05/02/2026
💥ဂီယာဘောက် သက်တမ်းရှည်ဖို့ဆိုရင် 'အော်တိုဆီ' ကို မေ့ထားလို့မရပါဘူး 🚗
အော်တိုဆီ (Auto Oil) လဲဖို့ နောက်ကျနေပြီလား? 🚗
ကားတစ်စီး မောင်းနှင်တဲ့နေရာမှာ အင်ဂျင်ပိုင်းကိုပဲ ဂရုစိုက်မိပြီး ဂီယာစနစ် (Transmission) ကို သတိမထားမိဘဲ နေတတ်ကြပါတယ်။ တကယ်တော့ ဂီယာစနစ်ဟာ ကားရဲ့ မောင်းနှင်မှုအရှိန်နဲ့ ရုန်းအားကို တိုက်ရိုက်ထိန်းချုပ်ပေးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
✨အထူးသဖြင့် နည်းပညာမြင့်လာတဲ့ ခေတ်ပေါ်ကားတွေမှာသုံးတဲ့ CVT စနစ်တွေဟာ ပုံမှန်ထက် ပိုမိုနူးညံ့တဲ့အတွက် အော်တိုဆီ အခြေအနေကို အမြဲဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အင်ဂျင်ဝိုင်ကိုသာ ပုံမှန်လဲပြီး အော်တိုဆီ ကို လျစ်လျူရှုထားမယ်ဆိုရင် ရေရှည်မှာ ငွေကုန်ကြေးကျ အလွန်များမယ့် ဂီယာဘောက် (Gearbox) ပျက်စီးမှုကို ကြုံရနိုင်ပါတယ်။
⚠️ ဒီလက္ခဏာတွေပြနေရင် သတိထားပါ
✅ဂီယာပြောင်းရင် တုံ့ခနဲဖြစ်တာ: ဂီယာချိန်းတဲ့အခါ ကားက ငြိမ့်ငြိမ့်လေးမသွားဘဲ ဆောင့်တက်တာ ဒါမှမဟုတ် တုံ့ဆိုင်းနေတာ။
✅RPM တက်သလောက် အရှိန်မလိုက်တာ: လီဗာနင်းလိုက်လို့ RPMသာ တက်လာပြီး ကားက အရှိန်တက်ဖို့ ရုန်းကန်နေရတာ။
✅ဆီအရောင် မည်းနေတာ: အော်တိုဆီဟာ ပုံမှန်အားဖြင့် ကြည်လင်တဲ့ ပန်းရောင်/အနီရောင် ရှိရပါမယ်။ အညိုရောင် ဒါမှမဟုတ် အမည်းရောင် ပြောင်းနေပြီဆိုရင်တော့ အရေးပေါ်လဲဖို့ လိုနေပါပြီ။
🔥 ကားမောင်းသူတိုင်း ရှောင်ကြဉ်ရမယ့်အချက်
ကားဆုတ်ရာကနေ ရှေ့ပြန်တက်တဲ့အခါ(ဥပမာ- ပါကင်ထိုးတာပဲဖြစ်ဖြစ်၊ လမ်းကြားထဲက ပြန်ထွက်တာပဲဖြစ်ဖြစ်) ကားကို ဘရိတ်နင်းပြီး လုံးဝရပ်အောင် မလုပ်ဘဲ ဂီယာကို အနောက်ဆုတ် (R)" ထဲကနေ "ရှေ့သွား (D)" ကို တန်းချိန်းတာမျိုး လုံးဝမလုပ်ပါနဲ့။ ဒီလိုလုပ်ခြင်းက ဂီယာဘောက်ထဲက အတွင်းပိုင်းအစိတ်အပိုင်းတွေကို ရုတ်တရက် ရိုက်ခတ်မှုဖြစ်စေပြီး ဂီယာသက်တမ်းကို သိသိသာသာ တိုတောင်းစေပါတယ်။
⚡အော်တိုဆီကို ကီလိုမီတာ ၃၀,၀၀၀ မှ ၄၀,၀၀၀ ကြား တစ်ကြိမ် ပုံမှန်လဲလှယ်ပေးခြင်းက ဂီယာဘောက် သက်တမ်းကို ရှည်စေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
"ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်ပါတယ်။"
ဂီယာစနစ်တစ်ခုလုံး ပြုပြင်လဲလှယ်ရမယ့် ကုန်ကျစရိတ်ထက် အော်တိုဆီကို အချိန်မှန်လဲလှယ်ပေးခြင်းက ပိုမိုစိတ်ချရသလို ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။
🚗သင့်ကားရဲ့ ဂီယာစနစ်နဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ချင်တယ်ဆိုရင်တော့ Union Autoservices ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်💁
UNION One Stop Service Co.,Ltd
📍 Head Office: အမှတ် (၈၀)၊ ၆၉ လမ်း နှင့် မနောဟရီလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
📞 Phone: 09 444676447
(မြန်မာပြည်အနှံ့ရှိ Branch ခွဲပေါင်းများစွာတွင်လည်း ဝန်ဆောင်မှု ရယူနိုင်ပါသည်)