Royal 93 Car Care Center

Royal 93 Car Care Center တစ်ခါဆက်ဆံ ရာသက်ပန်

■ သင့်ကား အဆွဲအရုန်းမကောင်းစေခြင်းရဲ့ တရားခံ 💥💥💥ကားတစီး အဆွဲအရုန်းမကောင်းစေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲ့ဒီထဲကမှ...
09/01/2023

■ သင့်ကား အဆွဲအရုန်းမကောင်းစေခြင်းရဲ့ တရားခံ
💥💥💥
ကားတစီး အဆွဲအရုန်းမကောင်းစေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲ့ဒီထဲကမှ လေတံခါး (Throttle Body) နဲ့ လေတံခါးဆင်ဆာ (Throttle Position Sensor -TPS) မကောင်းခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကားရောဂါများကို ဗဟုသုတအနေနဲ့ တင်ပြပေးပါမယ်။

■ Throttle Body (လေတံခါး)
လေတံခါး ဆိုတာက အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှုအင်ဂျင် (Internal Combustion Engine) တွေ မီးလောင်ပေါက်ကွဲဖို့ လိုအပ်တဲ့ လေကို ထည့်သွင်းပေးရတဲ့ Intake System မှာ အဓိက တာ၀န်ထမ်းဆောင်နေတဲ့အရာ ဖြစ်ပါတယ်။
Throttle Body (လေတံခါး) ကို ယေဘူယျအားဖြင့် အင်တိတ်မီနီဖိုး (Intake Manifold) နဲ့ လေစစ်ဘူး (Air Filter) တို့ ကြားထဲမှာ တပ်ဆင်ထားပြီး ကားမောင်းသူရဲ့ လီဘာနင်းမှုအပေါ် မူတည်ပြီး အင်ဂျင်ထဲကို မီးလောင်ပေါက်ကွဲဖို့ လေအနည်းအများ ဘယ်လောက်ပမာဏသွင်းမယ် ဆိုတာကို သူ့မှာပါ၀င်တဲ့ Butterfly Valve တွေကို Regulate လုပ်ပေးခြင်းဖြင့် ထိန်းချုပ်ပေးပါတယ်။ ဒါက Throttle Body (လေတံခါး) ရဲ့ အဓိက တာ၀န်ထမ်းဆောင်နေတဲ့ ပုံစံပါ။ ဒီလို တာ၀န်ထမ်းဆောင်နေတဲ့ လေတံခါးက လေမသန့်လို့ဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့် Throttle Body (လေတံခါး)ဟာ ကြေးတွေ၊ ဖုန်တွေ၊ အညစ်အကြေးတွေနဲ့ ပိတ်ဆို့သွားမယ်ဆိုရင် သူတာ၀န်ထမ်းဆောင်ရတဲ့ တာ၀န်ဖြစ်တဲ့ လေအနည်းအများပမာဏ ထည့်သွင်းခြင်းကို အတိအကျ မလုပ်ဆောင်နိုင်တော့ဘဲ အညစ်အကြေးပိတ်ဆို့မှု အနည်းအများပမာဏအပေါ် မူတည်ပြီး သင့်ကားမှာ အောက်ပါရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါမယ်။

၁။ စက်နှိုးရကြာမယ်၊ စက်နှိုးရာမှာ ပုံမှန်ထက် ကရိုင်းရှပ်လည်ပတ်ရနှုန်းတွေ ပိုများလာမယ်။

၂။ အင်ဂျင်အနှေးလည်ပတ်မှု အခြေအနေ (Idle Speed) မတည်မငြိမ် ဖြစ်မယ်၊ အင်ဂျင်အနှေးလည်ပတ်နေတဲ့အချိန်မှာ ပုံမှန်မဖြစ်ဘဲ အတက်အကျ မတည်မငြိမ် ဖြစ်ပေါ်မယ်။

၃။ အင်ဂျင်အနှေးလည်ပတ်နေတဲ့ အခြေအနေမှာ လေတံခါးအတွင်း ပိတ်ဆို့နေတဲ့ ကြေးတွေကြောင့် အဖွင့်အပိတ်မမှန်ဖြစ်ပြီး လေယိုစိမ့်မှုဖြစ်ကာ စက်သေသွားမယ်၊ ဒါမှမဟုတ် Slow Speed ဖြစ်သွားပါမယ်။

၄။ အင်ဂျင်တုံ့ဆိုင်းဆိုင်းဖြစ်မယ်၊ ဥပမာအားဖြင့် ကားမောင်းနေရင်း အကြောင်းတခုခုကြောင့် လီဘာကို လျော့လိုက်တယ်ဆို စက်က တုံ့ဆိုင်းဆိုင်းဖြစ်သွားပြီး စက်သေချင်သလိုလို ဖြစ်တာမျိုး၊ မီးပွိုင့်မိလို့ စက်ရှိန်လျှော့လိုက်တာနဲ့ စက်သေသွားတာမျိုးတွေ ဖြစ်လာပါမယ်။
ဒီလိုဖြစ်လာပြီဆိုရင် Throttle Body (လေတံခါး) ကို ဖြုတ်ပြီး လေတံခါးထဲက အညစ်အကြေးတွေ၊ ဂျိုးတွေကို ဆေးကြောသန့်စင်ဖို့ လိုနေပါပြီ။ လေတံခါးသန့်ရှင်းတဲ့ဆေးရည်တွေနဲ့ ဆေးကြောနိုင်သလို၊ အများအားဖြင့် ဓာတ်ဆီနဲ့လည်း ဆေးကြောနေတာ တွေ့ရပါတယ်။

■ TPS (Throttle Position Sensor)
လေတံခါးဆန်ဆာ ဆိုတာက ကားမှာရှိတဲ့ လေတံခါးရဲ့ အလုပ်လုပ်ပုံတွေကို ကူညီထိန်းချုပ်လုပ်ဆောင်ပေးတဲ့ အရာပါ။ ယေဘုယျအားဖြင့်တော့ လေတံခါးထဲမှာ ရှိတဲ့ Butterfly Valve တွေရဲ့ အပိတ်အဖွင့်နဲ့ တည်နေပုံတွေကို အာရုံခံပေးပြီး ထိန်းချုပ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ မော်ဒယ်မြင့်ကားတွေမှာတော့ ECU (Engine Control Unit) ကနေပြီး အာရုံခံစနစ်တွေ၊ သတင်းပို့စနစ်တွေကို အသုံးပြုကာ (ETC-Electronic Throttle Control) စနစ်တွေအဖြစ် လုပ်ဆောင်ပေးပါတယ်။ တခြားလုပ်ဆောင်ချက်အနေနဲ့ကတော့ လေတံခါးဆန်ဆာတွေနဲ့ Automatic Transmission လို့ ခေါ်တဲ့ အော်တိုဂီယာစနစ်တွေ တွဲဖက်လုပ်ဆောင်ပြီး ဂီယာပြောင်းလဲမှုဖြစ်စဉ်တွေကို ထိန်းချုပ်လုပ်ဆောင်ခြင်းပါပဲ။ ဒီလိုလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးနေတဲ့ ဆန်ဆာတွေ ချို့ယွင်းပျက်စီးမယ်ဆိုရင် သင့်ကားမှာ အောက်ပါရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါမယ်။

၁ ။ ကားအရှိန်တက်မှု နှေးကွေးမယ်
ပုံမှန်အားဖြင့် ကားတွေမှာ ကားလီဘာနဲ့ ကားရဲ့အရှိန်ဟာ တိုက်ရိုက်ဆက်သွယ်နေပါတယ်၊ လေတံခါးဆန်ဆာတွေ ကြောင်လာမယ်ဆိုရင်တော့ သင် လီဘာနင်းရင် နင်းသလောက် ကားအရှိန်မြင့်တက်လာမှာ မဟုတ်တော့ပါဘူး။ သင် လီဘာကို နင်းလိုက်တဲ့အရှိန်နဲ့ ကားရဲ့အရှိန်မြင့်တက်လာမှု ကွာဟာနေမယ်ဆိုရင်တော့ သင့်ကားရဲ့ လေတံခါးဆန်ဆာတွေ ကြောင်နေပါပြီ။ အထူးသဖြင့် ကားအရှိန်တက်လာပြီးမှ ရုတ်တရက် တုံ့ဆိုင်းဆိုင်းဖြစ်သွားတာမျိုးပါ။

၂။ ခဏခဏ စက်သေသေသွားခြင်း
အခြား လေတံခါးဆန်ဆာမကောင်းခြင်းကြောင့် ဖြစ်စေတဲ့ ထင်ရှားတဲ့ ရောဂါလက္ခဏာကတော့ အင်ဂျင်စက်နှိုးကြည့်ထားချိန်နဲ့ မောင်းနှင်နေတဲ့အချိန် နှစ်ခုလုံးမှာ ခဏခဏ စက်သေသွားခြင်းပါ။ အင်ဂျင်စက် သေသေသွားရခြင်းတဲ့ ရောဂါတွေ အများကြီးရှိတဲ့အထဲကမှ ပုံမှန် စက်ခဏခဏသေသွားတတ်ခြင်းက လေတံခါးရောဂါဖြစ်တတ်ပါတယ် ဆိုပြီး ပညာရှင်တွေက သတ်မှတ်ထားပါတယ်။

၃။ အရှိန် အလိုလိုမြန်လာခြင်း
လီဘာကို အရှိန်တခုရအောင် ပုံမှန် နင်းထားရာကနေ ကားအရှိန်တွေက ပုံမှန်မဟုတ်ဘဲ အလိုလိုမြန်လာမယ်၊ တိုးပြီး တက်လာမယ်ဆိုရင်လည်း အဲ့ဒါ လေတံခါးဆန်ဆာကြောင့် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာရပ်ပါပဲ။

၄။ ဂီယာအပြောင်းအကူးပြဿနာ
TPS (Throttle Position Sensor) တွေက လီဘာဘယ်လောက်နင်းတယ် ဆိုတာကို တိတိကျကျ သတင်းမပို့နိုင်ရင် သင့်အရှိန်အနိမ့်အမြင့်ကို အင်ဂျင်ထိန်းချုပ်စနစ်က သေချာမသိဘဲ
ဂီယာအကူးအပြောင်းဆိုတဲ့ပြဿနာဖြစ်လာနိုင်ပါတယ်။Engine check မီးလင်း လာတာဟာ အင်ဂျင်ချက်မီးလင်းရတဲ့အကြောင်းများစွာထဲကမှအပေါ်ကဖြစ်တဲ့လက္ခဏာရပ်တွေလည်းဖြစ်ပါတယ်။

၅။Engine check မီးလင်းလာမယ်ဆိုရင်တော့အဲ့ဒီTPS ကြောင့်ဖြစ်ရတဲ့ရောဂါပါပဲ။
ဒီလိုမျိုးဖြစ်ရပ်တွေပေါ်လာပြီဆိုရင်တော့(On Board Diagnosis)OBD2 များဖြင့်ပြစ်ချက်ရှာစစ်ဆေးပြီးစနစ်တကျပြုပြင်သင့်ပါတယ်လို့ အကြံပြုတင်ပြလိုက်ရပါတယ် ခင်ဗျာ ။
မူရင်းရေးသားသူ_LYNN ZA NEE (P.T.U) -
#မူရင်းရေးသားသူအားcreditပေးပါသည်။
us for

#ကားအကြောင်း #ဗဟုသုတ
#ရေဆေးဆီထိုး #ကားပြုပြင်မှုများဝေမျှရာ

🇲🇲4-1-2023 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်🇲🇲🇲🇲Royal 93 Car Car Center🏠နေပြည်တော် ကောင်စီရု...
04/01/2023

🇲🇲4-1-2023 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်🇲🇲
🇲🇲Royal 93 Car Car Center

🏠နေပြည်တော် ကောင်စီရုံးရှေ့၊ပြန်ကပြေးအဝိုင်း အနီး၊နေပြည်တော်။

☎️09694054660
☎️09975724745

  2022 🖐️  2023🎉  Royal 93👍☎️09694054660☎️09975724745
31/12/2022

2022 🖐️
2023🎉
Royal 93👍

☎️09694054660
☎️09975724745

🎉Happy New Year 2023 !!💚💚💧 ROYAL 93 Car Care Center ရဲ့ အစဉ်တန်ဖိုးထားချစ်မြတ်နိုးရပါသော Customer များအားလုံး စိတ်ချမ်းသ...
31/12/2022

🎉Happy New Year 2023 !!💚💚
💧 ROYAL 93 Car Care Center ရဲ့ အစဉ်တန်ဖိုးထားချစ်မြတ်နိုးရပါသော Customer များအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး 2023 နှစ်သစ်မှာ စီးပွားဥစ္စာများ ဆထက်တပိုးကြီးပွားတိုးတက်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 💁‍♂️

🎯 လူကြီးမင်းတို့ ပေးရတဲ့စျေးထက် အမြဲသာလွန်ကောင်းမွန်တဲ့ဝန်‌ေဆာင်မှု တွေနဲ့ ကြိုဆိုလျက်❤️❤️
☎️09694054660
☎️09975724745
🏢နေပြည်တော်ကောင်စီရုံးရှေ့၊ပြန်ကပြေးအဝိုင်းအနီး၊ပျဉ်းမနား-တောင်ညိုလမ်း၊နေပြည်တော်။

Ko Zaw(Royal 93 Car Care Center)

🎄❄️ 25-12-2022 အေးချမ်းတဲ့ခရစ်စမတ်နေ့မှစတင်၍  မြန်မာပြည်သူပြည်သားများအားလုံး စိတ်သွားတိုင်းကိုယ်ပါ၊ လိုရာဆန္ဒများစွာပြည့...
25/12/2022

🎄❄️ 25-12-2022 အေးချမ်းတဲ့ခရစ်စမတ်နေ့မှစတင်၍ မြန်မာပြည်သူပြည်သားများအားလုံး စိတ်သွားတိုင်းကိုယ်ပါ၊ လိုရာဆန္ဒများစွာပြည့်ဝပါစေကြောင်း ...နှင့် သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေ🙏🙏🙏

"Royal 93 Car Care Center" မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာ 🤗🤗🤗

🏠နေပြည်တော်ကောင်စီရုံးရှေ့၊ ြပန်ကပြေးအဝိုင်းအနီး၊ပျဉ်းမနား-တောင်ညိုလမ်း၊နေပြည်တော်။

☎️09694054660
☎️09975724745
Ko Zaw(Royal 93 Car Care Center)

🙏ပျော်ရွှင်ဖွယ်ရာ "ကရင်နှစ်သစ်ကူးနေ့" မှစတင်၍  မြန်မာပြည်သူပြည်သားများအားလုံး စိတ်သွားတိုင်းကိုယ်ပါ၊ လိုရာဆန္ဒများစွာပြည...
22/12/2022

🙏ပျော်ရွှင်ဖွယ်ရာ "ကရင်နှစ်သစ်ကူးနေ့" မှစတင်၍ မြန်မာပြည်သူပြည်သားများအားလုံး စိတ်သွားတိုင်းကိုယ်ပါ၊ လိုရာဆန္ဒများစွာပြည့်ဝပါစေကြောင်း...🙏

"Royal 93 Car Care Center" မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာ.. 🤗🤗

🏠နေပြည်တော်ကောင်စီရုံးရှေ့၊ပြန်ကပြေးအဝိုင်းအနီး၊ ပျဉ်းမနား-တောင်ညိုလမ်း၊ နေပြည်တော်။

☎️09694054660
☎️09975724745
Ko Zaw(Royal 93 Car Care Center)

"Service Mindset"(ဝန်ဆောင်မှုစိတ်ထား)🙏စေတနာ ထားပြီးအလုပ်လုပ်ပါ🙏🔰ယနေ့ခေတ် လုပ်ငန်ရှင်တွေ၊ ဦးဆောင်သူတွေတော်တော်များများက သ...
20/12/2022

"Service Mindset"(ဝန်ဆောင်မှုစိတ်ထား)
🙏စေတနာ ထားပြီးအလုပ်လုပ်ပါ🙏
🔰ယနေ့ခေတ် လုပ်ငန်ရှင်တွေ၊ ဦးဆောင်သူတွေတော်တော်များများက သူတို့ရဲ့ဝန်ထမ်းတွေဆီက အလိုချင်ဆုံးအရည်အသွေးဆိုလည်းမမှားပါဘူး ( ကျွန်တော်အပါအဝင်ပေါ့)
🔰Theory တွေ အများကြီးသိထားကြတယ် သို့ပေမယ့် ဝန်ဆောင်မှုက ကောင်းမနေဘူး။တချို့ကျတော့လည်း ဘာ သီအိုရီမှ မသိဘူးပြောတာဆိုတာ ကောင်နေပြန်ရော အဓိကကွာသွားတာက စေတနာ ပဲဖြစ်တယ်။(တနည်းအားဖြင့်တဖက်သားကို ဘယ်လိုအဆင်ပြေအောင်ဆောင်ရွက်ပေးရမလဲ ဆိုတဲ့ စိတ်နေစိတ်ထားပဲဖြစ်တယ်။)
🔰Customer service ဆိုတာကတော့
❤️Customer service is not a skill, it is an attitude ဆိုတဲ့စကားရှိတယ်။( ဝန်ဆောင်မှုဆိုတာ ကျွမ်းကျင်မှု မဟုတ်ဘူး။ စိတ်နေစိတ်ထားပါတဲ့)
🔰ဒါ့ကြောင့် ဘာပဲလုပ်လုပ် တဖက်သားကိုအဆင်ပြေအောင်လုပ်ပေးလိုက်မယ်ဆိုတဲ့ စိတ်အခံလေးတွေမွေးမြူထားဖို့လိုအပ်ပါလိမ့်မယ်။ကိုယ့်အခက်အခဲ ကိုယ့်ပြသနာတွေကိုပဲ စဉ်းစားမနေဘဲ တဖက်သားဘက်က ရပ်တည်ထည့်တွေးတတ်အောင် ကြိုးစားပါ။
❤️❤️❤️ကျွန်တော်ကိုယ်တိုင်လည်း ယခုကဲ့သို့ပင်ကျင့်ကြံနေထိုင်လို့ စကားမစပ် Royal 93 Car Care Center ကိုလာခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ❤️

🏠နေပြည်တော်ကောင်စီရုံးရှေ့၊ ပြန်ကပြေးအဝိုင်းအနီး၊ ပျဉ်းမနားတောင်ညိုလမ်း၊ နေပြည်တော်။
☎️09694054660
☎️09975724745
𝐊𝐨 𝐙𝐚𝐰 (𝐑𝐨𝐲𝐚𝐥 𝟗𝟑 𝐂𝐚𝐫 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫)

Come on🙎
19/12/2022

Come on🙎

🙎မိတ်ဆွေများ တန်ဖိုးထားရပါသော အဖိုးတန်ကားများအတွက်🚖🚘🚗🚐Royal 93 Car Care Center  မှာ အောက်ပါ ဝန်ဆောင်မှုများဖြင့် စိတ်တို...
19/12/2022

🙎မိတ်ဆွေများ တန်ဖိုးထားရပါသော အဖိုးတန်ကားများအတွက်🚖🚘🚗🚐

Royal 93 Car Care Center မှာ အောက်ပါ
ဝန်ဆောင်မှုများဖြင့် စိတ်တိုင်းကျအကောင်းဆုံးပြုလုပ်ပေးနေပါပြီ။

💦Car Washing
💧Interior Wash
♦️Engine Oil Change
♦️Coolant Change
♦️Plug Change
🚘3D Alignment
🚘 Suspension Overhaul
🖥️ Computer Service
📌 Injector Cleaning
📌 Polishing ✨✨✨

⚙️အထက်ပါဝန်ဆောင်မှုများအားလုံးမှာ
ကားအမျိုးအစား၊အရွယ်အစား၊အသုံးပြုရသောပစ္စည်းများအလိုက် ဈေးနှုန်းများ ကွာခြားမှုရှိပါသည်🙏

အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာအတိုင်းဆက်သွယ်နိုင်ပါသည်🙏🙏🙏

‌🏠နေပြည်တော်ကောင်စီရုံးရှေ့ ပြန်ကပြေးအဝိုင်းအနီး၊ပျဉ်းမနား-တောင်ညိုလမ်း၊ နေပြည်တော်။

☎️09694054660
☎️09975724745

♦️အင်ဂျင်တုန်ခါမှုကိုဖြစ်စေတဲ့ အဓိကအချက်(၅)ချက်♦️(၁)ပလပ်/ပလပ်ကွိုင်ပလပ်နဲ့ ပလပ်ကွိုင်တွေ ကောင်း/မကောင်းစစ်ဆေးပါ။အင်ဂျင်န...
13/12/2022

♦️အင်ဂျင်တုန်ခါမှုကိုဖြစ်စေတဲ့ အဓိကအချက်
(၅)ချက်♦️

(၁)ပလပ်/ပလပ်ကွိုင်

ပလပ်နဲ့ ပလပ်ကွိုင်တွေ ကောင်း/မကောင်း
စစ်ဆေးပါ။အင်ဂျင်နဲ့ ကိုက်ညီတဲ့ ပလပ်
တွေ ဟုတ်ရဲ့လား?ပလပ်ထိပ်က Gap တွေ
ကပ်နေလား? ဝေးနေလား? စစ်ဆေးပါ။
ပလပ်ကွိုင်တွေ ပေါက်နေလား?ကွဲနေလား?
စစ်ဆေးပါ။ပလပ်ကွိုင်တွေကိုတော့ ပလပ်
ကွိုင် စမ်းသပ်စက်နဲ့ စစ်ဆေးနိုင်ပါတယ်။

(၂)လေတံခါး

လေတံခါးနဲ့ လေတံခါးမှာပါတဲ့ Idle Slow
Control Value (ISCV) မှာ ချေးတွေ ပိတ်
နေလား စစ်ဆေးပါ။ချေးတွေပိတ်နေရင်
လေတံခါးဆေးရည်နဲ့ သေချာဆေးကြော
သင့်ပါတယ်။လေတံခါးဆေးပြီးရင် တစ်
ချို့ကားတွေမှာ Scan Tool နဲ့ Calibration
ပြန်လုပ်ပေးရပါတယ်။

(၃)လေအဝင်ပိုက်/MAF Sensor

Air Induction System မှာ ပါဝင်တဲ့
လေပိုက်တွေ ကောင်း/မကောင်း၊ ပေါက်
/မပေါက် စစ်ဆေးပါ။လေပိုက်တွေ မှား
နေလား?လွဲနေလား? မျက်မြင် စစ်ဆေး
ပါ။လိုအပ်ပါက Vacuum Tester နဲ့ စစ်
ဆေးပါက ပိုကောင်းပါတယ်။ပြီးတော့
Intake Manifold Seal တွေနဲ့ MAF/IAT
Sensor တွေမှာ ချေးတွေ ကပ်နေလား
စစ်ဆေးပါ။

(၄)Fuel Filter/ Injector

ဆီလိုင်းမှာရှိတဲ့ Fuel Filterနဲ့ Injector
တွေ ချေးပိတ်နေလား စစ်ဆေးပါ။Fuel
Filter အရမ်းပိတ်နေရင် တစ်ခါထဲ လဲပါ။
Injector တွေကိုတော့ စက်နဲ့ပြန်ဆေးရင်
ရနိုင်ပြီး ဆီကျ မမှန်တာ၊ ပျက်ဆီးနေတာ
တွေ့ရင်တော့ အသစ်လဲပါ။Injector Seal
တွေ မကောင်းရင် တစ်ခါထဲ လဲလှယ်ပါ။

(၅)အင်ဂျင်မောင်းတိန်း

အင်ဂျင်မောင်းတိန်း (Engine Mounting)တွေ
ကောင်း/မကောင်း စစ်ဆေးပါ။မောင်းတိန်း
ပျက်နေရင်လည်း အင်ဂျင်တုန်ပါတယ်။အထူး
သဖြင့် ဂီယာအပြောင်းအရွှေ့မှာ ပိုပြီးသိသာပါ
တယ်။မောင်းတိန်းမကောင်းတဲ့အခါ ချက်ချင်း
လဲသင့်ပါတယ်။မောင်းတိန်းတွေက မကောင်း
တဲ့တစ်ခုကို မှေးသုံးလိုက်​တဲ့အခါ ကျန်တဲ့
မောင်းတိန်းတွေပါ အပျက် မြန်လာတတ်ပါ
တယ်။

-အင်ဂျင်တုန်တာက ဆီလိုင်း၊မီးလိုင်း၊လေလိုင်း
တွေနဲ့ ဆက်စပ်နေတာကြောင့် Regular Main-
tenance အနေနဲ့ အင်ဂျင်ကျူးနင်းပြုလုပ်ပြီး
တော့လည်း လိုအပ်တာ စစ်ဆေးပြုပြင်နိုင်ပါ
တယ်ခင်ဗျာ။
♦️စိတ်ချယုံကြည်စွာ ပြုပြင်ချင်လျင် ကျွန်တော်တို့ Royal 93 Car Care Center ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရ‌စေ ခင်ဗျ♦️

-မိမိသိသလောက် အတွေ့အကြုံလေး မျှဝေ
ပေးခြင်းသာ ဖြစ်ပါတယ်။အားလုံးအဆင်ပြေ
ပါစေ။

Credit ⚙ YP Auto Service ⚙
⚙️Royal 93 Car Care Center⚙️
🏠နေပြည်တော်ကောင်စီရုံးရှေ့ပြန်ကပြေးအဝိုင်းအနီး၊ပျဉ်းမနား တောင်ညိုလမ်း၊နေပြည်တော်။
☎️09694054660
☎️09975724745

Ko Zaw ☎️Phone -Ever Active🟢🟢🟢
( 8:00 AM - 6:00 PM Open Daily )

♦️ဒီနေ့ကတော့ အစုံဆိုမှ တကယ့်အစုံနေ့ပါပဲခင်ဗျာ👍👍👍♦️စက်ပေါလစ်၊အတွင်းခန်းလျှော်၊အင်ဂျင်ဝိုင်‌ေအာ်တုိဝုိင်လဲ၊အောက်ပိုင်းပြုပ...
13/12/2022

♦️ဒီနေ့ကတော့ အစုံဆိုမှ တကယ့်အစုံနေ့ပါပဲခင်ဗျာ👍👍👍
♦️စက်ပေါလစ်၊အတွင်းခန်းလျှော်၊အင်ဂျင်ဝိုင်‌ေအာ်တုိဝုိင်လဲ၊အောက်ပိုင်းပြုပြင်၊အင်ဂျင်ပိုင်းပြုပြင်၊ကူရှင်စွပ်ချုပ်၊တိုက်ပစ်စီးလဲ၊ အလိုင်းမင့်ချိန်၊ရေဆေး❤️❤️❤️
♦️လာရောက်အားပေးကြပါသော မိတ်ဆွေများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားရေးတွေ ဒီရေအလားတိုးတက်ကြပါစေ🙏🙏🙏
♦️ပြီးပြည့်စုံသော ဝန်ဆောင်မှုများပေးဖို့ 𝐑𝐨𝐲𝐚𝐥 𝟗𝟑 𝐂𝐚𝐫 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫 မှ နွေးထွေးစွာကြိုဆိုလျက်ပါ🤝
♦️♦️♦️တစ်ခါဆက်ဆံ ရာသက်ပန်♦️♦️♦️
🏠နေပြည်တော်ကောင်စီရုံးရှေ့၊ ပြန်ကပြေးအဝိုင်းအနီး၊ ပျဉ်းမနား-တောင်ညိုလမ်း၊ နေပြည်တော်။
☎️09694054660
☎️09975724745
𝐊𝐨 𝐙𝐚𝐰 (𝐑𝐨𝐲𝐚𝐥 𝟗𝟑 𝐂𝐚𝐫 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫)

🚘🚘🚘ဗဟုသုတ အနေဖြင့် တင်ပေးခြင်းဖြစ်ပါသည်🚖🚖🚖                      ☎️09694054660                      ☎️09975724745
13/12/2022

🚘🚘🚘ဗဟုသုတ အနေဖြင့် တင်ပေးခြင်းဖြစ်ပါသည်🚖🚖🚖
☎️09694054660
☎️09975724745

Address

နေပြည်တော်ကောင်စီရုံးရှေ့၊ပြန်ကပြေးအဝိုင်းအနီး၊ ပျဉ်းမနား-တောင်ညိုလမ်း၊ နေပြည်တော်
Naypyidaw

Alerts

Be the first to know and let us send you an email when Royal 93 Car Care Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share