03/11/2023
ဆိုင်ကယ်တစ်စီးရောက်လာတယ် စပေါ့ကဒ်လဲမယ် ကလပ်ပြားလဲမယ်တဲ့
ဘီးက အစ်ကိုရေ ခုမှ ဝယ်လာတာ ၄သိန်းခွဲလောက်ဗျ တန်လားတဲ့
စပေါ့ကတ်အဖုံးကမပါဘူး ဒီတော့တန်းမြင်နေရတယ် စပေါ့ကတ်အသေးဂဟေဆော် ကစ်တံဂဟေဆော်ထားတာ ကိုယ်မြင်တာလဲပြောလိုက်ရော ဟာ ဂျင်းမိသွားပြီဗျာတဲ့
ဂျင်းမိတာမဟုတ်ပါဘူးဗျာ အဲ့တာဂျင်းမိတဲ့အဆင့်မဟုတ်သေးပါဘူးကိုယ်ညံ့လို့ခံရတာပါ ဘာမှမသိဘူး မတတ်ဘူး ကိုယ်ကနားမလည်လို့ဆိုတဲ့ ဆင်ခြေတွေအောက်မှာ ဘာမှကိုမသိတော့တာ
အတော်များများကဇာတ်ကားတော့ တစ်နေကုန် ထိုင်ကြည့်ချင်ကြည့်မယ် အချိန်တွေကို ပေါပေါကြီးထိုင်ဖြုန်းချင်ဖြုန်းမယ် အသိပညာရမယ့်စာမျိုး ဗဟုသုတရမယ့်စာမျိုးအတွက်ဆိုရင် 5မိနစ်လောက်တောင် အချိန်မပေးချင်ကြဘူး
ပိုက်ဆံကိုလဲ ကိုသုံးချင်နေရင်ဘာမှမတွက်ဘူး ဘီယာဆိုလဲသောက်လိုက်သလို ဆေးလိပ်ဆိုလဲဝယ်သောက်ကြတဲ့သူတွေက
အကျိုးရှိမယ့်နေရာတွေမှာကြ စီးပွားရေးပညာရှင်တွေလိုပဲ အကျိုးအမြတ်ကိုရှယ်တွက်ပြီ ထောင်ဂဏန်းတောင်မရင်းချင်
ဂျင်းထည့်မယ့်သူတွေကို ခများရော ကျွန်တော်ရော မတားနိုင်ဘူး တစ်ယောက်တားနိုင်ရင်၂ယောက်ပေါ်ချင်ပေါ်လာမှာပဲ
ဒီတော့ ကိုယ်တိုင်ပဲ ဂျင်းထည့်မခံရအောင်
အသိပညာတွေကို Upgradeလုပ်ရမှာ အားနည်းချက်ကိုလာနင်းတဲ့သူတိုင်းကိုအပြစ်တင်နေမယ့်အစား ကိုယ်တိုင်အားနည်းချက်တွေကိုပြင်တာက ပိုထိရောက်ပါတယ်
ခုနဘီးလေးအကြောင်းပြန်ဆက်ပါဦးမယ် ဒါနဲ့ ပိုင်ရှင်လဲစိတ်ညစ်သွားရော ပြန်ရောင်းလိုက်ရမလားတဲ့ ကိုယ်က အကြံပေးတယ်
ကိုယ်မကောင်းမှန်းသိနေပြီပဲ ပြန်ရောင်းတာကပြဿနာကိုဖြေရှင်းတာမဟုတ်ဘူး လက်ဆင့်ကမ်းတာ ကိုယ့်အပူတွေကိုသူများကိုလွှဲပေးလိုက်တာပဲ ဒီတော့ပြင်ကွာ ပြီးမှရောင်းချင်ရောင်းဆိုပြီး ပြင်တာပေါ့
လိုတာတွေလုပ်တာနဲ့ဆိုတော့၁သိန်းကျော်လောက်ကျသွားတယ် အဲ့လိုနဲ့မေ့မေ့ပျောက်၂နေလိုက်တာ နောက်၇လလောက်ကြာတော့ပြန်တွေ့တော့မေးကြည့်မိတယ် အဲ့ဘီးလေးက လုပ်ကျွေးနေတာ ၂သိန်းလောက်ရနေပြီတဲ့ ခုထိလဲကောင်းတုန်း မရောင်းတော့ဘူးဗျာတဲ့
Userတွေမှာလည်း အခြေခံဗဟုသုတရှိသင့်တဲ့အပိုင်းတွေရှိတယ် ဘာမှ နားမလည်ဘူးဆိုတာဆင်ခြင်ပါပဲ နားလည်အောင်တော့လုပ်ရမှာပေါ့ အလကားလွယ်လွယ်တော့ဘယ်အရာမှ မရ နည်း၂လောက်မှ မပေးဆပ်ချင်ရင်တော့ ဘာမှရမှာမဟုတ်ဘူး
တစ်ခုပြောချင်တာက အခွင့်ရေးသေးသေးလေးတွေ ဗဟုသုတ တစ်ခုဆီကအစ တန်ဖိုးထားပြီး အရယူဖို့ပါပဲ
နောက်တစ်ခုက တန်းမညှိဖို့ပါပဲ
ဥပမာ-ဆိုင်ကယ် လောကမှာ ဆိုပါတော့
ကိုယ်ကစိတ်ဝင်စားတယ် တတ်ချင်တယ် ဘာမှတော့မသိသေးဘူး ဘီးကြီးတွေထိ ကျွမ်းနေတဲ့သူတွေကိုသွားကြည့်ပြီး ငါကဖြစ်နိုင်ပါတော့မလား တွေးရင် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး အဆင်ပြေမှ လုပ်မယ်ဆိုတဲ့အလုပ်တွေက မလုပ်ဖြစ်တာများတယ်
ကိုယ်ကစိတ်ဝင်စားရင် နောက်ဘီးဘယ်လိုချွတ်လဲ Carburator ဘယ်လိုဆေးလဲ ရတဲ့နေရာက အခြေခံကို ရသလောက်ယူပြီး ဒီလောကထဲဝင်ရမှာ ဒီကနေပြီး အရှိန်တစ်ခုရသွားလေ့မယ် အစရှိပြီးရင်လုပ်ဖြစ်သွားတာများတယ်
အဆင်ပြေမှလုပ်မယ် ဆိုရင် ဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်သလို ဖြစ်ပါ့မလားတွေးရင် မဖြစ်တော့တာများတယ် အရေးကြီးဆုံးက အခြေခံပါပဲ အခြေခံရှိပြီဆို တွေးတတ်ခေါ်တတ်သွားပြီ
ဒါကြောင့် အခြေခံတွေကိုဦးစားပေးပြီး လိုအပ်နေတဲ့ညီကိုတွေအတွက် ကြိုးစားပေးဖြစ်တာ အခြေခံတွေရပြီဆို ကျန်တာက သိပ်မခက်တော့ဘူး အစဆုံးခြေလှမ်းထက်လွယ်ကူသွားလေ့မယ်
နောက်ရည်ရွယ်ချက်တစ်ခုကတော့ ကျွန်တော် နောက်တစ်ဆင့်အတွက် ကြိုးစားပေးတဲ့အခါ အကုန်လုံးကို ပါလာစေချင်တာကြောင့်ပါပဲ
လိုအပ်နေတဲ့ ညီကိုတွေ ယုံကြည်ပေးကြတဲ့ ညီကိုတွေအတွက်တော့ အစွမ်းကုန် ကြိုးစားရဦးမှာပဲ