10/03/2026
🚗 အင်ဂျင်ဂျိုး (Engine Sludge) ဘာကြောင့်တက်တာလဲ?
အင်ဂျင်ကိုဖွင့်ကြည့်တဲ့အခါ Camshaft ပတ်ပတ်လည်မှာ အဆီအနက်ရောင်ဂျိုးတွေထူထူကပ်နေတယ်ဆိုရင် ဒါကို Engine Sludge လို့ခေါ်ပါတယ်။ ဒီလိုအခြေအနေဟာ အင်ဂျင်အတွက် အရမ်းအန္တရာယ်ရှိပြီး အချိန်မီမပြင်ရင် Engine ပျက်နိုင်ပါတယ်။
🔎 Engine Sludge ဘာကြောင့်ဖြစ်တာလဲ?
1️⃣ Engine Oil မလဲတာကြာလွန်းခြင်း
Engine oil ကို အချိန်မှန်မလဲရင် oil အရည်အသွေးကျပြီး အပူနဲ့အတူ ပျက်စီးလာကာ sludge ဖြစ်လာပါတယ်။
2️⃣ အရည်အသွေးမကောင်းတဲ့ Engine Oil သုံးခြင်း
Cheap oil သုံးရင် အပူကိုခံနိုင်ရည်နည်းပြီး အချိန်ကြာလာတာနဲ့ အဆီကပ်ဂျိုးဖြစ်တတ်ပါတယ်။
3️⃣ အင်ဂျင်ပူလွန်ခြင်း (Overheating)
Engine အပူလွန်ရင် oil oxidize ဖြစ်ပြီး sludge ဖြစ်နိုင်ပါတယ်။
4️⃣ ကားကို Short Trip များများသာ မောင်းခြင်း
အင်ဂျင်အပူမတက်တဲ့အတွက် moisture နဲ့ fuel residue တွေ oil ထဲရောပြီး sludge ဖြစ်စေပါတယ်။
5️⃣ PCV System မကောင်းခြင်း
Crankcase ventilation မကောင်းရင် အညစ်အကြေးတွေ engine အတွင်းမှာ စုပြီး sludge ဖြစ်လာပါတယ်။
6️⃣ Coolant Oil ထဲဝင်ခြင်း
Head gasket ပျက်ပြီး coolant oil ထဲဝင်လာရင်လည်း sludge ဖြစ်နိုင်ပါတယ်။
⚠️ Engine Sludge ဖြစ်ရင် ဘာတွေဖြစ်နိုင်လဲ?
• Oil passage ပိတ်သွားနိုင်ပါတယ်
• Camshaft နှင့် Valve train ပျက်စီးနိုင်ပါတယ်
• Engine power ကျသွားနိုင်ပါတယ်
• Engine knock ဖြစ်နိုင်ပါတယ်
• Fuel consumption ပိုများလာနိုင်ပါတယ်
• Engine life တိုသွားနိုင်ပါတယ်