Suzuki CKA Motor

Suzuki CKA Motor SUZUKI BRAND NEW authorized Dealer Myanmar Myo Motor ( Sagaing ) Branch page ! Ph: 09-787 654 317, 09-787 654 337
Service: 09- 797 021 188

𝐒𝐚𝐥𝐞𝐬 𝐇𝐨𝐭𝐥𝐢𝐧𝐞𝐬: 09-787 654 317
𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞𝐬: 09-797 021 188

25/06/2026

မပေါ့ဆသင့်တဲ့ Engine Warning Light

ကားမောင်းနေရင်းနဲ့ ဒိုင်ခွက်ထဲမှာ Engine Warning Light (Check Engine Light) ပေါ်လာတဲ့အခါ “နောက်မှစစ်ကြည့်လိုက်မယ်” ဆိုပြီး မပေါ့ဆသင့်ပါဘူး။

ဒါက ကားရဲ့ Engine မှာ တစ်ခုခု ချို့ယွင်းမှုရှိနိုင်ကြောင်း သတိပေးနေတဲ့ အချက်ပြမီးဖြစ်တာကြောင့်ပါ။

⚠️ Engine Warning Light ပေါ်လာရင် ဘာလုပ်သင့်လဲ?
✔ Engine Temperature မြင့်နေခြင်းရှိမရှိ စစ်ဆေးပါ
✔ အရှိန်လျှော့ပြီး မောင်းနှင်ပါ
✔ မီးခိုးထွက်ခြင်း ဒါမှမဟုတ် ညော်နံ့ထွက်တာမျိုးတွေရှိရင် ကားကို ချက်ချင်းရပ်ပါ။
✔ နီးစပ်ရာ Service Center ကို အမြန်ဆုံး ဆက်သွယ်ပြီး အကြံဥာဏ်ရယူပါ။

အချိန်မီ စစ်ဆေးခြင်းက ကုန်ကျစရိတ်ကို သက်သာစေပြီးတော့ ဘေးကင်းစွာ မောင်းနှင်နိုင်စေဖို့ကိုလည်း အထာက်အကူ ဖြစ်စေပါတယ်။

အဲံ့ဒီလိုမဟုတ်ဘဲ Engine Warning Light ကို လျစ်လျူရှုထားမယ်ဆိုရင်တော့ Repair Cost ကြီးမားသွားနိုင်ခြင်း၊ Engine Damage ဖြစ်နိုင်ခြင်း၊ လမ်းပေါ်မှာ စက်ချို့ယွင်းပြီး ကားရပ်သွားနိုင်ခြင်း အစရှိတာ‌တွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် Engine ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ လမ်းခရီးတွေမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် လူကြီးမင်းတို့အနေနဲ့ Warning Lights တွေကို အမြဲဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။

ကားကို ပြန်လည်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လဲလှယ်ဖို့အတွက် အောက်ပါ Website လိပ်စာမှ တဆင့် ဝင်ရောက်ပြီး နီးစပ်ရာ Suzuki Authorized Service Center တွေကို ဆက်သွယ်နိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




25/06/2026
25/06/2026

Spark Plug မကောင်းတော့တဲ့အခါ

Spark Plug ဆိုတာ အင်ဂျင်ရဲ့ Combustion Chamber (လောင်ကျွမ်းခန်း) အတွင်းမှာ လေနဲ့ လောင်စာဆီအရောအနှော (Air-Fuel Mixture) ကို စနစ်တကျ မီးလောင်ပေါက်ကွဲစေဖို့ လျှပ်စစ်မီးပွား (Electric Spark) ထုတ်ပေးရတဲ့ အဓိက အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီလို ပေါက်ကွဲမှု ဖြစ်ပေါ်မှသာ အင်ဂျင်လည်ပတ်ဖို့ လိုအပ်တဲ့ စွမ်းအင်ကို ရရှိမှာပါ။

Spark Plug တွေ သက်တမ်းကြာလာပြီး ဟောင်းနွမ်းလာတဲ့အခါ သို့မဟုတ် ကာဗွန်ချိုးတွေ များလာတဲ့ အခါ လုံလောက်တဲ့ Electric Spark ကို မထုတ်ပေးနိုင်တော့ပါဘူး။

Spark Plug တွေကို ပုံမှန်စစ်ဆေးမှုတွေ မပြုလုပ်ဘူးဆိုရင်တော့…

🛑ကားစက်နှိုးရခက်ခြင်း၊
🛑Engine တုန်ခါခြင်း၊ Misfire ဖြစ်ခြင်း သို့မဟုတ် Idle မငြိမ်ခြင်း၊
🛑ကားအရုန်းအဆွဲ မကောင်းတော့ခြင်း၊
🛑ဆီစားနှုန်း ပိုများလာခြင်း၊
🛑ကားဒိုင်ခွက်မှာ Engine Warning Light ပေါ်လာခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် Spark Plug တွေကို သတ်မှတ်ထားတဲ့ကီလိုနဲ့ အချိန်ကာလတွေမှာ ပုံမှန် စစ်ဆေးပြီး Genuine Spark Plug တွေကို အစားထိုးလဲလှယ်ပေးသင့်ပါတယ်။

SUZUKI Genuine Spark Plug တွေဟာ လူကြီးမင်းတို့ SUZUKI ကားအင်ဂျင်ရဲ့ Specifications နဲ့အညီ တိတိကျကျ ကိုက်ညီအောင် ထုတ်လုပ်ထားတာကြောင့် ရေရှည်အသုံးခံပြီး အခြားအင်ဂျင် အစိတ်အပိုင်းတွေကိုလည်း ထိခိုက်မှုမဖြစ်စေတဲ့အတွက် အင်ဂျင်သက်တမ်းကို ပိုမိုရှည်ကြာစေမှာဖြစ်ပါတယ်။

Spark Plug တွေကို အခုပဲ စစ်ဆေးနိုင်ဖို့အတွက် နီးစပ်ရာ Suzuki Authorized Service Centers တွေရဲ့ လိပ်စာကို အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer




17/04/2026

0W-20 နဲ့ 5W-30 ဘယ်အင်ဂျင်ဝိုင်ကို ရွေးချယ်ရမလဲ

အင်ဂျင်ဝိုင်ဘူးတွေမှာ 0W-20 ဒါမှမဟုတ် 5W-30 ဆိုတဲ့ စာသားတွေကို မြင်ဖူးကြမှာပါ။ ဒါဟာ Engine Oil Index Numbers ကိုဖော်ပြတာဖြစ်ပါတယ်။

ရှေ့ဆုံးဂဏန်းနဲ့ "W" (ဥပမာ - 5W) က အေးတဲ့ ရာသီဥတုအချိန်မှာ အင်ဂျင်ဝိုင်က ဘယ်လောက်အထိ လွယ်လွယ်ကူကူ စီးဆင်းနိုင်မလဲဆိုတာကို ဖော်ပြပါတယ်။ "W" ဆိုတာ Winter (ဆောင်းရာသီ) ကို ဆိုလိုတာပါ။ W အရှေ့မှာ ဖော်ပြထားတဲ့ ဂဏန်း နည်းလေလေ၊ အင်ဂျင်အေးနေချိန်မှာ စက်နှိုးရတာ ပိုလွယ်လေလေ ဖြစ်ပါတယ်။

နောက်ဂဏန်း (ဥပမာ - 30) က အင်ဂျင်အပူချိန် 100°C (လည်ပတ်နေတဲ့ အပူချိန်) မှာ ရှိနေတဲ့ စေးပျစ်မှုကို ပြတာပါ။ ဒီဂဏန်း များလေလေ၊ အင်ဂျင်ဝိုင်က ပိုပြီး စေးပျစ်လေလေ ဖြစ်ပါတယ်။

0W-20 နဲ့ 5W-30 ကွာခြားချက်

0W-20 က အေးတဲ့အချိန်မှာ အင်ဂျင်ဝိုင် စီးဆင်းမှုပိုကောင်းတဲ့အတွက် အင်ဂျင်နှိုးချိန် (Cold Start) တွေမှာ အင်ဂျင်အစိတ်အပိုင်းတွေဆီကို စက္ကန့်ပိုင်းအတွင်း အမြန်ဆုံး ရောက်ရှိနိုင်လို့ အင်ဂျင်အစိတ်အပိုင်းတွေပွတ်တိုက်မှုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အင်ဂျင်ပူလာတဲ့အခါ (ဥပမာ 100°C ဝန်းကျင်) မှာလည်း စေးပျစ်မှုကနည်းတဲ့အတွက် အင်ဂျင်အစိတ်အပိုင်းတွေ လည်ပတ်ရတာ ပေါ့ပါးပြီး ဆီစား ပိုသက်သာ စေပါတယ်။

5W-30 က 0W-20 ထက်စာရင် အနည်းငယ် ပိုပျစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလို ရာသီ ဥတု မျိုးမှာတော့ ဒီကွာခြားချက်က အင်ဂျင်နှိုးတဲ့ (Cold Start) အခါမှာ သိသာမှုမရှိပါဘူး။ အင်ဂျင် ပူလာတဲ့အချိန်မှာ ပိုပြီး ခိုင်မာတဲ့ ဆီအလွှာ (Oil Film) ကို တည်ဆောက်ပေးနိုင်လို့ အင်ဂျင်ကိုပိုမို အကာအကွယ်ပေးနိုင်ပြီး အပူဒဏ်ကိုလည်း ပိုခံနိုင်ပါတယ်။

SUZUKI ကားများအတွက် အကြံပြုချက်

- ERTIGA Smart Hybrid အတွက်ဆိုရင် 0W-20 အမျိုးအစားကို အသုံးပြုရမှာဖြစ်ပါတယ်။
- Passenger ကားတွေဖြစ်တဲ့ Ertiga, Ciaz, Swift တို့ကို Service Center တွေရဲ့ အကြံပြုချက် အတိုင်း 0W-20 သို့မဟုတ် 5W-30 ကို အသုံးပြုနိုင်ပါတယ်။
- လုပ်ငန်းသုံးကားဖြစ်တဲ့ Super Carry နဲ့ Carry Pro အတွက်ဆိုရင်တော့ 5W-30 အမျိုးအစားကို အသုံးပြုရမှာ ဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ SUZUKI ကားနဲ့ ကိုက်ညီမှုရှိတဲ့ Engine Oil တွေကို စစ်ဆေး လဲလှယ်နိုင်ဖို့အတွက် နီးစပ်ရာ Suzuki Authorized Service Center တွေရဲ့ လိပ်စာတွေကို အောက်ပါ Website Link လေးမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer




&Maintenance

17/04/2026

ခရီးဝေးမသွားခင် ကားကိုစစ်ဆေးပါ။

လမ်းခရီးရောက်မှ အကြောင်းအမျိုးမျိုးကြောင့် ကားပျက်သွားတာမျိုး ကြုံရမယ်ဆိုရင် ခရီးနှောင့်နှေးစေရုံသာမက လူကြီးမင်းတို့ကို စိတ်အနှောက်အယှက်ဖြစ်စေမှာပါ။ အဲ့ဒီလိုမဖြစ်ရအောင် ကားကို ဘေးကင်းပြီး ယုံကြည်စိတ်ချရတဲ့ အခြေအနေဖြစ်နေစေဖို့ ခရီးမထွက်ခင်မှာ အထွေထွေစစ်ဆေးမှု (General Inspection) ကြိုတင် လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။

ဒီလိုစစ်ဆေးခြင်းက ဘာတွေကို ကာကွယ်ပေးနိုင်မှာလဲ?
❌အင်ဂျင်အပူလွန်ကဲခြင်း၊
❌ဘရိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ခြင်း၊
❌တာယာပျက်စီးခြင်း၊
❌လမ်းခုလတ်မှာ အမှတ်မထင် ကားပျက်ခြင်း၊
အစရှိတာတွေကို ကြိုတင်ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မှာလဲ?
✅ကိုယ်တိုင်ရော မိသားစုဝင်တွေအတွက်ပါ ပိုမိုဘေးကင်း လုံခြုံစေခြင်း၊
✅လမ်းခရီးတွေမှာ ယုံကြည်စိတ်ချစွာ မောင်းနှင်နိုင်ခြင်း၊
✅ကြီးမားတဲ့ ကားပြုပြင်စရိတ်များကို သက်သာစေခြင်း၊
✅ခရီးစဉ်တစ်လျှောက် စိတ်အေးချမ်းသာမှု ခံစားရရှိစေနိုင်ခြင်း၊
အစရှိတဲ့ အကျိုးကျေးဇူးတွေကို ခံစားရစေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ ခရီးစဉ်တွေ သာယာချောမွေ့စေဖို့အတွက် ခရီးဝေးမထွက်ခင် ကားကိုစနစ်တကျ စစ်ဆေးမှုတွေ ပြုလုပ်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါရစေ။

လမ်းခရီးမှာ ယုံကြည်မှုရှိရှိ မောင်းနှင်နိုင်ဖို့ လူကြီးမင်းတို့နဲ့ အနီးဆုံး Suzuki Authorized Service Center ကို ဆက်သွယ်ပြီး General Inspection အတွက် Service Booking ပြုလုပ်နိုင်ပါပြီ။
https://suzukimyanmar.com/suzuki/dealer




17/04/2026

SUZUKI နဲ့ အတူ နေရောင်ခြည်ဒဏ်ကို အန်တုလိုက်ပါ

အခုလို ပူပြင်းတဲ့ နွေရာသီ နေ့ရက်တွေမှာ ကားပေါ်က ဆင်းလိုက်တဲ့အချိန် နေပူဒဏ်နဲ့ UV rays ဒဏ်တွေကို စိတ်ပူနေစရာမလိုတော့ပါဘူး။ Suzuki Merchandise ရဲ့ UV Protection Umbrella က လူကြီးမင်းတို့အတွက် အကောင်းဆုံး ကာကွယ်ပေးမှာပါ။

လူကြီးမင်းတို့ရဲ့ SUZUKI ကားတွေနဲ့ လိုက်ဖက်စေမယ့် SUZUKI ထီးက UV Protection Layer ပါဝင်တဲ့အပြင် ပေါ့ပါးကျစ်လျစ်တာကြောင့် ကိုင်ဆောင်ရလွယ်ကူပြီး သက်တောင့်သက်တာနဲ့ အေးမြမှုကို ခံစားရစေမှာ ဖြစ်စေပါတယ်။

SUZUKI အမှတ်တံဆိပ်ပါဝင်တဲ့ UV Protection Umbrella ကို Size နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။

☂️ Small Size – တစ်ကိုယ်ရေသုံးအတွက် ပေါ့ပေါ့ပါးပါး အဆင်ပြေစေမယ့် အရွယ်အစား
☂️ Large Size – မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူတူ ဆောင်းနိုင်မယ့်အရွယ်အစား

တစ်ယောက်တည်းပဲသွားသွား၊ ချစ်ခင်ရသူတွေနဲ့ပဲ အပြင်ထွက်ထွက် လူကြီးမင်းတို့အတွက် ကိုက်ညီမယ့် Size ကို ရွေးချယ်ပြီး နေပူဒဏ်ကို အန်တုနိုင်ဖို့အတွက် ကားထဲမှာ အဆင့်သင့်ဆောင်ထားဖို့ မမေ့ပါနဲ့နော်။

SUZUKI အမှတ်တံဆိပ် Merchandise ပစ္စည်းများကို လူကြီးမင်းတို့နဲ့ နီးစပ်ရာ Suzuki Authorized Showroom တွေမှာ အသေးစိတ်စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer




Free check up campaign Only Suzuki CKA Motor
24/03/2026

Free check up campaign Only Suzuki CKA Motor

အချိန်မှန် စစ်ဆေးခြင်းဖြင့် ကြီးမားတဲ့ ပျက်စီးမှုတွေကို ကြိုတင်ကာကွယ်လိုက်ပါ။

ကားတစ်စီးကို စိတ်ချလက်ချနဲ့ စိတ်ပူစရာမလိုဘဲ မောင်းနေနိုင်ခြင်း၊ ကားအသစ်လိုမျိုး စွမ်းဆောင်ရည်ကောင်းတွေ အမြဲရရှိနေခြင်းတွေက ကားကို အချိန်မှန် ပြုပြင်စစ်ဆေးထိန်းသိမ်းမှုတွေ ပြုလုပ်ခြင်းရဲ့ ရလဒ်တွေပါ။

သတ်မှတ်ထားတဲ့ အချိန်ကာလအလိုက် Service ပြုလုပ်ခြင်းက အရေးကြီးတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ ပျက်စီးခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့အပြင် မမျှော်လင့်ဘဲ ကုန်ကျစရိတ်ကြီးမားနိုင်တဲ့ ပျက်စီးမှုတွေကိုလည်း ရှောင်ရှားနိုင်ပါတယ်။

ဒါကြောင့် စက်ပစ္စည်း အစိတ်အပိုင်း ပျက်စီးမှုတွေ ကြီးကြီးမားမား ဖြစ်လာပြီးမှ ပြုပြင်တာမျိုးကို မလုပ်ဘဲနဲ့ မဖြစ်ခင် အချိန်မှန် စစ်ဆေး ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်သင့်ပါတယ်။

ဆို‌တော့ ဒီနေ့ပဲ နီးစပ်ရာ Suzuki Authorized Service Center တွေမှာ လူကြီးမင်းတို့ရဲ့ ကားတွေကို သွားရောက် စစ်ဆေးပြီး မနက်ဖြန်ကစလို့ စိတ်ပူစရာမလိုတဲ့ ခရီးစဉ်တွေကို ခံစားလိုက်ပါ။

Suzuki Authorized Service Center တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုလည်း အောက်ပါ Website ထဲမှာ ဝင်ကြည့်လို့ရပါတယ်။

https://suzukimyanmar.com/suzuki/dealer




Free check up campaign စတင်နေပါပြီ Suzuki CKA Motor only
24/03/2026

Free check up campaign စတင်နေပါပြီ Suzuki CKA Motor only

SUZUKI ကားတွေအတွက် စစ်မှန်တဲ့ ရွေးချယ်မှု

ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းတဲ့အခါ အရည်အသွေး စိတ်ချရမှုမရှိတဲ့ Spare Parts တွေကို အသုံးပြုတာက လူကြီးမင်းတို့ရဲ့ ကားအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေရရှိနိုင်ဖို့ အာမခံချက်ပေးနိုင်မှာ မဟုတ်သလို စိတ်ချရမှာလည်း မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ Genuine Parts မဟုတ်တဲ့ Spare Parts ပစ္စည်းတွေက အပြင်ပန်းကြည့်ရင် ဆင်တူတယ်လို့ ထင်ရပေမယ့် အရည်အသွေးနဲ့ မူလအတိုင်း တိကျမှု ရှိခြင်းမှာတော့ ကွာခြားချက်တွေ များစွာ ရှိနေပါတယ်။

SUZUKI Genuine Parts တွေက
✔ SUZUKI ကား မော်ဒယ်တစ်ခုချင်းစီအလိုက် အတိအကျ ကိုက်ညီမှုရှိခြင်း၊

✔ တိကျတဲ့ အရည်အသွေး စစ်ဆေးမှုများပြုလုပ်ထားသည့်အတွက် ရေရှည်အသုံးခံပြီး စိတ်ချရခြင်း၊
✔ မူလအစိတ်အပိုင်းအတိုင်း တိတိကျကျ တစ်သားတည်းဖြစ်ခြင်းကြောင့် ကားရဲ့ စွမ်းဆောင်ရည်ကို အသစ်ကဲ့သို့ အကောင်းဆုံးဖြစ်စေခြင်း၊

ဒါ့အပြင် Suzuki Genuine Parts တွေက ဘေးကင်းလုံခြုံမှုကို ပေးစွမ်းနိုင်ပြီး ရေရှည်မှာ မလိုအပ်ဘဲ မကြာခဏ လဲလှယ်ရလို့ ကျသင့်မယ့် ကုန်ကျစရိတ်တွေကိုလည်း သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်။

“ SUZUKI အတွက် စစ်မှန်တဲ့ Spare Parts တွေကို ရွေးချယ်ပြီး စိတ်ချမ်းသာမှုကို ခံစားလိုက်ပါ”

SUZUKI Genuine Parts တွေနှင့် ပတ်သက်ပြီး SUZUKI Myanmar Website ထဲမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/sparepart




Address

No. (109) SaGaing Monywar Road, ZeeChaung QTR
Sagaing

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30

Telephone

+959975551944

Website

Alerts

Be the first to know and let us send you an email when Suzuki CKA Motor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Suzuki CKA Motor:

Shortcuts

Share