29/09/2025
“မြန်မာနိုင်ငံ၏ ပထမဆုံး Grease စက်ရုံ — PPS သီလဝါမှ စတင်ထုတ်လုပ်”
Pacific-PSP Syntech Co., Ltd (PPS စက်ရုံ) သည် စက်ချောဆီအမျိုးမျိုးကို ၂၀၁၉ ခုနှစ်မှစ၍ သီလဝါအထူးစီးပွားရေးစက်မှုဇုံတွင် စတင်ထုတ်လုပ်ခဲ့ပါသည်။ ကမ္ဘာ့အဆင့်မှီအရည်အသွေးမြင့် စက်ချောဆီများကို Original Equipment Manufacturer (OEM Manufacturer) အနေဖြင့် ရောစပ်ထုတ်လုပ်ရောင်းချလျက်ရှိပြီး ISO အသိအမှတ်ပြုလက်မှတ် 9001:2015 ကိုရရှိကာ API (American Petroleum Institute) ၏ စံချိန်စံညွှန်းများနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ယခုအခါ PPS စက်ရုံ မှ ပြည်တွင်းဈေးကွက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မှီ Grease (အမဲဆီ)ထုတ်လုပ်နိုင်သည့်
စက်များတိုးချဲ့တပ်ဆင်ကာ မြန်မာနိုင်ငံ၏ ပထမဆုံးသောGrease (အမဲဆီ) ထုတ်လုပ်သည့်စက်ရုံအဖြစ် စတင်တိုးချဲ့ထုတ်လုပ် နေပြီဖြစ်ပါသည်။
PPS စက်ရုံမှ အရည်အသွေးမြင့် Lithium EP2, Lithium MP3 နှင့် Redcup3 (Calcium) အစရှိသည့် Grease အမျိုးအစားများကို အဓိကထုတ်လုပ်ပေးသွားမည် ဖြစ်ပါသည်။
PPS စက်ရုံထုတ် Grease (အမဲဆီ) သည် အဆင့်မြင့်နည်းပညာများကို အသုံးပြုထားပြီး၊ ယုံကြည်စိတ်ချ၊ အရည်အသွေးပြည့်မှီသော ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံမှ ကုန်ကြမ်းများကိုသာ ရွေးချယ်အသုံးပြုထားပါသည်။
ပြည်တွင်းတွင်ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ၏ကုန်သွယ်ရေးလိုငွေကို လျှော့ချနိုင်ပြီး ပြည်တွင်းသုံးစွဲမှုအတွက် ကုန်ကျစရိတ်ကိုပါ သက်သာစေနိုင်မည်ဖြစ်ပါသည်။
နိုင်ငံ၏စီးပွားရေးကဏ္ဍအတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့်ကူညီခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အသိပေးတင်ပြအပ်ပါသည်။