03/05/2023
🪷ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန် သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ အမွန်အမြတ်ထားရာ နေ့ထူးနေ့မြတ်များထဲမှ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ဖြစ်ပါသည်။🌕🪷
ကဆုန်ညောင်ရေသွန်းပွဲကို ဂိမာနဟုဆိုသော နွေဥတု၏နောက်ဆုံးလတွင် ကျင်းပကြပါသည်။🍂🍂
၂၀၂၃ ခုနှစ် မေလ (၃) ရက်နေ့တွင် ကျရောက်သော ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် အခါသမယတွင် RK Naypyitaw Car Showroom ၏ မိတ်ဟောင်းမိတ်သစ် Customer များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်းRK Naypyitaw Car Showroomမိသားစု မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။