26/06/2025
စောင့်နေတုန်းပဲ
ဆီဈေးကျမဲ့ရက်ကို စောင့်နေတယ် စောင့်နေတုန်းပဲ
E-bikeတွေရဲ့အသုံးဝင်ပုံ၊savingဖြစ်ပုံ၊ Environmental အတွက်ကောင်းကျိုးဖြစ်ပုံ၊ဒီရေမြေအခြေနေမှာ ပိုပြီးသုံးသင့်ပုံပြောခဲ့ပြီးဖြစ်ပါတယ်။
📢ဆိုင်ကယ်တစ်စီးနဲ့နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့သူတစ်ဦးဖြစ်တယ်ဆိုရင် ဆီထည့်ရတဲ့ဒုက္ခ၊ ဘီးပေါက်(လေလုံးလဲ၊ဘီးဖာ)ရတဲ့ဒုက္ခ၊အစစတွေကင်းတဲ့ ebike၁စီးကိုသာ စဉ်းစားသင့်ပါတယ်။
ဥပမာ မိမိစီးနေတဲ့ဆီထည့်ရတဲ့engine၁စီးရဲ့ပျှမ်းမျှ အသုံးစရိတ်ကိုတွက်ကြည့်ကြပါစို့
ဆီဈေး၁လီတာ -၃၃၀၀ ကျပ် (average)
၁လအတွင်းထည့်ရသည့်ဆီ -၂၀ လီတာ
၁လဆီဖိုးအသုံးစရိတ် -၂၀x၃၃၀၀=၆၆၀၀၀
ဆိုင်ကယ်အတွက်
အထွေထွေအသုံးစရိတ် -၁၀၀၀၀ကျပ်
၁လဆိုင်ကယ်အတွက်စုစုပေါင်းအသုံးစရိတ် ၆၆၀၀၀+၁၀၀၀၀=၇၆၀၀၀ ကျပ်
၁နှစ်အတွက်ပျှမ်းမျှစရိတ်
၇၆၀၀၀x၁၂လ=၉၁၂၀၀၀
၁လဆီဖိုး၆သောင်းကျော်ကုန်တဲ့Engineဘီး၁စီးရဲ့ကုန်ကျစရိတ်ဟာ ၁နှစ်အတွင်းမှာ ၉သိန်းကျော်ရှိနိုင်ပါတယ်။
အဆိုပါကုန်ကျစရိတ်ဟာ၂နှစ်အတွင်းမှာတင် ebike၁စီးဖိုးစာနီးနီးရှိပါတယ်။
ချုပ်ရရင်
-ကျွန်တော်တို့ဘာလို့ဆိုင်ကယ်တွေကို ဘာအတွက်အသုံးပြုနေရသလဲဆိုတော့ယေဘုယျအားဖြင့်
ခရီးတိုတွေအတွက် တကိုယ်ရည် သွားရ၊လွတ်လွတ်လပ်လပ်၊လွယ်လွယ်ကူကူ အသုံးပြုရလွယ်၊တခြား vehicle တွေထက်စာရင် ကုန်ကျစရိတ်နည်းခြင်းကြောင့်လို့ထင်ပါတယ်။
Pakokku Battery Bike Shop