22/02/2026
နေ့စဉ် မောင်းနှင်နေရတဲ့ လမ်းတွေပေါ်က ဖုန်နဲ့ အမှုန်အမွှားတွေဟာ သင့်ဆိုင်ကယ်အင်ဂျင်ရဲ့ အကြီးမားဆုံးရန်သူဖြစ်ပါတယ်။ 😬
ဒီရန်သူတွေကို အင်ဂျင်ထဲမဝင်အောင် အကောင်းဆုံး ကာကွယ် ပေးထားတာကတော့ 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫 လေးပဲဖြစ်ပါတယ်ခင်ဗျာ။ 🙌🏻
လေစစ်ဟာ သန့်ရှင်းတဲ့လေကိုသာ အင်ဂျင်ထဲ ရောက်ရှိစေဖို့ စစ်ထုတ်ပေးတဲ့ အဓိက အစိတ်အပိုင်းဖြစ်ပြီး၊ သင့်အင်ဂျင်ရဲ့ စွမ်းဆောင်ရည်နဲ့ သက်တမ်းကို တိုက်ရိုက် သက်ရောက်မှု ရှိပါတယ် ခင်ဗျာ။ ✅
လေစစ်ပိတ်ရင် ဘာတွေဖြစ်မလဲ?
🔺စက်နှိုးရခက်ခြင်း
🔺အင်ဂျင်စွမ်းဆောင်ရည် သိသိသာသာ ကျဆင်းခြင်း
🔺အင်ဂျင်ဝပ်ပြီး စက်သံကြမ်းလာခြင်း
🔺မီးခိုးမဲများ ထွက်လာခြင်း
🔺ဆီစားနှုန်း သိသိသာသာ မြင့်တက်လာခြင်း
ဒီပြဿနာတွေဖြစ်နိုင်ပြီး သင့်မောင်းနှင်မှုကို အနှောင့်အယှက်ဖြစ်စေရုံသာမက အင်ဂျင်ကိုပါ ရေရှည်မှာ ပျက်စီးစေနိုင်ပါတယ်ခင်ဗျာ။ ⚠️
𝐂𝐚𝐫𝐛𝐮𝐫𝐞𝐭𝐨𝐫 စနစ်သုံးပြီး လေစစ်အခြောက် ကို အသုံးပြုသည့် ဆိုင်ကယ်များအတွက် ကီလိုမီတာ (𝟏𝟐𝟎𝟎𝟎)ပြည့်တိုင်း လဲလှယ်ပေးသင့်ပြီး၊ 𝐄𝐅𝐈 (𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 𝐅𝐮𝐞𝐥 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧) စနစ်သုံး ဆိုင်ကယ်များ အတွက် ကီလိုမီတာ(𝟏𝟔𝟎𝟎𝟎) ပြည့်တိုင်း လဲလှယ်ပေးသင့်ပါတယ်ခင်ဗျာ။
#ပြည်မြို့ #ဆိုင်ကယ်ပြုပြင် #ဆိုင်ကယ် #လေစစ်