ကြီးနားလည်မိတယ်ဗျ။
ကျွန်တော်တို့ သွားရမယ့်လမ်းခရီးမှာ ကြုံတွေ့ရမယ့်ရာသီဥတုဒဏ်… အဲ့ဒါအပြင် ရာသီဥတုဒဏ်ကြောင့်နောက်ဆက်တွဲ ကြုံတွေ့လာနိုင်တဲ့ နာမကျန်းဖြစ်ခြင်း အစရှိတာတွေကို သူကကာကွယ်ပေးန်ုင်တယ်မဟုတ်လား။
အနည်းဆုံးတော့ဗျာ ကိုယ့်ရဲ့တစ်နေ့တာ စတင်ချိန်မှာ မိုးစိုလို့ စိတ်ကသိကအောက်ဖြစ်ရတာထက် ကားပေါ်ကကြော့ကြော့လေးဆင်းလာရတာမျိုးက အများကြီးကိုသာလွန်နေတယ်လေနော်။ အဲ့လိုအတွေးတွေနဲ့ ကျွန်တော့်ဘဝတွက် ပထမဦးဆုံးတော့ အိပ်မက်က ကားတစ်စီးပိုင်ဆိုင်ဖို့ပါပဲ။ 💪
ကျွန်တော်နဲ့ ရင်ဘတ်ချင်းနီးတဲ့ရောင်းရင်းတွေရှိကြလားဗျ။ အဲ့လိုဆိုရင်တော့ ရောင်းရင်းတို့အတွက် စိတ်ကူးထဲကကားလေး လက်တွေ့ပိုင်ဆိုင်နိုင်ဖို့ Nippon နဲ့ မိတ်ဆက်ပေးပါရစေ။ 😇
ကား ဝယ်-ရောင်း ကိစ္စတိုင်းအတွက် စိတ်ချယုံကြည်ရတဲ့ ဝန်ဆောင်မှုတွေနဲ့ အကောင်းမွန်ဆုံးဆောင်ရွက်ပေးတဲ့ Nipponမိသားစုရဲ့ စေတနာကို အကြွင်းမဲ့ယုံကြည်ပြီး ကျွန်တော်နဲ့အတူ အိပ်မက်တွေကိုအကောင်ထည်ဖော်လိုက်ကြပါစို့နော်။

ဒီရက်ပိုင်း ကျွန်တော့်မိတ်ဆွေတွေဆီက ခဏခဏကြားနေရတဲ့ စကားလေးတခွန်းရှိတယ်…“ဆရာကြီးရာ ခုအခြေနေမျိုးနဲ့တော့ ညီလေးတို့လည်းအလုပ...
09/07/2021

ဒီရက်ပိုင်း ကျွန်တော့်မိတ်ဆွေတွေဆီက ခဏခဏကြားနေရတဲ့ စကားလေးတခွန်းရှိတယ်…
“ဆရာကြီးရာ ခုအခြေနေမျိုးနဲ့တော့ ညီလေးတို့လည်းအလုပ်ကမလည်ပတ်ဘူးဗျာ”တဲ့လေ။
တချို့က ကိုယ့်မှာပစ္စည်းရှိတယ်၊ ဒါပေမယ့် နေ့စဉ်လုပ်ငန်းအတွက်သုံးဖို့ ချောင်လည်မနေဘူး။
တချို့ကြပြန်တော့ ထုတ်မရပဲ အိပ်နေတဲ့ Amountတွေရှိတယ်။ အထုပ်ကြီးသာပိုက်ပြီး ကိုယ့်ဆီမှာ အသုံးကျအောင် ဘယ်လိုလုပ်ရမလဲ မသိဘူး။
အဲ့လိုမိတ်ဆွေတွေအတွက် ကျွန်တော်အကြံပေးနိုင်တဲ့ နည်းလမ်းလေးတခုတော့ရှိတယ်ဗျ။
မိတ်ဆွေတို့ရဲ့ ကား ဝယ်-ရောင်းကိစ္စအဝဝကို ယုံကြည်စိတ်ချရတဲ့ Nippon Auto Services နဲ့လက်တွဲပြီး မပြေလည်နေတာတွေ ပြေလည်အောင် မညှိချင်ကြဘူးလား။
“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်” ဆိုတဲ့ ဆိုရိုးအတိုင်း မိတ်ဆွေတို့မှာသာ တကယ်ဆန္ဒရှိရင် နည်းလမ်းကအသင့်ပဲမို့ မပြေလည်ပါဘူးကွာဆိုပြီး စိတ်ဓာတ်ကျမနေပဲ အခုပဲ Nippon Auto Services ကိုဆက်သွယ်ပြီး ဖြေရှင်းလိုက်ကြစို့လား။

- Trusted 3rd Partyကျွန်တော်တို့ ကားဝယ်ရောင်းလောကမှာ ဝယ်သူနဲ့ ရောင်းသူကြားမှာ ကြားဝင်ဆောင်ရွင်ညှိနှိုင်းပေးတဲ့ Trusted T...
07/07/2021

- Trusted 3rd Party
ကျွန်တော်တို့ ကားဝယ်ရောင်းလောကမှာ ဝယ်သူနဲ့ ရောင်းသူကြားမှာ ကြားဝင်ဆောင်ရွင်ညှိနှိုင်းပေးတဲ့ Trusted Third Party က တော်တော်အရေးပါတယ်ဗျ။
Trusted Third Party ဆိုတာကတော့ ကျွန်တော်တို့အရပ်စကားအရပြောရရင် ပွဲစားပေါ့ဗျာ။ ဟိုးရှေးမြန်မာဘုရင်တွေလက်ထက်ကတည်းက အရောင်းအဝယ်ကိစ္စအရပ်ရပ်တွေကို ကြားဝင်စေ့စပ်ပေးဖို့ သမာသမတ်ရှိတဲ့ ပွဲစားကြီးတွေထားလေ့ရှိတယ်ဗျ။ အဲ့လိုနဲ့ခေတ်တွေပြောင်းလာပြီး အခုလက်ရှိမျက်မှောက် Commerce လောကနဲ့ အခြားကဏ္ဍအသီးသီးမှာမှာThird Party အဖွဲ့တွေအမျိုးမျိုးပေါ်ပေါက်လာတာပေါ့။
Third Party တိုင်းက ယုံကြည်ရလားဆိုပြီးမေးလိမ့်မယ်။ အဲ…ဇာတ်လမ်းတွေမှာတော့ ပွဲစားကြကြားကနေဖျံကျသွားတာကွာ ဆိုပြီးတော့တွေ့ဖူးတာပဲနော် 😬။ အပြင်မှာတော့ ကျွန်တော်ကိုယ်တိုင် မကြုံဖူးတော့ မပြောတတ်ဘူးဗျ။ (ကျွန်တော်ကိုယ်တိုင်ကလည်း ရိုးသားဖြောင့်မတ်သူမို့လေ 😛)
တကယ်တော့ Third Party ဆိုတာက သမာသမတ်ရှိရမယ်။ ရိုးသားဖြောင့်မတ်ရမယ်။ အဲ့ဒါမှပဲ လူတိုင်းရဲ့ယုံကြည်ကိုးစားတာခံရမှာမဟုတ်လားဗျ။
အဲ့ဒီတော့ဗျာ လူကြီးမင်းတို့ ကား ဝယ်ရောင်းကိစ္စအရပ်ရပ်အတွက် သမာသမတ်ရှိပြီး စိတ်ချရတဲ့ Thrusted Third Party ကိုရှာနေတယ်ဆိုရင်တော့ ကျွန်တော်တို့ Nippon ကိုသာ အကြွင်းမဲ့ယုံကြည်ပြီး အားကိုးပစ်လိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ ဖြောင့်မတ်မှန်ကန်မှုကိုတော့ ကျွန်တော်တို့Nipponရဲ့နာမည်ဂုဏ်သတင်းကို သက်သေထားပြီး အာမခံချက်အပြည့်အဝပေးနိုင်ပါကြောင်း ပြောကြားလိုက်ရပါတယ်ဗျာ။😁

🙏မင်္ဂလာပါခင်ဗျာ🙏အခုရက်ပိုင်းအတွင်းမှာပဲ ကိုဗစ်တတိယလှိုင်းကြီးက ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ အသက်ကို ဉာဏ်စောင့်ဆိုတဲ့စကား...
06/07/2021

🙏မင်္ဂလာပါခင်ဗျာ🙏
အခုရက်ပိုင်းအတွင်းမှာပဲ ကိုဗစ်တတိယလှိုင်းကြီးက ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ အသက်ကို ဉာဏ်စောင့်ဆိုတဲ့စကားပုံလေးအတိုင်း အရင်ရှေ့က 1st wave နဲ့ 2nd wave ကိုအောင်မြင်စွာ ကြော်ဖြတ်ခဲ့သလို ခု 3rd wave ကိုလည်း အကောင်းဆုံး ကာကွယ်ကြရအောင်ဗျာ။💪💪💪
ကျွန်ုပ်တို့ရဲ့ ခဏတာ အဆင်မပြေမှုလေးနဲ့ ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့အသက်အန္တရာယ် ဘယ်အရာကို စတေးပစ်လောက်တဲ့ထိလိုအပ်ကြရဲ့လား???

ကိုဗစ်ကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့
👉Mask ကို စည်းစနစ်တကျ မှန်ကန်စွာတပ်ရပါ။
👉လက်ကိုဆပ်ပြာနှင့် မိနစ် ၂၀ ခန့်ကြာအောင်ဆေးပါ။
👉လူစုလူဝေးရှောင်ပါ။
👉ကိုယ်ခံအားကောင်းမွန်စေဖို့ အဟာရပြည့်ဝတဲ့ အစားအစာများများစားပေးပါ။
👉အိပ်ရေးဝဝအိပ်စက်ပါ။

ကိုယ်ရော စိတ်ပါ ကျန်းမာသန်စွန်းအောင်ကြိုးစားပြီး ဒီကပ်ရောဂါဘေးကနေ အောင်မြင်စွာကျော်ဖြတ်ကြပါစို့ဗျာ။

အရမ်းကိုတန်လွန်းတဲ့ဈေးနှုန်းနဲ့BMW 120i(2011 Model) လေးတစ်စီးရောင်းနေတဲ့အရောင်း post မိမိ wall ပေါ်မှာတွေ့လိုက်ရင်တော့ဒီ...
07/06/2021

အရမ်းကိုတန်လွန်းတဲ့ဈေးနှုန်းနဲ့BMW 120i(2011 Model) လေးတစ်စီးရောင်းနေတဲ့အရောင်း post မိမိ wall ပေါ်မှာတွေ့လိုက်ရင်တော့ဒီကားဟာမိတ်ဆွေအတွက်ပဲလို့မှတ်ယူလိုက်ပါနော်.....🙌🙌🙌
BMW 120i 2011 Model ဟာဆိုရင်ဖြင့် ရုပ်ထွက်လှရုံသာမက အရည်အသွေးပိုင်းနှင့် နည်းပညာပိုင်းပါကောင်းမွန်ပြီး ဆီစားသက်သာတဲ့ 1600cc အင်ဂျင်ပါဝါရှိတဲ့အတွက်ကြောင့် မြို့တွင်းဘဲဖြစ်ဖြစ် ခရီးသွားရင်ဘဲဖြစ်ဖြစ် အဆင်ပြေစေမည့် Hatchback type ကားလေးဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များကို အောက်မှာကြည့်ရှုနိုင်ပါတယ် ခင်ဗျာ!!!

💠Brand-BMW 120i (Right Hand Drive)
💠Model-2011
💠Engine capacity-1600cc
💠Fuel Type-Petrol
💠Transmission Type-Auto
💠Color-white
💠Mileage-16**** KM
💠Price - 320 Lakhs

👉Comfort And Interior Equipment
🔹Floor Mats Velours
🔹Warning Triangle And First Aid Kit
🔹Seat Adjuster Electric With Memory
🔹Storage Compartment Package
🔹Armrest Front Retractable
🔹Accent Strips Oxidsilber Matt
🔹Interior Moldings Plexiglass White
🔹Driving Experience Switch Incl ECO PRO

👉Multimedia
🔹Navigation System Professional
🔹AreaCode 2 For DVD
🔹Instrument Cluster Expanded Equipment
🔹Driver Assistance And Lightning
🔹Headlight Cleaning System
🔹Xenon Light
🔹Automatic Air Conditioning

👉Environment And Safety
🔹Comfort Access
🔹Hotclimate Version
🔹Automatic Locking When Driving Off

အချက်အလက်လေးတွေကိုကြည့်ပြီးနှစ်သက်လို့ဝယ်ယူမယ်ဆိုရင်တော့ Nippon Auto Showroomကိုသာချက်ချင်းဆက်သွယ်လိုက်တော့ဗျို့!!!😎
📲 - 0997 4040 700, 0997 4040 800
လိပ်စာ - အမှတ် 47/48(B) ၊ ဗဟိုလမ်းနှင့်ဟံသာဝတီလမ်းထောင့် ၊ စမ်းချောင်းမြို့နယ် ၊ရန်ကုန်မြို့။

မိတ်ဆွေတို့ လက်တလောရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေပြီဆိုရင်တော့ အင်မတန်မျှတတဲ့ဈေးနှုန်းနဲ့ ပြန်ရောင်းလို့လည်းလွယ်ကူမဲ့ Ja...
26/05/2021

မိတ်ဆွေတို့ လက်တလောရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေပြီဆိုရင်တော့ အင်မတန်မျှတတဲ့ဈေးနှုန်းနဲ့ ပြန်ရောင်းလို့လည်းလွယ်ကူမဲ့ Japan Used ကားလေးတွေကို ဝယ်ယူရင်းနှီးဖို့ အကြံပြုပါရစေခင်ဗျာ၊၊
ဈေးနှုန်းနဲ့ ကားတွေရဲ့အသေးစိတ်ကိုတော့ ကျွန်တော်တို့ FB Messenger နဲ့ Hotline Phone ကိုဆက်သွယ်မေးမြန်းနိုင်သလို Nippon Auto Show Room ကိုလည်းလာရောက်ပြီးစိတ်ကြိုက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်။

☎️ 0997 4040 700, 0997 4040 800

ကြည်နူးချမ်းမြေ့ဖွယ်ကောင်းသော ကဆုန်လပြည့်နေ့အခါသမယဖြစ်ပါစေလို့ Nippon Auto Services မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျ...
25/05/2021

ကြည်နူးချမ်းမြေ့ဖွယ်ကောင်းသော ကဆုန်လပြည့်နေ့အခါသမယဖြစ်ပါစေလို့ Nippon Auto Services မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။ 🙏🙏🙏

ပစ္စည်းမှန်ဈေးနှုန်းတန်တဲ့ Nippon Auto Services Showroom မှနေပြီး မိတ်ဟောင်းမိတ်သစ်တွေကိုနွေးထွေးစွာ နှုတ်ခွန်းဆက်သလိုက်...
17/05/2021

ပစ္စည်းမှန်ဈေးနှုန်းတန်တဲ့ Nippon Auto Services Showroom မှနေပြီး မိတ်ဟောင်းမိတ်သစ်တွေကိုနွေးထွေးစွာ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။
Showroom လည်းပြန်ဖွင့်ထားပြီဖြစ်ကြောင်းသတင်းကောင်းပါးရင်း မိတ်ဆွေတို့စိတ်ကြိုက်ဝယ်ယူချင်တဲ့ကားအမျိုးအစားများကို ကိုယ်တိုင်လာရောက်ကြည့်ရှုရွေးချယ်ဖို့ဖိတ်ခေါ်တဲ့အပြင် Online မှနေတဆင့် Nippon Auto Services Facebook စာမျက်နှာနဲ့ Hotline - 09974040700 ကိုရုံးချိန်အတွင်းမှာလည်း ဆက်သွယ်မေးမြန်းနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။

Address

No. 47/48(B) . Corner Of Baho And Hantharwaddy Road, Sanchaung Township , Yangon.
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959974040700

Website

Alerts

Be the first to know and let us send you an email when Nippon Auto Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nippon Auto Services:

Share

Category