ရွှေဥသြ

ရွှေဥသြ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေဥသြ, Monywa.

23/06/2022

ထောပတ်ပြုလုပ်နည်းကိုတော့ရှေးနည်းအတိုင်းအိမ်တွေမှာမလိုင်များစုထားပြီးလုပ်လေ့ရှိပါတယ်။မလိုင်များစုပြီး...

15/06/2022

🏠🏠🏠

03/04/2022

News & Media

21/09/2021

Unicode လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ဝါးဖြင့် ပြုလုပ်ထားသောခြင်း​​အကျယ် ၁‘ ၊ အမြင့် ၂’ ကောက်ရိုး​​​​၁ အိတ်(တစ်...

21/09/2021
01/09/2021
သင်ကိုယ်တိုင်အောက်ဆီဂျင်ဗူးတပ်ဆင်ရန်လိုခဲ့သော်====================================(1)ငါလုပ်နိုင်တယ်ဟူသောစိတ်ကိုယ်မွေးပြီ...
06/07/2021

သင်ကိုယ်တိုင်အောက်ဆီဂျင်ဗူးတပ်ဆင်ရန်လိုခဲ့သော်
====================================

(1)ငါလုပ်နိုင်တယ်ဟူသောစိတ်ကိုယ်မွေးပြီးစိတ်တည်ငြိမ်အောင်ထားပါ။သင်လုပ်ဆောင်နိုင်သည်ဟု
ကျွနုပ်တို့ယုံကြည်ပါသည်(စလိုက်ကြရအောင်)

(2)အောက်ဆီဂျင်မီတာဗူးကိုဖွင့်ဖောက်ပါ။အထဲတွင်အောက်ပါပစ္စည်းသုံးခုပါဝင်ပါမည်။(မီတာပါအပိုင်း+ရေထည့်ဗူး+လေရှုပိုက်)

(3)ရေထည့်ဗူးကို မီတာပါအပိုင်းနှင့်တပ်ဆင်ရာတွင် မီတာဒိုင်ခွက်ပါသည့်အပိုင်းရှိရာဘက်သို့ရစ်၍အရစ်ဆုံး သည်အထိသေချာကြပ်ရမည်။

(4)အောက်ဆီဂျင် ဗူး၏ ပိုက်ခေါင်းတွင် မီတာအား ဂွရှင်ကိုအသုံးပြု၍ အောက်ဘက်သို့ရစ်၍ အရစ်ဆုံးထိသေချာတပ်ဆင်ပါ။

(5)ရေထည့်ဗူးအား မီတာဒိုင်ခွက်၏ဝေးရာဘက်သို့
အရစ်လှည့်ဖွင့်ပြီးရေသန့် တစ်ဝက်ခန့်ဖြည့်ပြီးပြန်လည်တပ်ဆင်ပါ။

(6)အောက်ဆီဂျင်ဗူးတွင်ပါသော အဖွင့်အပိတ်ဘားအား မီတာဒိုင်ခွက်ရှိရာဘက်သို့ သုံးပတ်ခန့်လှည့်ဖွင့်ပါ။(ဒိုင်ခွက်ရှိမျှားတံသည် အောက်ဆီဂျင်လက်ကျန်အားပြသပြီဆိုပါက မီတာရှိ(Shut & Open)စာတန်းပါ အရှိန်နှုန်းထိန်းသည့်ခလုတ်အဝိုင်းအား မီတာဒိုင်ခွက်၏ဝေးရာဘက်သို့ဖြေးညှင်းစွာလှည့်ဖွင့်၍ဆရာဝန်ညွှန်ကြားထားသည့် မိမိလိုအပ်သောပမာဏကိုချိန်ညှိပါ။

(7)မီတာဒိုင်ခွက်ဘေးရှိအရှိန်နှုန်းပြဖန်ပြွန်ချောင်းထဲတွင် ဘောလုံးအသေးလေးသည် သင်ချိန်ညှိိသည့်အတိုင်း ထက်အောက် တက်လိုက်ကျလိုက်ဖြင့်ပြသနေလိမ့်မည်။
ဆရာဝန်၏သီးခြားအကြံပြုချက်မရှိပါက ပုံမှန် 2/3 လောက်သာထားရှိ၍အသုံးပြုရန်အကြံပြုလိုပါသည်။
ဆရာဝန်ညွှန်ကြားမှုမပါလျှင် 5နှုန်းထက်ကျော်လွန်၍ အသုံးမပြုပါနှင့်။

(8)ရေထည့်ခွက်ရှိရေများပလုံစီထ၍မီတာ၏ လေထွက် ပေါက်မှ လေထွက်သံစကြားရပြီဆိုသင်အောင်မြင်ပါပြီ။
ထိုအချိန်မှမီတာရေထည့်ဗူး လေထွက်ပေါက်တွင် လေရှူပိုက်တပ်ဆင်၍အသုံးပြုပါ။

ဗဟုသုတရရန်အလို့ငှာသုညတို့သိထားသမျှလေးအားဝေမျှခြင်းဖြစ်ပါသည်။အများပြည်သူအတွက်လိုအပ်မှု များရှိခဲ့သော်သုညတို့လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်ပါသည်။ 📹ဗွီဒီယိုဖိုင်ဖြင့်ပညာပေးတင်ပြနိုင်ရန် သုညများဆက်လက်ကြိုးစားလေ့လာလျှက်ရှိပါသည်။
ပြည်သူအများ ကပ်ဆိုးဘေးဆိုးမှကျော်လွှားနိုင်ကြပါစေ။

14/05/2021

လက်နက်ထည့်ပေးပြန်ပြီ😁
🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖
ဥပဒေသစ်တွေထုတ်လိုက်ပြီနော်..အားလုံးဆင်ခြင်နိုင်ကြပါစေ....

30.5.2020
ဆိုင်ကယ်စီးမောင်းနှင်သူများသိရှိစေရန် (2020-ဥပဒေသစ်)
--------------------------

#ယာဉ်နံပါတ်မထင်ရှား = ကျူးလွန်သည့်ပုဒ်မ(၈၄-က)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေသုံးသိန်း. ထောင် သုံးလ။

#အခြားနံပါတ်တပ် = ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ သုံးသိန်း.
ထောင်သုံးလ။

#ယာဉ်နံပါတ်ပြားမတပ်= ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ
သုံးသိန်း. ထောင် သုံးလ။

#ဝှီးတက်သက်တမ်းကုန် = ကျူးလွန်သည့်ပုဒ်မ(၈၀)။ အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေ
တစ်သိန်း. ထောင် တစ်လ။

#ယဉ်မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။

#တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး = ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁။ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။

#ယာဉ်မဆင်မခြင်မောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-င)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ။

#မူးယစ်ဆေးဝါးသုံးအရက်အမူးလွန်းမောင်း ပုဒ်မ(၈၁-ဇ)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ

#ယဉ်မောင်းလိုင်စင်မပါ ပုဒ်မ(၇၅-က)။ အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။

#ယဉ်မောင်းလိုင်စင်သက်တမ်းလွန် = ကျုးလွန်
သည့်ပုဒ်မ(၇၅-ဂ)။ အရေးယူသည့်ပုဒ်မ- ၈၆ = ဒဏ်ငွေ သုံးသောင်း။

#မီးပိုတပ် = ကျုးလွန်သည့်ပုဒ်မ(၇၅-ဆ)။
အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။

#ယာဉ်မောင်းစဉ်ဖုန်းအသုံးပြု = ကျုးလွန်သည့်ပုဒ်မ(၇၅-ဋ)။ အရေးယူသည့်ပုဒ်-၈၆ = ဒဏ်ငွေ
သုံးသောင်း။

#ဘက်မှန်မပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။

#ရှေ့မီးအနိမ့်နေ့/ညဖွင့်မောင်းရန်ပျက်ကွက် = ကျူးလွန်သည့်ပုဒ်မ(၇၆-ခ)။
အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေသုံးသောင်း။

#ပါဝါအိတ်ဇောအသံထိန်းမပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။
အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။

#ဦးထုပ်မဆောင်း =ကျူးလွန်သည့်ပုဒ်မ(၇၆-ဂ)။ အရေးယူသည့်ပုဒ်မ ၈၇= ဒဏ်ငွေသုံးသောင်း။
တို့ဖြစ်သည်။

သိထားတော့ ဆောင်ရန်ရှောင်ရန် နားလည်ထား
တာပေါ့။ စေတနာဖြင့် အသိပေး၏။

Crd #

13/04/2021

#ရေခဲမုန့်( Ice Cream)လုပ်နည်း
===============
-ရေခဲမုန့်ကို နွားနို့နဲ့လည်းလုပ်လို့ရသလို
နို့မှုန့်နဲ့လည်း လုပ်လို့ရပါတယ်။
နွားနို့ဆိုရင် နို့စစ်စစ်နဲ့ပိုကောင်းပါတယ်။
-နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြို ပါ။
နို့မှုန့်ဆိုရင် ဂရမ် ၂၀၀ကို ရေတစ်လီတာဘူးရှိတဲ့
ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါ။
-ကျောက်ကျောမှုန့် စတီးဇွန်း ၁ဇွန်း ၊
ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကို
ရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပါ။
-ပြီးရင် ဆူပွက်နေတဲ့ နို့အိုးထဲကိုလောင်းထည့်ပါ။
သကြားစတီးဇွန်း ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။
မပြတ်မွှေပေးပြီး ပျစ်လာအောင် ကျို ပါ။
-ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။
အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ
၄နာရီလောက်ထည့်ပြီးအအေးခံပါ ။
-ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီး
သစ်သီးမွှေစက် (Blender)ထဲထည့်ပြီးတစ်မိနစ်လောက်မွှေပါ။
-တကယ်လို့ ချောကလက်ရေခဲမုန့်လိုချင်ရင်
ချောကလက်မှုန့် စတီးဇွန်း ၁၀ဇွန်းထည့်မွှေပါ။
-ဒူးရင်းသီးရေခဲမုန့်လိုချင်ရင် ဒူးရင်းသီးအသားထည့်မွှေပါ။
အချို းအဆမပေးပါဘူး။
နည်းနည်းထည့်ရင်နည်းနည်းမွှေးမယ်။
များများထည့်ရင် များများမွှေးမယ်။
နှစ်သက်သလောက်ထည့်နိုင်ပါတယ်။
ရေခဲမုန့်အနေအထားကြည့်ပြီး ချင့်ချိန်ထည့်ပါ။
-သီးစုံရေခဲမုန့်လိုရင်တော့ ကျောက်ဖရုံယို ၊ စပျစ်သီးခြောက် ၊
သီဟိုဠ်စေ့ တို့ကိုမွှေပြီးမှ ထည့်ပါ။သမအောင် ဇွန်းနဲ့မွှေပါ။
Blender ထဲထည့်မွှေရင် ကြေကုန်ပါမယ်။
-ကိုယ်လိုချင်တဲ့ရေခဲမုန့်ကို
ဥာဏ်ရှိရင် ရှိသလို ဆန်းသစ်တီထွင်နိုင်ပါတယ်။
-မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်း(ရေခဲခန်း)ထဲပြန်ထည့်ပါ။
၈ နာရီပြည့်ရင် ရေခဲမုန့်ကောင်းကောင်းခဲပါပြီ။

Copy + crd

Address

Monywa

Telephone

09400477281

Website

Alerts

Be the first to know and let us send you an email when ရွှေဥသြ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share