16/04/2023
နှစ်ဆန်းတစ်ရက်နေ့ - သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရာ နေ့တစ်နေ့ ဖြစ်သည်။ သက္ကရာဇ်တစ်ခု၏ အစအဦးရက်တွင် ကုသိုလ်ကောင်းမှုများ ပြုကြသည်မှာလည်း မြတ်နိုးဖွယ်ရာ ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်သည်။
မြန်မာပြက္ခဒိန်အရ မြန်မာနှစ်၏ ပထမဆုံးလမှာ တန်ခူးလ ဖြစ်သော်လည်း နှစ်ဆန်းတစ်ရက်နေ့မှာ တန်ခူးလဆန်းတစ်ရက်နေ့ မဟုတ်ပေ။ မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းချိန်သည် တန်ခူးလအတွင်း ဖြစ်နိုင်သကဲ့သို့ တစ်ခါတစ်ရံ ကဆုန်လအတွင်း ကျရောက်နိုင်လေသည်။ သို့ဖြစ်၍ တန်ခူးလ၊ သို့မဟုတ် ကဆုန်လ၏ နှစ်ဆန်းတစ်ရက်နေ့ မတိုင်မီ ရက်များကို နှောင်းတန်ခူး သို့မဟုတ် နှောင်းကဆုန်ဟု ခေါ်ဆိုကြသည်။ ဝေါဟာရ ပြက္ခဒိန်အရ တန်ခူး၊ ကဆုန်လများသို့ ရောက်ရှိသည့်တိုင် နှစ်မကူးသေးဘဲ နှစ်ဆန်းတစ်ရက် နေ့တွင်မှ နှစ်သစ်ကို စတင်ပါသည် ..
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ မြန်မာပြည်သူပြည်သားများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံခညောင်းကြပြီးကောင်းသောလိုအင်ဆန္ဒမှန်သမျှပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါတယ် ..
#မြန်မာနှစ်ဆန်းတစ်ရက်