HEIN Car Service & Parts

HEIN Car Service & Parts Warmly Welcom

Toyota Noah ကားအကြောင်းToyota Alphard ထက် စျေးသက်သာပြီး Toyota Wish ထက် မိသားစု စီးရတာ ပိုအဆင်ပြေတဲ့ ခုံသုံးတန်းကားကို R...
25/05/2024

Toyota Noah ကားအကြောင်း

Toyota Alphard ထက် စျေးသက်သာပြီး Toyota Wish ထက် မိသားစု စီးရတာ ပိုအဆင်ပြေတဲ့ ခုံသုံးတန်းကားကို Round Aircon နဲ့ လိုချင် သူတွေအတွက် Toyota Noah ကို ရွေးချယ်ကြလေ့ရှိပါတယ်။ Toyota Noah ကို Toyota က Minivan အမျိုးအစားအဖြစ် ၂ဝဝ၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး အခုအချိန်ထိလည်း ရေပန်းစားလူကြိုက်များနေတဲ့ အတွက် ဆက်ပြီးထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ Toyota Noah ရဲ့ ရေပန်း စားလူကြိုက်များတဲ့ Generation နှစ်ခုထဲက Second Generation ဖြစ်တဲ့ ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ရဲ့ရေပန်းစားမှုကို အဓိက ရှင်းပြမှာ ဖြစ်ပါတယ်။ Toyota Noah ၂ဝဝ၇-၂ဝ၁၄ ကို 2.0L 3ZR-FAE ၊ 2.0L3ZR-FE အင်ဂျင်နဲ့ထုတ်လုပ်ထားပြီး လူကြိုက်များ ရေပန်းစားတဲ့ အင်ဂျင်ကတော့ 2.0L 3ZR-FAE(Valvematic) ပဲ ဖြစ်ပါတယ်။Toyota Noah ၂ဝဝ၇-၂ဝ၁၄ မှာ X ၊ X SMART ၊ YY ၊ XL ၊ G ၊ SG ၊ SI Grade ဆိုပြီး Grade ခွဲတွေရှိတဲ့အထဲကမှ လူကြိုက်များတဲ့ Grade က အမြင့် ဆုံးဖြစ်တဲ့ SI GRADE ဖြစ်ပါတယ်။ ဒါကြောင့် Toyota Noah ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်တွေကို အသေးစိတ် တင်ဆက်မှာဖြစ်ပါတယ်။

ရေပန်းစားလူကြိုက်များသော အချက်များ
၁။ ကားရဲ့ဖွဲ့စည်းမှုဒီဇိုင်း
Toyota Noah ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ရဲ့ အပြင်ပိုင်းဘော်ဒီ ဒီဇိုင်းက အစောပိုင်း First Generation ထက် ပိုလန်းပါတယ်။ အရှေ့မီးကြီးကို လင်းအားကောင်းစေအောင် HID မီးခေါ် ကြောင်မျက်လုံးမီးလုံးတွေ ထည့်သွင်းပေးထားပြီး နီကယ်ရှဲလ် တပ်ဆင်ပေးထားပါတယ်။ အလယ်မှာတော့ Noah ရဲ့ အတိုကောက် N ဆိုတဲ့စာလုံး Logo လေး ထည့်သွင်း ပေးထားပါတယ်။ အစောပိုင်း Generation ရဲ့မလှပမှုတွေကို ပြန်လည် မွမ်းမံပြီး အချိုးအစားကျအောင် ပြုလုပ်ပေးထားတဲ့အတွက် ရေပန်းစား လူကြိုက်များစေပါတယ်။

၂။ အတွင်းခန်းကျယ်ဝန်းမှု
Toyota အုပ်စု ခုံသုံးတန်းကားထဲမှာ Toyota Wish ထက်ပိုကျယ် ဝန်းပြီး သက်သောင့်သက်သာရှိစေတဲ့အတွက် ခုံသုံးတန်းထဲ မှာ Alphard ဝယ်စီးဖို့ ငွေမသုံးချင်ဘူးဆိုတဲ့သူတွေက Toyota Noah ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ကို ရေပန်းစားရွေးချယ်ကြပါတယ်။

၃။ ဆီစားသက်သာမှုရှိတဲ့ အင်ဂျင်
ခုံသုံးတန်းနဲ့ ကားအများစုဟာ ဆီကတော့ ပုံမှန်ကားတွေထက် ပိုစားပါ တယ်။ Toyota Noah ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ကိုတော့ Toyota ရဲ့ ဆီစားသက် သာမှုကို ပိုပြီးအဆင့်မြှင့်တင်ထားတဲ့ 2.0L 3ZR-FAE (Valvematic) အင်ဂျင်အသုံးပြုပေးထားတဲ့အတွက် ဆီစားနှုန်းက အရင် 2.0L အင်ဂျင်တွေထက် ဆီစားပိုသက်သာပြီး အရုန်းအဆွဲလည်း ကောင်းလို့ ဒီအင်ဂျင် ပါဝါကြောင့် ရေပန်းစားစေပါတယ်။

၄။Round Aircon
ခုံသုံးတန်းကားအများစုမှာ ကားပေါ်လိုက်ပါသူတွေ အဆင်ပြေစေဖို့ Round Aircon ပါဝင်မှုကို ရွေးချယ်ကြပါတယ်။ Toyota Noah မှာလည်း Round Aircon စနစ်ထည့်သွင်းပေးထားတဲ့အတွက် မိသားစု၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ခရီးသွားသူတွေအတွက် အတော်လေးကို အဆင်ပြေသက်သာစေလို့ Round Aircon ပါဝင်တဲ့ အချက်ကလည်း ရေပန်းစားပါတယ်။

၅။ ခုံသုံးတန်းပါဝင်မှုနှင့် ကျယ်ဝန်းမှု
ခုံသုံးတန်းပါဝင်တဲ့ ကားအများစုထဲမှာ နောက်ဆုံးခုံတန်းကျယ်ဝန်းပြီး လူအများနဲ့ ခရီးသွားတဲ့အခါ တကယ်ကိုအဆင်ပြေတဲ့ Mini Van တစ်စီး ဖြစ်တယ်ဆိုတဲ့အချက်ကလည်း ရေပန်းစားပါတယ်။

၆။ Auto & Manual Gear
Toyota Noah ၂ဝဝ၇-၂ဝ၁၄ Mini Van က နည်းပညာမြှင့်ထားတဲ့ ကားတစ်စီးဖြစ်လို့ Auto & Manual နှစ်မျိုးသုံး ဂီယာခုနစ်ချက် တပ်ဆင်ထားတဲ့အတွက် ဆီစားသက်သာသလို Manual မောင်းချင်တဲ့ လူငယ် တွေအတွက်လည်း စိတ်ကျေနပ်မှုရစေတဲ့အချက်ကလည်း ရေပန်းစားပါတယ်။

၇။ Valvematic (2.0L 3ZR-FAE) Engine
Valvematic အင်ဂျင်ဆိုတာ Toyota ရဲ့ နည်းပညာထပ်မံမြှင့်တင်ထားတဲ့ အရုန်းအဆွဲကောင်း၊ ဆီစားသက်သာတဲ့ အင်ဂျင်အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ ဒီအင်ဂျင်ကို Toyota Noah ၂ဝဝ၇-၂ဝ၁၄ မှာ ထည့်သွင်းပေးထားတာကလည်း ရေပန်းစားတဲ့ အချက်ဖြစ်ပါတယ်။

၈။ Power Slide Door
Toyota Noah ၂ဝဝ၇-၂ဝ၁၄ မှာ ဘေးတံခါးနှစ်ချပ်ကို Slide Door ထည့်သွင်းပေးထားပြီး ဘယ်ဘယ်တံခါး တစ်ဖက်မှာတော့ Power Slide Door ထည့်သွင်းပေးထားတဲ့အတွက် ကားပေါ်အတက်/အဆင်းကို Remote ဖွင့်/ပိတ်တာ၊ ခလုတ်နှိပ်ဖွင့်တာတွေ Smart ကျကျ လုပ်ဆောင်နိုင်တာကလည်း ရေပန်းစားပါတယ်။

၉။ Suspension
Toyota Noah ၂ဝဝ၇-၂ဝ၁၄ ရဲ့ အောက်ပိုင်းတည်ဆောက်မှုမှာတော့ Toyota Alphard ကို ယှဉ်လို့မမီနိုင်ပေမဲ့ Toyota Wish ထက် ပိုငြိမ့်ညောင်းလို့ Toyota Alphard လောက် စျေးမသုံးချင်သူတွေကြား မှာ ရေပန်းစားရွေးချယ်စရာ ဖြစ်ပါတယ်။

၁ဝ။Kilometer Display
Toyota Noah ၂ဝဝ၇-၂ဝ၁၄ ရဲ့ ကီလိုမီတာပြတဲ့ ဒိုင်ခွက်ကို အစောပိုင်း First Generation မှာ ထုတ်လုပ်ခဲ့တဲ့ပုံစံအတိုင်း ကား မောင်းသူရဲ့အရှေ့မှာပဲ ဆက်ထားပေးပါတယ်။ အဲဒီအချက်ကတော့ သူ့ရဲ့ လူမကြိုက်ဆုံး ရေပန်းစားမှုတစ်ခုလို့ ဆိုရမှာပါ။ Toyota Noah စီးသူ အများစုဟာ ကားရဲ့ဒိုင်ခွက်ကို မကြိုက်ကြတဲ့အတွက် “ကားကတော့ မိုက်တယ်၊ ဒိုင်ခွက်ကအလယ်မှာ ဘာအထာလဲမသိဘူး၊ မမိုက်ဘူး” ဆိုတဲ့အပြောက ဝယ်ယူတွေအကြား ရေပန်းစားပါတယ်။
Toyota Noah ၂ဝဝ၇-၂ဝ၁၄ ကို ခုံသုံးတန်းဖြစ်မှု၊ Round Aircon ပါဝင်မှု၊ နည်းပညာမြင့်မှု၊ ဆီစားသက်သာမှု၊ လူအများနဲ့ ခရီး သွားတဲ့အခါ အဆင်ပြေစေမှုတို့ကြောင့် Mini Van ခုံသုံးတန်းနဲ့ ကား ဝယ်ယူတဲ့အခါမှာ ရေပန်းစားရွေးချယ်ဝယ်ယူကြတာ ဖြစ်ပါတယ်။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ😍🙏

Credit: Automobile

ကားဘရိတ်စနစ်အတွက် အရေးကြီးတဲ့ ABS Sensor များအကြောင်းအခုမိုးတွင်းကာလ မိုးရွာတဲ့အချိန်ဖြစ်စေ ၊ မိုးရွာပြီး ရေကြီးနေတဲ့အချ...
21/11/2023

ကားဘရိတ်စနစ်အတွက် အရေးကြီးတဲ့ ABS Sensor များအကြောင်း

အခုမိုးတွင်းကာလ မိုးရွာတဲ့အချိန်ဖြစ်စေ ၊ မိုးရွာပြီး ရေကြီးနေတဲ့အချိန်ဖြစ်စေ ကားမောင်းနှင်တဲ့အခါ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကားဘရိတ်စနစ် ပြဿနာလေးတွေနဲ့ ခေတ်မီ ကားဘရိတ်စနစ်အတွက် အရေးပါတဲ့ ABS Sensor တွေ အကြောင်းကို ဒီနေ့ ပြောပြချင်ပါတယ်။ ကားတစီးအတွက် ဘရိတ်စနစ်ဆို ဘယ်လောက် အရေးကြီး တယ် ဆိုတာ ကားမောင်းတဲ့သူတိုင်း သိပြီးသားဖြစ်ပါတယ်။
အခု ကျနော်တို့ မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ ခေတ်မီမော်ဒယ်မြင့် ဂျပန်ကားတွေ ၊ ဥရောပနဲ့ အမေရိကန် ကားတွေမှာ အသုံးပြုနေတဲ့ ဘရိတ်စနစ်တွေက ဟိုးအရင်ခေတ်ဟောင်းကလို ရိုးရိုးသာမန် Hydraulic စနစ်သုံး ဘရိတ်စနစ်တွေမဟုတ်တော့ပါဘူး ။ အခုခေတ်ပေါ်ကားတွေမှာ အသုံးပြုနေတဲ့ ဘရိတ်စနစ်တွေက ABS system လို့ခေါ်ဆိုတဲ့ ဘရိတ်စနစ်တွေဖြစ်ပါတယ်။
ABS system ဆိုတာကတော့ Anti-Lock Braking System ကိုဆိုလိုတာဖြစ်ပြီး ဘရိတ်ဖမ်းလိုက်တဲ့အခါ ကားဘီးတွေကို အသေဖမ်းချုပ်တာမျိုးမဖြစ်ဘဲ လိုအပ်သလို ဘရိတ်ဖမ်းနိုင်အောင် ထိန်းချုပ်ပေးတဲ့ စနစ်မျိုး ဖြစ်ပါတယ်။
ABS System ပါတဲ့ ကားနဲ့ မပါတဲ့ကား ဘရိတ်ဖမ်းတဲ့အခါ ကွာခြားပုံ
ABS system မှာ အဓိက တွဲဖက်အလုပ်လုပ်နေတာတွေကတော့ Wheel Speed Sensors + ABS ECU / ABS Module တွေပဲဖြစ်ပါတယ်။


Wheel Speed Sensor

ABS ECU / Module

ဒီ Wheel Speed Sensor တွေကိုတော့ ကျနော်တို့ ကားလောကမှာ ABS Sensor လို့ လူသိများကြပါတယ်။ Wheel Speed Sensor တွေကို ကားဘီးတွေရဲ့ Brake Rotor နဲ့ Hub အုံတွေရဲ့နောက်မှာ တပ်ဆင်ထားပြီး ရှေ့ နောက် ကားဘီးတိုင်းမှာ Sensor တခုဆီတပ်ဆင်ထားတာမို့ ကားတစီးမှာ Wheel Speed Sensor (4) ခုစီပါဝင်မှာ ဖြစ်ပါတယ်။
ဒီ Wheel Speed Sensor တွေက (1) Inductive / Reluctance Type WSS Sensor (2) Hall Effect Type WSS Sensor ဆိုပြီးပုံစံ (၂) မျိုးနဲ့ လာလေ့ရှိပါတယ်။
ဒီ Wheel Speed Sensor တွေအလုပ်လုပ်တဲ့ပုံစံက ကား ဒူးဆစ်လို့ ခေါ်တဲ့ CV-Joint နဲ့ Brake Hub တွေမှာ Wheel Speed Sensor နဲ့ အတူတွဲဖက် တပ်ဆင်ထားတဲ့ Reluctor Ring / Trigger Wheel တွေရဲ့ လည်ပတ်မှုတွေကို အာရုံခံတာဖြစ်ပြီး ၊ အာရုံခံ ရရှိတဲ့ ဒေတာအခြေအနေတွေကို ABS ECU / Module တွေဆီကို ပို့ဆောင်ပေးတာဖြစ်ပါတယ်။


ABS Sensor And Reluctor Ring

ကားကို အရှိန်နဲ့ မောင်းနှင်နေတဲ့ချိန် အကြောင်းအမျိုးမျိုးကြောင့် ဘရိတ်ဖမ်းဖို့ လိုအပ်လာလို့ ဘရိတ်ကိုရုတ်တရက်နင်းလိုက်တဲ့အခါမျိူးမှာ Wheel Speed Sensors တွေကနေပေးပို့လိုက်တဲ့ ဒေတာ အချက်အလက်တွေ ( တနည်းအားဖြင့် ကားဘီးလည်ပတ်နှုန်း တွေ) ကို ABS ECU / Module တွေက နေလက်ခံရယူပြီး Millisecond လေးအတွင်းမှာ ကားဘီးတခုခြင်းဆီကို လိုအပ်သလို ဖမ်းလိုက်လွှတ်လိုက်ပုံစံမျိုးနဲ့ ထိန်းချုပ်သွားတာဖြစ်ပါတယ်။

ဒီလို ကားဘရိတ်စနစ်အတွက် အရေးကြီးတဲ့ ABS System တွေ ပျက်စီးချို့ယွင်းတဲ့အခါ ကားဒိုင်ခွက်ထဲမှာ ABS Warning Light တွေပေါ်လာတတ်ပြီး စက်ထိုးစစ်ဆေးမယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ Diagnostic Trouble Code တွေပေါ်လာတာများပါတယ်။

DTC C0200/31 Front Speed Sensor RH Circuit
DTC C0205/32 Front Speed Sensor LH Circuit
DTC C0210/33 Rear Speed Sensor RH Circuit
DTC C0215/34 Rear Speed Sensor LH Circuit
DTC C1235/35 Foreign Object is Attached on Tip of Front Speed Sensor RH
DTC C1236/36 Foreign Object is Attached on Tip of Front Speed Sensor LH
DTC C1238/38 Foreign Object is Attached on Tip of Rear Speed Sensor RH
DTC C1239/39 Foreign Object is Attached on Tip of Rear Speed Sensor LH
DTC C0273/13 Open in ABS Motor Relay Circuit

အခုဖော်ပြပေးခဲ့တဲ့ ABS Sensor လို့ခေါ်တဲ့ Wheel Speed Sensor လေးက ခုလိုမိုးတွင်းကာလ ရေကြီး ရေလျှံတာတွေ ဖြစ်ပေါ်လာတဲ့အခါမျိုးတွေမှာ အာရုံခံ Sensor နဲ့ Reluctor Ring/ Trigger Wheel တွေကြား သဲ ရွှံ့နဲ့ ဖုန်အညစ်အကြေးတွေဝင်ပြီး Sensor က ကားဘီးလည်ပတ်မှုတွေကို အာရုံခံမရတာမျိုး ၊ နောက် ရေတက်လာတဲ့အတွက် ကြွက်တွေက ကားထဲကို ဝင်ရောက်ခိုအောင်းတတ်ပြီး ABS Sensor ကြိုးလိုင်းတွေကို ကိုက်ဖြတ်ပြစ်တာမျိုး ၊ Reluctor Ring/ Trigger Wheel တွေက သံကြေးတက်ကုန်ပြီး Sensor အာရုံခံမှုတွေကို အနှောက်အယှက်ပေးတာမျိုးတွေ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ABS Waring Light တွေပေါ်လာတတ် ပါတယ်။ တချို့ကားတွေမှာတော့ ရေစိုနေတဲ့အချိန် ABS မီးတွေလင်းတတ်ပြီး ၊ ရေခြောက်သွားတာနဲ့ ပြန်ပျောက်သွားတတ်ပေမယ့် ၊ တချို့ကားတွေမှာတော့ မပျောက်တော့ဘဲ တောက်လျောက် လင်းနေတတ်ပါတယ်။


ဒီလိုမျိုး ABS Warning Light တွေပေါ်လာတယ်ဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကားတွေမှာရှိတဲ့ ABS System တွေ အလုပ်မလုပ်တော့မို့ အရှိန်နဲ့ မောင်းနှင်နေချိန် ရုတ်တရက် ဘရိတ်ဖမ်းတာမျိုးတွေမှာ ဘရိတ်ကောင်းကောင်းမမိတော့ဘဲ အန္တရာယ်ရှိတဲ့ အခြေနေတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။
နောက်တချက်က အခုနောက်ဆုံးပေါ်ကားတွေမှာ အသုံးပြုနေတဲ့ ဒီ Wheel Speed Sensor နဲ့ ABS System တွေက ဘရိတ်ဖမ်းတာတခုတည်းအတွက်မဟုတ်တော့ဘဲ Vehicle Stability Control System , Electronic Stability Control System , Traction Control System အစရှိတဲ့ System တွေနဲ့လည်း တွဲဖက်အလုပ်လုပ်တာ မို့ ဒီ ABS System တွေ Error ဖြစ်တဲ့အခါမျိုးတွေမှာ အခြားဆက်စပ် စနစ်တွေလည်း အလုပ်လုပ်မလုပ် တာမျိုး တွေဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် အခုဖော်ပြထားတဲ့ ABS Warning Light တွေ ကားဒိုင်ခွက်မှာ ပေါ်လာတယ်ဆိုရင်တော့ ကားကို အရှိန်ပြင်းပြင်း မောင်းနှင်ခြင်းမပြုတော့ဘဲ ၊ ခေတ်မီ Car Service Center တွေမှာ အမြန်ဆုံး သွားရောက် စစ်ဆေးပြုပြင်သင့်ကြောင်း တင်ပြပေးလိုက်ရပါတယ်။

စာဖတ်သူ မိတ်ဆွေညီကိုမောင်နှများအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေ ။
Lynn Za Nee (P.T.U)
Crd

Good Luckpw in cmt 10:00 pm #မုန့်ဖိုး
29/10/2023

Good Luck
pw in cmt 10:00 pm
#မုန့်ဖိုး

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

 #မုန့်ဖိုး ဝင်ယူကြပါpw in cmt at 9:20pm
29/10/2023

#မုန့်ဖိုး ဝင်ယူကြပါ
pw in cmt at 9:20pm

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

ဘက်ထရီငုတ်ချောင်ခြင်းပြစ်ချက်ကားဘက်ထရီဆိုတာ ကားရဲ့လျှပ်စစ်ပစ္စည်းများကို ပါဝါ (ဗို့အား) ပေးနေတဲ့ ပါဝါအရင်းအမြစ်တခုဖြစ်ပါ...
29/09/2023

ဘက်ထရီငုတ်ချောင်ခြင်းပြစ်ချက်

ကားဘက်ထရီဆိုတာ ကားရဲ့လျှပ်စစ်ပစ္စည်းများကို ပါဝါ (ဗို့အား) ပေးနေတဲ့ ပါဝါအရင်းအမြစ်တခုဖြစ်ပါတယ်။ ဘက်ထရီမှာ အပေါင်းငုတ် (အဖိုငုတ် – Positive Terminal) နှင့် အနုတ်ငုတ် (အမငုတ် – Negative Terminal) ဆိုပြီး ရှိပါတယ်။ အဖိုငုတ်ကို ဖြူ့၊ ရီလေးတို့နှင့်ဆက်ထားပြီး သက်ဆိုင်ရာလျှပ်စစ်ပစ္စည်းတွေကို ပါဝါပေးပါတယ်။ အမငုတ်ကိုတော့ ကားဘော်ဒီနှင့် ဆက်သွယ်ထားပါတယ်။

ဘက်ထရီအဖိုငုတ်နှင့် အမငုတ်ကို ဆက်သွယ်ထားတဲ့ ဝါယာကြိုးတွေက သေချာချိတ်ဆက်ထားဖို့တော့ လိုအပ်ပါတယ်။ အကယ်၍ ဘက်ထရီခေါင်းချောင်နေတဲ့ပြစ်ချက်ရှိတဲ့အခါ ကြီးမားတဲ့လျှပ်စီးအားကို ဖြစ်စေပြီး ကွန်ထရိုးယူနစ်များ (အထူးသဖြင့် အင်ဂျင်ကွန်ထရိုးယူနစ်) ပျက်စီးစေနိုင်ပါတယ်။ ဒီနေရာမှာ လက်တွေ့ကြုံဖူးတဲ့ အတွေ့အကြုံလေးတခုကို ဗဟုသုတအဖြစ်ဖော်ပြပေးချင်ပါတယ်။

ကန်တာ (Canter) ကားတစ်စီး (အဟောင်း) ကိုဝယ်လာလို့ လိုအပ်တာများစစ်ဆေးပေးပါဆိုတာနဲ့ ဆီ၊ ရေ၊ လေ၊ ဝိုင်၊ အောက်ပိုင်း၊ ဘရိတ် အစရှိတာတွေ စစ်ဆေးပြုပြင်ဖို့အတွက် ကားကို Lift ဆီကို မောင်းလိုက်တယ်။ ကားက Lift ဆီကို မရောက်လိုက်ဘူး ထိုးရပ်သွားတယ်။ လုံးဝပြန်နှိုးမရတော့ဘူး။ ဒါနဲ့ အင်ဂျင်နှိုးလို့မရတဲ့ ပြစ်ချက်ကို အရင်စစ်ဆေးရတော့တာပေါ့။

ဖြူ့၊ ရီလေး အကုန်စစ်ဆေးကြည့်တော့လည်း အားလုံးကောင်းနေတယ်။ ဒါနဲ့ ဘက်ထရီကို စစ်ဆေးကြည့်တော့ ဘက်ထရီခေါင်းတွေက ဆားပေါက်ပြီး ချောင်နေတယ်။ ဘက်ထရီအိုးကလည်း ဖေါင်းနေပြီ (အသစ်လဲဖို့လိုအပ်)။ ဒါနဲ့ ဘက်ထရီအသစ်လဲပြီး ဘက်ထရီခေါင်းတွေကိုလည်း အသစ်လဲလိုက်တယ်။ ဒါပေမယ့် ကားက လုံးဝနှိုးလို့မရတော့ဘူး။ အင်ဂျင်ကွန်ထရိုးယူနစ်အဝင်မီးလိုင်းတွေကိုတိုင်းကြည့်တော့လည်း အားလုံးကောင်းနေတယ်။

ဒါနဲ့ ဆင်ဆာတွေကို ဗို့ထုတ်ပေးလားတိုင်းကြည့်တော့ လုံးဝဗို့ထွက်မလာဘူး။ (တခြားစစ်ဆေးသင့်တာတွေလည်း စစ်ဆေးခဲ့ရပါတယ်)။ ဒါဆိုရင်တော့ သေချာသလောက်က ကွန်ထရိုးယူနစ်တော့ လောင်သွားပြီလို့ ကောက်ချက်ချလိုက်တယ်။ အင်ဂျင်ကွန်ထရိုးယူနစ်အသစ်တစ်ခု (ဂျပန်ကျ) နဲ့ လဲစမ်းကြည့်လိုက်တော့ ကားကနှိုးလို့ရသွားတယ်။ ဒီပြစ်ချက်မှာ အဓိက တရားခံက ဘက်ထရီခေါင်းတွေ ဆားပွင့်ပြီး သေချာမမိတဲ့အတွက် ကွန်ထရိုးယူနစ် လောင်တဲ့အထိ ပြစ်ချက်ဖြစ်စေတာ ဖြစ်ပါတယ်။

ဒါကြောင့် ကားဘက်ထရီတွေရဲ့ အဖိုငုတ်၊ အမငုတ်တွေရဲ့ ဘက်ထရီခေါင်းတွေ၊ အပ်ကြိုးတွေ၊ ဝါယာကြိုးဆက်သွယ်မှုတွေက သေချာ ထိထိမိမိရှိဖို့ လိုအပ်တာဖြစ်ပါတယ်။ ဝါယာကြိုး မထိတထိဖြစ်စေခြင်းကြောင့် ဝါယာရှော့ဖြစ်စေကာ ကွန်ထရိုးယူနစ်များထိခိုက်ပျက်စီးစေနိုင်တဲ့အတွက် သတိပြုစေရန် စုစည်းတင်ပြလိုက်ရပါတယ်။ (ကိုးကား – cartreatments.com/)
Credit/

Crown ကားတီဗွီမှာ ဂျပန်စာကနေ အင်္ဂလိပ်စာပြောင်းချင်သူများအတွက်Credit
08/09/2023

Crown ကားတီဗွီမှာ ဂျပန်စာကနေ အင်္ဂလိပ်စာပြောင်းချင်သူများအတွက်

Credit

ရှေ့မီးတွေမှာပါတဲ့ AFS စနစ်ဆိုတာ ဘာလဲ...???ဘယ်အချိန်တွေမှာ ဘာကြောင့် အသုံးပြုသင့်တာလဲ...???တစ်ချို့ကားဆရာတွေဆိုရင်တော့ A...
16/08/2023

ရှေ့မီးတွေမှာပါတဲ့ AFS စနစ်ဆိုတာ ဘာလဲ...???
ဘယ်အချိန်တွေမှာ ဘာကြောင့် အသုံးပြုသင့်တာလဲ...???

တစ်ချို့ကားဆရာတွေဆိုရင်တော့ AFS စနစ်ကို သတိထားမိလောက်မှာ မဟုတ်ပါဘူး...။

Adaptive Front Lighting System (AFS) စနစ်ဆိုတာ ခေတ်မီမော်တော်ယာဉ်အချို့မှာ အသုံးပြုလာတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။

အလင်းရောင်အားနည်းတဲ့နေရာတွေ ၊ လမ်းကွေ့ပတ်ပတ်လည်တွေမှာ မောင်းနှင်နေစဉ် မြင်နိုင်စွမ်းကိုပိုမိုတိုးမြင့်စေဖို့နှင့် ဘေးကင်းစေဖို့အတွက် အဓိကရည်ရွယ်ပြီး အသုံးပြုထားတာပါ။

ဒီစနစ်ဟာ အချက်များစွာအပေါ်အခြေခံပြီး ရှေ့မီးများ၏ ဦးတည်ချက် အလိုအလျောက်ချိန်ညှိပေးတဲ့ အဆင့်မြင့် အလင်းရောင်စနစ်တစ်ခုပဲ ဖြစ်ပါတယ်...။

AFS စနစ်ကို အသုံးပြုထားခြင်းသည် -

1. ညဘက်တွင် ရှေ့မီး၏ ဦးတည်ရာကို အလိုအလျောက် ချိန်ညှိပေးပြီး ရှေ့သွားလမ်းကို ပိုမိုကောင်းမွန်စွာ မြင်စေနိုင်ခြင်း။
2. မြူခိုးများ၊ ဆီးနှင်းများ ၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်နေချိန်တွင် ရှေ့မီးအလင်းတန်းပုံစံကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နိုင်ပြီး လမ်းကိုမြင်နိုင်မှုနှင့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ကာကွယ် မြှင့်တင်ပေးနိုင်ခြင်း။
3. အလင်းပြန်မှု နည်းပါးစေရန် ဒီဇိုင်းထုတ်ထားပြီး ဆန့်ကျင်ဘက်မှာလာသော ယာဉ်အလင်းရောင်များကို ချိန်ညှိပေးကာ ဖြစ်နိုင်ချေရှိသော အနှောင့်အယှက်များကို လျှော့ချပေးပြီး ဘေးကင်းမှုကို ပိုမိုကောင်းမွန်စေခြင်း။
4. လမ်းအကွေးအချိုးနေရာများရောက်တဲ့အခါ ရှေ့လမ်းကြောင်းကို လင်းထိန်စေပြီး ယာဉ်မောင်းအား လမ်းမပေါ်ရှိ အတားအဆီးများ သို့မဟုတ် အန္တရာယ်များကို မြင်နိုင်စေရန် လွယ်ကူစေခြင်း။
5. ယာဉ်အမြန်နှုန်း၊ စတီယာရင်နှင့် အခြားအချက်များပေါ်မူတည်ပြီး ရှေ့မီးအလင်းတန်းပုံစံကို လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာပဲဖြစ်ပါတယ်...။

ယေဘုယျအားဖြင့်တော့ Adaptive Front Lighting System ဟာ အလင်းအားနည်းသော အခြေအနေများ ၊ အကွေ့အကောက်များသော လမ်းများပေါ်တွင် မောင်းနှင်သည့်အခါ ယာဉ်မောင်း၏ မြင်နိုင်စွမ်းနှင့် တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးသည့် တန်ဖိုးရှိသော နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။
Crd original uploader!

မော်တော်ကားမောင်းနှင်သူတိုင်း မဖြစ်မနေ သိထားသင့်သည့်Car Dashboard ပေါ်မှ အချက်ပြသင်္ကေတများ . . .-----------------------...
30/07/2023

မော်တော်ကားမောင်းနှင်သူတိုင်း မဖြစ်မနေ သိထားသင့်သည့်

Car Dashboard ပေါ်မှ အချက်ပြသင်္ကေတများ . . .

-------------------------------------------------------------------

Cruise Control

အဝေးပြေးလိုလမ်းဖြောင့်တွေပေါ်မှာ ယာဉ်မောင်းရဲ့သက်မှတ်မြန်နှုန်းအတိုင်း အလိုအလျောက်မောင်းနှင်ပေးနေတဲ့ အချိန်မျိုးမှာ အချက်ပြပေးမှာဖြစ်ပါတယ်။

မော်တော်ကားမောင်းနှင်ခြင်းကို သက်သက်သာသာရှိအောင် ကူညီထိန်းကျောင်းလုပ်ဆောင်ပေးမယ့် အကူစနစ်ဆိုရင် မမှားပါဘူး။

အချက်ပြနေတာကို ပိတ်ချင်ရင် ဘရိတ်ကိုအသုံးပြုရပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက အချက်ပြစနစ်ပိတ်မသွားပဲဆက်ပြီး ပေါ်နေဦးမယ်ဆိုရင် ချွတ်ယွင်းချက်ရှိနေတာဖြစ်ပါတယ်။

အန္တရာယ်ရှိတာကြောင့် ဆက်မမောင်းပဲ ပြင်ဆင်ပြီးမှ ပြန်မောင်းပါလို့ အကြံပေးလိုပါတယ်။

Adaptive Cruise Control

သူက Cruise Control ရဲ့ နောက်ဆက်တွဲနည်းပညာဖြစ်ပြီး သူလည်းအလိုအလျောက်လုပ်ဆောင်ပေးမယ့် စနစ်ဖြစ်ပါတယ်။

ပုံပေါ်နေရင် အဆိုပါစနစ်လုပ်ဆောင်နေတာဖြစ်ပြီး မသုံးချင်ဘူးဆိုရင်လည်း ပိတ်ထားနိုင်မှာဖြစ်ပါတယ်။

Engine Cooling System

အင်ဂျင်က အနားမရပဲ ဆက်တိုက်အလုပ်လုပ်ပေးနေရတာမျိုး၊ ပြင်းပြင်းထန်ထန်ရုန်းကန်ပေးနေရတဲ့အချိန်မျိုးမှာ အချက်ပြပေးတဲ့စနစ်ဖြစ်ပါတယ်။

အရေးကြီးပါတယ်။ အင်ဂျင်ရဲ့ ခံနိုင်ရည်အပူချိန်ထက်ပိုပြီး မြင့်မားနေပြီ၊ အမြင့်ဆုံးအပူချိန်ရောက်နြေပီဆိုတာကို အချက်ပြတာဖြစ်တဲ့အတွက် အင်ဂျင်ကို အနားပေးပါ။ ဆက်ပြီးမမောင်းသင့်ပါဘူး။

တဆက်တည်းမှာ ရေတိုင်ကီနဲ့ ရေပိုက်စနစ်တွေကို စစ်ဆေးရမှာဖြစ်ပါတယ်။

Vehicle Charging System

သူကတော့ ကားရဲ့အားသွင်းစနစ်မှာ ချွတ်ယွင်းချက်ရှိနေတယ်လို့အချက်ပြပေးတာဖြစ်ပါတယ်။

ဘက်ထရီအားဝင်/မဝင်၊ ဘက်ထရီကောင်း/မကောင်း စစ်ဆေးရမှာဖြစ်ပါတယ်။

ဘက်ထရီပိုင်းက ကားမီးလောင်တာမျိုးကို ပိုဖြစ်စေနိုင်တဲ့အလားအလာရှိတာကြောင့် ဒီမီးလင်းလာရင် ဆက်မောင်းတာမျိုး မလုပ်ပါနဲ့။ ပြင်ဆင်ပါ။

Air Suspension

Suspension စနစ်ရဲ့ အဆင့်မြင့် စနစ်ပဲ ဖြစ်ပါတယ်။ Absorber တွေနဲ့ ဖန်တီး ထည့်သွင်းထားတဲ့စနစ် မဟုတ်တော့ပဲ ခရီးသည်တင်ကားတွေရဲ့ အောက်ဖက် လေအိတ်တွေလိုပဲ ကားကို သက်သောင့်သက်သာစီးနင်းနိုင်အောင် လေအိတ်ပုံစံ Suspension စနစ်နဲ့ သွားတာ ဖြစ်ပါတယ်။

အထက်ပါစနစ်ချွတ်ယွင်းနေတယ်ဆိုတာကို အချက်ပြတာဖြစ်ပြီး ပြန်လည်ပြုပြင်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။

Automatic Gearbox Box

အော်တိုဂီယာနဲ့ကားတွေမှာ ဒီမီးလင်းနေရင် ဂီယာကချွတ်ယွင်းချက်ရှိနေပြီလို့ပြောတာဖြစ်ပါတယ်။ အရေးကြီးပါတယ်။ စစ်ဆေးပြင်ဆင်ရမှာပါ။

Towing Hitch

ဝန်တင်ဆောင်ထားမယ်ဆိုရင် Mode ပြောင်းလဲ မောင်းနှင်နိုင်တဲ့ ကားတွေမှာ Tow Mode ပြောင်းလဲ မောင်းနှင်ဖို့ အချက်ပြခြင်း ဖြစ်တတ်သလို Mode ပြောင်းလဲ မောင်းနှင်နိုင်ခြင်းမရှိတဲ့ မော်ဒယ်တွေဆိုရင်လည်း ဝန်တင်ဆောင်ထားကြောင်းနဲ့ ပုံမှန်ထက် ဝန်များကြောင်း အချက်ပြပေးမှာ ဖြစ်ပါတယ်။

Electronic Stability Programme

သူက Stability စနစ်ကို လျှပ်စစ်စနစ်နဲ့ ထိန်းချုပ်မောင်းနှင်နေတယ် ဆိုတာ သိစေအောင် အချက်ပြပေးတာ ဖြစ်ပါတယ်။

ထည့်သွင်း Software ကနေ တဆင့် ထိန်းချုပ်ပေးတာဖြစ်ပြီး ဒီစနစ်က ပုံမှန် Stability စနစ်တွေထက် ကားကို လမ်းကြောင်းပေါ်မှာ ပိုမိုတည်ငြိမ်မှု ပေးနိုင်တာ တွေ့ရပါတယ်။

Stability Control Off

နောက်ပိုင်းထုတ်ကားတွေမှာ မော်တော်ယာဉ်မောင်းနှင်ချိန် တည်ငြိမ်မှုထိန်းချုပ်တဲ့စနစ်ကို ပိတ်ထားတယ်လို့ အချက်ပြပေးတာဖြစ်ပါတယ်။

Lane Assist

သူက မော်တော်ကားတိုင်းမှာတော့ မပါပါဘူး။ နောက်ပိုင်းထုတ် မော်ဒယ်မြင့်တွေမှာ ပိုပြီးတွေ့ရပါတယ်။

ကားရဲ့ဘေးဘက်တွေကိုအာရုံခံပြီး အချက်ပြပေးတဲ့စနစ်မျိုးဖြစ်တာကြောင့် လမ်းကျဉ်းလိုနေရမျိုးတွေမှာဆို အသုံးတည့်ပါတယ်။ ဒီစနစ်ကလည်းမလိုဘူးဆို ပိတ်ထားလို့ရပါတယ်။

Airbag and Seat Belt System

သူကတော့ အသက်ကယ်လေအိတ်စနစ်မှာ အားနည်းချက်ရှိနေတာမျိုး၊ ထိုင်ခုံခါးပတ်မှာ ပြစ်ချက်ရှိနေတာမျိုးတွေကို အချက်ပြပေးတာဖြစ်ပါတယ်။

အချို့သောကားတွေမှာဆို ကားမောင်းတဲ့အချိန် ခါးပတ်ပတ်မထားရင်လည်း ဒီပုံစံနဲ့ပဲ အချက်ပြပေးတက်ပါတယ်။

Brake System

သူက ကနေဒါပုံစံအချက်ပြစနစ်ပါ။ အမေရိကန်စနစ်မှာတော့ Brake ဆိုတဲ့ စာသားနဲ့လာပါတယ်။

ဘရိတ်စနစ်မှာ အားနည်းချက်ရှိနေပြီလို့ အချက်ပြတာဖြစ်ပါတယ်။

လက်ကိုင်ဘရိတ်စနစ်ကို ပြန်လည်စစ်ဆေးရမှာဖြစ်ပါတယ်။

Engine Oil Pressure

သူက အင်ဂျင်အတွင်းက အင်ဂျင်ဝိုင်ဖိအားနဲ့ အနေအထားကို အချက်ပြပေးတာဖြစ်ပါတယ်။

စက်နှိုးဖို့သော့ထည့်လိုက်ရင် အချက်ပြပေးပြီး စက်နိုင်းသွားရင် ပြန်ပိတ်ပါတယ်။ ပြန်မပိတ်ဘူးဆိုရင်တော့ အင်ဂျင်ဝိုင်ကို စစ်ရမှာဖြစ်ပါတယ်။

Pressure နည်းလေလေ အင်ဂျင်ဝိုင်ရှိရမယ့်ပမာဏလျော့နည်းလေလေဖြစ်ပါတယ်။ အင်ဂျင်ဝိုင်အသစ်လဲပေးတာမျိုး၊ ထပ်ဖြည့်တာမျိုး လုပ်ပေးရမှာပါ။

Engine Oil Level

အင်ဂျင် ဖိအားတိုင်း အချက်ပြမီးစနစ်နဲ့ ဆင်တူပါတယ်။ ဒီစနစ်ကတော့ အင်ဂျင်ဝိုင် ပမာဏ ဘယ်လောက် ရှိတယ်ဆိုတာကို အာရုံခံ အချက်ပြပေးမှာ ဖြစ်ပြီး သူက ပမာဏ နည်းနေရင် ထပ်ထည့်နိုင်အောင် အချက်ပြပေးမယ့် စနစ် ဖြစ်ပါတယ်။

Ignition Switch

သူကထုတ်လုပ်တဲ့ကားကုမ္ပဏီအလိုကျ ပုံစံမြိုးစုံနဲ့လာပါတယျ။

မော်တော်ကားစက်နှိုးဖို့အသင့်အနေအထားကို အချက်ပြတာပါ။

ဒီနေ့ခေတ်ကားတွေမှာ အခုစနစ်အတွက် အချက်ပြပုံစံ ၁၀ မျိုးကျော်လောက်အထိလာတာတွေ့ရပါတယ်။

Power Steering System

နောက်ပိုင်းထုတ်မော်ဒယ်တွေမှာ အများဆုံးတွေ့ရတဲ့စနစ်ဖြစ်ပါတယ်။

လက်ကိုင်ပိုင်းကို ပိုပြီးပေါ့ပါးအောင်၊ မောင်းနှင်ရသွက်အောင်ထည့်သွင်းပေးထားတဲ့စနစ်ဖြစ်ပြီး ဒီပုံပေါ်လာတာက အဲ့ဒီစနစ်မှာ အားနည်းချက်ရှိနေတယ်လို့ အချက်ပြတာဖြစ်ပါတယ်။

ပါဝါစတီယာရင်အပိုင်းနဲ့ ပါဝါဆီ ရှိ/မရှိ စစ်ဆေးရမှာဖြစ်ပါတယ်။

Bonnet

သူက ကားရဲ့ရှေ့ဘက် အင်ဂျင်ခန်းအဖုံးဖွင့်ထားတယ်/ပွင့်နေတယ်ဆိုတာကို အချက်ပြပေးတာဖြစ်ပါတယ်။

အင်ဂျင်စက်ဖုံးကို Lock ကျအောင် ပြန်ပိတ်ပေးရမှာပါ။

Boot Lid

နောက်ဖက်ဝန်တင်ခန်းအဖုံးပွင့်နေတယ်လို့ အချက်ပြတာဖြစ်ပါတယ်။

နောက်ဖုံးကို Lock ကျအောင် ပြန်ပိတ်ပေးရမှာပါ။

Doors

ကားရဲ့တံခါးတစ်ခုခုပွင့်နေမယ်ဆိုရင် အချက်ပြေပေးမှာဖြစ်ပါတယ်။

တံခါးတွေကိုစစ်ဆေးပါ။ Lock မကျသေးတဲ့တံခါးကို ပြန်ဖွင့်ပြီး ပြန်ပိတ်ပေးရမှာဖြစ်ပါတယ်။

Steering Lock

Steering ကို Lock ချထားတယ်လို့ အချက်ပြပေးတာဖြစ်ပါတယ်။

Anti-Lock Brake System

နောက်ပိုင်းထုတ်မော်ဒယ်အများစုမှာ တပ်ဆင်လာတဲ့စနစ်ဖြစ်ပါတယ်။
သူက ကားသော့စဖွင့်တာနဲ့လင်းပါတယ်။ ခဏလောက်နေရင် ပြန်ပိတ်ရပါတယ်။ ဆက်ပြီးပေါ်နေသေးတယ်ဆိုရင်တော့ စနစ်မှာအားနည်းချက်ရှိနေပြီလို့ အချက်ပြတာဖြစ်ပါတယ်။

Windscreen Washer Fluid Level

ရှေ့မှန်၊ နောက်မှန်တွေကိုဆေးတဲ့ မှန်ဆေးရည်ပမာဏကို အချက်ပြပေးတာဖြစ်ပါတယ်။

မော်ဒယ်နိမ့်ကားတွေမှာတော့ မှန်ဆေးရည်စနစ်မပါတက်ပါဘူး။ ဒါ့အပြင် မှန်ဆေးရည်စနစ်ပါတဲ့ကားတချို့မှာလည်း ဒီအချက်ပြစနစ်ကို မထည့်ထားပါဘူး။

နောက်ဆုံးပေါ်အဆင့်မြင့်ကားတွေမှာပဲ တွေ့ရများပါတယ်။

Emissions Control Lamp

သူကတော့ ဓာတ်ငွေ့ထုတ်လွှတ်တဲ့အပိုင်းမှာ ပြစ်ချက်ရှိနေပြီလို့ အချက်ပြပေးတာဖြစ်ပါတယ်။

မော်ဒယ်နိမ့်ကားတွေမှာ ဒီအချက်ပြစနစ်မပါတက်သလို အချို့ကားတွေမှာဆိုရင်လည်း ဒီလိုပြစ်ချက်မျိုးကို အင်ဂျင်ထိန်းချုပ်စနစ်အားနည်းချက်ပြသင်္ကေတနဲ့ရောပြီး အချက်ပြတက်ပါတယ်။

Tyre Pressure Monitoring

သူက နောက်ပိုင်းထုတ် မော်ဒယ်တွေမှာ ပါရှိတဲ့ အချက်ပြစနစ် ဖြစ်ပါတယ်။ တာယာရဲ့ လေပေါင်ချိန်ကို ခန့်မှန်း အာရုံခံပြီး အချက်ပြပေးမှာ ဖြစ်ပါတယ်။

ခရီးဝေး မောင်းနှင်မှုတွေ အတွက် တာယာလေပေါင်ချိန်ဟာ အရေးကြီးတဲ့ အတွက် နောက်ပိုင်းထုတ် မော်ဒယ် အများစုမှာ တပ်ဆင် ထုတ်လုပ်လာတာ တွေ့ရပါတယ်။

Rain and Light Sensor

မိုးရွာနေတဲ့အချိန် ပြင်ပအလင်းရောင်သိပ်မရှိတော့တဲ့အချိန်မျိုးမှာ ဒီစနစ်က အာရုံခံပြီး အလိုအလျောက်လင်းပေးမှာဖြစ်ပါတယ်။

အပြင်ကမိုးကရွာ၊ မှောက်ကလည်းမှောင်နေပေမယ့် ဒီမီးမလင်းဘူးဆိုရင်တော့ လျှပ်စစ်ပိုင်းနဲ့ အာရုံခံအပိုင်းကို စစ်ဆေးရမှာဖြစ်ပါတယ်။

Adaptive Lighting System

သူက အလိုအလျောက်လုပ်ဆောင်ပေးတဲ့ စနစ်ဖြစ်ပြီး ရှေ့မီးကြီးဖွင့်ထားချိန်မှာ မီးလုံးအနေအထားက သင့်တော်တဲ့အခြေအနေမှာရှိနေပြီဆိုတာကို အချက်ပြပေးတာဖြစ်ပါတယ်။

Convertible Roof

အမိုးဖွင့်ကားတွေမှာပါရှိမယ့် အချက်ပြမီးစနစ် ဖြစ်ပါတယ်။

အမိုးကို အဖွင့်၊ အပိတ် လုပ်နိုင်မယ် ဆိုတာကို အချက်ပြပေးမယ့် အပြင် ထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ်ကိုမူတည်ပြီး အမိုးဖွင့်ထားသလား၊ ပိတ်ထားသလားဆိုတာကိုပါ အချက်ပြပေးတာ တွေ့ရပါတယ်။

Engine Management Lamp

သူက အင်ဂျင်ကို စစ်ဆေးဖို့ လိုအပ်နေတယ်ဆိုတာ အချက်ပြပေးတာ ဖြစ်ပါတယ်။

ထုတ်လုပ်တဲ့ ကားကုမ္ပဏီအပေါ်မှာမူတည်ပြီးတော့ Check ဆိုတဲ့ စာသားနဲ့ အချက်ပြမှု ပုံစံလည်း ရှိသလို၊ Service Engine Soon ပုံစံနဲ့လည်း သတိပေးတတ်တာ တွေ့ရပါတယ်။

Low Fuel Level

သူကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီအပေါ်ကို မူတည်ပြီး အနည်းဆုံး ဆီပမာဏ လက်ကျန်ကို အခြေခံတွက်ချက်ကာ မကြာခင်မှာ စက်သုံးဆီကုန်တော့မယ်ဆိုတဲ့အကြောင်းကို အချက်ပြပေးမှာ ဖြစ်ပါတယ်။

များသောအားဖြင့်တော့ ပျမ်းမျှ ဆီ ၂ ဂါလံဝန်းကျင်ကျန်ရှိချိန်မှာ အချက်ပြမီး လင်းလာတတ်ပြီး နောက်ထပ် ခရီး ၁၀ မိုင်ကျော် သွားလာနိုင်သည်ထိအောင် ဆီလက်ကျန်ရှိချိန် အချက်ပြပေးတတ်ပါတယ်။

Rear Fog Lights

နောက်ဖက် Fog မီးလင်းလာချိန်မှာမှ အချက်ပြမယ့် မီးစနစ်ပါ။ ပြသမှု ပုံစံ နှစ်ခု ရှိတတ်ပါတယ်။

ပထမ တစ်ခုက Fog မီးဖွင့်လိုက်တာနဲ့ လင်းလာတာက Fog မီးလင်းကြောင်း အချက်ပြမီးနဲ့ နောက်ထပ် ပုံစံတစ်ခုက နောက်ဖက်ကနေ အနီးကပ် ကားမီးကြီး တစ်ခုခု လင်းနေတယ်၊ ကပ်ပါတယ်ဆိုတာ အာရုံခံ အချက်ပြတာ ဖြစ်ပါတယ်။

ဒုတိယအချက်ပြမီးစနစ်ကို ထည့်ထားတဲ့ကားတွေက ရှားပါတယ်၊ ဇိမ်ခံကားတွေမှာပဲ ပါရှိတတ်ပါတယ်။
ပြန်လည်ဝေမျှခြင်းဖြစ်သည်။

HEIN CAR SERVICE & PARTS
Sittwe
09260221438

ကားမောင်းနှင်ချိန်မှာ ရုတ်တရက်ကားမရပ်စေဖို့💥💥💥🚘ကားမောင်းနေစဉ်မှာ မမျှော်လင့် ဘဲ ကားစက်ထိုးရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အ...
23/07/2023

ကားမောင်းနှင်ချိန်မှာ ရုတ်တရက်ကားမရပ်စေဖို့💥💥💥

🚘ကားမောင်းနေစဉ်မှာ မမျှော်လင့် ဘဲ ကားစက်ထိုးရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အင်ဂျင်လည် တာ အရမ်းနည်းလွန်းရင် အင်ဂျင် တုန်ခါပြီး မကြာခဏစက်ရပ် သွားတာမျိုးလည်း ဖြစ်တတ်ပါ တယ်။
¤ မီးပွိုင့်မှာမီးနီနေလို့ စောင့် နေချိန်မှာ ရုတ်တရက်စက်ရပ် သွားတာမျိုးလည်း ဖြစ်တတ်ပါ တယ်။
¤ စက်ထိုးရပ်သွားရင် စက် နှိုးလို့ရတာလည်း ရှိတယ်။

❎လုံးဝ စက်ပြန်မနှိုးတာလည်း ဖြစ်နိုင်ပါ တယ်။ အဲဒီလိုမျိုး ကားအင်ဂျင်စက် ရပ်သွားတာဟာ အင်ဂျင်ပိုင်းဆိုင် ရာ ချို့ယွင်းချက်တစ်ခုခုဖြစ်နေ လို့ပါ။
¤ ဖြစ်ပေါ်ရတဲ့အကြောင်းရင်း၊ ချို့ယွင်းချက်အပြင် အား နည်းချက်ကိုရှာကြည့်ဖို့ လိုပါ တယ်။ ကားစက်သေသွားတဲ့အခါ လမ်းပေါ်မှာဖြစ်နေတဲ့အတွက် အန္တရာယ်လွတ်ကင်းတဲ့ လမ်း ဘေးတစ်နေရာကို ကားကိုအရင် ဆုံးရွှေ့သင့်ပါတယ်။

💢အင်ဂျင် ဘောနက်အဖုံးဖွင့်ပြီး စစ်ဆေးပါ။ လမ်းဘေးကားရပ်ထားတဲ့နေ ရာက အန္တရာယ်ကင်းဖို့လိုပါ တယ်။
☆ နောက်ကလာတဲ့ကားက ရပ်ထားမှန်းသိအောင် သတိပေး (sign) တစ်ခုလုပ်တာ၊ အချက်ပြ မီးဖွင့်တာ လုပ်ဖို့လိုပါတယ်။
☆ အင်ဂျင်အပူချိန်လွန်ကဲပြီး ရေတိုင်ကီရေဆူနေတာ၊ ဆီကုန် တာ၊ ဆီဒိုင်ခွက်မှာ လောင်စာဆီ လက်ကျန်ပြသေးလားဆိုတာ တွေကို စစ်ဆေးရပါမယ်။
☆ ဘက် ထရီငုတ်တွေ ချောင်ပြီးလွတ် နေတာ၊ ဘက်ထရီခေါင်းချောင် နေတာကြောင့် လမ်းကြမ်းဆောင့် မိဒဏ်တွေဖြစ်တဲ့အခါမှာ ဘက် ထရီကြိုးလွတ်သွားတတ်ပါ တယ်။

🔯ဓာတ်ဆီကားဆိုရင်

🔯ဓာတ်ဆီကားတစ်စီးမှာ အင် ဂျင် ပုံမှန်လည်ပတ်ဖို့အတွက် လေနဲ့ ဆီရောနှောပါဝင်နှုန်းအချိုး အစားမှန်ရပါမယ်။
📌 မီးပေးစနစ် (Ignition System)ကောင်းဖို့ အတွက် ပလတ်(Plug)တွေက Timing အလိုက် မီးပွား (spark)ပွင့်ပေးဖို့လိုပါတယ်။
☆ ပလတ်က လည်း ပုံမှန်အပူချိန်မှာပဲရှိရပါ တယ်။ ရေဆူပြီး အပူလွန်ကဲတာ မျိုးဖြစ်ရင် အင်ဂျင်အတွင်းမှာရှိတဲ့ သတ္တုပစ္စတင်တွေပွလာပြီး အင် ဂျင်ဆလင်ဒါကျပ်သွားပါတယ်။
☆ အင်ဂျင်ကျပ်ရင် စက်ရပ်သွားနိုင် ပါတယ်။

🚿ရေတိုင်ကီကိုစစ်ဆေးပါ

🚿အင်ဂျင်အပူလွန်ကဲပြီး ရေ တိုင်ကီထဲကရေနွေးငွေ့တွေ ပန်း ထွက်လာတဲ့အထိ အခြေအနေ ဆိုးတယ်ဆိုရင်တော့ အင်ဂျင် အပူလွန်ကဲလို့ စက်ရပ်သွားတာ ဖြစ်နိုင်ပါတယ်။
☆ ရေတိုင်ကီ အဖုံး ကို ချက်ချင်း သွားမဖွင့်သေးပါနဲ့
ရေပူများ မှုတ်ထုတ် တတ်လို့ပါ။
☆ အင်ဂျင် အပူလျှော့သွားမှ
ရေတိုင်ကီထဲကို ရေလောင်းထည့်ပါ။
🚿ရေတိုင်ကီ မှတစ်ဆင့် ရေယိုစိမ့်နိုင်တဲ့နေရာ တွေကို စစ်ဆေးကြည့်သင့်ပါ တယ်။ ကားရေဆူရတဲ့အကြောင်း ရင်းတွေကတော့ ပန်ကာကြိုး လျော့နေရင် ပန်ကာလေသွင်း အားမကောင်းတာကြောင့် ရေ တိုင်ကီက အပူထုတ်တာ အား နည်းလာပါတယ်။
❄လျှပ်စစ်ပန်ကာနဲ့ အအေးခံ တဲ့ အမျိုးအစားဆိုရင်လည်း
¤ပန် ကာပျက်နေတာလား၊
¤ ရေတိုင်ကီ မှာဖုန်၊ သဲတွေပိတ်နေတာလား၊
¤ အပူချိန်အာရုံခံစနစ်မကောင်း တာလား စတဲ့အားနည်းချက်တစ် ခုခုကိုရှာ ကြည့်သင့်ပါတယ်။
🌞အင်ဂျင်အပူလွန်ကဲတာ မြင့်လာရင် ဂက်စ်ကတ်ပြတ်နိုင်ပါတယ်။ အင်ဂျင်အအေးခံပြီး ရေ တိုင်ကီမှာရေပြန်ဖြည့်ပါ။ ဘက် ထရီကောင်း၊ မကောင်းလည်း စစ်ဆေးကြည့်ပြီးရင်တော့ စက်နှိုး ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဆီနဲ့ မီးတော့ ပုံမှန် ဖို့ လိုပါတယ်။
❄အင်ဂျင်အေးသွား ပေမယ့် စက်နှိုးကြည့်တာ လုံးဝ မနှိုးဘူးဆိုရင်တော့ Timing Belt ကြိုးပြတ်ပြီး စက်ရပ်သွားတာ ဟုတ်၊ မဟုတ် သေချာအောင် Timing Belt Cover အဖုံးကို ဖွင့်ကြည့်သင့်ပါတယ်။ Belt ကြိုး ပြတ်တယ်ဆိုရင်တော့ ကားဝပ် ရှော့ကိုအကြောင်းကြားပြီး ကား ဆွဲပြင်ဆင်သင့်ပါတယ်။
🌐အခြားအကြောင်းရင်းတွေ
ⓂTiming Belt ကြိုးပြတ်ထွက် သွားရင်လည်း စက်ထိုးရပ်သွား နိုင်ပါတယ်။
☆ ကားသော့အုံ (Igni- tion Switch) မှာ ချို့ယွင်းချက် တစ်ခုခုဖြစ်လို့ လုံးဝမီးပျောက် သွားတာမျိုးလည်း ဖြစ်တတ် ပါတယ်။
♻ဖျူးစ် (Fuse) ပျက်သွား တာလား၊ မီးပျောက်တာ၊ ဆီ ပျောက်တာကြောင့် စက်ထိုးရပ် နိုင်ပါတယ်။ ဘယ်အစိတ်အပိုင်း က ဘာဖြစ်တာလဲဆိုတာ တိတိ ကျကျသိအောင် ရှာဖို့လိုအပ်ပါ တယ်။
📌 ကားစက်ဖုံးဖွင့်ကြည့်ချိန်မှာ အင်ဂျင်ခန်းအတွင်း ဘာတွေထူး ခြားနေသလဲဆိုတာ သေချာကြည့် သင့်ပါတယ်။

🔯ညှော်နံ့ရတာ၊ ပန် ကာကြိုးချောင်နေတာ၊ ရေတိုင်ကီ ရေဆူနေတာ၊ ရေပိုက်ပေါက်နေ တာ၊ အားလုံးကို စစ်ဆေးကြည့်ရ မှာဖြစ်ပါတယ်။

🔇စမ်းသပ်နည်းတစ်မျိုး
🎺ကားဟွန်းသံကိုတီးကြည့်ပြီး ခန့်မှန်းလို့ရအောင် စမ်းသပ် ကြည့်ပါ။
☆ အသံတိုးသလား၊ ကျယ် တဲ့အသံထွက်သလား၊ ဟွန်းသံ လုံးဝမမြည်တာ၊ အသံတိုးလွန်း တာ၊ ကားမီးကြီးအလင်းရောင် အားနည်းလွန်းတာဆိုရင်တော့ ကားဘက်ထရီအားကုန်သွားတာ မျိုး ဖြစ်နိုင်ပါတယ်။
☆ ဒါမှမဟုတ် ဟွန်းသံကျယ်တာ၊ ဝိုင်ဘာရေ သုတ်တံလည်တာ၊ ရှေ့မီးကြီး လင်းတာတွေက ပုံမှန်ဆိုရင်တော့ ကားဘက်ထရီကောင်းပါတယ်။

♻ဆီလှည့်စနစ်မကောင်းရင်
♻လောင်စာဆီပို့စနစ်ကို လည်း စစ်ဆေးပေးသင့်ပါတယ်။ ဆီတွန်းစနစ်က အသုံးပြုထားတဲ့ စနစ်အပေါ်မူတည်ပြီး ကိုယ်တိုင် စစ်ဆေးလို့ရ၊ မရကွာခြားပါ တယ်။
☆ EFI စနစ်လို အဆင့်မြင့် စနစ်တွေဆိုရင်တော့ နားလည်ရ ခက်ခဲပြီး စစ်ဆေးတဲ့နေရာမှာ လည်း နည်းပညာပစ္စည်းအ ထောက်အပံ့တွေ လိုအပ်ပါ တယ်။
☆ ဆီစစ်ဘူးပိတ်နေတာ၊ ဆီထဲ မှာ ရေတွေ၊ အမှိုက်စတာတွေ ရောပါနေတာတွေကြောင့် ဆီ လှည့်စနစ်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။

💧ဆီထဲမှာ ရေရော ပါနေရင်လည်း စက်ရပ်သွားနိုင်ပါ တယ်။

■ ကာပရိုက်တာစနစ်သုံး ကား တွေဆိုရင်တော့ ဆီပိတ်တာကို အလွယ်တကူ စစ်ဆေးနိုင်ပါ တယ်။

■ နည်းပညာမြင့်ကားတွေမှာ တော့ EFI စနစ်၊ GDI စနစ်သုံးလာ တာကြောင့် စစ်ဆေးဖို့ခက်ခဲပါ တယ်။
♤ ကားစက်ရပ်တာကPlug ပျက်ရင်လည်း ဖြစ်နိုင်ပါတယ်။

💢Spark Plug ထိပ်ဖျားမှာ တိုင်မင် ကိုက် မီးပွားပွင့်မထွက်တာ၊ Plug ထိပ်မှာမီးမကူးတာတွေဖြစ်ရင် အင်ဂျင်စက်ရပ်သွားနိုင်ပါတယ်။
¤Plug မီးမကူးနိုင်တဲ့အကြောင်း ရင်းတွေ အများအပြားရှိပါတယ်။
¤ မော်ဒယ်နိမ့်ကားတွေမှာတော့ ပွိုင့်ကမီးဖြတ်ပြီး Ignition Coil ကထွက်လာတဲ့ High Voltage ကို Distributor က မီးဖျန်းပေးပါ တယ်။
🔝မော်ဒယ်မြင့်ကားတွေကို တော့ Distributor ကတစ်ဆင့် မီးဖြတ်တဲ့ စနစ်မဟုတ်တော့ဘဲ ပလတ်တစ်လုံးချင်းကို မီးကွိုင် တစ်လုံးစီက မီးပေးပါတယ်။
☆ မီး Timing ကို ကွန်ပျူတာနဲ့ချိတ် ဆက်ထားတဲ့ ECU (Electronic Control Unit) က ထိန်းချုပ်ပါ တယ်။
☆ Crank Shaft Position Sensor က ပို့လိုက်တဲ့သတင်း အချက်အလက်အရ ECU က မီး Timing ကို ဆုံးဖြတ်အမိန့်ပေးပါ တယ်။

♓အဲဒီနေရာမှာ Crank Shaft Position Sensor မကောင်းရင် ECU က အမိန့်ပေး ဆောင်ရွက်ချက်လွဲသွားစေပါ တယ်။
☆ ကွန်ပျူတာစနစ်သုံးတဲ့ မော် ဒယ်မြင့်ကားတွေမှာ ECU ကို ပါဝါ ပို့ပေးတဲ့ Relay ဘူးတွေကောင်းဖို့ လိုပါတယ်။
☆ နောက်တစ်ချက်က ဗို့အားမတည်မငြိမ်ဖြစ်ရင်လည်း ပြဿနာဖြစ်နိုင်ပါတယ်။ ECU က 12 Volt မှာပဲအလုပ်လုပ်ပါ တယ်။

♊ဗို့အားလျော့တာ (သို့ မဟုတ်) overcharging ဖြစ်လို့ သတ်မှတ်ဗို့အားထက် ပိုမြင့်သွား တာမျိုးဆိုရင်တော့ ECU စနစ် အလုပ်မလုပ်နိုင်တော့ပါဘူး။
☆ ဒီလို မျိုးမီးပြဿနာဖြစ်ရင်တော့ ကား ဝပ်ရှော့ပ်မှာပဲ OBD II Scan Tool နဲ့ စစ်ဆေးရပါတယ်။
☆ မော်ဒယ်နိမ့်ကားတွေဆိုရင် တော့ ပလတ်ကိုမီးမရောက်တာ ကို စစ်ဆေးရတာလွယ်ပါတယ်။

♉Coil တွေ၊ Distributor တွေ၊ Plug Wire တွေ ရေစိုသွားရင်တော့ ပလတ်ကို မီးမရောက်တော့ဘဲ စက်ရပ်သွားစေပါတယ်။
☆ ဒီလို ပြဿနာမျိုးတွေကတော့ မိုးတွင်း ရေကြီးတဲ့လမ်းကို ဖြတ်မောင်း မိရင်တော့ ပလတ်ကို မီးမရောက် လို့ အင်ဂျင်စက်ရပ်သွားတာ ဖြစ် နိုင်ပါတယ်။

❎ကားတစ်စီးရဲ့ ရုတ်တရက် စက်ရပ်တာမျိုး မဖြစ်စေဖို့အတွက် အဓိကလုပ်ဆောင်သင့်တာတွေ ကတော့ အခြေခံစစ်ဆေးမှုတွေ ဖြစ်တဲ့ ဆီ၊ ရေ၊ လေ၊ ဝိုင် နေ့စဉ် စစ်ဆေးတာ၊ လစဉ်ပုံမှန်စစ်ဆေး သင့်တာတွေနဲ့ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်၊ စစ်ဆေးပြု ပြင်ပေးသင့်တာတွေကို ပုံမှန်စစ် ဆေးပြုပြင်ပေးသင့်ပါတယ်။

Credit 7Day Cars

Hein Car Service   မှကားစက်ပြင်ကျွမ်းကျင်         -2ဦးကားအောက်ပိုင်းကျွမ်းကျင်   -2ဦးအလိုရှိသည်။အသေးစိတ်သိလိုပါက ph- 092...
18/07/2023

Hein Car Service မှ

ကားစက်ပြင်ကျွမ်းကျင် -2ဦး

ကားအောက်ပိုင်းကျွမ်းကျင် -2ဦး
အလိုရှိသည်။

အသေးစိတ်သိလိုပါက ph- 09260221438
ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Address

Corner Of Aung Tun Oo Street & Htee Dan St
Sittwe

Telephone

+959696059696

Website

Alerts

Be the first to know and let us send you an email when HEIN Car Service & Parts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HEIN Car Service & Parts:

Shortcuts

Share