05/02/2022
လိုင်စင်ကားတစ်စီး ဝယ်တော့မယ်ဆိုရင်
➖➖➖➖➖➖➖➖➖➖➖➖
ဘာတွေ စစ်ဆေးကြည့်သင့်လဲ ???
➖➖➖➖➖➖➖➖➖➖➖
လိုင်စင်ကား ဝယ်ယူတော့မယ်ဆိုရင်
စစ်ဆေးကြည့်သင့်တဲ့ အချက်လေးတွေကို
ပြောပြပေးလိုက်ပါတယ်….
(၁) နံပါတ်ပြား
ကားနံပါတ်ပြားတွေကို ပေါင်းဆေးနဲ့
ထုတ်လုပ်ထားကြတာ ဖြစ်တဲ့အတွက်
ကားနံပါတ်ပြားတွေဟာ ပေါင်းဆေးနဲ့ ဖြစ်မှ
ကွာလတီအမှန်လို့ သတ်မှတ်နိုင်မှာပါ။
ခဲသီးကတော့ 9J ထိ အကြီးဖြစ်ပြီး 1K နဲ့
နောက်ပိုင်းမှာဆိုရင် ခဲသီးအသေးဖြစ်သွားတာကြောင့်
ကားမဝယ်ခင် သူများကားတွေရဲ့ ခဲသီးကို လေ့လာပြီး
အတုအစစ် ခွဲခြားပြီးမှသာ ဝယ်သင့်ပါတယ်။
(၂) ဝှီးတက်
ဝှီးတက်အစစ်ကို
လေဆာမီးနဲ့ ထိုးကြည့်ရင်
ကညန ဆီးလ်တံဆိပ် ရေစာတွေမှာ
အလင်းပေါ်လာမှာပါ။
(၃) ချက်စီ
ဝှီးတက်မှာ ပါတဲ့ ချက်စီနံပါတ်၊
ကားဖရိန်မှာ ပါတဲ့ ချက်စီနံပါတ်၊
အင်ဂျင်ပေါ်က ချက်စီနံပါတ် နဲ့ ခါးပတ်ကြိုးမှာ ပါတဲ့
ချက်စီနံပါတ် တွေဟာ အားလုံးတူနေရပါမယ်။
(၄) ကားမှန်ပေါ်က စတစ်ကာ
ကားမှန်ပေါ်က စတစ်ကာသည်
လိုင်စင်ပြန်ဝင်မယ့်ကားတွေကို ကပ်ပေးပြီး
ပြန်ဝင်သောလကို ဖော်ပြပေးတဲ့အပြင်
လိုင်စင်ပြန်ဝင်သည့်အခါ စတစ်ကာ ပါမှသာ
လက်ခံတာမို့ ကားမဝယ်ခင် သေချာ
စစ်ဆေးဖို့လိုပါလိမ့်မယ်။
(၅) အုံနာဘုတ်
အုံနာဘုတ်ပေါ်မှာ
ကားဖရိန်ပေါ်က ချက်စီနံပါတ်ခဲခြစ်ထားတာကို
တွေ့ရမှာဖြစ်ပြီး အဆိုပါခဲခြစ်နံပါတ် နှစ်ခုလုံးဟာ
တူညီနေရပါမယ်။
(၆) ကာစတန် တံဆိပ် သံကွင်း
ကားအရှေ့ခန်းရဲ့
မှန်ချိုးခေါက်တန်းလေးပေါ်က
ကာစတန်တံဆိပ် ခြင်္သေ့ သံကွင်းလေးကတော့
ရန်ကုန်ဆိပ်ကမ်းမှ တင်သွင်းတဲ့ သက်သေဖြစ်ပြီး
တံဆိပ်ရဲ့ နံပါတ်လေးတွေကတော့
တင်သွင်းတဲ့ နေ့ရက်ကို
ဖော်ပြပေးထားတာ
ဖြစ်ပါတယ်။
(၇) ကာစတန်စာရွက်စာတမ်းများ
ကာစတန်စာရွက်စာတမ်းတွေကတော့
လူနာမည် အမည်ပေါက်လား ?
ဒါမှမဟုတ် ကုမ္ပဏီ အမည်ပေါက်လား?
ဆိုတာ ကို သိရှိနိုင်သလို ကားကီလိုအမှန်နဲ့
အခြားအချက်အလက်တွေကိုပါ
သိရှိနိုင်တာကြောင့် ဖြစ်နိုင်ရင်
တောင်းကြည့်သင့်ပါတယ်။
လိုင်စင်ကား ဝယ်တော့မယ်ဆိုရင်
ဒီအချက်လေးတွေကို စစ်ဆေးကြည့်ကြဖို့
တိုက်တွန်းလိုက်ပါရစေ....
ကားဝယ်ဖို့ လိုအပ်နေပြီဆိုရင်တော့
Credit; Suzuki Hyper Auto
Car Sale Center
ကားတစ်စီးဝယ်တော့မယ်ဆိုရင်
➖➖➖➖➖➖➖➖➖➖
ဘာတွေစစ်ဆေးကြည့်ရမလဲ ...???
➖➖➖➖➖➖➖➖➖➖➖
မကျွမ်းကျင်သေးတဲ့
သူတွေအတွက် အခြေခံလေးတွေပါ။
ကားနားလည်တဲ့
သူကိုလည်းခေါ်သွားရင်း
ကိုယ်လည်းဒါလေးတွေစစ်ကြည့်ပါ။
ကားမှာအရေးအကြီးဆုံးက
အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
📌 အုံနာဘုတ်
📌 ဝှီးတပ် မှန်မမှန်
📌 ချက်စီ (Chassis) ဘောင် နှင့်
📌 မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလားဆိုတာ
သေချာအောင်ကညနရုံးမှာကားမဝယ်ခင်သွားစစ်ပါ။
မှတ်ပုံတင်ပြပြီး
တရားဝင်စစ်တာ ငွေငါးထောင်ပေးရပါတယ်။
ကားမှာအလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး
လူပါအမှုဖြစ်မှာပါ။
ဒါကတော့
ကားကိုကြည့်ပြီး အားလုံးကြိုက်လို့
စျေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။
ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်
•••••••••••••••••••••••••••••
၁။ အင်ဂျင်ခန်း ကြည့်မယ်
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက
တန်းတွေ Frame တွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ
ဘေးဘောင်တွေ
ရှော့ဘားဘောင်တွေ သေသပ်ရမယ်။
အင်ဂျင်
ဂီယာဘောက်စ် အားလုံးကြည့်ကောင်းနေရမယ်။
အင်ဂျင်ခန်းကအော်ဆေးဖြစ်ရမယ်။
Original Spot တွေ ချိတ်တွေဖြစ်ရမယ်။
ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။
{Original ဟုတ်/မဟုတ်သိရန် နားလည်တဲ့
သူလိုပါသည်}
၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။
အသံကောင်းလား ငြိမ်လား။
လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။
AC အေးလားကြည့်မယ် ။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လားစမ်းမယ်
ဥပမာ --- Auto , Swing
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကိုဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံးဖွင့်ကြည့်မယ်။
အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို
အင်ဂျင် cleaning လုပ်ရမှာ။
၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား
လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလားသိဖို့ကခက်ပါသည်။
သို့သော် ဆေးသားအရောင်လွဲတာ
မညီတာ လှိုင်းတွေလိုမျိုးဖြစ်နေတာ
အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင်
မြင်ရပါသည်။
ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။
အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်းပြန်လုပ်ဖို့
မလွယ်ပါဘူး။
တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက်
တူလားကြည့်ပါ။
တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင်
ခေါက်ကြည့်ပါ။
သံပြားအသံလား
ပတ်တီးအသံလားနားထောင်ပါ။
၄။ နောက်ဖုံးဖွင့်မယ်။
ချိတ်တွေမှန်ရမယ်။
အတွင်းခန်းအော်ဆေးဖြစ်ရမယ်။
၅။ အောက်ပိုင်းကြည့်မယ်။
သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။
ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။
၆။ မီးလုံးတွေ original အမှန်တွေလား။
မှန်တွေလိုက်စစ်မယ် ။
အော်မှန်တွေလား ။
ပြန်ထည့်လား။
မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။
မှန်ဘေးလိုင်နာတွေ သေသပ်လား။
မှန်အကွဲ အက်ရာရှိလား။
၇။ အတွင်းခန်းကြည့်မယ်။
စီလင် ဒက်ရ်ှဘုတ် ထိုင်ခုံ
ဘေးကာဗာတွေ အခြေအနေ။
စတီရာရင် ဂီယာ အမှန်လား။
ကားမှာပါတာတွေ အကုန်စစ်
{ TV ထိုင်ခုံမော်တာ
seat-heater seat-memory TRC ECO }
၈။ Original Alloy လား။
ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။
လဲရတော့မလား။
၉။ Model Year ကို internet မှာစစ်ပါ။
{https://jpcenter.ru/month}
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
{တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့}
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
{ ဥပမာ Wish 2003 XS ဆိုပြီး အနောက်
ဘရိတ်က Drum ဖြစ်နေတာမျိုး }
၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။
AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ
နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင်
ဘယ်လိုလဲ။
ရှော့ဘားတွေ ဘွတ်တွေကောင်းလား။
ဘရိတ်ကောင်းလားစမ်းမယ်။
မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ်။
ဥပမာ ... Honda Civic hybrid မှာ
IMA error လိုမျိုးရှိမှာကြောက်ရင် ....
ကားများသည် brand new ကားများမဟုတ်လို့
အနည်းအများ ပြစ်ချက်ရှိမှာပါ။
စျေးပေါ်မူတည်ပြီး ဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ပါ။
အချို့လူများသည် ကားအားလုံးကောင်းပြီး
စျေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍
မကြိုက်ဟုပြောသည်။
ထို့နောက် အရှေ့ရောအနောက်ပါ
တိုက်ထားပြီး ဆေးbody ပြန်လုပ်ထားသော
ကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို
ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု
မဝယ်ဘဲ kilo 180000 ကို ကီလို
70000 ပြောင်းထားသောကားကိုဝယ်သည်။
ကီလိုအနည်းအများ အရေး
ကြီးသော်လည်း အင်ဂျင် ဂီယာဘောက်စ်
အောက်ပိုင်း ပိုကောင်းတဲ့ကားကိုယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံးပေါ့။
သိသလောက် မှတ်သလောက်
လေးတွေတင်ပေးလိုက်ပါသည်။
ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။
Credit