Shimizu Auto Mart

Call Directions Website

Shimizu Auto Mart Automobile Accessories sale

Grey RTV နာရီခဲ​ကော် 90gPrice - 10000 ksInstockCash on  deliveryOrder တင်မယ်ဆို page chatbox ကဆက်သွယ်ပါ​နော်..Kbzpaymark...
07/05/2026

Grey RTV နာရီခဲ​ကော် 90g

Price - 10000 ks

Instock
Cash on delivery

Order တင်မယ်ဆို page chatbox ကဆက်သွယ်ပါ​နော်..
Kbzpaymarket link -
https://tinyurl.com/2tnmpxft

ST Engine Degreaser Multi Purpose Degreaser Spray 500ml Price - 15000 ksInstockCash on deli ရပါတယ်Order မှာယူလို chatbox...
02/05/2026

ST Engine Degreaser Multi Purpose Degreaser Spray 500ml
Price - 15000 ks

Instock
Cash on deli ရပါတယ်

Order မှာယူလို chatbox မှာဆက်သွယ်ပါ​နော်..
Kbzpaymarket link -
https://sl1nk.com/4m5psln

KIA Picanto အတွက် Air Filter ​​လေး​တွေ ရနိုင်ပါဘီ။​စျေးနှုန်း​ - 18000 ကျပ်ပါModel အနိမ့် နဲ့ အမြင့်နဲ့ မတူလို့ ​Model ​...
07/06/2024

KIA Picanto အတွက် Air Filter ​​လေး​တွေ ရနိုင်ပါဘီ။

​စျေးနှုန်း​ - 18000 ကျပ်ပါ

Model အနိမ့် နဲ့ အမြင့်နဲ့ မတူလို့ ​Model ​​လေး​ပြော​ပေးဖို့ request လုပ်ပါတယ်

လိုအပ်လို့မှာမယ်ဆို chatbox သို့ viber 09 7601 68 456 ကိုဆက်သွယ်​ပေးပါ​နော်

Hello Hello, ပစ္စည်းပျက်တာကြာ​နေလို့ customer ​လေး​တွေ ​လိုအပ်​နေတဲ့ Cabin Aircon Filter ​လေး​တွေ Stock ပြန်ရ​နေဘီ​​နော်...
19/05/2024

Hello Hello, ပစ္စည်းပျက်တာကြာ​နေလို့ customer ​လေး​တွေ ​လိုအပ်​နေတဲ့ Cabin Aircon Filter ​လေး​တွေ Stock ပြန်ရ​နေဘီ​​နော်...

ဒီကား​လေး​တွေမှာ သုံးလို့ရတယ်​နော်
1) Hyundai Grand i10
2) KIA Morning
3) KIA Picanto &
4) KIA Ray

​​စျေးနှုန်း​လေးက​တော့ 17000 ကျပ်ပါပဲ..

Viber 09 7601 68 456 က​နေ ဆက်သွယ်မှာယူလို့ရပါတယ်

Shop.com နဲ့ KBZ Paymarket မှာလည်း ဝယ်လို့ရ​ပါဘီလို့..

09/07/2023

ဓာတ်ဆီနဲ. ဒီဇယ် လောင်စာဆီမှားပြီး သင့်ကားမှာထည်.မိရင် ဘာဖြစ်နိုင်သလဲ ?

သင်ဟာ ဓာတ်ဆီအင်ဂျင်ကားတစီးကို မောင်းနေတဲ့ ယာဉ်မောင်းသူတယောက်ဖြစ်ရင်ဖြစ်မယ် ၊ ဒီဇယ်အင်ဂျင်ကားကို မောင်းနေတဲ့ ယာဉ်မောင်းတယောက်ဖြစ်ရင်ဖြစ်ပါမယ် ။ သင့်ကား ဆီဖြည့်စဉ်မှာ ဆီဆိုင်က ဓာတ်ဆီကားကို ဒီဇယ်
မှားထည်.လိုက်မိတယ် ၊ ဒီဇယ်ကားကို ဓာတ်ဆီမှားထည်.လိုက်မိတယ်ဆိုပါစို. ၊( ဖြစ်ခဲပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ် ) ၊ သင်ကလည်း အမှုမဲ့ အမှတ်မဲ့ ဆီမှားထည်.လိုက်တာမသိဘဲ ကားစက်နှိုးလိုက်မိတယ်ဆို သင်ကားအင်ဂျင်
ဘာတွေဖြစ်သွားနိုင်မလဲဆိုတာကို သိပ္ပံနည်းကျ လက်တွေ.ကျကျ ဆွေးနွေးတင်ပြချင်ပါတယ် ။

ဆီမှားထည်.တဲ့ ပြသနာဘာတွေဖြစ်နိုင်တယ်ဆိုတာကို မသိခင် ဓာတ်ဆီအင်ဂျင်နဲ. ဓာတ်ဆီအင်ဂျင်တို.ရဲ. မတူကွဲပြားတဲ့ အင်ဂျင်တည်ဆောက်ပုံ မီးလောင်ပုံလေးတွေကို သိထားရင်ပိုကောင်းပါတယ် ။ ကျနော်အရင်ရေးထားတဲ့ ပိုစ့်မှာ
ရှာဖွေဖတ်နိုင်ပါတယ် ။

အခုတင်ပြချင်တာက ဓာတ်ဆီနဲ. ဒီဇယ်ဆီတို.ရဲ. မတူကွဲပြားတဲ့ ဂုဏ်သတ္တိတွေကိုပါ ။

ဓာတ်ဆီ၏ ဂုဏ်သတ္တိများ

အငွေ.ပျံလွယ်သည် ၊ ပုံမှန်အပူချိန်တွင် လွယ်ကူစွာ အငွေ.ပျံသည် ။
အရောင်မရှိ ၊ ထွင်းဖောက်မြင်နိုင်သည် ၊ အနံ.အနည်းငယ်သင်းပျံ.သည် ။
မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) = -10 to -15 ' C (or) 14 to 15 ' F
နိပ်သောသိပ်သည်းဆ (0.60 to 0.78)
ဆီနှင့်ရာဘာထဲသို. စိမ့်၀င်နိုင်သည် ။
အပူချိန်ပမာဏ ( 9500 to 10500 Kcal / Kg 0r 4300 to 4800 Kcal / lb )
အေးနေသော အင်ဂျင်ကို စတင်နိုးချိန်တွင် လေနှင့်ဆီရောနှောမှုလွယ်ကူစေရန် လွယ်ကူသော အငွေ.ပျံစွမ်းရည်ရှိသည် ။

ဒီဇယ်၏ ဂုဏ်သတ္တိများ

ဒီဇယ်ကို ရေနံစိမ်းမှ အပူချိန် 200 ' C -300 ' C (104 to 212 ' F ) ရှိသည် ။
ဒီဇယ်သည် ရေနံဆီ ဓာတ်ဆီတို.ထက် နောက်ကျပေါင်းခံထားသော လောင်စာဆီဖြစ်သည် ။
အဝါရောင်သန်းသည် ၊ သင်းပျံ.သောရနံ.ရှိသည် ။
မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) မြင့်မားပြီး 40 to 100 ' C (or) 104 to 212 '
သိပ်သည်းဆ ( 0.82 to 0.86 )
အပူချိန်ပမာဏ အနီးစပ်ဆုံး ( 10500 ' Kcal / Kg or 4800 Kcal / lb )
နိမ့်သောအပူချိန်တွင် အရည်အဖြစ်တည်ရှိနေရမည် ။
ဒီဇယ်သည် အင်ဂျက်ရှင်းပန်. ( Injection Pump ) နှင့် နော်ဇယ် (Nozzle ) များအတွင်းချောဆီအဖြစ်ဆောက်ရွက်ရသဖြင့် စေးပျစ်ပြီး ချောဆီဂုဏ်သတ္တိရှိရမည် ။

ဆီနှစ်ခုရဲ. မတူညီတဲ့ ဂုဏ်သတ္တိနှစ်ခုကို သိပြီဆိုရင် အခု ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီမှားထည်.ကြည်.ပါမယ် ။

ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီထည်.ပြီး စက်နိုးလိုက်ရင် ဘာဖြစ်မလဲ ?

အဖြေကတော့ ဘာမှမဖြစ်ပါဘူး ။ သင့်ကားအင်ဂျင် စက်နှိုးလာမှာမဟုတ်ပါဘူးခမျာ ။ စနစ်တကျပြန်ရှင်းပြပါမယ် ။

ဓာတ်ဆီအင်ဂျင်မီးလောင်ပေါက်ကွဲပုံက ဓာတ်ဆီနှင့်လေ အရောအနှောတွေကို အင်ဂျင်ထဲထည်. ဖိသိပ်ပြီး ပလက်ကနေမီးပေါက်ပေးပြီး မီးလောင်ပေါက်ကွဲမှုဖြစ်စေတာပါ ။ ဒီလိုအင်ဂျင်လည်ပတ်မှုဖြစ်စဉ်ဖြစ်စေဖို.
ဓာတ်ဆီကိုက သူ.ဂုဏ်သတ္တိအရ လေနဲ.ရောနှောရင် အဆင်ပြေစေဖို. အငွေ.ပျံလွယ်တဲ့စွမ်းရည်သတ္တိရှိပါတယ် ။ ဒီလိုအင်ဂျင်ထဲကို အငွေ.မပျံလွယ်တဲ့ ဒီဇယ်ထည်.လိုက်တဲ့အခါ ဒီဇယ်
ဟာ အငွေ.မပျံဘဲ အရေတွေအဖြစ်နဲ.ပဲတည်ရှိနေလို. လေနဲ.အရောအနှောမှာ ပေါက်ကွဲမီး
လောင်စေဖို. ဘယ်လိုမှမလွယ်ကူစေပါဘူး ။ နောက်တချက်က ဓာတ်ဆီရဲ. မီးလောင်လွယ်နိုင်စွမ်းပမာဏက မြင့်မားပြီးသားမို. အင်ဂျင်တည်ဆောက်ပုံကိုက အပူချိန်များစေတဲ့ တမင်ဖိနှိပ်မှုများတွေမပါ၀င်ပါဘူး ။
ဒီတော့ ဒီလိုအင်ဂျင်ထဲမှာ မီးလောင်မလွယ်နိုင်တဲ့ ဒီဇယ်ဆီဟာ မီးလောင်ဖို.လိုအပ်တဲ့အပူချိန်မရရှိလို. မီးလောင်ကျွမ်းဖို.မဖြစ်နိုင်ပါဘူး ။

ဒီတော့ ဓာတ်ဆီအင်ဂျင်ထဲ ဒီဇယ်ထည်.မိပြီး စက်နှိုးလိုက်ရင် ဘာမှမဖြစ်နိုင်ပါဘူးခမျာ ။ ဓာတ်ဆီကားမောင်းသူတွေကံကောင်းပါတယ် ။ မတော်မှားထည်.မိရင် စက်နှိုးမရတာကလွဲလို. အင်ဂျင်မထိခိုက်ဘဲ
ဆီတိုင်ကီ ထဲက ၊ ပိုက်လိုင်းတွေထဲက မှားထည်.မိတဲ့ ဒီဇယ်တွေကို ကုန်အောင်ထုတ် ဓာတ်ဆီပြန်ထည်.မောင်းလို.ရပါတယ် ။ ကဲဓာတ်ဆီအင်ဂျင်ပြီးတော့ ဒီဇယ်အင်ဂျင်အလှည့်ပေါ့ ။

ဒီဇယ်အင်ဂျင်ထဲကို ဓာတ်ဆီမှားထည်.ပြီး စက်နှိုးမောင်းမိရင် ဘာဖြစ်မလဲ ?

အဖြေက ခေတ်စကားနဲ.ပြောရရင် မြွေခြောက်ကိုက်သလိုပါပဲဗျာ ။ အင်ဂျင်ရယ် ဆက်စပ်ပစ္စည်းတွေ အကုန်ဂန်.သွားနိုင်ပါတယ် ။ စနစ်တကျပြန်ရှင်းပြပါမယ် ။

ဒီဇယ်အင်ဂျင်မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်က ဒီဇယ်အင်ဂျင်ထဲကို လေတမျိုးထဲကိုသာ Inlet ကနေ သွင်း ၊ အဲ့လိုကိုပဲ အပူချိန်အများကြီးရအောင် Piston ဖိအားတွေနဲ. အတင်းဖိသိပ် ၊ တော်ရုံမီးမလောင်နိုင်တဲ့ ဒီဇယ်ဆီတွေ
မီးလောင်လောက်တဲ့ အပူချိန်ရောက်ပြီဆိုမှ ဒီဇယ်ဆီတွေကို နော်ဇယ်ကနေ သတ်မှတ်အတိုင်းအတာအဖြစ် အမှုန်အမွှားလေးတွေဖြန်းပေးခြင်းဖြင့်မီးလောင်တာပါ ။ အဲ့လိုအင်ဂျင်ထဲကို မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီထည်.ပါပြီတဲ့
ဗျာ ။ အပူချိန် အနှုတ်ဒီဂရီမှာတောင်မီးလောင်နိုင်တဲ့ ဓာတ်ဆီဟာ မလောင်လောင်အောင် အပူချိန်နဲ.ဖိအားတွေပေးထာတဲ့ အင်ဂျင်ထဲမှာ စည်းမဲ့ကမ်းမဲ့ အထိန်းအကွပ်မဲ့ မီးလောင်ကျွမ်းမှု
( Uncontrolled Combustion ) ဖြစ်ပါတော့တယ် ။ အဲ့လိုဖြစ်တဲ့အတွက် အင်ဂျင်သံမီးလောင်မှုကို နားမထောင်တဲ့ ယာဉ်မောင်းနဲ.ဆိုရင် သတိမမူမိဘဲ အချိန်အတော်ကြာမောင်းလိုက်မယ်ဆိုရင်ပဲ
အင်ဂျင်အတွင်းက မီးလောင်ခန်းသုံး ပစ္စည်းတွေဖြစ်တဲ့ Piston , Valve , Cylinder Head , Cam Shaft အစရှိတဲ့ ဆက်စပ်ပစ္စည်းတွေအကုန်ပျက်စီးပါမယ် ၊ ၀ပျရှော့ပို.ပြီး အင်ဂျင်ချရမယ် ။ အတွင်းပစ္စည်းတွေအကုန်ပြုပြင်လဲလည်ရ
နိုင်ပါတယ် ။ ဒါတွင်ပဲလားဆို မဟုတ်သေးပါဘူး ။ ဒီဇယ်အင်ဂျင်မှာ သုံးနေတဲ့ နော်ဇယ်တွေ အင်ဂျက်ရှင်းပန်.တွေဟာ ဒီဇယ်ရဲ. စေးပျစ်မှု ချောဆီသဘောကို မှီခိုပြီးရပ်တည်နေပါတယ် ။ အဲ့လိုပစ္စည်းတွေထဲကို စေးပျစ်မှုမရှိတဲ့ ဓာတ်ဆီ
ထည်.လည်ပတ်လိုက်တဲ့အတွက် ချောဆီစနစ်ပျက်စီးပြီး နော်ဇယ်တွေ အင်ဂျက်ရှင်းတွေပါ အပိုလိုက်ဂန်.ပါမယ် ၊ တခြား ရာဘာစီးတွေမှာလည်း ဓာတ်ဆီဟာပျော်၀င်ကုန်တာမို. အင်ဂျင်တခုလုံးပျက်စီးမှုမျိုးစုံကြုံတွေ.ရပါမယ် ။

ဒီဇယ်အင်ဂျင်ယာဉ်မောင်းဆရာတွေ သတိပြုကြစေလိုပါတယ် ။ ဓာတ်ဆီမှားမထည်.မိဖို.ရယ် မှားထည်.မိရင်တောင် စက်နှိုးပြီးပြီးချင်သိပြီး အချိန်မှီ အခြေအနေမဆိုးခင်ရပ်တန်.ဖို.ရယ်ပါ ။

ဒီလောက်ဆို ဆီမှားထည်.တဲ့ ပြသနာကနေ အင်ဂျင်တွေဘာဖြစ်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြားသိလောက်ပါပြီ ။

နောက်ဆုံး သတိပေးချင်တာက ဒီဇယ်အင်ဂျင်ထဲ ဓာတ်ဆီ လုံး၀ (လုံး၀)ထည်.မောင်းလို.မရပါခမျာ ။
စာဖတ်သူမိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ ဖွံ.ဖြိုးတိုးတက်ကြပါစေ ။

Crd original post

မိုး​​​​အေး​အေး​လေးနဲ့ အိမ်ထဲမှာပဲ​နေပြီး မိမိတို့ကား​လေး​တွေအတွက်လိုအပ်တာ​လေး​​တွေ ​လျှော့​စျေး​လေး​တွေနဲ့ KBZPayMarket...
26/06/2023

မိုး​​​​အေး​အေး​လေးနဲ့ အိမ်ထဲမှာပဲ​နေပြီး မိမိတို့ကား​လေး​တွေအတွက်လိုအပ်တာ​လေး​​တွေ ​လျှော့​စျေး​လေး​တွေနဲ့ KBZPayMarket ထဲက Shimizu Auto Mart မှာ​စျေးဝယ်ကြရ​အောင်​​နော်..တခြားလိုအပ်တဲ့ Auto Accessories ​တွေကိုလည်း Chat Box မှတဆင့်​စုံစမ်းနိုင်ပါတယ်ရှင်..

Shimizu Store link :

https://tinyurl.com/22vjcv4u

Mega Link: https://tinyurl.com/y73n3tej

Hello there, ShiMiZu Auto Mart Store Launch (20th - 26th Oct'22) period အတွင်းမှာ  Discount (up to 55%) ​လေး​​တွေနဲ့ လို...
19/10/2022

Hello there,

ShiMiZu Auto Mart Store Launch (20th - 26th Oct'22) period အတွင်းမှာ Discount (up to 55%) ​လေး​​တွေနဲ့ လိုအပ်တာ​လေး​တွေမှာယူအား​ပေးကျပါဦး​နော်..ဒီရက်ပိုင်း​စျေး​လေး​တွေလည်း ကျ​နေတယ်ဆို​တော့ အို​ကေမှာ စို​ပြေပဲ​နော်...

Please visit us by following :
https://bit.ly/3CInHFj

10.10 Mega Sale မှာ ရှယ်ပလန်နဲ့ တကယ်တန်တဲ့ Car Accessories တွေကို Shimizu Auto Mart @ KBZPay Market မှာ အားပေးကြပါအုံး က...
04/10/2022

10.10 Mega Sale မှာ ရှယ်ပလန်နဲ့ တကယ်တန်တဲ့ Car Accessories တွေကို Shimizu Auto Mart @ KBZPay Market မှာ အားပေးကြပါအုံး ကတ်စ်ကတ်စ် တို့ရေ...

ဒီ link ​လေးကို ကလစ်ပီး ဝယ်ယူနိုင်ပါတယ်

https://bit.ly/3yn2TSG

Address

Yagon

Alerts

Be the first to know and let us send you an email when Shimizu Auto Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share