Big Bike Motorcycle Lover

Big Bike Motorcycle Lover မဂ်လာပါ

25/10/2025

🤜👍🤛

20/05/2025

Hello .

29/07/2024

😁ဂေါ် တယ် 😁

19/03/2024
အိမ်မက်တွေက ကောင်း‌ကင်နဲ့ နီးတယ်
17/03/2024

အိမ်မက်တွေက ကောင်း‌ကင်နဲ့ နီးတယ်

😍
10/02/2024

😍

ဖြေး ဖြေး မောင်း ပါ ဟ 🤭🤣
17/04/2023

ဖြေး ဖြေး မောင်း ပါ ဟ 🤭🤣

🏍️🏍️🏍️   အား လုံး မိုက်👍🤪🤩
10/04/2023

🏍️🏍️🏍️ အား လုံး မိုက်👍🤪🤩

အသက် ၁၈ နှစ်မှာ ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်ခဲ့တဲ့ မြန်မာ့အမျိုးသမီး မတင်တင်စိန်ဟာ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူး ခုံနံပါတ် ၁ (သရ...
09/04/2023

အသက် ၁၈ နှစ်မှာ ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်ခဲ့တဲ့ မြန်မာ့အမျိုးသမီး မတင်တင်စိန်ဟာ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူး ခုံနံပါတ် ၁ (သရက်မြို့နယ်)နဲ့ အောင်မြင်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ သရက်မြို့ရဲ့ မယ်လည်း ဖြစ်ခဲ့သူပါ။

လွန်ခဲ့တဲ့ ၆၃ နှစ် ၁၉၅၅ ခုနှစ်ကာလမှာ အသက် ၁၈ နှစ်အရွယ် မြန်မာအမျိုးသမီးလေးဟာ သူ့အမျိုးသားနဲ့အတူ ဆိုင်ကယ်တစ်စီးနဲ့ ကမ္ဘာ့ပတ်ခဲ့တယ်ဆိုရင် ဒီနေ့ခေတ်လူငယ်တွေ ပါးစပ်အဟောင်းသားဖြစ်တဲ့အထိ အံ့သြသွား ကြမှာပါ။မြန်မာ့ပထမဆုံး မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ခဲ့တဲ့ အဘွားတင်တင်စိန်နဲ့ အဘိုးဦးဘတုတ်တို့ နှစ်ဦးဟာ မြန်မာနိုင်ငံကနေ အင်္ဂ္လန်နိုင်ငံအထိ အရှေ့အလယ်ပိုင်းနိုင်ငံတွေကိုဖြတ်ကာ အချိန်တစ်နှစ်ကျော်ကြာ မိုင်ပေါင်း ၅၀ဝဝဝ ကျော် သွားခဲ့ကြတာပါ။ အဲဒီခရီးစဉ်မှာ ဥရောပနိုင်ငံတွေ အကုန်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၃၅ ကိုလည်း ဖြတ်ကျော်လည်ပတ်ခဲ့ကြပါသေးတယ်။

သူတို့ရဲ့ ကမ္ဘာပတ်သတင်းဟာ မြန်မာနိုင်ငံရဲ့Nation သတင်းစာအပါအဝင် သူတို့ဖြတ်သန်းခဲ့တဲ့ နိုင်ငံတော်တော်များများက သတင်းစာတွေမှာ ဖော်ပြခံခဲ့ရပြီး ခရီးစဉ်တစ်လျှောက် နိုင်ငံတွေရဲ့ အကြီးအကဲတွေဖြစ်တဲ့ သမ္မတ၊ ဝန်ကြီး၊ ဝန်ကြီးချုပ်၊ ဘုရင်စတာတွေကလည်း သူတို့ကို လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

၁၉၅၅ ခုနှစ်ကနေ ၁၉၅၆ ခုနှစ်အထိ တစ်နှစ်ကျော်ကြာ ကမ္ဘာပတ်ခဲ့တဲ့ အကြောင်းတွေကို ခုနှစ် နာမည် ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတိအကျ ပြောပြသူကတော့ အသက် ၈၃ နှစ်အရွယ် အဘွား ဒေါ်တင်တင်စိန်ပါ။ ခဲရောင်ချိတ်လုံချည်၊ ခဲရောင်အင်္က࿿ျီကို ဖက်ရှင်ကျကျ တွဲဖက်ဝတ်ဆင်ပြီး ထိုင်ခုံမှာထိုင်ကာ အေးအေးဆေးဆေး ပြန်ပြောပြနေတဲ့ အဘွားရဲ့မျက်လုံးတွေဟာ ခုချိန်ထိ တောက်ပစူးရှနေဆဲပါ။

အဘွားရဲ့ မျက်လုံးတွေကတစ်ဆင့် ဖတ်ရှုခံစားနိုင်တာကတော့ အဘွားဟာ တစ်ချိန်က ထက်မြက်တကြွ်ကတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့တာ သေချာတယ်ဆိုတာပါပဲ။"အဘွားကို အားလုံးက ဝိုင်းတားကြတယ်။ ဘာလို့သွားမှာလဲ မိန်းမတန်မဲ့နဲ့ အိမ်မှာနေတာ မဟုတ်ဘူးပေါ့။ အဲဒီခေတ်က ပိုဆိုးတယ်" ဆိုပြီး အဘွားတင်တင်စိန်က စပြောပါတယ်။ အားလုံး ဝိုင်းတားတဲ့ကြားက ထက်မြက်တဲ့ အဘွားဟာ သူ့အမျိုးသားနဲ့အတူ သူ့တို့ဇနီးမောင်နှံ ဆုံးဖြတ်ထားတဲ့အတိုင်း ရအောင်သွားခဲ့တဲ့ ဒီကမ္ဘာပတ်ခရီးဟာ မြန်မာနိုင်ငံအတွက်တော့ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ခဲ့တာအမှန်ပါ။

ထောင်ပိုင်ကြီး မစ္စတာ စကင်နာ(Mr. Skinner) နဲ့ ဒေါ်လှမေတို့ကနေ ၁၉၃၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အဘွားတင်တင်စိန်ဟာ ငယ်ငယ်ကတည်းက အားကစားရော ပညာရေးဘက်မှာပါ ထူးချွန်သူပါ။ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူး ခုံနံပါတ် ၁ (သရက်မြို့နယ်)နဲ့ အောင်မြင်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ သရက်မြို့ရဲ့ မယ်လည်း ဖြစ်ခဲ့သူပါ။ ပညာရေးမှာလည်း တော်သလို ရုပ်ရည်ချောမောပြီး မယ်ဘွဲ့ကို ပိုင်ဆိုင်ခဲ့တဲ့အဘွားဟာ မယ်ဘွဲ့ရတဲ့ ၁၉၅၃ ခုနှစ်မှာပဲ အပျော်တမ်းဓာတ်ပုံရိုက်ဝါသနာပါတဲ့ သစ်တောအရေးပိုင် ဦးဘတုတ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက် ရန်ကုန်ကိုပြောင်းနေရင်း ထီးတန်းကောလိပ်မှာ အီကိုမေဂျာနဲ့ ကျောင်းတက်ခဲ့ရင်း သမီးအကြီးဆုံး မွေးပါတယ်။ သမီးငယ်ကိုမွေးဖွားပြီး ခြောက်လအကြာ ၁၉၅၅ ခုနှစ်မှာ သူတို့ ဇနီးမောင်နှံရဲ့ ကမ္ဘာလှည့်ခရီးကို စတင်ခဲ့တာဖြစ်ပါတယ်။

ကန္တာရထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ ကမ်းမမြင်လမ်းမမြင် သွားရင်း လူမျိုးစုတစ်စုနဲ့ တွေ့ဆုံကာ အဖမ်းခံခဲ့ရပြီး အသတ်ခံရမလိုအထိ ဖြစ်ခဲ့ပေမဲ့"အဘွားတို့ နှစ်ယောက်စလုံးက သွားချင်လာချင် စူးစမ်းချင်တဲ့ စိတ်ဓာတ်လေးတွေ ရှိတယ်။ ဗမာတစ်ပြည်လုံး ဓာတ်ပုံရိုက်မယ် တွေးရင်းက တစ်ကမ္ဘာလုံး ပတ်ကြမယ်ဆိုတဲ့အတွေးရပြီး ခရီးစဉ် စခဲ့ကြတာ။ အဘွားတို့မှာ ပိုက်ဆံလည်း မရှိဘူး။ ကမ္ဘာကို ခြေလျင်ပတ်လို့တော့ မဖြစ် နိုင်ဘူး၊ ဘာနဲ့ပတ်ကြမလဲဆိုတော့ ဆိုင်ကယ်နဲ့ပတ်မယ်ဆို တွေးမိပြီး မုန့်ဟင်းခါးတစ်ပွဲ ၁၀ ပြားခေတ်မှာ ဒုတိယကမ္ဘာစစ်ကအကျန် နံပါတ်က က-၄၅၈၁ မော်တော်ဆိုင်ကယ်အစုတ်ကြီးကို ဗမာငွေ ၅၀ဝ ပေးဝယ်တယ်။ ပြီးတော့ ပြန်ပြင်ပြီး ခရီးစဉ်ဆွဲခဲ့ကြတယ်" လို့ သူတို့ခရီးစဉ်အစကို စိတ်လှုပ်ရှားစွာ ပြောပြပါတယ်။

ကမ္ဘာပတ်ချင်တဲ့အတွေးဆိုတာ လူတော်တော်များများမှာ ရှိတတ်ကြပေမဲ့ အတွေးအတိုင်း လက်တွေ့ အကောင်အထည်ဖော်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ အထူးသဖြင့် အမျိုးသမီးဆိုရင် ဘယ်လိုနေထိုင် ပြောဆိုသင့်တယ်ဆိုတဲ့ ထုံးတမ်းစဉ်လာတွေအောက်က ရုန်းထွက်ဖို့ ခက်ခဲနေသေးတဲ့ ခုနှစ်ပိုင်းခြားကာလတွေဆီမှာပေါ့။ အဘွားတင်တင်စိန်နဲ့ အဘိုးဦးဘတုတ်တို့ကတော့ သူတို့ရဲ့အတွေးကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ခဲ့ကြသူတွေပါ။

သူတို့နှစ်ဦးရဲ့ခရီးစဉ်ကို ၁၉၅၅ ခုနှစ်၊ ဇူလိုင်လမှာ မြန်မာပြည်မြောက်ဘက် လီဒိုလမ်းကသွားဖို့ လုပ်ခဲ့ပေမဲ့ ရေကြီးပြီး လမ်းတွေပျက်နေကာ သူပုန်တွေ လည်း ရှိနေတဲ့အတွက် ဖျက်လိုက်ရပါတယ်။ ကြားထဲမှာ အဘိုးဦးဘတုတ် လည်း ကျန်းမာရေးမကောင်းတာကြောင့် စက်တင်ဘာ ၂၉ ရက်မှ လက်တွေ့ စနိုင်ခဲ့ကြပါတယ်။ ခရီးစဉ်မစခင် အဘွားက Nation သတင်းစာတိုက်ကို သွားကာ သူတို့သတင်းကို ပြောခဲ့တာမို့ Nation သတင်းစာမှာ သူတို့နှစ်ဦး ကမ္ဘာပတ်မယ့်သတင်း ဖော်ပြခံခဲ့ရပါတယ်။ သင်္ဘ࿿ောလက်မှတ်တွေ ဝယ်ပြီး သားဖြစ်နေတဲ့အတွက် အဘိုးဦးဘတုတ် နေပြန်ကောင်းပြီး သုံးရက်အကြာမှာပဲ ဟူဂလီမြစ်ကို သင်္ဘ࿿ောနဲ့ သုံးရက်ကြာဖြတ်ကာ ကာလကတ္တားမြို့ကနေ ခရီးစဉ်ကို စခဲ့ကြတာပါ။

စစချင်းမှာပဲ "ကာလကတ္တားရောက်တော့ တင်သွင်းခွင့်ပါမစ် မပါလို့ ဆိုင်ကယ်သိမ်းလိုက်ပြီ ပြောတယ်။ မြန်မာပြည်ကနေ မော်တော်ဆိုင်ကယ်ကြီးကို ထုတ်တော့လည်း မြန်မာပြည်ပြန်ယူခဲ့ပါမယ်ဆိုတဲ့ အာမခံလက်မှတ် ထိုးရတယ်။West Benglal မှာ အိန္ဒိယက မော်တော်ဆိုင်ကယ်အနေနဲ့ ပြန်မှတ်ပုံတင်ပြီးWBM/ 4098 BI (British India) နဲ့မှ ကမ္ဘာပတ်ခွင့်ရတာ။ မော်တော်ဆိုင်ကယ်အတွက် အဝင်အထွက် ပတ်စ်ပို့သဘောမျိုး Carnay de Passages ဆိုတဲ့ မှတ်ပုံတင်စာအုပ်လုပ် အိန္ဒိယဆိုင်ကယ်အနေနဲ့ မှတ်ပုံတင်ပြီးမှ ကမ္ဘာပတ်ရတာ။ ကာလကတ္တားမှာ နှစ်လကြာခဲ့တယ်" လို့ စစချင်းတွေ့တဲ့ သူတို့ရဲ့ အခက်အခဲကို ပြောပါတယ်။

အဲဒီကနေ ပထမဆုံး ဗုဒ္ဓဂယာသွားပြီးGrand Trunck road ဆိုတဲ့ အာရှရဲ့ ရှေးအကျဆုံးနဲ့ အရှည်ဆုံးလမ်းမကြီးကနေ နယူးဒေလီကို သွားခဲ့ကြတာပါ။ နယူးဒေလီသတင်းစာမှာ ကမ္ဘာလှည့်ဇနီးမောင်နှံဆိုပြီး ပါလာတဲ့နောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဂျဝါဟာလာနေရူးက လက်ခံတွေ့ဆုံကာLok Shabaလွှတ်တော်ထဲခေါ်သွားလို့ ကိုယ်တိုင်လွှတ်တော် တက်ခဲ့ရဖူး တယ်လို့လည်း အဘွားက ပြောပါသေးတယ်။

ဘာသာရေးတရားတွေလည်း ဟောပြောလေ့လာတဲ့ အဘွားတင်တင်စိန်ဟာ ဒီခရီးစဉ်မှာ ဘာသာကြီးလေးခုရဲ့ အဓိကကျတဲ့ အခြေခံနေရာတွေကိုလည်း ရောက်အောင်သွားခဲ့ပါသေးတယ်။ အဲဒီအချိန်က ကမ္ဘာ့ဒုတိယလူဦးရေ အများဆုံးဖြစ်ပြီး လူမျိုးစုပေါင်း ၃၈၅ မျိုးနဲ့ ဘာသာပေါင်းများစွာရှိတဲ့ အိန္ဒိယမှာ ဟိန္ဒူဘာသာရဲ့အစ ဟတ်နဝါရိုကီဘာသာကို လေ့လာဖို့ ဟိမဝန္တာတောင်တန်းဆီလည်း အရောက်သွားခဲ့သူပါ။ အဲဒီမှာ အောက်က ချတောင်ပို့ဖြစ်နေပြီး အပေါ်ပိုင်းလေးသာ မြင်ရတော့တဲ့ ခန္ဓာကိုယ်မှာ ခံစားမှုမရှိတော့တဲ့ စိတ်လွန်ပညာကျင့်စဉ် ကျင့်နေတဲ့ ဆာဒူးကြီးတွေလည်း တွေ့ခဲ့တယ်လို့ အဘွားက ပြန်ပြောင်းပြောပြပါတယ်။

"အိန္ဒိယခရီးစဉ်မှာ ဂျဝါဟာလာနေရူး၊ နောက်ဖြစ်မယ့် ဝန်ကြီးချုပ် အင်ဒီရာဂန္ဓီအပြင် သူ့သားနှစ်ယောက်ဖြစ်တဲ့ ဆန်ဂျေးဂန္ဓီနဲ့ ရာဂျေးဂန္ဓီတို့နဲ့ပါ ခင်ခဲ့သေးတယ်။Indian Express Newspaper ပိုင်ရှင်Feros Kham နဲ့လည်း ရင်းနှီးသွားတယ်။ သူက အဘွားတို့ကို သတင်းစာတိုက်က အမှောင်ခန်းကို ပေးသုံးတယ်။ ညဘက်မှာ ဓာတ်ပုံကူး။ နေ့ခင်းဘက်ဆို ဦးဘတုတ်က ဓာတ်ပုံရိုက်ပြီး အဘွားက ဓာတ်ပုံလိုက်ရောင်းရတယ်။ အဲဒီအချိန်က အဘွားအသက်က ၁၈ နှစ်ဆိုတော့ ရည်းစားစကား အပြောခံရတာတွေလည်း ရှိတယ်။ ပိုက်ဆံလည်း သိပ်မပါတော့ ရောက်တဲ့နေရာမှာ အချိန်ပိုင်းအလုပ်တွေ ဝင်လုပ်ရတာ တွေလည်း ရှိတယ်" လို့ ပြုံးရင်းပြောတယ်။ သူ့အပြုံးတွေနဲ့အတူ သူ့စိတ်တွေ ကလည်းတက်ကြွပျော်ရွှင်စွာ ကမ္ဘာပတ်ခဲ့တဲ့ ၁၈ နှစ်အရွယ် အမျိုးသမီးလေးဆီ ပြန်ရောက်နေပုံပါပဲ။

နယူးဒေလီမှာ ဂျဝါဟာလာနေရူးက ထောက်ခံပေးတဲ့အတွက် အိန္ဒိယ နိုင်ငံတော်သမ္မတက အိန္ဒိယလွတ်လပ်ရေးနေ့မှာ "The First Travellers from Asia" ဆိုပြီး ဂုဏ်ထူးဘွဲ့ထူးတွေ ပေးခဲ့တယ်လို့ဆိုပါတယ်။ အိန္ဒိယမှာ နာမည်ကြီးသွားတဲ့အတွက် ဦးနုနဲ့ ဒေါ်မြရီက အိန္ဒိယအထိ လိုက်လာပြီး ဂုဏ်ပြုပေးရင်း အော်တိုစာအုပ်ထဲမှာ ဦးနုက အောင်ပါစေ မောင်နုဆိုပြီး လက်မှတ်ထိုးပေးခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်တဲ့။

နယူးဒေလီကနေ ဆင်မလား၊ မစ်ဇိုရီ၊ ဒေဒါဒွန်းကနေ ဟိမဝန္တာအထိသွားပြီး ဂင်္ဂ࿿ါမြစ် မြစ်ဖျားခံရာဒေသ၊ အဲဒီကနေ ဟိမဝန္တာတောင်တန်းတွေဆီ နောက် အိန္ဒိယ၊ ပါကစ္စတန်၊ ခိုင်ဘာပတ်စ်နဲ့ အာဖဂန်နစ္စတန်ကိုပါ ဖြတ်သွားခဲ့ကြတာ ပါ။ အဲဒီကနေ ဆီးနှင်းတွေ တအားလွှမ်းလို့ ပြန်ပတ်လာပြီး ပါကစ္စတန်နိုင်ငံ၊ ကျူးတားမြို့ကနေ ပြန်ခဲ့ရတယ်လို့သိရပါတယ်။ ကျူးတာကနေ ကရာချိ၊ အီရန်နဲ့ အဲဒီကနေ အာရေဗီယန်ပင်လယ်ကို SS Drakara သင်္ဘာနဲ့ ဖြတ်ခဲ့ကြပါတယ်။

အဲဒီနောက် အိုမန်နိုင်ငံ မတ်စကက်၊ ဒူဘိုင်း၊ ကူဝိတ်၊ အီရတ်ကိုကျော်ပြီး ဘဂ္ဂဒက်ကို ရောက်သွားတဲ့အခါ ဘုရင်King Faisal II က အတွေ့ခံခဲ့ပြီး အာရပ်နိုင်ငံတွေအကုန်လုံးကို ဗီဇာအခမဲ့ ဝင်ခွင့်ပေးခဲ့တယ်။ အဲဒီကနေ ဆော်ဒီအာရေဗျနိုင်ငံကိုရောက်ပြီး ဘုရင်Saud နဲ့လည်း တွေ့ဆုံခဲ့ပါသေး တယ်။

နာမည်ကျော် ဟာ့ဂ်ျမွတ်စလင်ဘုရားရှိခိုးကျောင်းရှိတဲ့ နေရာနားထိ ရောက်ခဲ့ပြီး မွတ်စလင်မဟုတ်ရင် ပေးမသွားတာကြောင့် ပေးသွားတဲ့မြို့တွေ ဖြစ်တဲ့ မက္ကာ၊ မက်ဒီနာနဲ့ ဂျက်ဒါမြို့အထိ ရောက်ခဲ့တယ်လို့ဆိုပါတယ်။"ဆော်ဒီအာရေဗျရနိုင်ငံတွေကို နှံ့အောင်သွားခဲ့ပြီး အဲဒီတစ်လျှောက်မှာ ဘုရင်တွေနဲ့လည်း တွေ့ဆုံခဲ့ရသလို တအားကြမ်းပြီး ဥပဒေမဲ့နေတတ်တဲ့ လူတန်းစားတွေလည်း တွေ့ရတယ်" လို့လည်း အဘွားက ပြောပါတယ်။ဆော်ဒီနိုင်ငံကနေ ဂါဇာ၊ အီဂျစ်ကို အရောက်သွားခဲ့ကာ ပိရမစ်တွေ မြင်ခဲ့ရသလို ရှေးဟောင်းမြို့တွေလည်း ရောက်ခဲ့ပါတယ်။

နောက်ထပ် ဆီးရီးယား၊ ဂျော်ဒန်ကို ဖြတ်ကျော်ကာ ဂျော်ဒန်ဘုရင် ဟူစိန်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ဂျော်ဒန်ကနေ ဒါမတ်စကတ်ကိုဖြတ်ကာ ဖလောရင့်စ်တောင်တန်းတွေဆီ ရောက်ပြီး ဝက်ဝံကြီးတွေနဲ့လည်း တွေ့ခဲ့ရတာမို့ ဆိုင်ကယ်ကြီးကို စက်ခဏရပစက်ခဏရပ်ကာ ဝက်ဝံတွေအနားက ထွက်သွားတဲ့အထိ အသက်တောင် မရှူရဲဘဲငြိမ်စောင့်နေခဲ့ရတယ်လို့ ဆိုပါတယ်။ တော်ရုံလူ မတွေ့ကြုံဖူးတဲ့ တောတောင်တွေကို ဆိုင်ကယ်တစ်စင်းနဲ့ ရဲရဲဝံ့ဝံ့ဖြတ်ရင်း တောကောင်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အထိပါပဲ။

သူတို့သွားနေတဲ့ ခရီးတစ်လျှောက်မှာ ပိုက်ဆံလိုတဲ့ အခါ အချိန်ပိုင်းအလုပ်တွေ လုပ်ခဲ့ဖူးသလို ကမ္ဘာပတ်တဲ့ အတွေ့အကြုံတွေကို တခြားနိုင်ငံတွေက သတင်းစာတွေမှာ ဆောင်းပါးတွေ ရေးတာတစ်မျိုး ရေဒီယိုကနေ အသံလွှင့် စကားပြောပေးတာတွေတစ်သွယ် လုပ်ရင်း ပိုက်ဆံရှာကာ သူတို့ရဲ့ရည်ရွယ်ချက်ကို စိတ်တူကိုယ်တူ အကောင်အထည်ဖော်ခဲ့ကြတာပါ။တူရကီကနေ ဂရိ၊ အယ်လ်ဘေးနီးယား၊ ယူဂိုဆလားဗီးယားရောက်တော့ ဆိုင်ကယ်ပျက်သွားတာကြောင့် ဦးဘတုတ်က ဆိုင်ကယ်ပြင်ဖို့သွားပြီး အဘွားဒေါ်တင်တင်စိန်ကတော့ ရထားနဲ့ ရှေ့ဆက်သွားခဲ့ကြပါတယ်။

သွားရင်း လမ်းမသိလို့ မေးရင်းသွားရင်းနဲ့ ဒေသခံတွေနဲ့ အဘွားကြားမှာ ဘာသာစကားမပေါက်တော့ဘဲ ရဲစခန်းရောက်ပြီး အချုပ်ခန်းထဲ ထည့်လိုက်တယ်။ နောက်တော့မှ စခန်းမ·းရောက်လာပြီး အင်္ဂ္လိပ်ဘာသာစကားနဲ့ သံရုံးကို ခေါ်ခိုင်းကာ သံရုံးအကူအညီ ယူခဲ့ရပါတယ်။

သူ့တို့ခရီးတစ်လျှောက်မှာ နေ့ဘက်မှာ အရည်ပျော်မလိုပူပြီး ညဘက်ဆို အရိုးကွဲမတတ်အေးတဲ့ သဲကန္တာရလည်း ရောက်ခဲ့သလို ကန္တာရထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ ကမ်းမမြင် လမ်းမမြင်သွားရင်း လူမျိုးစုတစ်စုနဲ့ တွေ့ဆုံကာ အဖမ်းခံခဲ့ရပြီး အသတ်ခံရမလိုအထိ ဖြစ်ခဲ့ပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် အင်္ဂ္လိပ်လို ပြောနိုင်တဲ့သူတစ်ဦး ရောက်လာလို့ အသက်ဘေးက လွတ်ခဲ့တယ်ဆိုတဲ့ သူတို့ရဲ့ သွေးပျက်ဖွယ် အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။

ကန္တာရကိုဖြတ်ကာ ဥရောပတစ်ခွင် ဂျာမနီ၊ ပြင်သစ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ်၊ နယ်သာလန် တစ်နိုင်ငံမှမကျန်အောင် အနှံ့ရောက်အောင် သွားခဲ့တဲ့အပြင် ဖင်လန်မြောက်ပိုင်း အက်စကီးမိုးတွေနေတဲ့ နေရာအထိရောက်အောင် သွားခဲ့တယ်လို့ ဒေါ်တင်တင်စိန်က ရှင်းပြပါတယ်။

အဲဒီနေရာက ၂၃ ၁။၂ ဒီဂရီ ကမ္ဘာကြီးစောင်းနေတဲ့ နေရာ ဖြစ်တာမို့ ၂၄ နာရီတစ်လျှောက်လုံး သုံးလလင်းပြီး နောက်ထပ် ၂၄ နာရီစလုံး သုံးလမှောင်နေတယ်လို့ ဆိုပါတယ်။ပြင်သစ်ကနေ ဒိုဗာဆိပ်ကမ်းကို သင်္ဘ࿿ောနဲ့ကူးကာ အင်္ဂ္လန်ရောက်တော့ မြန်မာနိုင်ငံဆိုင်ရာ အင်္ဂ္လန်သံအမတ်ကြီးက နင်တို့ ငြိမ်ငြိမ်ကိုမနေဘူး ငါတို့ကို ဒုက္ခပေးတာပဲဆိုကာ ရန်တွေတွေ့တာလည်း ခံခဲ့ကြရတယ်လို့ ရယ်ရယ်မောမော ပြောပါတယ်။

သူတို့ ဖြတ်ခဲ့တဲ့ နိုင်ငံတော်တော်များများက သတင်းစာတွေနဲ့ အင်္ဂ္လန်က သတင်းစာတွေမှာပါ ကမ္ဘာပတ်ခဲ့တဲ့ သူတို့သတင်းတွေက ဟိုးလေးတကျော် ပါခဲ့တဲ့အပြင် ဘီဘီစီသတင်းဌာနကလည်း အင်တာဗျူးလုပ်ခဲ့ပါတယ်။ ဒီအင်တာ ဗျူးမှာ အဲဒီအချိန်က ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အင်ဂရစ် ဘာ့ဂ်မန်း၊ အဆိုတော် တက်စ်ရီတာတို့နဲ့အတူ တစ်နာရီ ကြာအောင် သူတို့အတွေ့အကြုံတွေကို ပြောပြခဲ့တာပါ။အင်္ဂ္လန်မှာ မြန်မာနိုင်ငံက နောက်ဆုံးဘုရင်ခံ ဆာဟူး ဘတ်ရန့်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါသေးတယ်။

အင်္ဂ္လန်နိုင်ငံကနေမှ မြန်မာနိုင်ငံကို ပင်လယ်ကူးသင်္ဘ࿿ောတစ်တန် ရထားတစ်တန်နဲ့ ဆိုင်ကယ်ကြီးကိုသယ်ရင်း အတွေ့အကြုံများစွာကို ပွေ့ဖက်ရင်း ဒုတိယမြောက်သမီးလေး ကိုယ်ဝန်လွယ်ထားတဲ့ အဘွားတင်တင်စိန်နဲ့ အဘိုးဦးဘတုတ်တို့ တစ်နှစ်အကြာ ၁၉၅၆ ခုနှစ်မှာ ဗမာပြည်ကို ပြန်ရောက်လာခဲ့ကြပါတယ်။အဘွားတင်တင်စိန်ဟာ အသက် ၄၀ အရွယ် သူ့ခင်ပွန်း ဦးဘတုတ်နဲ့အတူ တက်ညီလက်ညီ ခရီးသွားဖော် တစ်ယောက်အနေနဲ့ရော ဇနီးတစ်ယောက်အနေနဲ့ပါ အလုပ်တွေအတူတူလုပ်ရင်း ကြုံတွေ့လာတဲ့ အခက်အခဲကိစ္စ တိုင်းကိုလည်း ဒိုးတူပေါင်ဖက် ဖြေရှင်းကျော်လွှားရင်း ခရီးစဉ်တစ်လျှောက်လုံး လိုက်ပါခဲ့သူတစ်ဦးပါ။အဘွားတင်တင်စိန်က "တကယ်စွန့်စားမယ်ဆို ပျော်စရာကြီးပါ။ အတွေ့အကြုံမျိုးစုံနဲ့ ဒုက္ခတွေလည်း ရောက်ခဲ့တာ တွေ့ခဲ့ရတယ်။ လမ်းဘေးက ဆင်းရဲသားကအစ ဝန်ကြီးချုပ် သမ္မတ ဘုရင်တို့နဲ့လည်း ဆုံရတယ်" ဆိုပြီး သူ့ရဲ့ အသက်နဲ့ပါရင်းခဲ့ရတဲ့ ကမ္ဘာပတ်အတွေ့အကြုံအကြောင်း ခုနှစ်၊ ရက်၊ လမကျန် မှတ်မိကာ ပြန်ပြောပြခဲ့ပါတယ်။

ခုထိလည်း အဘွားလန်းဆန်းနေဆဲဖြစ်သလို အမြဲတမ်းပြုံးနေတတ်တဲ့ အဘွားကိုကြည့်ရတာလည်း ဖျတ်လတ်တကြွ်ကနေဆဲပါ။မြန်မာနိုင်ငံကို ပြန်လာပြီးနောက်ပိုင်းမှာတော့ အဘွားတင်တင်စိန်ဟာ နိုင်ငံတကာလှည့်ပြီးလည်း ဗုဒ္ဓဘာသာ တရားဟောတာတွေ လုပ်ခဲ့သလို တရားပြဆရာမအဖြစ် ဖြတ်သန်းခဲ့ပါတယ်။ ကမ္ဘာပတ်ရင်း ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံပေါင်းစုံအကြောင်း စာအုပ်တွေ ရေးသားခဲ့ပါသေးတယ်။ သူကြုံခဲ့ရတဲ့ ဘာသာစကား အခက်အခဲတွေကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က စတင်ကာ လူငယ်တွေကို ဘာသာစကားကိုးမျိုး ပညာဒါနသင်ပေးတဲ့ မနောရာမပညာဒါန စာသင်ကျောင်းတစ်ကျောင်းကို စမ်းချောင်းမြို့နယ်မှာ ဖွင့်ပေးခဲ့ပါသေးတယ်။ အခု လက်ရှိမှာတော့ စာအုပ်ပေါင်း ၁၇ အုပ် ရေးသားထုတ်ဝေခဲ့တဲ့ အဘွားတင်တင်စိန်ဟာ အသက် ၈၃ နှစ်ရှိနေပြီဖြစ်ပြီး မြတ်ပုဂံဟိုတယ်ရဲ့ ပဲ့ကိုင်ရှင်အနေနဲ့သာ အေးချမ်းစွာ သူ့ဘဝကို ဖြတ်သန်းလို့နေပါတော့တယ်။

Via # wai phyo

Credit :
Unknown
Credit :
Photo

🏍️🌝
30/08/2022

🏍️🌝

24/06/2022

နှ မျော် စ ရာ ကြီး 😢😢😢

Address

Shwe Myawaddy 4
Myawadi
16.680386,98.473659

Website

Alerts

Be the first to know and let us send you an email when Big Bike Motorcycle Lover posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Big Bike Motorcycle Lover:

Share