DongFeng Trucks Myanmar

DongFeng Trucks Myanmar တိုးတက်လာတဲ့ နည်းပညာ တွေနဲ့ ကားအသစ်?

🙏 ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာ အခါတော်နေ့)ဆုတောင်းစကား 🙏ဝါဆိုလပြည့်နေ့၏ မြင့်မြတ်သော အခါသမယတွင် မြတ်စွာဘုရားရှင်၏ တရားတော်က...
29/07/2026

🙏 ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာ အခါတော်နေ့)ဆုတောင်းစကား 🙏

ဝါဆိုလပြည့်နေ့၏ မြင့်မြတ်သော အခါသမယတွင် မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြည်ညိုလေးစား၍ ကုသိုလ်ကောင်းမှုအပေါင်း ပြုနိုင်ကြပါစေ။
ဤကုသိုလ်အဖို့ဖြင့် စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကာ၊ မိသားစုအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး၊စီးပွားလာဘ်လာဘ တိုးတက်၍လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ။
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့ ဖြစ်ပါစေလို့ Dongfeng လုပ်ငန်းသုံးကား ကုမ္ပဏီ မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ရပါစေရှင့်..🙏🙏 #ဝါဆိုလပြည့်နေ့🙏🙏🙏

အလုပ်ရှာနေလား? Career အသစ်တစ်ခုကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား? အခွင့်အရေးက တံခါးခေါက်နေပါပြီ!ကုမ္ပဏီတစ်ခုတည်းကို CV ပို...
23/07/2026

အလုပ်ရှာနေလား? Career အသစ်တစ်ခုကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား? အခွင့်အရေးက တံခါးခေါက်နေပါပြီ!
ကုမ္ပဏီတစ်ခုတည်းကို CV ပို့ပြီး အဖြေစောင့်နေမယ့်အစား ကုမ္ပဏီ (12) ခုက HR တွေနဲ့ “တစ်နေ့တည်း၊ တစ်ချိန်တည်း၊ တစ်နေရာတည်း”မှာ တွေ့ဆုံနိုင်မယ့် Arr Thit Man Group ရဲ့ Career Opportunities Day 2026 Event သို့ မလွတ်တမ်း လာရောက်လိုက်ပါ။

ဒီ Event မှာ Industry မျိုးစုံမှ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ရှာဖွေနိုင်မှာဖြစ်ပြီး ပါဝင်မယ့် လုပ်ငန်းနယ်ပယ်များကတော့...
 Manufacturing
 Automotive
 Construction
 Transportation & Logistics
 Engineering
 Advertising & Marketing
 Trading & Distribution စတဲ့ Industry မျိုးစုံမှ ကုမ္ပဏီ (12) ခု ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဘာတွေပြင်ဆင်လာရမလဲ?**
✅ CV Form အပြည့်အစုံ
✅ ပညာအရည်အချင်း အထောက်အထားများ (Certificates)
✅ လုပ်ငန်းအတွေ့အကြုံ အထောက်အထားများ (ရှိပါက)
📌 **စာရွက်စာတမ်းများကို အဆင်သင့်ယူဆောင်လာရုံနဲ့ သင့်တော်တဲ့ Position များကို လျှောက်ထားပြီး Walk-in Interview ချက်ချင်း ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။**

ဘာကြောင့် ဒီ Event ကို လာသင့်တာလဲ?
✨ အလုပ်အကိုင်အခွင့်အလမ်းများစွာကို တစ်နေရာတည်းမှာ ရှာဖွေနိုင်မယ်။
✨ HR နှင့် Hiring Manager များကို တိုက်ရိုက်တွေ့ဆုံ မေးမြန်းနိုင်မယ်။
✨ မိမိရဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ Position တွေကို တစ်နေ့တည်း လျှောက်ထားနိုင်မယ်။
✨ Company Culture၊ Career Growth အကြောင်းတွေကို တိုက်ရိုက်သိရှိနိုင်မယ်။
✨ Networking အသစ်တွေရရှိပြီး Career လမ်းကြောင်းအသစ်တွေကို ဖန်တီးနိုင်မယ်။

ပြုလုပ်ကျင်းပမဲ့ အချိန်၊ နေ့ရက်နဲ့ နေရာကတော့ -
📍 Place : အားသစ်မာန် ကြံ့နှစ်ကောင်တာဝါ၊ 107 လမ်း၊ 64 x 65 လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး
📅 Date : 25.07.2026 (စနေနေ့)
🕘 Time : 09:00 AM – 03:00 PM

🎯 တစ်ခါတလေ...ဘဝကို ပြောင်းလဲပေးတာက ဆုံးဖြတ်ချက်အကြီးကြီးတွေ မဟုတ်ပါဘူး။
** အခွင့်အရေးတစ်ခု ** ကို မလွတ်သွားစေတာပဲ ဖြစ်ပါတယ်။
ဒီအခွင့်အရေးကို သင့်သူငယ်ချင်း၊ မိတ်ဆွေ၊ အလုပ်ရှာနေသူများကိုလည်း မျှဝေလိုက်ပါ။
Arr Thit Man Group Career Opportunities Day 2026 မှာ တွေ့ကြမယ်နော်!**

မနက်ခင်းအိပ်ရေးမဝတဝနဲ့ ⏰ အလုပ်နောက်ကျမှာ စိုးလို့ ကားစက်နှိုးပြီးတာနဲ့ ဂီယာထိုး၊ လီဗာနင်းပြီး 🚗💨 ဇိုးဇိုးဇတ်ဇတ် ထွက်သွား...
25/03/2026

မနက်ခင်းအိပ်ရေးမဝတဝနဲ့ ⏰ အလုပ်နောက်ကျမှာ စိုးလို့ ကားစက်နှိုးပြီးတာနဲ့ ဂီယာထိုး၊ လီဗာနင်းပြီး 🚗💨 ဇိုးဇိုးဇတ်ဇတ် ထွက်သွားတတ်တဲ့ သူငယ်ချင်းတို့အတွက် — ဒီနေ့ ဗဟုသုတလေး ပြောပြပေးချင်ပါတယ် 📚
"အေးဆေးပါကွာ၊ ဘာဖြစ်မှာမို့လို့လဲ" ဆိုပြီး ပေါ့ပေါ့ပါးပါး တွေးနေရင်တော့ သင့်ကားလေး တိုင်ပတ်တော့မယ်ဆိုတာ သတိပေးပါရစေ။
မနက်စောစော အင်ဂျင်အေးနေချိန်မှာ Warm-up မလုပ်ဘဲ တန်းထွက်ရင် ဖြစ်လာမယ့် ဆိုးကျိုး ၂ ချက်ကတော့…. 👇
၁။ အင်ဂျင်ဝိုင်က "အိပ်ပျော်နေတုန်း" ရှိသေးတယ် 🤨
ညကတည်းက ရပ်ထားတဲ့ကားရဲ့ အင်ဂျင်ဝိုင်တွေအားလုံးက အောက်ခြေ (Oil Pan) ထဲကို စီးကျနေတာပါ။ မနက်စောစော စက်နှိုးလိုက်ချိန်မှာ အင်ဂျင်ဝိုင်တွေက အပေါ်ပိုင်း piston တွေ၊ အစိတ်အပိုင်းတွေဆီ အနှံ့မရောက်သေးပါဘူး။ ဒီလိုမျိုး ဆီမရောက်သေးဘဲ ချက်ချင်းမောင်းထွက်ရင် အင်ဂျင်ထဲမှာရှိတဲ့ စက်ပစ္စည်း သတ္တုတွေအချင်းချင်း ပွတ်တိုက်မှုတွေ ပြင်းထန်ပြီး အင်ဂျင်က အချိန်မတိုင်ခင်မှာပဲ ကျလာပါလိမ့်မယ်။ ဒီလို မောင်းနှင်ခြင်းရဲ့ နောက်ပိုင်း အကျိုးဆက်တွေကတော့ အင်ဂျင်သံတွေ ဆူလာမယ်၊ ကြာရင် အင်ဂျင်ဖွင့်ပြင်ရတဲ့အထိ ဒုက္ခပေးနိုင်တာမို့ ဒီလို အချက်သေးသေးလေးတွေကိုလည်း ဂရုစိုက်ပေးသင့်ပါတယ် ခင်ဗျာ။
၂။ အစိတ်အပိုင်းတွေက "အကြောမဆန့်ရသေးဘူး"
"လူက အကြောဆန့်ဖို့ လိုသလို၊ ကားကလည်း Warm-up လုပ်ဖို့ လိုအပ်တယ်" ကားတစ်စီးမှာ အင်ဂျင်တင်မကဘူး၊ ဂီယာဘောက် (Gearbox) နဲ့ တခြား ရာဘာအစိတ်အပိုင်းတွေ၊ ပိုက်လိုင်းတွေ ရှိပါသေးတယ်။ အေးနေတဲ့ အချိန်မှာ ဒီပစ္စည်းတွေက ကျုံ့နေပြီး ပုံမှန်ထက် ပို brittle ( ကြွပ် ) နေတတ်ပါတယ်။ ဒါကြောင့် စက်နှိုးပြီး တန်းထွက်လိုက်တာနဲ့ အပူချိန်က ရုတ်တရက် တက်လာတဲ့အတွက် ရုတ်တရက်အပူတက်လာပြီး ပိုက်တွေပေါက်တာ၊ gasket တွေ လောင်တာ ကျိုးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။နောက်ပိုင်း အကျိုးဆက်တွေ အနေနဲ့ကလည်း ဆီယိုတာ၊ ရေယိုတာတွေ စဖြစ်လာပြီး ကားသက်တမ်းကို ပို၍ တိုစေနိုင်ပါတယ်ခင်ဗျာ။
မနက်ခင်း စက်နှိုးပြီးရင် အနည်းဆုံး ၁ မိနစ် ကနေ ၃ မိနစ် ခန့် လောက်ခဏလွှတ်ထားပေးပြီး အင်ဂျင်ဝိုင်တွေ နှံ့သွားအောင်၊ အပူချိန်လေး နည်းနည်းတက်လာအောင် စောင့်ပေးတာက သင့်အိတ်ကပ်ထဲက ပိုက်ဆံတွေကို ရေရှည်မှာ အများကြီး ကာကွယ်ပေးနိုင်မှာမလို့ သင့်ကားအတွက် ဆင်ခြင်စေနိုင်ဖို့ တိုက်တွန်းပါရစေခင်ဗျာ။ 😍😍 နောက်ပိုင်းမှာလည်း ဒီလိုဗဟုသုတ ရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ 𝐃𝐨𝐧𝐠𝐟𝐞𝐧𝐠 𝐓𝐫𝐮𝐜𝐤𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 page ကို Like & Follow လေး လုပ်ထားပေးကြပါအုံးခင်ဗျ 🙏🙏
📞 𝐒𝐚𝐥𝐞𝐬 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟗-𝟕𝟖𝟗𝟗𝟑𝟔𝟒𝟏𝟓,𝟎𝟗-𝟕𝟔𝟓𝟒𝟖𝟏𝟑𝟎𝟎,𝟎𝟗-𝟕𝟔𝟓𝟒𝟖𝟏𝟑𝟎𝟏

၂၀၂၆ ခုနှစ်သစ် မင်္ဂလာအချိန်ကာလမှ စတင်၍အားသစ်မာန် လုပ်ငန်းသုံးကားကုမ္ပဏီ၏ အဖိုးတန် မိတ်ဟောင်း၊ မိတ်သစ် Customer များအားလ...
31/12/2025

၂၀၂၆ ခုနှစ်သစ် မင်္ဂလာအချိန်ကာလမှ စတင်၍
အားသစ်မာန် လုပ်ငန်းသုံးကားကုမ္ပဏီ၏ အဖိုးတန် မိတ်ဟောင်း၊ မိတ်သစ် Customer များအားလုံး 🤝🤝🤝
💝 စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ
💰 စီးပွားလာဘ်လာဘများ တိုးတက် အောင်မြင်ပါစေ
🛡 ဘေးအန္တရာယ်များ ကင်းရှင်းကြပါစေ
🚛 လမ်းခရီးတိုင်း ချောမွေ့ပါစေ
📈 ရင်းနှီးမြှုပ်နှံမှုတိုင်း အကျိုးအမြတ်ပြည့်ဝပါစေ ...လို့
ကျွန်တော်တို့ အားသစ်မာန် လုပ်ငန်းသုံးကားကုမ္ပဏီမှ
ဆုမွန်မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ 🙏✨
🌟 ၂၀၂၆ ခုနှစ်သစ်တွင် ဒီထက်မက အောင်မြင်မှုများစွာ ရရှိကြပါစေ 🌟

🙏🙏 တန်ဆောင်တိုင် ဆုတောင်း 🙏🙏မင်္ဂလာရှိသော တန်ဆောင်တိုင်ပွဲ‌တော် အချိန်အခါသမယမှာ မြန်မာနိုင်ငံသူ၊နိုင်ငံသားများ အားလုံး စ...
03/11/2025

🙏🙏 တန်ဆောင်တိုင် ဆုတောင်း 🙏🙏
မင်္ဂလာရှိသော တန်ဆောင်တိုင်ပွဲ‌တော် အချိန်အခါသမယမှာ မြန်မာနိုင်ငံသူ၊နိုင်ငံသားများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စီးပွားလာဘ်လာဘများတိုးတက်ပွားများကြပါစေကြောင်း 𝐃𝐨𝐧𝐠𝐟𝐞𝐧𝐠 𝐓𝐫𝐮𝐜𝐤𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ...
#တန်ဆောင်တိုင်

Address

Yangon-Mandalay Old Highway, Milestone(389/4)
Paleik
05062

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 17:00
Wednesday 09:00 - 21:00
Thursday 09:00 - 17:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959765481300

Website

Alerts

Be the first to know and let us send you an email when DongFeng Trucks Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DongFeng Trucks Myanmar:

Shortcuts

Share

Category