Desire Autoworks - တာချီလိတ်ဆိုင်ခွဲ

Desire Autoworks - တာချီလိတ်ဆိုင်ခွဲ တာချီလိတ်မြို့ရှိကားများကိုပြုပြင်ခြင်း ဝန်ဆောင်မှုပေးနေသောကားစက်ပြင်အလုပ်ရုံ09777292233,09-266687775
(1)

Coolant Temperature Sensor ဆိုတာ သိပ်အရေးကြီးတဲ့ ဆင်ဆာပါ။အင်ဂျင်အအေးခံရည်ရဲ့ အပူချိန်ကို သိရှိမှ၁။ အင်ဂျင်ရဲ့ အပူချိန်ကိ...
15/08/2026

Coolant Temperature Sensor ဆိုတာ သိပ်အရေးကြီးတဲ့ ဆင်ဆာပါ။
အင်ဂျင်အအေးခံရည်ရဲ့ အပူချိန်ကို သိရှိမှ
၁။ အင်ဂျင်ရဲ့ အပူချိန်ကို သိမယ်၊ ဒါမှ လိုအပ်တဲ့ ဆီပမာဏကို တွက်ဆလို့ရမယ်။ အင်ဂျင်အေးရင် ဆီပိုထည့်မယ်၊ အင်ဂျင်ပူလာရင် ဆီလျှော့လိုက်မယ် - ဒါမျိုးပေါ့
၂။ ပလပ်ရဲ့ တိုင်မင်ကို ထိန်းချုပ်နိုင်မယ်။
၃။ အအေးခံပန်ကာကို ထိန်းချုပ်နိုင်မယ်၊ ပူလာရင် လည်ခိုင်းမယ့်သဘောပေါ့။

ကားပေါ်က ဆင်ဆာတွေထဲမှာ အရမ်း အရေးပါတဲ့ ဆင်ဆာတစ်ခုပေါ့ဗျာ။

𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐢𝐧 𝐞𝐯𝐞𝐫𝐲 𝐝𝐫𝐢𝐯𝐞!
Dᴇsɪʀᴇ Aᴜᴛᴏᴡᴏʀᴋs-Tᴀᴄʜɪʟᴇɪᴋ Bʀᴀɴᴄʜ
-------------------------------
အိမ်အမှတ် (၄/၇၇)၊ (၄) လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းဘေး /စွမ်းထက်သောက်ရေသန့်နောက် | တာချီလိတ်မြို့၊ရှမ်းပြည်နယ်။
𝐏𝐡 -𝟬𝟵 𝟮𝟲𝟲𝟲𝟴𝟳𝟳𝟳𝟱
𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟮𝟮𝟯𝟯

မိုးတွင်းလမ်းချော်မှာစိုးရင် ဘရိတ်နဲ့တာယာကို အရင်စစ်ပါမိုးရာသီမှာ ကားမောင်းရတာ ရင်တထိတ်ထိတ်ဖြစ်နေပြီလား။ ရေစိုလမ်းတွေပေါ...
14/08/2026

မိုးတွင်းလမ်းချော်မှာစိုးရင် ဘရိတ်နဲ့တာယာကို အရင်စစ်ပါ

မိုးရာသီမှာ ကားမောင်းရတာ ရင်တထိတ်ထိတ်ဖြစ်နေပြီလား။ ရေစိုလမ်းတွေပေါ်မှာ ဘရိတ်ဖမ်းလိုက်တာနဲ့ စလစ်ဖြစ်သွားမှာ စိုးရိမ်ရပါတယ်

တာယာအခြေအနေ၊ တာယာပန်းတွေပါးနေပြီလား၊ ဘရိတ်ရှူးတွေ ပါးနေပြီလား၊ ဘရိတ်နင်းလိုက်တိုင်း တကျီကျီမြည်နေပြီလားဆိုတာ ခရီးမသွားခင် အမြန်ဆုံးလာစစ်လိုက်ပါ။

သင့်ကားအတွက် အကောင်းဆုံး စစ်ဆေးပြင်ဆင်မှုကို ကျွန်တော်တို Desires Autoworks မှာယုံကြည်စိတ်ချစွာ အပ်နံလိုက်ပါ

𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐢𝐧 𝐞𝐯𝐞𝐫𝐲 𝐝𝐫𝐢𝐯𝐞!
Dᴇsɪʀᴇ Aᴜᴛᴏᴡᴏʀᴋs-Tᴀᴄʜɪʟᴇɪᴋ Bʀᴀɴᴄʜ
-------------------------------
အိမ်အမှတ် (၄/၇၇)၊ (၄) လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းဘေး /စွမ်းထက်သောက်ရေသန့်နောက် | တာချီလိတ်မြို့၊ရှမ်းပြည်နယ်။
𝐏𝐡 -𝟬𝟵 𝟮𝟲𝟲𝟲𝟴𝟳𝟳𝟳𝟱
𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟮𝟮𝟯𝟯

ကားနဲ့ လေယာဉ် အင်ဂျင်မတူပါဘူး။၂ မျိုးလုံးက Internal Combustion အင်ဂျင်ကို သုံးကြပေမယ့် အသုံးပြုတဲ့ ပုံစံ၊ တည်ဆောက်ပုံတွေ...
12/08/2026

ကားနဲ့ လေယာဉ် အင်ဂျင်မတူပါဘူး။

၂ မျိုးလုံးက Internal Combustion အင်ဂျင်ကို သုံးကြပေမယ့် အသုံးပြုတဲ့ ပုံစံ၊ တည်ဆောက်ပုံတွေကွာခြားပါတယ်။

အပေါ့စားလေယာဉ်တွေမှာတော့ မော်တော်ကားတွေမှာလို ပစ္စတင်အင်ဂျင်တွေကို သုံးတတ်ကြပေမယ့် ဂျက်လေယာဉ်တွေရဲ့ အင်ဂျင်ကတော့ ကားအင်ဂျင်နဲ့ ကွဲပြားပါတယ်။

အကြီးမားဆုံးကွာခြားချက်ကတော့ မီးလောင်ပေါက်ကွဲမှု အပိုင်းပါ။
ဂျက်အင်ဂျင်တွေက လိုအပ်တဲ့ Thrust ရဖို့ အဆက်မပြတ်မီးလောင်ပေါက်ကွဲနေဖို့လိုပါတယ်။ ဒါကြောင့် ပစ္စတင်အစား ဂက်စ်တာဘိုင်တွေကို ဂျက်အင်ဂျင်တွေက အသုံးပြုပါတယ်။

ကားအင်ဂျင်က လှည့်အား Torque ကိုထုတ်ပေးပြီး ဂျက်အင်ဂျင်က Thrust တွန်းအားကို ထုတ်ပေးပါတယ်။

ရှုပ်ထွေးပြီး လိုအပ်ချက်များပြားလွန်းတဲ့အတွက် လေယာဉ်ဂျက်အင်ဂျင်ကိုထုတ်တဲ့ ကုမ္ပဏီအရေအတွက်ဟာ လက်ချိုးရေလို့ရတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။

ဗဟုသုတအနေနဲ့တင်ပြပေးတာပါ၊ ဂျက်အင်ဂျင်တော့ မပြင်ပါဘူးခင်ဗျာ 😁

𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐢𝐧 𝐞𝐯𝐞𝐫𝐲 𝐝𝐫𝐢𝐯𝐞!
Dᴇsɪʀᴇ Aᴜᴛᴏᴡᴏʀᴋs-Tᴀᴄʜɪʟᴇɪᴋ Bʀᴀɴᴄʜ
-------------------------------
အိမ်အမှတ် (၄/၇၇)၊ (၄) လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းဘေး /စွမ်းထက်သောက်ရေသန့်နောက် | တာချီလိတ်မြို့၊ရှမ်းပြည်နယ်။
𝐏𝐡 -𝟬𝟵 𝟮𝟲𝟲𝟲𝟴𝟳𝟳𝟳𝟱
𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟮𝟮𝟯𝟯

မိုးရာသီမှာဖြစ်တတ်တဲ့ ကားအဲကွန်း မှိနံ့ထွက်ခြင်းနဲ့ အဲကွန်းစနစ် ချို့ယွင်းခြင်းစိုစွတ်တဲ့ရာသီဥတုကြောင့် ကားအဲကွန်းစနစ်မှ...
11/08/2026

မိုးရာသီမှာဖြစ်တတ်တဲ့ ကားအဲကွန်း မှိနံ့ထွက်ခြင်းနဲ့ အဲကွန်းစနစ် ချို့ယွင်းခြင်း

စိုစွတ်တဲ့ရာသီဥတုကြောင့် ကားအဲကွန်းစနစ်မှာ မှိတက်တာ၊ အနံ့ဆိုးထွက်တာနဲ့ ရေခဲပိတ်တာတွေက မကြာခဏ ဖြစ်တတ်ပါတယ်။

ဒါက ကျန်းမာရေးကို ထိခိုက်စေရုံသာမက မောင်းနှင်ရတာကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

Desires Autoworks မှာ A/C Compressor ကျန်းမာရေးစစ်ဆေးခြင်း၊ Cabin Filter လဲလှယ်ခြင်းနဲ့ အဲကွန်းပိုက်လိုင်းများကို စနစ်တကျ သန့်စင်ပေးနေပါပြီ။

ကျန်းမာရေးနဲ့ညီညွတ်ပြီး အေးမြလန်းဆန်းတဲ့ လေထုကို ပိုင်ဆိုင်ဖို Desires Autoworks သို လှမ်းခဲ့လိုက်ပါ။

𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐢𝐧 𝐞𝐯𝐞𝐫𝐲 𝐝𝐫𝐢𝐯𝐞!
Dᴇsɪʀᴇ Aᴜᴛᴏᴡᴏʀᴋs-Tᴀᴄʜɪʟᴇɪᴋ Bʀᴀɴᴄʜ
-------------------------------
အိမ်အမှတ် (၄/၇၇)၊ (၄) လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းဘေး /စွမ်းထက်သောက်ရေသန့်နောက် | တာချီလိတ်မြို့၊ရှမ်းပြည်နယ်။
𝐏𝐡 -𝟬𝟵 𝟮𝟲𝟲𝟲𝟴𝟳𝟳𝟳𝟱
𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟮𝟮𝟯𝟯

မီးခိုးအငွေ့တွေထွက်လာပြီး အင်ဂျင်အသံပြောင်းနေပြီလားကားအိတ်ဇောစနစ်က ဓာတ်ကူပစ္စည်း (Catalytic Converter) ပိတ်ဆိုလာတဲ့အခါ အ...
10/08/2026

မီးခိုးအငွေ့တွေထွက်လာပြီး အင်ဂျင်အသံပြောင်းနေပြီလား

ကားအိတ်ဇောစနစ်က ဓာတ်ကူပစ္စည်း (Catalytic Converter) ပိတ်ဆိုလာတဲ့အခါ အင်ဂျင်ဆွဲအားသိသိသာသာကျလာပြီး မီးခိုးမည်းတွေ ထွက်လာတတ်ပါတယ်။

အင်ဂျင်ဝိုင်ယိုစိမ့်မှုကို အချိန်မီမပြင်ဆင်ရင် အိတ်ဇောတွင်းရှိ ဓာတ်ကူပစ္စည်းကိုပါ ပျက်စီးစေနိုင်ပါတယ်။

Desires Autoworks မှာ အဆိုပါပြဿနာများကို အမြန်ဆုံးစစ်ဆေးပြီး သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမယ့် စံချိန်မီပစ္စည်းများဖြင့် အစားထိုးပြုပြင်ပေးပါတယ်။

𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐢𝐧 𝐞𝐯𝐞𝐫𝐲 𝐝𝐫𝐢𝐯𝐞!
Dᴇsɪʀᴇ Aᴜᴛᴏᴡᴏʀᴋs-Tᴀᴄʜɪʟᴇɪᴋ Bʀᴀɴᴄʜ
-------------------------------
အိမ်အမှတ် (၄/၇၇)၊ (၄) လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းဘေး /စွမ်းထက်သောက်ရေသန့်နောက် | တာချီလိတ်မြို့၊ရှမ်းပြည်နယ်။
𝐏𝐡 -𝟬𝟵 𝟮𝟲𝟲𝟲𝟴𝟳𝟳𝟳𝟱
𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟮𝟮𝟯𝟯

⛽️ ဆီစားနှုန်း ပုံမှန်ထက် ပိုများလာပြီး အင်ဂျင်ဆွဲအား ကျဆင်းနေပါသလား?ကားတစ်စီးရဲ့ ဆီစားနှုန်း မြင့်တက်လာခြင်း နဲ့ အင်ဂျင...
06/08/2026

⛽️ ဆီစားနှုန်း ပုံမှန်ထက် ပိုများလာပြီး အင်ဂျင်ဆွဲအား ကျဆင်းနေပါသလား?

ကားတစ်စီးရဲ့ ဆီစားနှုန်း မြင့်တက်လာခြင်း နဲ့ အင်ဂျင်စွမ်းဆောင်ရည် ကျဆင်းလာခြင်း ဟာ Fuel Injectors ညစ်ပတ်နေတာ၊ Air Filter ပိတ်ဆိုနေတာ၊ ဒါမှမဟုတ် လောင်စာဆီစနစ်မှာ အညစ်အကြေးများ စုပုံနေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေကို အချိန်မီ မစစ်ဆေးဘဲ ဆက်လက်အသုံးပြုနေမယ်ဆိုရင်—
✔️ ဆီကုန်ကျစရိတ် ပိုများလာမယ်။
✔️ အင်ဂျင်အဆွဲအရုန်းတွေ ကျလာမယ်
✔️ မလိုအပ်ပဲ ပျက်စီးဆုံးရှုံးမှုတွေလဲ များလာနိုင်ပါတယ်

ဒါကြောင့် ဆီလိုင်း မီးလိုင်းစနစ်တွေကို ပုံမှန်စစ်ဆေး သန့်စင်ပေးခြင်းက Fuel Injectors၊ Spark Plugs နဲ့ အင်ဂျင်အစိတ်အပိုင်းများရဲ့ သက်တမ်းကို ပိုမိုရှည်လျားစေပြီး ဆီစားနှုန်းကိုလည်း ပုံမှန်အတိုင်း ထိန်းသိမ်းပေးနိုင်ပါတယ်။

ကျွန်တော်တို Desires Autoworks မှာတော့ ကျွမ်းကျင် Technician များရဲ့ စနစ်တကျစစ်ဆေးမှုနဲ့ Engine Tuning ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေပြီး မိတ်ဆွေကားရဲ့ အင်ဂျင်စွမ်းဆောင်ရည်ကို ပြန်လည်ကောင်းမွန်စေကာ နေ့စဉ်မောင်းနှင်ရာမှာ ဆီကုန်ကျစရိတ် သက်သာစေဖို ကူညီပေးနေပါတယ်နော်...။

𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐢𝐧 𝐞𝐯𝐞𝐫𝐲 𝐝𝐫𝐢𝐯𝐞!
Dᴇsɪʀᴇ Aᴜᴛᴏᴡᴏʀᴋs-Tᴀᴄʜɪʟᴇɪᴋ Bʀᴀɴᴄʜ
-------------------------------
အိမ်အမှတ် (၄/၇၇)၊ (၄) လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းဘေး /စွမ်းထက်သောက်ရေသန့်နောက် | တာချီလိတ်မြို့၊ရှမ်းပြည်နယ်။
𝐏𝐡 -𝟬𝟵 𝟮𝟲𝟲𝟲𝟴𝟳𝟳𝟳𝟱
𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟮𝟮𝟯𝟯

တချို့ မော်တော်ယာဉ်အစိတ်အပိုင်းတွေကို စစ်ဆေးပြင်ဆင်လဲလှယ်တဲ့အခါ သင့်တော်တဲ့ ကိရိယာတွေကို အသုံးပြုပေးရပါတယ်။ ဥပမာ - Speci...
03/08/2026

တချို့ မော်တော်ယာဉ်အစိတ်အပိုင်းတွေကို စစ်ဆေးပြင်ဆင်လဲလှယ်တဲ့အခါ သင့်တော်တဲ့ ကိရိယာတွေကို အသုံးပြုပေးရပါတယ်။
ဥပမာ - Special Service Tool လို့ခေါ်တဲ့ ကိရိယာတွေကို အသုံးပြုရသလိုမျိုးပေါ့။

တခါတလေမှာလဲ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် မဖြစ်မနေလုပ်ဆောင်ပေးရတာတွေရှိပါတယ်။ ဥပမာ - ဘရိတ်ထိန်းချုပ်စနစ်နဲ့ ပတ်သက်ပြီး ပြင်ဆင်ပြီးတိုင်း Initialization လုပ်ပေးရတာမျိုးပေါ့။

တချို့ပြဿနာတွေကိုကျတော့ သင့်တော်တဲ့ စစ်ဆေးစက်တွေကို အသုံးပြုပေးရပြန်ပါတယ်။ ဥပမာ - Battery tester နဲ့ ကားဘက်ထရီကို စစ်ဆေးသလိုမျိုးပေါ့။

စက်ကိရိယာတွေကို သင့်တော်သလို စနစ်တကျအသုံးပြုပေးတဲ့အခါ ယာဉ်ပိုင်ရှင်တွေ စိတ်တိုင်းကျတာပေါ့ဗျာ။

𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐢𝐧 𝐞𝐯𝐞𝐫𝐲 𝐝𝐫𝐢𝐯𝐞!
Dᴇsɪʀᴇ Aᴜᴛᴏᴡᴏʀᴋs-Tᴀᴄʜɪʟᴇɪᴋ Bʀᴀɴᴄʜ
-------------------------------
အိမ်အမှတ် (၄/၇၇)၊ (၄) လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းဘေး /စွမ်းထက်သောက်ရေသန့်နောက် | တာချီလိတ်မြို့၊ရှမ်းပြည်နယ်။
𝐏𝐡 -𝟬𝟵 𝟮𝟲𝟲𝟲𝟴𝟳𝟳𝟳𝟱
𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟮𝟮𝟯𝟯

ကားက ဘာလို့ ချိုင့်ကျော်ရင် ခုန်နေရတာလဲ?အောက်ပိုင်းကို ဂရုစိုက်ပါရှော့ဘား (Shock Absorber) ရဲ့ အဓိကတာဝန်က ကားရဲ့ တုန်ခါမ...
01/08/2026

ကားက ဘာလို့ ချိုင့်ကျော်ရင် ခုန်နေရတာလဲ?
အောက်ပိုင်းကို ဂရုစိုက်ပါ

ရှော့ဘား (Shock Absorber) ရဲ့ အဓိကတာဝန်က ကားရဲ့ တုန်ခါမှုကို ထိန်းချုပ်ပေးဖို့ပါ။

ရှော့ဘားအတွင်းက ဆီယိုစိမ့်လာရင် (သို့) သက်တမ်းကုန်ရင် ကားက လမ်းပေါ်မှာ မငြိမ်တော့ဘဲ ခုန်နေပါလိမ့်မယ်။

ဒါက တာယာကိုပါ မညီမညာ ပွန်းစားစေပါတယ်။

"ရှော့ဘား မကောင်းတဲ့အခါ ကားရဲ့ တည်ငြိမ်မှုနဲ့ မောင်းနှင်နေစဉ် ထိန်းချုပ်နှိင်စွမ်းလျော့ကျနိုင်ပြီး၊ ဘရိတ်နင်းချိန်မှာလည်း တာယာနဲ့ လမ်းမျက်နှာပြင် ထိတွေ့မှု မတည်ငြိမ်နိုင်တာကြောင့် မောင်းနှင်ရာမှာ ယုံကြည်စိတ်ချရမှု လျော့နည်းနိုင်ပါတယ်။"

ရှော့ဘား အခြေအနေကို ပုံမှန်စစ်ဆေးပေးခြင်းဖြင့် ကားအောက်ပိုင်း တစ်စနစ်လုံး ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

သင့်ကားရဲ့ ခရီးလမ်းတိုင်း ငြိမ့်ညောင်းဖို့အတွက် Desire ကို လာခဲ့ပါ။

𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐢𝐧 𝐞𝐯𝐞𝐫𝐲 𝐝𝐫𝐢𝐯𝐞!
Dᴇsɪʀᴇ Aᴜᴛᴏᴡᴏʀᴋs-Tᴀᴄʜɪʟᴇɪᴋ Bʀᴀɴᴄʜ
-------------------------------
အိမ်အမှတ် (၄/၇၇)၊ (၄) လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းဘေး /စွမ်းထက်သောက်ရေသန့်နောက် | တာချီလိတ်မြို့၊ရှမ်းပြည်နယ်။
𝐏𝐡 -𝟬𝟵 𝟮𝟲𝟲𝟲𝟴𝟳𝟳𝟳𝟱
𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟮𝟮𝟯𝟯

မော်တော်ယာဉ်မတော်တဆမှုတွေကနေ ရှောင်ရှားနိုင်ဖို့ ကားတာယာပြဿနာတွေကိုသိထားဖို့လိုပါတယ်။ ကားတာယာလေဖိအားမမှန်တဲ့အခါ တာယာတွေဟ...
30/07/2026

မော်တော်ယာဉ်မတော်တဆမှုတွေကနေ ရှောင်ရှားနိုင်ဖို့ ကားတာယာပြဿနာတွေကိုသိထားဖို့လိုပါတယ်။

ကားတာယာလေဖိအားမမှန်တဲ့အခါ တာယာတွေဟာ ပုံစံပျက်ယွင်းလာပါတယ်။
လေဖိအား နည်းလွန်းတဲ့အခါ - ဆီစားနှုန်းတက်လာမယ်၊ တာယာယိုယွင်းမှုပိုမြန်မယ်။
လေဖိအား များလွန်းတဲ့အခါ - တာယာအလယ်ပန်းသားပျက်စီးပြီး လမ်းပေါ် တာယာကုတ်အား လျော့ကျသွားပါလိမ့်မယ်။

တာယာတခြမ်းစားနေရင် အလိုင်းမင်းပြဿနာဖြစ်ပြီးတော့ တာယာပုံစံမမှန်တော့ရင် အလျင်အမြန်လဲဖို့လိုပါတယ်။

အဖြစ်များဆုံးကတော့ တာယာမှာ သံစိုက်ခြင်းကြောင့် တာယာလေဖိအား အချိန်တိုအတွင်း လျော့ကျလာခြင်းပါပဲ။

တာယာပြဿနာတွေကို သိထားလို့ ကြိုတင်ပြင်ဆင်နိုင်ရင် ယာဉ်မတော်တဆမှုတွေကို ရှောင်ရှားနိုင်တာပေါ့ဗျာ။

𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐢𝐧 𝐞𝐯𝐞𝐫𝐲 𝐝𝐫𝐢𝐯𝐞!
Dᴇsɪʀᴇ Aᴜᴛᴏᴡᴏʀᴋs-Tᴀᴄʜɪʟᴇɪᴋ Bʀᴀɴᴄʜ
-------------------------------
အိမ်အမှတ် (၄/၇၇)၊ (၄) လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းဘေး /စွမ်းထက်သောက်ရေသန့်နောက် | တာချီလိတ်မြို့၊ရှမ်းပြည်နယ်။
𝐏𝐡 -𝟬𝟵 𝟮𝟲𝟲𝟲𝟴𝟳𝟳𝟳𝟱
𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟮𝟮𝟯𝟯

"ငါ့ကားကြီးက အတောင့်ကြီးပဲ" လို့ စိတ်မှန်းနဲ့ ထင်နေရင်တော့ မှားသွားမှာပေါ့ဗျာ။ ကားရဲ့ ကြံ့ခိုင်မှုဆိုတာ သေချာစစ်ဆေးမှ ပေ...
29/07/2026

"ငါ့ကားကြီးက အတောင့်ကြီးပဲ" လို့ စိတ်မှန်းနဲ့ ထင်နေရင်တော့ မှားသွားမှာပေါ့ဗျာ။

ကားရဲ့ ကြံ့ခိုင်မှုဆိုတာ သေချာစစ်ဆေးမှ ပေါ်တာမျိုးပါ။
အပြင်ပန်း ဆေးသားဘော်ဒီ တောင့်နေရုံနဲ့ ကြံ့ခိုင်တယ်ထင်ရင် ဘေးအန္တရာယ်များပါတယ်ဗျာ။

မော်တော်ယာဉ်တစ်စီးမှာ
၁။ အင်ဂျင်ကောင်းမကောင်း စစ်ဆေးမှ သိပါတယ်၊
၂။ အောက်ပိုင်း ကောင်းမကောင်း အလိုင်းမင်းချိန် အောက်ပိုင်းစစ်မှ သိပါတယ်၊
၃။ ဘရိတ်ကောင်းမကောင်း ဖြုတ်စစ်မှ သိနိုင်ပါတယ်။

ကားအစိတ်အပိုင်းတိုင်းမှာ သက်တမ်းရှိပါတယ်။ သက်တမ်းကုန်သွားရင်ပျက်ပါတယ်ဗျာ။

ဒါကြောင့် မိမိရဲ့ မော်တော်ယာဉ်ကြံ့ခိုင်မှုကို သိနိုင်ဖို့ အမြဲ ပုံမှန်စစ်ဆေးပါလို့ တိုက်တွန်းပါရစေဗျာ။

𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐢𝐧 𝐞𝐯𝐞𝐫𝐲 𝐝𝐫𝐢𝐯𝐞!
Dᴇsɪʀᴇ Aᴜᴛᴏᴡᴏʀᴋs-Tᴀᴄʜɪʟᴇɪᴋ Bʀᴀɴᴄʜ
-------------------------------
အိမ်အမှတ် (၄/၇၇)၊ (၄) လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းဘေး /စွမ်းထက်သောက်ရေသန့်နောက် | တာချီလိတ်မြို့၊ရှမ်းပြည်နယ်။
𝐏𝐡 -𝟬𝟵 𝟮𝟲𝟲𝟲𝟴𝟳𝟳𝟳𝟱
𝟬𝟵 𝟳𝟳𝟳𝟮𝟵𝟮𝟮𝟯𝟯

Address

4/77, 4th Street, San Sai (B) Quarter, Near Golf Course
Tachileik
06271

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00

Telephone

+959266687775

Alerts

Be the first to know and let us send you an email when Desire Autoworks - တာချီလိတ်ဆိုင်ခွဲ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Desire Autoworks - တာချီလိတ်ဆိုင်ခွဲ:

Shortcuts

Share