Top Car Wash & Car Spa

Top Car Wash & Car Spa Car wash & Car Spa

28/07/2025

အလုပ်ရုံပိတ်ပြီး ရှုပ်ပွနေတာ ရှင်းချင်ပေမယ့် လုပ်ရင်း ရှင်း ပြင် သင့်တာပြင်ပေါ့

29/10/2023
27/10/2023

Oct 28.29.30 ရက်နေ့များ
ဆိုင်ပိတ်ပါမည်

25/10/2023
15/10/2023

၂ ပါတ်ကျော်အထိ ရေမကျသေးသော လှည်းကူး ရေဘေးအတွက် သွားလှူမည် ဖြစ်သည့်အတွက်
16/10/23 တနင်္လာနေ့ အလုပ်ပိတ်ပါမည်

05/10/2023

မနက်ဖန် ကျ မယ်နော်
စက်သုံးဆီစျေး

29/09/2023

လေဖိအားနည်းရပ်ဝန်းအခြေအနေ
---------------------------------
(၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=====================================

(က) လေဖိအားနည်းရပ်ဝန်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအား ကောင်းလာနိုင်ကာ နောက်(၄၈)နာရီအတွင်း အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) သတိပေးနှိုးဆော်ချက်
သို့ဖြစ်ပါ၍ ယနေ့ညမှ (၃.၁၀.၂၀၂၃)ရက်နေ့အတွင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။

(ဂ) ယနေ့ညမှ (၃.၁၀.၂၀၂၃)ရက်နေ့အတွင်း ကမ်းရိုးတန်းဒေသများတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ် ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘော များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

26/09/2023

🌊 အားကောင်းလာမယ့် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ မိုးလေဝသအခြေအနေများ
=============
ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဗီယက်နမ်ကမ်းခြေအနီးမှာ ဖြစ်နေတဲ့ INVEST-91Wဟာ လေဖိအားနည်းရပ်ဝန်း(TROPICAL DISTURBANCE - TD 13W) ဖြစ်လာကြောင်းတွေ့လာရပါတယ်။

လေဖိအားနည်းရပ်ဝန်း 13W က စက်တင်ဘာလ ၂၅ ရက် ညပိုင်းမှာ ကမ်းခြေကို ဖြတ်ကျော်ပြီးတော့ အနောက်ဘက် လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေကိုကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်သန်းပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေပေါ်က အရှေ့လေပွေလှိုင်းတစ်ခုအနေနဲ့ ဆက်လက်ကျော်ဖြတ်ကာ ကပ္ပလီပင်လယ်ပြင်ကို ၂၈ ရက်၊ မနက် ၉ နာရီခန့်မှာ ရောက်လာပါမယ်လို့လည်း တွေ့ရပါတယ်။

ဒါကြောင့် အားကောင်းတဲ့မုန်တိုင်းဖြစ်လာနိုင်ပါတယ်။ ဖြစ်လာနိုင်ချေ ၁၀၀% ပါ။ (ECMWF CYCLONE GENESIS CHART)

အဲ့ဒီလေပွေလှိုင်းက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွေကို ဖြတ်သန်းပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာရောက်ရှိပြီးတဲ့နောက် အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ စက်တင်ဘာလ ၃၀ ရက်နေ့မှာ အားကောင်းတဲ့ မုန်တိုင်းတလုံးဖြစ်လာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

(လေပွေလှိုင်း ရွေ့လျားမဲ့ လမ်းကြောင်းအခြေအနေကို ပုံမှာကြည့်ပါ)

နောက် ၃- ၅ ရက် မှ ၁၀ ရက်အတွင်းဖြစ်နိုင်မည့် မိုးလေဝသအခြေအနေများ

TD-13W ရဲ့ အကြွင်းအကျန်တိမ်တိုက်တွေနဲ့ လေပွေလှိုင်း ကပ္ပလီပင်လယ်ပြင်ဘက်ကို ရွေ့လျားဝင်ရောက်ချိန် ၂၈ ရက် မနက်အစောပိုင်းက စ ပြီး အားကောင်းတဲ့ မုန်တိုင်းတစ်လုံး ဖြစ်လာချိန် စက်တင်ဘာလကုန် အောက်တိုဘာ လဆန်းပိုင်းအထိ - ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းတောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ မိုးသက်လေပြင်းများကျရောက်ပြီး မိုးများနိုင်ပါမယ်။ လေပြင်းတစ်နာရီ ၂၅ မိုင်မှ ၃၅ မိုင်ခန့်အထိ တိုက်နိုင်ပါတယ်။

မိုးများနိုင်မည့် အခြေအနေ

အထက်ပါပြည်နယ်တိုင်းတွေမှာ နောက်လာမယ့် ၃ ရက်မှ ၅ ရက်အတွင်း ပျမ်းမျှအားဖြင့် မိုးရေချိန် ၅၀ မီလီမီတာမှ မီလီမီတာ ၂၆၀ ကျော်အထိမိုးရွာသွန်းနိုင်/မိုးများနိုင်ပါမယ်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့)၊ ကယားပြည်နယ်နဲ့ မကွေးတိုင်း ဒေသတချို့မှာ မီလီတာ ၁၀၀ ကျော်မှ ၂၀၀ ကျော်အထိမိုးအလွန်များနိုင်ပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာတော့ မိုးရွာပေမယ့် နည်းနေနိုင်ပါမယ်။ (၅ ရက်အတွင်း ၂၀ မီလီမီတာအောက်သာရွာသွန်းနိုင်)

ပင်လယ်ပြင်အခြေအနေများအနေနဲ့ကတော့

TD-13 ရဲ့ အကြွင်းအကျန်တိမ်တိုက်များနဲ့ လေပွေလှိုင်းက ဘင်္ဂလားပင်လယ်အော်ထဲရောက်သွားပြီးတဲ့အခါ အားကောင်းလာပြီး မုန်တိုင်းတစ်လုံးဖြစ်လာနိုင်မှာကြောင့် မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို ကျော်ဖြတ်ဝင်ရောက်တဲ့အချိန် မြန်မာ့ကမ်းရိုးတန်းဒေသအားလုံးက ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေမှာ စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၃ ရက်အထိ မိုးသက်လေပြင်းများကျပြီးလှိုင်းကြီးနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်နိုင်ပါမယ်။

မိုးသက်လေပြင်းများကျတဲ့အချိန် လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ မှ မိုင် ၄၀ အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၁၀ ပေအထိ ရှိနိုင်ကြောင်းတွေ့ရတာကြောင့် စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၃ ရက်အထိ ပင်လယ်ပြင်ရေလုပ်သားများ အထူးသတိထားရမယ့် ကာလဖြစ်ပါမယ်။

Photo - ဦးဝင်းနိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

26/09/2023

မနက်ဖန် ဆီစျေး ထပ်ကျပါမယ်တဲ့

25/09/2023

စက်ာပူဒီဇယ်၊ ‌ဓာတ်ဆီဈေးကျပါတယ်

မနက်ဖြန်
26 - Sep - 2023 ( PPRD ဈေး )

PD/HSD ( 10 ကျပ်မှ 15 ကျပ်အထိ အကျ )

92 ( 30 ကျပ်မှ 35 ကျပ်အထိ အကျ )

95 ( 30 ကျပ်မှ 35 ကျပ်အထိ အကျ )

Address

မြဝတ်ရည်လမ်း
Thingangyun

Telephone

+959756094569

Website

Alerts

Be the first to know and let us send you an email when Top Car Wash & Car Spa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Top Car Wash & Car Spa:

Share

Category