Suzuki Myo Motor Pakokku - Suzuki Waikabar

Suzuki Myo Motor Pakokku - Suzuki Waikabar Car Sale, Sparepart, Service

Suzuki Myo Motor Pakokku - Suzuki Waikabar
20/06/2026

Suzuki Myo Motor Pakokku - Suzuki Waikabar

သန့်ရှင်းသပ်ရပ်မှုကို ကားအတွင်းပိုင်းကနေစတင်လိုက်ပါ။

မိုးရာသီမှာ ရွှံ့၊ ဗွက်၊ သဲ၊ ရေ အစရှိတာတွေက ကိုယ့်ရဲ့ ကားအတွင်းပိုင်းကို အလွယ်တကူ ဝင်ရောက်တတ်တာကို အားလုံးပဲ သတိပြုမိကြမှာပါ။ ဒါတွေက ကားကြမ်းခင်းကို ညစ်ပတ်စေရုံသာမက အနံ့အသက်များ ဖြစ်ပေါ်စေပြီး ကားအတွင်းပိုင်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် မိုးရာသီတစ်လျှောက်လုံး ကားအတွင်းခန်းကို ပိုမိုသန့်ရှင်းသပ်ရပ်စေဖို့ ဆိုရင်တော့ SUZUKI Genuine Floor Mat တွေက လူကြီမင်းတို့အတွက် အကောင်းဆုံး အထောက်အကူ ဖြစ်စေမှာပါ။

Floor Mat ကို အသုံးပြုထားခြင်းအားဖြင့်
• ရွှံ့၊ သဲနှင့် ဖုန်မှုန့်များ ကားအတွင်းပိုင်းသို့ ဝင်ရောက်ခြင်းကို လျော့ချပေးခြင်း
• ရေစိုမှုနှင့် အစိုဓာတ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အနံ့အသက်များမှ ကာကွယ်ပေးခြင်း
• ကားအတွင်းခန်း ခြေချော်တာတွေကို လျော့နည်းစေပြီး ပိုမိုလုံခြုံစေခြင်း
• သန့်ရှင်းရေး ပြုလုပ်ရလွယ်ကူပြီး နေ့စဥ်အသုံးပြုရ အဆင်ပြေခြင်း

SUZUKI Genuine Floor Mat ကို ဘာကြောင့် ရွေးချယ်သင့်လဲ?
✔ SUZUKI ကား Model တစ်ခုချင်းစီအတွက် တိကျစွာ ဒီဇိုင်းထုတ်ထားခြင်း
✔ အရည်အသွေးမြင့်မားသော ပစ္စည်းများဖြင့် ထုတ်လုပ်ထားခြင်း
✔အံဝင်ခွင်ကျဖြစ်ပြီး ကားအတွင်းပိုင်းကို ပိုမိုသပ်ရပ်လှပစေခြင်း
✔ အရည်အသွေးကောင်းမွန်ပြီး ကြာရှည်အသုံးခံခြင်း

ဒါကြောင့် မိုးရာသီမှာ စိတ်ချလက်ချ မောင်းနှင်နိုင်ဖို့နဲ့ ကားအတွင်းပိုင်းကို အမြဲသန့်ရှင်းသပ်ရပ်နေစေဖို့ SUZUKI Authorized Service Center တွေမှာ SUZUKI Genuine Floor Mat ကို အခုပဲ ဝယ်ယူတပ်ဆင်လိုက်ပါ။
https://suzukimyanmar.com/suzuki/dealer




Suzuki Myo Motor Pakokku - Suzuki Waikabar
17/06/2026

Suzuki Myo Motor Pakokku - Suzuki Waikabar

မိုးရာသီမှာ ကားမောင်းတဲ့အခါ အန္တရာယ်ကင်းစေဖို့

မိုးရွာနေချိန်မှာ မြင်ကွင်း မရှင်းလင်းခြင်း၊ လမ်းချော်မှု ဖြစ်နိုင်ခြေ မြင့်မားခြင်းတို့ကြောင့် ကားမောင်းနှင်ရာမှာ ပုံမှန်ထက် ပိုပြီးသတိပြုဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ပိုမိုဘေးကင်းစွာ မောင်းနှင်နိုင်ဖို့အတွက် အောက်ပါအချက်လေးတွေကို ဂရုစိုက်လိုက်နာသင့်ပါတယ်။

✅ မိုးရွာနေချိန်မှာ အရှိန်လျှော့မောင်းနှင်ပါ။
အရှိန်လျှော့မောင်းနှင်ခြင်းက ကားကို ပိုမိုထိန်းချုပ်ရလွယ်ကူစေပြီး လမ်းချော်မှုဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။

✅ ရှေ့ကားနဲ့ အကွာအဝေး ပိုထားပါ။
မိုးရေထဲမှာ ဘရိတ်မိဖို့ လိုအပ်တဲ့ အကွာအဝေး Braking Distance က ပုံမှန်ထက် ပိုမိုလိုအပ်တာကြောင့် ကားတစ်စီးနဲ့တစ်စီးအကြား အကွာအဝေး Safe Distance ကို ပိုချန်ထားသင့်ပါတယ်။

✅Headlights ကို လိုအပ်သလို အသုံးပြုပါ။
မိုးရွာနေချိန်မှာ Headlights ဖွင့်ထားခြင်းက ရှေ့မြင်ကွင်းကို ပိုမိုရှင်းလင်းစေရုံသာမက အခြားယာဉ်မောင်းတွေကလည်း မိမိယာဉ်ကို ပိုမိုမြင်သာစေတာကြောင့် ဘေးကင်းစွာ မောင်းနှင်နိုင်ဖို့အတွက်ကို အထောက်အကူဖြစ်စေပါတယ်။

✅ ရေကြီးနေတဲ့လမ်းတွေမှာ သတိထားမောင်းနှင်ပါ။
ရေကြီးနေတဲ့ လမ်းတွေမှာ ရေအတိမ်အနက်နဲ့ လမ်းအနေအထားကို ခန့်မှန်းရခက်ခဲစေတဲ့အတွက် အတတ်နိုင်ဆုံး အရှိန်လျှော့ပြီး သတိထား မောင်းနှင်သင့်ပါတယ်။ ရေကြီး ရေလျှံတဲ့ လမ်းတွေကို ရှောင်ကြဉ် မောင်းနှင်တာတော့ အကောင်းဆုံးပါပဲ။

✅ Hydroplaning ဖြစ်နိုင်ခြေကို သတိထားပါ။
မိုးရေတင်နေတဲ့ လမ်းတွေက တာယာနဲ့ လမ်းမျက်နှာပြင်ကြားမှာ ရေလွှာဖြစ်ပေါ် ပြီး Hydroplaning ဖြစ်နိုင်တဲ့အတွက် လမ်းချော်မှု ဖြစ်ပွားနိုင်ပါတယ်။

✅ မြင်ကွင်းမရှင်းတဲ့အချိန်တွေမှာ ပိုမိုသတိထားပါ။
မိုးအရမ်းသည်းတဲ့အခါ မြင်ကွင်းရှင်းလင်းမှု လျော့နည်းနိုင်တာကြောင့် အမြဲဂရုစိုက်ပြီး မောင်းနှင်သင့်ပါတယ်။

✅ ရုတ်တရက် ဘရိတ်အုပ်ခြင်းနှင့် လမ်းကြောင်းပြောင်းခြင်းများကို ရှောင်ကြဉ်ပါ။
မိုးရွာထဲ မောင်းတဲ့အခါ ရုတ်တရက် ဘရိတ်အုပ်ခြင်း နဲ့ လမ်းကြောင်းပြောင်းခြင်းတွေက ယာဉ်မတော်တဆ ဖြစ်စေနိုင်တာကြောင့် ကားကို တည်တည်ငြိမ်ငြိမ် ထိန်းချုပ်မောင်းနှင်သင့်ပါတယ်။

ဘေးကင်းတဲ့ မောင်းနှင်မှုအလေ့အကျင့်နဲ့ ကားကို ပုံမှန်ထိန်းသိမ်းစစ်ဆေးထားခြင်းက မိုးရာသီခရီးစဉ်တွေကို ပိုမိုစိတ်ချလုံခြုံစေမှာ ဖြစ်ပါတယ်။

ခရီးစဉ်တိုင်းမှာ ဘေးကင်းမှုကို ဦးစားပေးပြီး မိုးရာသီမှာ ယာဉ်အန္တရာယ်ကင်းဝေးအောင် ပိုမို သတိပြုမောင်းနှင်ကြပါစို့။

SUZUKI Myanmar Motor ရဲ့ ဝန်ဆောင်မှုအသေးစိတ်အချက်အလက်တွေကို သိရဖို့အတွက် ဒီ Link ထဲကို ဝင်ကြည့်ဖို့ မမေ့ပါနဲ့ဦး။
www.suzukimyanmar.com





Suzuki Myo Motor Pakokku - Suzuki Waikabar
14/06/2026

Suzuki Myo Motor Pakokku - Suzuki Waikabar

SUZUKI အကြောင်း အစုံအလင်ကို တစ်နေရာတည်းမှာ လေ့လာနိုင်မယ့် Website

Suzuki ကားပိုင်ရှင်တွေနဲ့ Suzuki ကားတွေကို စိတ်ဝင်စားသူတွေအတွက် SUZUKI ကားမော်ဒယ်တွေအကြောင်း ရှာဖွေရတာကစလို့ ပြုပြင်ထိန်းသိမ်းမှုအပိုင်းအထိ SUZUKI ရဲ့ အချက်အလက်အားလုံးကို SUZUKI Myanmar Motor Website တစ်နေရာတည်းမှာ အလွယ်တကူ ကြည့်ရှုနိုင်ပါပြီ။

SUZUKI Website မှာ ဘာတွေ လေ့လာနိုင်မလဲ?
✅ SUZUKI ကားမော်ဒယ်များကို လေ့လာနိုင်ခြင်း၊
✅ Specifications နဲ့ Features အသေးစိတ် ကြည့်ရှုနိုင်ခြင်း၊
✅ နီးစပ်ရာ Suzuki Authorized Dealers နှင့် Service Centers များကို ရှာဖွေနိုင်ခြင်း၊
✅ Owner’s Manuals များကို မြန်မာ၊ အင်္ဂလိပ် ဘာသာ ၂မျိုးလုံးဖြင့် အလွယ်တကူ Download ရယူနိုင်ခြင်း၊
✅ After-Sales Service Information များကို ကြည့်ရှုနိုင်ခြင်း၊
✅ Suzuki Genuine Parts နှင့် Accessories များကို လေ့လာနိုင်ခြင်း၊

ကားနဲ့ပတ်သက်ပြီးတော့ အချက်အလက် ရှာဖွေနေသူများ၊ Genuine Parts နှင့် Accessories များ လေ့လာချင်သူများအတွက် SUZUKI Myanmar Motor Website က ပိုမိုလွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။

အခုပဲ Website ထဲဝင်ရောက်ပြီး SUZUKI အကြောင်း အချက်အလက်အစုံအလင်ကို တစ်နေရာတည်းမှာ လေ့လာလိုက်ပါ။

www.suzukimyanmar.com



Suzuki Myo Motor Pakokku - Suzuki Waikabar
12/06/2026

Suzuki Myo Motor Pakokku - Suzuki Waikabar

Spark Plug မကောင်းတော့တဲ့အခါ

Spark Plug ဆိုတာ အင်ဂျင်ရဲ့ Combustion Chamber (လောင်ကျွမ်းခန်း) အတွင်းမှာ လေနဲ့ လောင်စာဆီအရောအနှော (Air-Fuel Mixture) ကို စနစ်တကျ မီးလောင်ပေါက်ကွဲစေဖို့ လျှပ်စစ်မီးပွား (Electric Spark) ထုတ်ပေးရတဲ့ အဓိက အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီလို ပေါက်ကွဲမှု ဖြစ်ပေါ်မှသာ အင်ဂျင်လည်ပတ်ဖို့ လိုအပ်တဲ့ စွမ်းအင်ကို ရရှိမှာပါ။

Spark Plug တွေ သက်တမ်းကြာလာပြီး ဟောင်းနွမ်းလာတဲ့အခါ သို့မဟုတ် ကာဗွန်ချိုးတွေ များလာတဲ့ အခါ လုံလောက်တဲ့ Electric Spark ကို မထုတ်ပေးနိုင်တော့ပါဘူး။

Spark Plug တွေကို ပုံမှန်စစ်ဆေးမှုတွေ မပြုလုပ်ဘူးဆိုရင်တော့…

🛑ကားစက်နှိုးရခက်ခြင်း၊
🛑Engine တုန်ခါခြင်း၊ Misfire ဖြစ်ခြင်း သို့မဟုတ် Idle မငြိမ်ခြင်း၊
🛑ကားအရုန်းအဆွဲ မကောင်းတော့ခြင်း၊
🛑ဆီစားနှုန်း ပိုများလာခြင်း၊
🛑ကားဒိုင်ခွက်မှာ Engine Warning Light ပေါ်လာခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် Spark Plug တွေကို သတ်မှတ်ထားတဲ့ကီလိုနဲ့ အချိန်ကာလတွေမှာ ပုံမှန် စစ်ဆေးပြီး Genuine Spark Plug တွေကို အစားထိုးလဲလှယ်ပေးသင့်ပါတယ်။

SUZUKI Genuine Spark Plug တွေဟာ လူကြီးမင်းတို့ SUZUKI ကားအင်ဂျင်ရဲ့ Specifications နဲ့အညီ တိတိကျကျ ကိုက်ညီအောင် ထုတ်လုပ်ထားတာကြောင့် ရေရှည်အသုံးခံပြီး အခြားအင်ဂျင် အစိတ်အပိုင်းတွေကိုလည်း ထိခိုက်မှုမဖြစ်စေတဲ့အတွက် အင်ဂျင်သက်တမ်းကို ပိုမိုရှည်ကြာစေမှာဖြစ်ပါတယ်။

Spark Plug တွေကို အခုပဲ စစ်ဆေးနိုင်ဖို့အတွက် နီးစပ်ရာ Suzuki Authorized Service Centers တွေရဲ့ လိပ်စာကို အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer




07/06/2026

Suzuki Myo Motor Pakokku - Suzuki Waikabar

31/05/2026

Suzuki Myo Motor Pakokku - Suzuki Waikabar
27/05/2026

Suzuki Myo Motor Pakokku - Suzuki Waikabar

Carry Pro ရဲ့ ဝန်တင်ဆောင်နိုင်စွမ်းက ဘယ်လောက်လဲ?

SUZUKI Carry Pro ရဲ့ ဝန်တင်ဆောင်နိုင်စွမ်းက ဘယ်လောက်ဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်လိုက်ရအောင်…

A. 500 kg
B. 750 kg
C. 950 kg
D. 1,000 kg

လူကြီးမင်းတို့ ရွေးချယ်ထားတဲ့ အဖြေမှန်လေးတွေကိုလည်း Comment မှာ ပြောပြပေးခဲ့ပါဦး။

ဘက်စုံအသုံးပြုနိုင်တဲ့ SUZUKI Carry Pro က လူကြီးမင်းတို့ရဲ့ နေ့စဉ်လုပ်ငန်းတွေမှာ ဘယ်လို ကိုက်ညီမှုတွေနဲ့ ပြည့်စုံနေလဲဆိုတာကို အောက်ပါ Link ထဲမှာ အသေးစိတ်ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/carrypro




24/05/2026


Address

Infront Of B. E. H. S(4), Myoma Road, Sal Ywar
Pakokku

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Suzuki Myo Motor Pakokku - Suzuki Waikabar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category