26/09/2020
အိမ်တွင်းအောင်းနေရခြင်းက သဘာဝတရားကြီးကို ပိုပြီးလွမ်းဆွတ်မိပါရဲ့ 🤗🤗
ကမ္ဘာကြီးနေမကောင်းဖြစ်နေတာနဲ့ ခရီးသွားပြီး အနားယူမယ်လို့ ရည်ရွယ်ထားတဲ့ ပိတ်ရက်ရှည်တွေကို လက်လွှတ်လိုက်ကြရပြီနော်။
ခရီးတွေမသွားရ၊ အပြင်ကို စိတ်လွတ် ကိုယ်လွတ်မသွားရလို့ စိတ်ညစ်နေမယ့်အစား ဒီအခြေအနေဆိုးကြီးကနေ အမြန်ဆုံးလွတ်မြောက်ကြဖို့ အစိုးရက ချမှတ်ထားတဲ့ Stay Homeနေရင်လိုက်နာရမယ့် စည်းကမ်းတွေ၊ Social Distancingနည်းလမ်းတွေကို လိုက်နာပြီး နေထိုင်လိုက်ကြမယ်ဆိုရင် ကမ္ဘာကြီးရော၊ ကျွန်တော်တို့ လူသားတွေပါ အမြန်ဆုံး ပြန်လည်ကျန်းမာလာမှာပေါ့။
ကျွန်တော်တို့တွေကလည်း ဒီရောဂါဆိုးကြီးကို တွန်းလှန်နေကြသလို ကမ္ဘာကြီးကလည်း သူ့ကိုယ်သူ ပြန်လည်ကျန်းမာလာအောင် Recoveryလုပ်နေတာဖြစ်လို့ ဒီ COVID-19 ရောဂါဆိုးကြီး လွန်မြောက်သွားတဲ့အခါ အရင်ကထက် ပိုပြီးသာယာလှပတဲ့ ကမ္ဘာကြီးအဖြစ် မြင်တွေ့ရတော့မှာပါ။
ကျွန်တော်တို့လိုချင်တဲ့ ကျန်းမာလှပတဲ့ ကမ္ဘာကြီးရယ်၊ လွတ်လပ်မှုတွေ၊ ပျော်ရွှင်မှုတွေရယ်ကို အမြန်ဆုံးပြန်လည်ရရှိစေနိုင်ဖို့ ကျွန်တော်တို့ကိုယ်တိုင်မှာပဲ တာဝန်ရှိတာကြောင့် -
Maskတပ်မယ်
လက်ကို ခဏ ခဏဆေးမယ်
အရေးကြီးအကြောင်းအရာမရှိရင် အပြင်မထွက်ဘဲ အိမ်မှာပဲနေကြမယ်
မဖြစ်မနေ အပြင်သွားရရင် တယောက်နဲ့တယောက် ၆ပေအကွာမှာ နေမယ်
ဒီလို အခြေခံအချက်လေးတွေကို တဦးချင်းစီကနေ လိုက်နာလိုက်မယ်ဆိုရင် ကမ္ဘာကြီးလည်း မြန်မြန်နေကောင်းပြီပေါ့။
ချစ်သော ကမ္ဘာမြေကြီးနေပြန်ကောင်းလာတဲ့နေ့ကျရင် အရင်ကလို ပျော်ပျော်ပါးပါး ခရီးတွေသွားဖို့ Le Luxe Myanmar (လာလာဘ်)ကို ဟယ်လိုလုပ်ဖို့တော့ လိုမယ်နော်။
Le Luxe Myanmar (လာလာဘ်)ကလည်း အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့အတူတူ ချစ်မိတ်ဆွေတွေကို အသင့်စောင့်ကြိုနေမှာပါ။
Ph : 09425736885နော်😍😍
.,Ltd