AMT Auto Service - Monywa.

AMT Auto Service - Monywa. Auto Car Workshop

ကိုယ်ဝယ်မယ့်ကားက ဆေးရောင်ပြောင်းထားလားဆိုတာ ကာလာကုဒ် ကိုကြည့်ခြင်းအားဖြင့် အလွယ်သိနိုင်ပါတယ် ...တိုယိုတာ ကား အများစု ရဲ့...
21/05/2024

ကိုယ်ဝယ်မယ့်ကားက ဆေးရောင်ပြောင်းထားလားဆိုတာ ကာလာကုဒ် ကိုကြည့်ခြင်းအားဖြင့် အလွယ်သိနိုင်ပါတယ် ...

တိုယိုတာ ကား အများစု ရဲ့ ကာလာကုဒ်
တချို့ ကို စုစည်းထားခြင်း

ကာလာကုဒ် နံပါတ် ၃ လုံး မှာ မှ
ထိပ်ဆုံးအစ က
0 လား
1 လား
2 လား
ဘဲ ကြည့်လိုက်တယ် ...

တန်းသိပီ လေ ...
အဖြူ လား ခဲ လား အနက် လား
ဆိုတာ ....
တချို့ သူတွေတော့ ရှိန်တာပေါ့လေ.

ဘယ်လို ခွဲလဲ ဆိုတော့
အရောင်းအဝယ် အဖြစ်ဆုံး အရောင်ဖြစ်တဲ့ အဖြူ ဆိုရင်
ဥပမာ ( 040 ) များပါတယ် ...
0 နဲ့ စလား
0 နဲ့စရင် အဖြူ
သေချာ သလောက် ဘဲ

နောက် ဓာတ်တိုင်ရောင် ဆိုမလား ခဲရောင် ဆိုမလား ကတော့
1 နဲ့ စတာ

အနက်ကတော့
2 နဲ့ စတယ် ဆိုပီး အလွယ် မှတ်ထား လိုက်တယ် လေ

ကျန်နံပါတ် အစ
( ကာလာကွဲ ) တွေ ကိုတော့
ခန့်မှန်းခြေ
3 နဲ့ စရင် အနီ
4 နဲ့ စရင် အညို
5 နဲ့ စရင် အဝါ
6 နဲ့ စရင် အစိမ်း
8 နဲ့ စရင် အပြာ
ဆိုပီး မှတ်ထားလိုက်တယ်

( ကုဒ် နံပါတ်တွေ ကတော့
နောက် အားတဲ့ အချိန် မှ ဘာသာပြန် ပေးတော့မယ်)

012 White
031 White
033 White
040 White
041 White
043 White High Quality
045 White
046 Opal White Pearl
049 White Pearl
050 White Highest Quality
051 Diamond White Pearl
056 Arctic White
057 White Mother of Pearl (Lexus)
058 White
062 Crystal White (Lexus)
065 Crystal White Gold (Lexus)
068 Polar white
070 Pearl White Metallic
077 Starfire white mother of pearl (Lexus)

113 Gray
141 Haze Gray
142 Haze Gray
147 Metallic Silver
153 Pearl Gray
155 Charcoal Gray
167 Charcoal Gray Metallic
170 Medium Gray
172 Cobalt Blue Metallic
176 Silver Metallic Fog
179 Dark Gray Metallic
180 Flint Gray Pearl
182 Gray Metallic
183 Dark Gray Metallic
187 Steel Gray Fog
191 Dark Bluish Gray Metallic Clear
192 Metal Sunset Silver
193 Warm Gray Pearl Clear
199 Alpine Silver

1A0 Platinum Met Exterior
1A6 Moonglow Gray Mother of Pearl

1B1 Silver Pearl
1B9 Quick silver metallic

1C0 Millenium silver (Lexus)
1C0 Silver
1C3 Gray metallic
1C4 Opal gray-silver metallic
1C6 Dark Gray Metallic
1C8 Silver

1D0 Liquid silver
1D2 Silver
1D4 Silver Metallic
1D9 Graphite Silver

1E0 Dark Gray
1E2 Dark Gray Mica
1E3 Gray Metallic
1E5 Tundra gray
1E7 Silver metallic
1E9 Dark Gray Metallic

1F0 Pine Silver
1F2 Mercury silver metallic (Lexus)
1F7 Silver
1F8 Lining silver metallic

1G3 Ash-gray
1G8 Twilight Gray (Lexus)
1H2 Dark gray metallic

202 Onyx black
204 Black
205 Atlas Black Metallic
209 Black anthracite
212 Black

2FS Green

309 Red
3E5 Red
3F4 Red
3H4 Red Mother of Pearl
3H5 Orange Mica Pearl
3H7 Cardinal Red
3H8 Spiny Pearls
3H9 Dark brown Metallic
3J6 TREASON
3J7 Red Pearl Garnet
3J8 Prussian Red Pearl
3J9 Medium Red Pearl
3K1 Amethyst Dark Pearl
3K2 Wine Berry Pearls
3K3 Pomegranate Pearl
3K4 Red Mother of Pearl
3K5 Yellowish Rose Metallic
3K7 Shadow Rose Quartz
3K9 Light Beige Metallic
3L3 Ruby red mother-of-pearl
3L5 Magician Red
3N0 Burgundy
3N2 Claret
3P1 Red Mother of Pearl
3P4 Sunset Mist (Lexus)
3P5 Grayish Rose
3Q3 Salsa red mother of pearl
3Q8 Burgundy
3R0 Dark cherry metallic
3R3 Red Mother of Pearl
3R7 Dark cherry mother-of-pearl (Lexus)

414 Buffalo Brown
415 Brown
416 Beige Dune
464 Beige
474 Dark Copper
4E9 Beige
4G8 Light Beige
4J1 Almod Beige Metallic
4K1 Beige Metal
4K7 Champagne ("champagne spray") beige metallic
4K8 Dark Walnut Pearl
4K9 Sandstone Beige Metallic
4L8 Canyon Beige Metallic
4M9 Beige
4P2 Burnished Golden (Lexus)
4Q2 Satin Golden (beige)
4Q9 Dark Brown (Autumn Bronze) Metallic
4R3 Sonora golden
4R4 Golden (beige)
4S0 Bronze
4S2 Driftwood Mother of Pearl
4S6 Brandywine
4T3 Bronze
4T5 Sable ("Sable") mother of pearl
4T8 Beige metallic

532 Yellow
567 Yellow Signal
577 Yellow

585 Cibola gold
587 Golden Metallic

611 The Dark Green
621 Peasant Green (Dark)
622 The Nebula Green
653 Green Olive Green
681 Green (Wednesday)
6H9 Olive Green
6J7 Forest Green Metallic
6K4 Black Pearl Jade
6K6 Green metallic / pearl
6L3 Silver sheet Metallic
6L6 Honey Metal
6M1 Dark Emerald Pearl
6M2 Royal Jade Pearls
6M3 Silver Metallic Spruce
6P2 Dark green mother-of-pearl
6P3 Dark green mother-of-pearl / metallic
6P9 Green Metallic Clear
6R1 Woodland Mother of Pearl
6R6 Opalescent green
6Q2 Light green metallic
6Q7 Dark Green
6S3 Dark green mother-of-pearl
6S6 Dark green mother-of-pearl
6S7 Dark Green Mica
6T1 Olive Metallic
6T3 Dark green
6T6 Light green metallic
6V2 Olive Metallic
6U0 Pistachio
6U9 Green
742 Greenish Blue Pearl
746 Turquoise Pearl
747 Dark Metal Teal
749 Metallic Teal
750 Ignite Turquoise Pearl Metal Clear
751 Dark Teal Green Pearl Metal Clear
776 Turquoise metallic

808 Horizontal Blue
822 Royal Blue
854 Blue (sky blue)
857 Scandinav Blue (Dark)
861 Bright Blue
869 Dark Blue Pearl
8B2 Blue
8B4 Night Blue
8E3 Dark Blue Pearl
8G2 Ice Blue Pearl
8G6 Icy Blue Metallic
8H3 Navigational Blue Metallic
8H4 The Twilight Sailor
8H5 Younger Blue Metallic
8H6 Blue
8H8 Bright Blue Metallic
8J1 Dark Blue Metallic
8J2 Blue Metallic
8J3 Blue Pearl
8J4 Matte Sapphire Pearl
8J5 Midnight Indigo Pearl
8J7 Blue Metallic Steel
8K0 Dark Blue Pearl Metal Clear
8K2 Ignite Purple Blue Pearl Metal Clear
8K8 Dark Blue
8L3 Dark blue mother-of-pearl
8L4 Starry Blue
8L7

Credit: :Original uploader

AMT Auto Service - Monywa.

💧💧💧နှစ်သစ်မှာ                   .   ပျော်ရွှင်ချမ်းမြေ့                            .     တိုးတက်ကြီးပွား ကြပါစေ 💧💧💧💧💧💧💧💧...
01/01/2023

💧💧💧နှစ်သစ်မှာ
. ပျော်ရွှင်ချမ်းမြေ့
. တိုးတက်ကြီးပွား ကြပါစေ

💧💧💧💧💧💧💧💧💧💧💧💧💧💧💧💧

31/12/2022

TOYOTA CROWN အကြောင်းသိကောင်းစရာ💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢 Crown လို့ ဆိုလိုက်တာတဲ့ မြန်မာတွေ ရင်ထဲမှာတော့ ဂျပန် မာစီးဒီးလို့ တောင...
06/07/2022

TOYOTA CROWN အကြောင်းသိကောင်းစရာ
💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢

Crown လို့ ဆိုလိုက်တာတဲ့ မြန်မာတွေ ရင်ထဲမှာတော့ ဂျပန် မာစီးဒီးလို့ တောင် ပြေးမြင်မိမယ်ထင်မိပါတယ်။ 1955 ခုနှစ်ကတည်းက စတင် ထုတ်လုပ်ခဲ့တဲ့ ဒီမော်ဒယ်ဟာ နှစ်ပေါင်း ၆၀ တိုင်ရှိခဲ့ပါပြီ။ စတင်ထုတ်လုပ်စဉ် ကတော့ Mid size luxury မော်ဒယ်အဖြစ် အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ခဲ့ပေမဲ့ 1995 ရဲ့နောက်ပိုင်းမှာတော့ ပိုမို ကောင်းမွန် ပြီးသက်တောင့်သက်သာ ရှိတဲ့ Luxury ကားလိုမျိုး ဖန်တီးလာပါတယ်။
Crown ဆိုတဲ့ မျိုးရိုးနာမည်ဟာ စတင်ထုတ်လုပ်စဉ်ကတည်းက ပြောင်းလဲခဲ့ခြင်း လုံးဝ မရှိသေးတဲ့ နာမည်ရင်း ဖြစ်ပါတယ်။ တိုယိုတာမှာ မျိုးဆက်တစ်ခု နာမည် တစ်လုံးတည်း ကမ္ဘာအနှံ ဖြန့်ချိတာ ဆိုလို့ ဒီ Crown လေးပဲရှိပါတော့တယ်။

1955 မှာ Toyopet Master ဆိုတဲ့ concept ကားကို ထုတ်ပြခဲ့အပြီး လေးလ အကြာမှာ ဒီဇိုင်း အနည်းငယ်သာ ပြောင်းလဲထားတဲ့ Crown ကို စတင်ရောင်းချခဲ့ပါတယ်။ RS series Toyopet Crown ရဲ့ first generation ပါပဲ။

First Generation S30(1955-1962)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

1.5 L R I4 အင်ဂျင်တပ်ဆင်ထားတဲ့ Crown ကို စျေးကွက်တင်ရောင်းချ ခဲ့ပေမဲ့ ဝယ်ယူစီးနင်းသူ သိပ်မများလှပါဘူး။ နောက်ထပ် ၅ လ အကြာမှာတော့ 1.8 L 3R I4 အင်ဂျင်တပ် Crown အမျိုးအစားကိုတော့ တက္ကစီ အဖြစ် ထုတ်လုပ်ရောင်းချ ရင်းစတင်လူကြိုက်များလာပါတယ်။ ထူးထူး ခြ ားခြ ား Suspension ပြောင်းလဲလိုက်တဲ့ အတွက် ပိုမိုငြိမ့်ညောင်းမှု ရှိလာလို့ဖြစ်ပါတယ်။ ထိုစဉ်က Toyopet Crown ကို 4 door sedan, 4 door Station Wagon နဲ့ 2 door Station wagon ဆိုပြီးခွဲခြားထုတ်ပေမယ့် sedan အမျိုးအစားသာ popular ဖြစ်ခဲ့ပါတယ်။

Second Generation S40(1962-1967)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

လက်ရှိ ချိန်မှာ တော့ ဒီ second generation crown တွေကို classic car အဖြစ်သတ်မှတ် ပြီး အမြတ်တနိုး သိမ်းဆည်း နေကြပါပြီ။ ဒီ S40 မျိုးဆက်မှာတော့ ကား ဆိုဒ်ဟာ တော်တော်ကြီးလာပြီး ပိုပြီး ငြိမ့်ညောင်းမှု ရှိလာပါတယ်။ Sedan , Station wagon , Coupe ဆိုပြီး ၃ ပုံစံ ထုတ်ခဲ့ပြီး 1.8L 3R I4 အင်ဂျင်နဲ့ 2.0L M I6 တို့ကို စိတ်တိုင်းကျ တပ်ဆင်ခွင့် ပြုထားသလို Deluxe နဲ့ Super Deluxe ဆိုပြီး မော်ဒယ် ကွဲဂရိတ် ကွဲ တွေနဲ့ စတင်ရောင်းချတာပါ။
ဂီယာ အနေနဲ့ မန်နူရယ် ၃ ချက် အပြင် အော်တို ၂ ချက်ပါ ရွေးချယ်လို့ရပါသေးတယ်။ 1964 မှာတော့ Crown eight လို့ ခေါ်တဲ့ V8 အင်ဂျင်တပ် sedan အမျိုးအစားကို အရေအတွက် ကန့်သတ်ပြီးထုတ်ခဲ့ပါသေးတယ်။ ထိုအချိန်က အရမ်းကြီးမားတဲ့ အင်ဂျင် အဖြစ် အမွန်းတင်ခံခဲ့ရတဲ့ 2.6L V V8 အင်ဂျင် ဟာ လက်ရှိ Crown Majesta ရဲ့ ဘိုးအေ ကြီး လို့ သတ်မှတ်နိုင်ပါတယ်။

Third Generation S50(1967-1971)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

ဒီမျိုးဆက်မှာတော့ ရှေ့မျိုးဆက်နဲ့ ကွာခြားတာက ရုပ်ထွက် အနည်းငယ် သာရှိပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ အရွယ်အစား ကြီးမားတဲ့ 2.0L နဲ့ 2.3L အင်ဂျက်များသာ တပ်ဆင်ထားတဲ့ အတွက်လည်း အင်ဂျင်ပါဝါ အသေး လိုအပ်သူများ အတွက် Mid-Size luxury မျိုးဆက်မှာ Mark II အမျိုးအစား ကို ထပ်ပေါင်း ပြီး Crown ကိုတော့ Full-Size Luxury series ဖြစ်ဖို့ အတွက် ဆွဲတင်ထားခဲ့ပါတယ်။ O/D over drive ဆိုတဲ့ စနစ်တပ်ဆင်ခဲ့သလို transmission ပိုင်းမှာ 3/4 speed Manual, 2/3 speed auto ဆိုပြီး ရွေးချယ်စရာများလှပါတယ်။
Super saloon ဆိုတဲ့ဂရိတ်တစ်မျိုးလည်း ရောင်းချခဲ့သလို , အတွင်းခန်း ပစ္စည်း အားလုံး နီးပါး လည်သာ နဲ့ တပ်ဆင်ထုတ်လုပ်ပေးတဲ့ ဂရိတ်ပါ။

Fourth Generation S60&70(1971-1974)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

ဒီမျိုးဆက်မှာတော့ Super saloon မော်ဒယ်တွေထဲက Deluxe နဲ့ Super Deluxe ဂရိတ် တွေအပြင် Super Limousine ဆိုတဲ့ ဇိမ်ခံကား အမျိုးအစား ကိုပါ စတင်ထုတ်လုပ်ပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ ယခင် 2.0L , 2.3L တွေ အပြင် 2.6L 4M I6 အင်ဂျင် ထိပါ တပ်ဆင်ထုတ်လုပ်လာတာ တွေ့ရပါတယ်။
Hardtop coupe လို့ ခေါ်တဲ့ တံခါး ၂ ပေါက် ကို ပွဲထုတ်လာပြီး in-line six cylinder အမျိုးအစား 2.0L MI6 ကို chassis MS70, 2.6L 4M I6 ကို MS75 ဆိုပြီး ခွဲထုတ်ပေးပေမယ့် ရုပ်ကတော့ အတူတူပဲဖြစ်ပါတယ်။
Rectangular halogen light လို့ ခေါ်တဲ့ မီးခွက် လေးထောင့် နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ အမျိုးအစား လည်း ထွက်ပါတယ်( ရှေ့မော်ဒယ်တွေမှာ မီးခွက် အဝိုင်းသာ ပါပါတယ်)။

Fifth Generation S80,90&100(1974-1979)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

Sedan နဲ့ Wagon မော်ဒယ်တွေကို S80 chassis, 2door နဲ့ 4 door hardtop coupe တွေကိုတော့ S90 ပေးခဲ့ပေမယ့် ဂျပန် ပြည်တွင်း သုံး Crown မော်ဒယ်အားလုံး ကတော့ S100 ဆိုတဲ့ Chassis သာ ရိုက်နှိပ်ပါတယ်။ TTC-C လို့ခေါ်တဲ့ catalytic converter စနစ်စတင်တပ်ဆင်ပေးခဲ့ပါသေးတယ်။ အင်ဂျင်အနေနဲ့ အရင် မော်ဒယ်တွေ အတိုင်းသာရှိပေမယ့် ဂရိတ်ခွဲ ၄ မျိုး ဖြစ်လာပါတယ်။ Standard, Deluxe, Super Saloon နဲ့ Royal Saloon တို့ဖြစ်ပြီး Royal Saloon က အမြင့်ဆုံး ဂရိတ် အင်ဂျင်ပါဝါ 2.6L နဲ့ အပြင် အခြား ဂရိတ်တွေထက် ကားအရှည်နဲ့ အကျယ် ပိုပါတယ်။

Sixth Generation S110 (1979-1983)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

ထောင့်စပ်စပ် ရုပ်ကို ဆင့်ကဲပြောင်းလဲလာတဲ့ Crown ဟာ ဒီမျိုးဆက်မှာတော့ တိကျတဲ့ ထောင့်ဖောင်းလိုင်းတွေနဲ့ luxury ကား အမျိုးအစားထဲ တိတိပပ ဝင်ရောက်သွားပါပြီ။ ရှေ့မီးလုံးဟာ လေ့ထောင့် မီးကြီး တစ်လုံး တည်း ဖြစ်လာသလို တာဘို အင်ဂျင်တပ် မော်ဒယ်တွေပါ စျေးကွက်ဝင်လာပါတယ်။ ဂျပန် အစိုးရရဲ့ မူဝါဒ အရ အင်ဂျင်ပါဝါ အကြီးစားတွေ ထုတ်ဖို့ မဖြစ်နိုင်တာကြောင့် မူလ အင်ဂျင်ပါဝါ ကိုပဲ ထပ်တိုးထုတ်ပေးမယ် တာဘို အင်ဂျင်တွေ တပ်ဆင်လာရတာပါ။ ဒီမော်ဒယ်မှာတော့ Luxury ဆိုတဲ့ အတိုင်း Sunroof, Electronic compass, driver power seat, Cruise control, Stereo tuner, Auto climate control, fridge, rear seat air con စသဖြင့် မြောက်များစွာသော optional တွေ ကိုရွေးချယ်ခွင့်ပေးထား ပါတယ်။

Seventh Generation S120(1983-1987)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

မြန်မာပြည်နဲ့ များစွာ မစိမ်းတဲ့ ဒီမျိုးဆက်မှာတော့ Base version super saloon မှာ 2.0L 1G-GE I6 ကို သုံးစွဲပေးထားပါတယ်။ အဓိက ဒီဇယ် အင်ဂျင်ခေတ်စားနေချိန် ဖြစ်တဲ့အတွက် 2.4L 2L I4 diesel အင်ဂျင်တပ် Crown တွေ အများအပြား ရောင်းချခဲ့ရသလို့ အင်ဂျင်ပိုင်းမှားများစွာ အပြောင်းအလဲ ရှိခဲ့ပါတယ်။ T-VIS လို့ခေါ်တဲ့ intake စနစ်တွေ တပ်ဆင်ခဲ့သလို TEMS လို့ခေါ်တဲ့ Electronic suspension စနစ်တွေ အပြင် ETC transmission တွေပါပါဝင်လာတဲ့ မော်ဒယ် မို့လို့ တခေတ်တခါက မြန်မာပြည်မှာ အရမ်း ခက်ခက်ခဲခဲ ပြုပြင်ထိန်းသိမ်းခဲ့ရတာ ကြားဖူးပါတယ်။ Cassette player, CD player တို့ အတူတွဲပါဝင်လာသလို အခြားသော ဇိမ်ခံပစ္စည်းပေါင်းမျယးစွာ ဖြည့်စွက်ပါဝင်ပါသေးတယ်။
သာမာန် Crown မော်ဒယ်မှာ Super selected model ဂရိတ် ဟာ သင့်တေည်သလို high luxury series မှာတော့ Royal saloon ဟာ အမြင့်ဆုံး ဇိမ်ခံကား အမျိုးအစားအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

Eighth Generation S130(1987-1991)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

ဒီမျိုးဆက်မှာတော့ ထူးခြားမှု အထွေအထူး မရှိလှပါဘူး။ 4.0L 1UZ-FE V8 အင်ဂျင် တပ် Royal Saloon G အမျိုးအစား ထပ်မံ ထွက်ပေါ်လာခဲ့ သလို 2.4L 2L-TE turbo diesel နဲ့လည်း ရနိုင်ပါသေးတယ်။ CD-ROM base navigation system ဟာ အထူးအဆန်း ဖြစ်ခဲ့သလို့ TRC လို့ ခေါ်တဲ့ traction control ကလည်း အံ့မခန်း စွမ်းဆောင်ရည် ကိုပေးပါတယ်။

Ninth Generation S140(1991-1995)
Crown Majesta ဆိုတဲ့ မျိုးကွဲ luxurious တစ်ခု ကွဲထွက်လာသလို ယနေ့အချိန်ထိ လူကြိုက်များလှတဲ့ 1JZ-GE, 2JZ-GE အင်ဂျင်တွေ စတင် အသက်ဝင်လာတဲ့ မျိုးဆက်ပါပဲ။ ရုပ်ထွက်ကတော့ လုံးရာကနေ လေးထောင့် , ဒါကနေ တစ်ခါ ပြန်လုံးလာတဲ့ မျိုးဆက်မှာ sedan ကိုသာ အဓိက ထား ထုတ်ပါတော့တယ်။ Standard , Deluxe , Super Deluxe , Super Saloon, Royal Saloon, Royal Saloon G နဲ့ Majesta ဆိုပြီး ကွဲပြားပေမယ့် Royal Saloon G နဲ့ Majesta မှာသာ 4.0L အင်ဂျင်တပ် အမျိုးအစားနဲ့ အတွင်းဂရိတ် အမြင့်ဆုံး ရနိုင်ပါတယ်။

Tenth Generation S150(1995-1999)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

ဒီမျိုးဆက်မှာတော့ Royal Touring ဆိုတဲ့ 4WD မော်ဒယ်တိုးလာတာကလွဲလို့ အပြောင်းအလဲ အများကြီး မရှိပါဘူး။ Crown comfort လို့ ခေါ်တဲ့ တက္ကစီအများအပြားကိုတော့ တရုတ်, ဂျပန်, စင်ကာပူ, ဟောင်ကောင် နဲ့ အာရှ ဒေသ နေရာတော်တော်များများမှာ လုပ်ငန်းသုံးအဖြစ်ရောင်းချခဲ့ပါတယ်။

11th Generation S170(1999-2003)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

အနည်းငယ် ကြွားထွက်လာတဲ့ ရုပ်ထွက်နဲ့ လက်ရှိ မြန်မာပြည်မှာ အတွေ့ရများတဲ့ Crown မော်ဒယ် ဖြစ်ပါတယ်။ ပုံစံ ကွဲ လေးမျိုး နဲ့ ပွဲထုတ်လာတဲ့ ဒီမော်ဒယ်မှာ Royal , Athlete , Majesta , Estate ဆိုပြီး ကွဲပြားပါတယ်။ ဒီအထဲက Royal Estate ကတော့ Wagon type ဖြစ်ပြီး ကျန် သုံးမျိုး ကတော့ luxury sedan တွေပါ ။ Majesta ကတော့ ရုပ်ထွက်တူပေမယ့် ပိုကြီး ပြီး ပိုရှည်သလို 3.0L အင်ဂျင်နဲ့သာ လာပါတယ်။ 2.0L 1G-FE ကိုတော့ Royal Saloon လို ဂရိတ်နိမ့်တွေမှာ သာ တပ်ဆင်ပေးပြီး ကြားဂရိတ်ဖြစ်တဲ့ Athlete V မှာတော့ 2.5 L 1JZ-FE အင်ဂျင်မှာ တာဘို ပါဝင်ပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ 2.5L နဲ့ 3.0L အင်ဂျင်တပ် မည့်သည့် ဂရိတ် မှာမဆို Mild Hybrid လို့ခေါ်တဲ့ HSD ( Hybrid synergy drive) စနစ်တပ်ဆင်နိုင်ပါတယ်။

12th Generation S180( 2003-2008)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

1JZ/ 2JZ တို့လို ရုန်းအား အရမ်းကောင်းတဲ့ in-line 6 cylinder အင်ဂျင်တွေ ကို ဖယ်ထုတ်လိုက်ပြီး V6 အင်ဂျင်တွေသာ နေရာယူလာတဲ့ ဒီမျိုးဆက်မှာတော့ ထူးထူးခြားခြား ရုပ်ထွက်ပါပြောင်းလဲသွားပါတော့တယ်။ Full-Size luxury ကားလို့ ကြွေးကြော်ခဲ့ စဉ်ကတည်းက အပြောင်းအလဲညင်သာခဲ့တဲ့ ရုပ်ထွက်ဟာ ဒီမျိုးဆက် အရောက်မှာတော့ လုံးဝ ကွဲပြားထွက်လာခဲ့ပေမယ့် နာမည်ကတော့ မပြောင်းလဲခဲ့ပါဘူး။
Crown Majesta ကိုတော့ ထူးထူးခြားခြားခွဲထုတ် ခဲ့ပြီး 4.3L V8 အင်ဂျင်နဲ့ သာထုတ်ပေးခဲ့ပြီး 4WD ကိုတော့ optional အဖြစ်ထားခဲ့ပါတယ်။

Royal Saloon နဲ့ Athlete ဂရိတ်တွေမှာတော့ V6 အင်ဂျင် Hybrid စနစ်နဲ့ သုံးမျိုး ရွေးချယ်နိုင်ပါတယ်။
2.5L 4GR-FSE V6, 3.0L 3GR-FSE V6 နဲ့ 3.5L 2GR-FSE V6 အမျိုးအစား ၃ မျိုးမှာ G-book ဆိုတဲ့ Navigation system, push start, ကျွန်းကွက် အညို/အမည်း, Radar, Pre-collision system, High speed level control, e-CVT စသဖြင့် မြောက်များလှသော စနစ်တွေပါဝင်ပါတယ်။

13th Generation S200(2008-2012)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

High end luxury အဖြစ်ပွဲခံလာတဲ့ Crown မှာတော့ ယခင် မျိုးဆက်ကနေ ဆက်ခံလာတဲ့ မျိုးရိုးအမည်အတိုင်း ပါပဲ။ Majesta မှာတော့ 4.3L အင်ဂျင်အစား 4.6L 1UR-FSE V8 ဖြစ်သွားပြီး , ကျန် Royal နဲ့ Athlete တွေမှာတော့ ယခင် အမျိုးအစားတွေ သာသုံးပါတယ်။ 3.5L အင်ဂျင်တပ် hybrid အမျိုအစား ကို မည်သည့် ဂရိတ်မှာမဆို ရနိုင်ပြီးတော့ 8 speed transmission နဲ့ တွဲသုံးပါတယ်။
ရနိုင်တဲ့ optional package တွေကတော့ NAVI/AI-AVS, 3D SNS, ANC noise control, PCS, GPS Navi, CCD camera , PDS pedestrian detection, DMS Driver Monitoring, Center airbag စသဖြင့် နောက်ဆုံးပေါ် ယာဉ်အကူ စနစ်တွေကို တပ်ဆင်ထားတဲ့ ယာဉ်တစ်စီးဖြစ်လာပါပြီ။

14th Generation (2012-present)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

လက်ရှိ ထုတ်လုပ်နေတဲ့ နောက်ဆုံး အမျိုးအစား မှာတော့ ရုပ်ထွက်ထူးခြားစွာ ပြောင်းလဲခဲ့ ပြန်ပါပြီ။ Crown အနေနဲ့ အာရှမှာ သာရောင်းချ တော့သလို world wide မှာတော့ Lexus GS စီးရီးအနေနဲ့သာ ရောင်းချပါတော့တယ်။

ဒီလောက်ဆိုရင်တော့ Crown ရဲ့ မျိုးရိုးစဉ်ဆက် အကြောင်း လုံလောက်ပြီလို့ ထင်မိပါတယ်။

Credit: :Orgnal Uploader

https://www.facebook.com/260973534369114/posts/1389132108219912/

Hatchback ကားများအကြောင်း🔷🔷🔷🔷🔷🔷🔷🔷🔷🔷ဒီတစ်ခါတော့ လူပြောများလှတဲ့ ခေါင်းစဉ်အောက်က လက်ရှိ မြန်မာပြည်မှာ အသုံးများတဲ့ Hatchba...
20/07/2021

Hatchback ကားများအကြောင်း
🔷🔷🔷🔷🔷🔷🔷🔷🔷🔷

ဒီတစ်ခါတော့ လူပြောများလှတဲ့ ခေါင်းစဉ်အောက်က လက်ရှိ မြန်မာပြည်မှာ အသုံးများတဲ့ Hatchback ကားလေးတွေရဲ့ အချက်အလက်လေးတွေ နှိုင်းယှဉ် ပြသွားပါ့မယ်။ အဓိက ရုပ်ထွက် ပုံစံ ဒီဇိုင်းဟာ ကားတစ်စီးနဲ့ တစ်စီး မတူတဲ့အတွက် ကားတွေရဲ့ အင်ဂျင်ပါဝါ, အရွယ်အစား, ပါဝင်ပစ္စည်း, နည်းပညာ စတာတွေကိုသာ နှိုင်းယှဉ်ပေးပါရစေ။ တကယ်တော့ အများစုဟာ နောက်ဆုံးပေါ်ဆိုတာကို နှစ်သက်ကြလေ့ရှိပါတယ်။ ဥပမာ အားဖြင့် ၂၀၀၂ ထုတ် Probox ဒီဇိုင်းကို 2012 ထုတ် ဒီဇိုင်းနဲ့ ယှဉ်ရင် ၂၀၁၂ ကိုသာကြိုက်ကြတာပါပဲ, ဒါပေမယ့် တိုယိုတာကသာ 2012 ဒီဇိုင်းကို 2002 ခုနှစ်မှာ ထုတ်ပြီး ၂၀၀၂ ဒီဇိုင်းကို 2012 မှာ ထုတ်မယ်ဆို လည်း ၂၀၁၂ မှာထုတ်တဲ့ ရုပ်ကိုကြိုက် ကြမှာအမှန်ပါပဲ။
လက်ရှိ Hatchback ထဲမှာ လူကြိုက် အများဆုံး Fit GE6, Fit GD1, Insight ZE2, Demio DE, Swift ZC, March K12, C**t Z21, C**t Plus Z24, Vitz SCP90, Note E11, Ractis SCP100 စသဖြင့် အမျိုးအစားများစွာ ရှိနှင့်ပြီးဖြစ်ပါတယ်။ ထိုအထဲမှ 1.3L ကားများကိုသာ နှိုင်းယှဉ်ပြသွားမှာ ဖြစ်ပြီး 1.0 နဲ့ 1.5 များကိုတော့ ချန်လှပ်ခဲ့ပါရစေ။

🔵1.3L Hatchback
( Fit GD1, Fit GE6, Ractis SCP100, Demio DE, Swift ZC71, March K12,C**t Z21, Vitz SCP90)
ပထမဦးဆုံး အနေနဲ့ အင်ဂျင်ပိုင်း နှိုင်းယှဉ်ကြည့်ရအောင် , အားလုံးသော ကားအမျိုးအစားတွေမှာ တပ်ဆင်ထားတာကတော့ Displacement 1220 cc ကနေ 1350 cc အတွင်းမှာရှိတဲ့ တဖြောင့်တည်းဆလင်ဒါ လေးလုံးထိုး အင်ဂျင်များပဲဖြစ်ပါတယ်။ အင်ဂျင်တွေရဲ့ အရွယ်အစားတွေ က မတိမ်းမယိမ်းဆိုပေမယ့် ကားတည်ဆောက်ပုံ အရွယ်အစား နဲ့ အင်ဂျင်နည်းပညာ ကွာခြားမှုတို့ကြောင့် ဆီစားနှုန်းမတူကြသလို အရုန်းအဆွဲလည်း မတူကြပါဘူး။ ယခု စာပိုဒ်ရဲ့ ရည်ရွယ်ချက်ကိုက အင်ဂျင် ပါဝါနဲ့ သုံးစွဲတဲ့ အမျိုးအစားကို ချိန်ဆ ပြယုံသက်သက်ပါပဲ။
Fit GD1 , L13A , 1339 cc , 63kW , i-DSI
Fit GE6 , L13Z , 1339 cc , 73kW , i-VTEC
Insight , L13A , 1339 cc , 76kW , i-DSI IMA
Demio , ZJ-VE, 1348 cc , 68kW , DOHC
Swift , K12B , 1242 cc , 68kW , VVT
Ractis , 2SZ-FE , 1296 cc , 64kW , VVT-i
Vitz , 2SZ-FE , 1296 cc , 64kW , VVT-i
March , CR12DE , 1240 cc , 66kW , DOHC
C**t , 4A90 , 1332 cc , 70kW , MIVEC
ဒါကတော့ လက်ရှိ အင်ဂျင် အမျိုးအစား , အင်ဂျင် အရွယ်အစား, ပါဝါ နဲ့ အသုံးပြုတဲ့ နည်းစနစ် ကို အပေါ်အောက် ယှဉ်ကြည့် နိုင်ပါတယ်။ အဲ့ဒီထဲမှာ အင်ဂျင်အရွယ်အစား အကြီးမားဆုံး ကတော့ Demio ပဲ ဖြစ်ပြီးတော့ အသေးဆုံးကတော့ March ဖြစ်ပါတယ်။ ပါဝါ ထုတ်ပေးနိုင်တဲ့ အပိုင်းမှာတော့ insight အင်ဂျင်က အများဆုံး လို့ ပြောပေမယ့် သူက hybrid ဖြစ်ပြီး IMA motor ကနေ 13 kW ထုတ်ပေးတဲ့ အတွက်ကြောင့်သာ အများဆုံးဖြစ်နေတာပါ။ တကယ်တမ်း ပါဝါ အများဆုံး ( hybrid မဟုတ်) အင်ဂျင်ကတော့ Honda Fit GE6 ရဲ့ i-VTEC စနစ်သုံး LDA အင်ဂျင်ပါပဲ။ အနည်းဆုံး output ထုတ်ပေးတာကတော့ Toyota ရဲ့ Ractis နဲ့ Vitz ပါပဲ, ဒါကြောင့်လည်း ဒီကားတွေက ဆီစားသက်သာတာပေါ့။ အင်ဂျင်အရွယ်အစားနဲ့ အချိုးမညီအောင် ပါဝါကောင်းကောင်းထုတ်ပေးတာကတော့ C**t အင်ဂျင်ပါပဲ, ဒါကြောင့်လည်း ဆီစားတယ် ပြောခံရတာဖြစ်မယ်။

🔵Wheel Base , Length , Width , Height

Fit GD1 , 2450 , 3845 , 1675 , 1525
Fit GE6 , 2500 , 3985 , 1695 , 1525
Insight , 2550 , 4390 , 1695 , 1425
Demio , 2490 , 3885 , 1695 , 1475
Swift , 2390 , 3755 , 1690 , 1510
Ractis , 2550 , 3955 , 1695 , 1640
Vitz , 2460 , 3785 , 1695 , 1520
March , 2430 , 3719 , 1680 , 1540
C**t , 2500 , 3900 , 1680 , 1550
ဒါကတော့ ကားရဲ့ ရှေ့ဘီးနဲ့ နောက်ဘီး အကွာအဝေး , ကားအရှည် , ကား အကျယ် နဲ့ ကား အမြင့် တို့ကို အထက်အောက် ယှဉ်ပြထားခြင်းပါ။ ကားခွင်မှာတော့ Insight က အကျယ်ဆုံးမို့လို့ ငြိမ့်ညောင်းမှုကို ခံစားရနိုင်ပါတယ် ဒါကြောင့်လည်း သူက ကားအရှည်မှာ တော်တော် ရှည်ထွက်နေတာပါ။ ကားရဲ့ အနံလို့ ပြောရမယ့် Width မှာတော့ GD1 က တော်တော် ကြီး ကျဉ်းနေပေမယ့် အတွင်းကတော့ ကျဉ်းတယ်လို့ မထင်ရအောင် ကျစ်လစ်နေပြန်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ လက်ရှိ တိုင်းတာမှုတွေဟာ အများဆုံး နေရာတွေကို တိုင်းတာထားတာကြောင့် ကားရဲ့ အတွင်းဒီဇိုင်းပေါ်မူတည်ပြီး အတွင်းခန်း အကျယ်အဝန်း ကွာခြား နိုင်ပါသေးတယ်။အရပ်ရှည်တဲ့ သူတွေအတွက်ကတော့ Ractis က အရမ်းမြင့် နေတော့ သင့်တော်သလို, C**t လေးကလည်း တော်တော် မြင့်တယ်လို့ ဆိုရမယ့် အထဲပါဝင်ပါတယ်။ ကား ရှေ့နောက်ဘီး အကျဉ်းဆုံးကတော့ Swift ဖြစ်တာမို့ လမ်းကြမ်းကြမ်းမှာမောင်းရင်တော့ ခုန်ပေါက်နေမှာ ကျိန်းသေပါပဲ။ ကားရှည်သလောက် နိမ့်တာကတော့ အင်ဆိုက်ပါပဲ , အရပ် ၆ ပေလာက်ဆို တော်တော် ကသီမှာပါ။

🔵Ground Clearance, Turning radius , rpm

Fit GD1 , 150 , 4700 , 5700
Fit GE6 , 150 , 4700 , 6000
Insight , 145 , 5000 , 5800
Demio , 155 , 4700 , 6000
Swift , 145 , 4700 , 6000
Ractis , 155 , 4900 , 6000
Vitz , 145 , 4700 , 6000
March , 135 , 4400 , 5600
C**t , 150 , 4900 , 6000
ဒါကတော့ မြန်မာပြည်လို လမ်း ကြမ်းကြမ်း ပေါများတဲ့ နိုင်ငံမှာ နေထိုင်သူတွေ သိထားသင့်တဲ့ ကားရဲ့အောက်ခြေ ကင်းလွတ် အမြင့် / ကွေ့မယ်ဆို လိုအပ်တဲ့ radius နဲ့ အင်ဂျင်တွေရဲ့ တစ်မိနစ်လည်ပတ်နှုန်း တွေပါပဲ။ ကားရဲ့ စုစုပေါင်း အရပ်ကလည်း မြင့် အောက်ခြေ လမ်းနဲ့ ကား အောက်ပိုင်း ကလည်း အမြင့်ဆုံး စာရင်းဝင်တာကတော့ Ractis ပါ။ တော်ရုံ Slow down လောက်တော့ မမှုဘူးပေါ့, ဒါပေမယ့် highway သွားတဲ့ အခါ ကားမြင့်သွားတဲ့အတွက် ဆီပိုစားသလို့ ရုတ်တရတ် ကွေ့မယ်ဆိုရင်လည်း အန္တရာယ် ဖြစ်နိုင်ခြေဟာ တခြား နိမ့်တဲ့ ကားတွေထက် ပိုပါတယ်။ နောက်ပိုင်း အင်ဂျင်တွေရဲ့ standard လို့ ပြောရလောင်အောင်ပဲ rpm 6000 ဟာ အင်ဂျင်အများစုရဲ့ လည်အား ဖြစ်နေပါတယ်။ အောက်ခြေကင်းလွတ် အမြင့် အနိမ့်ဆုံးကတော့ Nissan March ပါပဲ , ဒါပေမယ့်သာက ကားအရှည်တိုပြီး ကွေ့ဖို့ radius အနည်းဆုံးသာ လိုတဲ့ အတွက် ကားကြပ်တဲ့ ရန်ကုန်လိုနေရာမျိုးမှာ အလွယ်တကူ နောက်ဆုတ် ပြီး ကွေ့ထွက်သွားဖို့ လွယ်နေပြန်ပါရော။ ကားတိုပေမယ့် ကွေ့ဖို့ နေရာ အယူဆုံးက C**t ဖြစ်နေတာလည်း ထူးခြားပါသေးတယ်။

ဒီလောက်ဆို ကိုယ်ဘယ်ကား သုံးနေပြီး ဘာတွေ က သူများကားထက် အားသာကြောင်း အားနဲကြောင်း နည်းစနစ်တကျ ငြင်းခုန်ဖို့ လုံလောက်မယ်လို့ ထင်မြင်မိပါတယ်။

🚘🚘🚘🚘🚘
Credit:ဝေယံ

“🙏ဗဟုသုတရရှိရန်ရည်ရွယ်ပါသည်။🙏"

Zawgyi 💧💧💧💧💧 မင်္ဂလာပါ 💧💧💧💧💧 AMT Auto Service - Monywa  ရဲ့ ချစ်သော Customer များခင်ဗျာ။ AMT Auto Service -Monywa အလုပ်ရုံ...
16/07/2021

Zawgyi

💧💧💧💧💧 မင်္ဂလာပါ 💧💧💧💧💧

AMT Auto Service - Monywa ရဲ့ ချစ်သော
Customer များခင်ဗျာ။

AMT Auto Service -Monywa အလုပ်ရုံအား
(COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး
အတွက်အလုပ်ရုံ ပိတ်ရက်ကို ( 17 . 7 . 2021 ) မှ
( 25 . 7 . 2021 ) ထိပိတ်ပါသည်။

Unicode

💧💧💧💧💧 မင်္ဂလာပါ 💧💧💧💧💧

AMT Auto Service - Monywa ရဲ့ ချစ်သော
Customer များခင်ဗျာ။

AMT Auto Service -Monywa အလုပ်ရုံအား
(COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး
အတွက်အလုပ်ရုံ ပိတ်ရက်ကို ( 17 . 7 . 2021 ) မှ
( 25 . 7. 2021 ) ထိပိတ်ပါသည်။

❇ Chevrolet Malibu အကြောင်း သိကောင်းစရာ ❇💢💢💢💢💢💢💢💢💢💢💢💢💢💢💢Malibu 2018 / 2019 /2020 model 3ခုအတွက် ဖြစ်ပါတယ် မြန်မာနိုင်ငံအ...
21/06/2021

❇ Chevrolet Malibu အကြောင်း သိကောင်းစရာ ❇
💢💢💢💢💢💢💢💢💢💢💢💢💢💢💢

Malibu 2018 / 2019 /2020 model 3ခုအတွက် ဖြစ်ပါတယ် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ Malibu တွေကတော့ Korea ဗားရှင်း နဲ့ US ဗားရှင်းဆိုပြီးလာပါတယ် အခုအဓိကထားပြီးပြောပြပေးမှာကတော့ US ဗားရှင်းအတွက်ပဲဖြစ်ပါတယ်

Malibu ရဲ့ vin နံပါတ်ခေါ် chassis number နဲ့ grade ခွဲကြည့်ရအောင်

Chevrolet Malibu တွေမှာ chassis number စုစုပေါင်း17လုံးရှိပါတယ် ဥပမာ- 1G1ZA5STXLF12345 ဆိုပါတော့
ပထမစာလုံး ဖြစ်တဲ့ - 1 ကတော့ Region ကိုပြောတာပါ Region ဆိုတာ ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်
1 နေရာမှာ 1 ဆိုရင် - United States
2 ဆိုရင် - Canada
3 ဆိုရင် - Mexico
K ဆိုရင် - South Korea

ဒုတိယစာလုံးဖြစ်တဲ့ - G ကတော့ Manufacturer ထုတ်လုပ်သူပဲဖြစ်ပါတယ်
G နေရာမှာ G ဆိုရင် -General Motors
L ဆိုရင် -General Motors Korea .com

တတိယစာလုံးဖြစ်တဲ့ 1 ကတော့ Chevrolet passenger car ကိုပြောတာပါ malibu က passenger car ဖြစ်လို့ 1 နဲ့ပဲလာပါမယ်

လေးလုံးမြောက်နဲ့ ငါးလုံးမြောက်ကိုတော့ တွဲပြီးမှတ်ရမယ် ကား Grade ဖြစ်ပါတယ်
ZA နေရာမှာ ZA ဆိုရင် - Malibu L(1VL) ဂရိတ်
ZB ဆိုရင် - Malibu LS(1LS)ဂရိတ်
ZC ဆိုရင် - Malibu LS(1FL)ဂရိတ်
ZD ဆိုရင် - Malibu LT( 1LT)ဂရိတ်
ZE ဆိုရင် - Malibu Premier(2LZ)
ZF ဆိုရင် - Malibu Hybrid ဂရိတ်
ZG ဆိုရင် - Malibu Rs ဂရိတ်
Z9 ဆိုရင်-Malibu(Non-US/Non-Canada)

ခြောက်လုံးမြောက်ဖြစ်တဲ့ 5 ကတော့ ကားဒီဇိုင်းbody ကိုပြောတာပါ Malibu က 4 door sedan ကားဖြစ်လို့ 5 နဲ့ပဲလာပါမယ်

ခုနှစ်လုံးမြောက်ဖြစ်တဲ့ S ကတော့ air bags တွေကိုပြောတာပါ
S နဲ့ပဲ လာပါမယ် - Active Manual Belts , Airbags - Driver&Passenger Front (1st row),Front Seat Side (1st row) and Rear Seats Side (2nd row),Roof Side (All Seating rows), Driver and Passenger Knee (1st row) နဲ့လာပါမယ်

ရှစ်လုံးမြောက်ဖြစ်တဲ့ T ကတော့ အင်ဂျင်အမျိုးအစားကိုပြောတာပါ
T နေရာမှာ T ဆိုရင် - LFV-Engine gas,4cyl
L4,1.5L DI DOHC,VVT,
Turbo,GEN-1 GMNA

U ဆိုရင် - LKN - Engine gas ,4cyl
1.8L,SIDI,DOHC,VVT,Hybrid
FAMI GEN-4,GME

X ဆိုရင် - LTG - Engine gas ,4Cyl
2.0L,SIDI,L4 ALUM DOHC
VVT ,DCVCP Turbo,E0-E100
ALUM

ကိုးလုံးမြောက်ဖြစ်တဲ့ X ကတော့ Check digit ပဲဖြစ်ပါတယ် မူရင်း Malibu ထုတ်တဲ့ GMကုမ္ပဏီကသက်မှတ်တဲ့ code ဖြစ်ပြီး ထုတ်လုပ်မှုအတွက် အသိမှတ်ပြုပေးရတဲ့ code လို့လည်းခေါ်ပါတယ် 0 t0 9 ဒါမှမဟုတ် A to Z ထိ လာနိုင်ပါတယ်

၁၀လုံးမြောက်ဖြစ်တဲ့ L ကတော့ Model year ပဲဖြစ်ပါတယ်
L နေရာမှာ J ဆိုရင် 2018 model
K ဆိုရင် 2019 model
L ဆိုရင် 2020 model

၁၁လုံးမြောက်ဖြစ်တဲ့ F ကတော့ Plant ထုတ်လုပ်တဲ့စက်ရုံပဲဖြစ်ပါတယ်
F ဆိုရင် Fair fax USA ပထမဦးဆုံး စာလုံးဖြစ်တဲ့ 1 ကလည်း USA Region ဖြစ်တဲ့အတွက် ပထမဦးဆုံးစာလုံးနဲ့လည်းခွဲလို့ရနေတဲ့အတွက် ထွေထွေထူးထူး မရေးတော့ပါဘူး

၁၂လုံး ကနေစပြီး ၁၇လုံးမြောက်ထိ 12345 ကတော့ ထုတ်လုပ်မှုဖြတ်သန်း code လို့ခေါ်ပြီး ဂဏန်းတွေနဲ့ပဲလာပါမယ်

ဥပမာ တစ်စီးခွဲပြပါမယ် 1G1ZA5STXLF12346 ဆိုရင်
ပထမစာလုံးက 1 ဆိုတော့ -United states
ဒုတိယစာလုံးက G ဆိုတော့ -General Motor
တတိယစာလုံးက 1 ဆိုတော့- passenger car
လေးလုံးမြောက်နဲ့ ငါးလုံးမြောက်က ZA ဆိုတော့ - L (1VL)ဂရိတ်
ခြောက်လုံးမြောက်က 5 ဆိုတော့ -4 door sedan
ခုနှစ်လုံးမြောက်က S ဆိုတော့ - round air bags
ရှစ်လုံးမြောက်က T ဆိုတော့ - LFV-Engine gas,4cyl
L4,1.5L DI DOHC,VVT,
Turbo,GEN-1 GMNA အင်ဂျင်
ကိုးလုံးမြောက်Xက -Check digit
၁၀လုံးမြောက်က L ဆိုတော့ -2020 model
၁၁လုံးမြောက် F ကတော့ Fair fax - plant ကတော့ USA စက်ရုံထုတ် ပဲဖြစ်ပါတယ်
အားလုံးကိုပြောမယ်ဆိုရင် General Motor USA နိုင်ငံထုတ် passenger car /L (1VL) ဂရိတ် /4door sedan /round air bags /1.5L turbo Engine /check digit /2020 model /USA စက်ရုံထုတ်ကားပဲဖြစ်ပါတယ်

grade ကတော့ Korea made ဖြစ်ပါတယ်။

Credit: : Original writer

https://www.facebook.com/260973534369114/posts/1145858419213950/

✅ ကားတုန်ခါမှု ပြဿနာများကို စစ်ဆေးခြင်း✅💢💢💢💢💢💢💢💢💢💢💢💢💢ကားမောင်း၍ ခရီးသွားနေစဉ် မိမိကားမှ ထူးခြားအသံနှင့်တုန်ခါမှုများ ဖြစ...
12/06/2021

✅ ကားတုန်ခါမှု ပြဿနာများကို စစ်ဆေးခြင်း✅
💢💢💢💢💢💢💢💢💢💢💢💢💢

ကားမောင်း၍ ခရီးသွားနေစဉ် မိမိကားမှ ထူးခြားအသံနှင့်တုန်ခါမှုများ ဖြစ်တတ်သည်။

တုန်ခါမှုများသည် ယာဉ်မောင်းသူကို စိတ်အနှောင့်အယှက်ဖြစ်စေ
ပြီး အန္တရာယ် ဖြစ်နိုင်သလားဆိုသည့် စိုးရိမ်ပူပန်မှုများနှင့် ကြောက်ရွံ့ခြင်းကို ဖြစ်စေပါသည်။

ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရန် အားနည်းသော
မော်တော်ယဉ်များတွင် ရုတ်တရက် တုန်ခါမှုအသံများ ထွက်ပေါ်လာပါက ယာဉ်မောင်းသူများ စိုးရိမ်ထိတ်လန့်တတ်သည်။

တုန်ခါမှုသည် မည်သည့် အစိတ်အပိုင်းနေရာမှဖြစ်သည်ကို သိရှိမှသာ ယင်းပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

ကားတစ်စီးတွင် တုန်ခါမှု(vibration) ဖြစ်နိုင်သောနေရာ
အစိတ်အပိုင်းများမှာ

♦(၁)အင်ဂျင်

♦(၂)၀င်ရိုးတန်း

♦(၃)ဂျွိုင်းရုပ်

♦(၄)ဘရိတ်

♦(၅)ကားဘီး

♦(၆)တာယာ တို့ဖြစ်ပါသည်။
......................................................................

(၁) အင်ဂျင်တုန်ခါမှု ပြသနာ
❇❇❇❇❇❇❇❇

ဓာတ်ဆီအင်ဂျင်တစ်လုံးတွင် လေ၊ လောင်စာဆီ၊ မီးပေးစနစ် အားလုံးညီညွတ်မျှတနေပါက အင်ဂျင်လည်ပတ်မှု မှန်ကန်ချောမွေ့နေမည်။

လီဗာနင်းလျှင် နင်းသလောက် အင်ဂျင်ဆွဲနိုင်ပြီး အင်ဂျင်စွမ်းဆောင်မှု ကောင်းသောကြောင့် လမ်းအခြေအနေ အမျိုးမျိုးတွင် အကောင်းဆုံး မောင်းနှင်နိုင်သည်။

လေ၊ လောင်စာဆီ၊ မီးပေး စနစ်(၃) မျိုးထဲမှ တစ်ခုခုချို့ယွင်းအားနည်းလာလျှင် အင်ဂျင်လည်ပတ်မှု ပုံမှန်မဟုတ်တော့ပဲ တုန်ခါမှု ဖြစ်တတ်သည်။

လီဗာနင်းပါက ဆက်ခနဲ တစ်ချက်တစ်ချက် တုန်ခါသွားမည်။

Highway တွင် အမြန်နှုန်း speed တင်မောင်း၍ မရဘဲ အင်ဂျင်မဆွဲနိုင်ဖြစ်မည်။

ကားစက်စတင်နိုးချိန်တွင် ကောင်းနေသော်လည်း ကြာကြာမောင်းပါက အင်ဂျင်တုန်ခါလာမည်။

ထိုလက္ခဏာများသည် အင်ဂျင်မူမမှန်သော လက္ခဏာဖြစ်သည်။

ဆီစစ်ဘူးပိတ်နေသလား၊ ဆီထဲတွင်ရေပါသလားစစ်ဆေးပါ။

အင်ဂျင်ဆီငတ်လျှင် ဆွဲအားရုန်းအားမကောင်းပါ။

ထို့ပြင် Air Cleaner လေစစ်တွင် ဖုန်များ ၊ အမှိုက်များ ပိတ်ဆို့နေပါက အင်ဂျင်ဆွဲလေဆွဲသလောက် မရနိုင်ပါ။

လေပိတ်ခြင်းသည် အောက်ဆီဂျင်ငတ်ခြင်းဖြစ်ပါသည်။

အောက်ဆီဂျင်နှင့် လောင်စာဆီ အချိုးကျမှန်ကန်စွာ ရောစပ်မှ အကောင်းဆုံး ပေါက်ကွဲလောင်ကျွမ်းမှု ရရှိပါသည်။

ဓာတ်ဆီကားများတွင် မီးပေးခြင်း(Ignition) မှန်စေရန် အရေးကြီးပါသည်။

Spark Plug ကောင်းရမည်ဖြစ်ပြီး ၀ါယာကြိုးနှင့် မီးကွိုင်ကောင်းရမည်။

ပလပ်မှ မီးပွား(spark)အထွက် ကောင်းမကောင်းစစ်ဆေးရမည်ဖြစ်ပြီး ပလပ်မကောင်းလျှင် ပလပ်အသစ်လဲပေးပါ။

(၂)Axle ၀င်ရိုးပြဿာနာ
❇❇❇❇❇❇❇

လမ်းကြမ်း၊ ချိုင့်ခွက်များသောနေရာတွင် အရှိန်ပြင်းမောင်းမိပါက လမ်းအဆောင့် ဒဏ်များကြောင့် ၀င်ရိုးကောက်သွားတတ်သည်။

မသိမသာကောက်နေသော ဝင်ရိုးသည်မြန်နှုန်းမြင့်မောင်းနှင်ပါက တုန်ခါမှု ဖြစ်ပေါ်စေသည်။

ဝင်ရိုးလိမ်ကောက်ခြင်း သေချာစေရန် ဂျိုက်ထောက်ပြီး ကားဘီးကိုလှည့်ကြည့်ပါ။

ကားဘီးအရှိန်ရလာလျှင် ဘီးခါရမ်းပြီး တုန်ခါလာမည်။

ဒူးဆစ်နှင့် ဆက်သွယ်မောင်းသော ကားများတွင် ဒူးဆစ်သဲကာများ ပေါက်ပြဲပြီး ဒူးဆစ်ဆီ (အမဲဆီ) များ ယိုစိမ့်ထွက်တတ်သည်။

ဒူးဆစ်ဆီမရှိဘဲ သဲများ၊ ရွံ့များဝင်ကာ ဒူးဆစ်ပျက်ဆီးတတ်သည်။

ဒူးဆစ်ဘောလ်များ ပျက်စီးပြီး စား၍ ချောင်သွားတတ်သည်။

ပွန်းစား၍ ချောင်နေသော ၀င်ရိုးသည် မြန်နှုန်းမြင့် လည်ပတ်ချိန်တွင် တုန်ခါမှုဖြစ်ပေါ်လာသည်။

ဒူးဆစ်မှတုန်ခါမှုရှိမရှိ ဂျိုက် ထောက်ပြီးစစ်ဆေးပါ။

ဒူးဆစ်စားပြီး ချောင်နေလျှင်အသစ်လဲပေးပါ။

သဲကာအမဲဆီများအသစ်ထည့်ပါ။

(၃)ဂျွိုင်းရှပ် တုန်ခါမှု ပြဿနာ
❇❇❇❇❇❇❇❇

နောက်ဆွဲကားများတွင် ဂီယာဘောက်စ်အထွက်မှ နောက်ဝန်ရိုးတန်း သို့ ဂျွိုင်းရှပ်နှင့် ဆက်သွယ်ထားပါသည်။

ဂျွိုင်းရှပ်တွင် ဂျွိုင်းဘောလ် (ခေါ်) ယူနီဗာဆယ်ဂျွိုင်းအဆစ် (၃)ခုမှ (၅)ခုအထိ ရှိတတ်သည်။

ဂျွိုင်းဘောလ်များ အမဲဆီငတ်ပြီးစား၍ ချောင်သွားတတ်သည်။

ဂျွိုင်းဆက်ဖလန်းပြားကို ဂျွိုင်းနတ်များနှင့်ဖမ်းထားသည်။

ခါးဆွဲဘောလ်အထိုင်နှင့် ရာဘာမောင်းတိန်းများ စားသွားပါက ဂျွိုင်းရှပ်လည်လျှင် ခါရမ်းပြီး အသံမြည်တတ်သည်။

ဂျွိုင်းမှ အသံထွက်လျှင် ဂျွိုင်းနတ်၊ ဂျွိုင်းဘောလ်နှင့် ခါးဆွဲဘောလ်များကို စစ်ဆေးပါ။

(၄) ဘရိတ်ပြဿနာ
❇❇❇❇❇❇

ဒစ်ဘရိတ်များတွင် ဘရိတ်ငြိပြီး အပူလွန်ကဲကာ ဘရိတ် Rotor လိမ်ကောက်သွားတတ်သည်။

ဘရိတ်နင်းလိုက်လျှင် လိမ်နေသော Rotor ကြောင့်တုန်ခါမှုသည် Caliper နှင့် Brake Pad အပြားများကို လာ၍တိုးသည်။

ဘရိတ်ကျွမ်းကျင်သူများကို ပြသ၍ ဘရိတ်မှ တုန်ခါမှု အသံထွက်ခြင်းကို စစ်ဆေးပါ။

ဒရမ်ဘရိတ်သုံးကာ ကားများတွင်လည်း ကြာလာလျှင် ဒရမ်အတွင်းပိုင်းမျက်နှာပြင်များ မညီမညာဖြစ်တတ်သည်။

မညီညာသော ဘရိတ်ဒရမ်ပေါ်သို့ဘရိတ်ရှူးခြမ်းများနှင့် ပွတ်တိုက်ပါက တုန်ခါမှုဖြစ်ပေါ်သည်။

ဘရိတ်ဒရမ်အတွင်းပိုင်းကို စစ်ဆေး၍ လိုအပ်ပါက တွင်ခုံတွင် စက်ခုတ်စားပေးရသည်။

(၅) ကားဘီးပြဿနာ
❇❇❇❇❇❇

ဒစ်ဝှီးဘဲဥလိုက်နေခြင်း၊ လိမ်ဖည်နေခြင်းများရှိပါက ကားဘီးတုန်ခါမှု ဖြစ်တတ်သည်။

ဒစ်ဝှီးအလိုင်းမင့် အောက်နေခြင်း၊ လိမ်ဖည်နေခြင်းကို စက်ပေါ်တင်၍စစ်ဆေးနိုင်သည်။

ပြန်လည်ပြုပြင်၍ ရနိုင်သော ဒစ်ဝှီးခွေများကို သုံးသင့်သော်လည်း ပြုပြင်၍မရသော လိမ်ဖည်နေသော ဒစ်ဝှီးခွေများကို အစားထိုးလဲလှယ်သင့်သည်။

ဘီး Hub Ball ကြောင့်လည်း ဘီးခါတတ်သည်။

Hub Ball စားနေခြင်း၊ ချောင်နေခြင်း၊ အလွတ်ကစားနေခြင်းရှိမရှိ စစ်ဆေးပါ။

Hub Ball များကိုဖြုတ်၍ စစ်ဆေးသင့်ပါသည်။

အခြေအနေမကောင်းသော Hub Ball များကိုအသစ်လဲပေးသင့်ပါသည်။

လမ်းခရီးတွင် Hub Ball ကြွေ၍ မောင်းမရပါက များစွာ ဒုက္ခရောက်တတ်သည်။

ကားရှေ့ဘီး တုန်ခါမှုဖြစ်စေသော အခြားအကြောင်းတရားမှာ တိုက်ရော့၊ ဘော်လ်ဂျွိုင်း၊ ကားအောက်ပိုင်းပစ္စည်းများ ချောင်နေခြင်း၊ ကင်းပင်စားပြီး ကင်းပင်ဘွတ် ချောင်နေခြင်း၊ များကြောင့်လည်းဖြစ်သည်။

တိုက်ရော့ဘော်လ်ဂျွိုင်းများကို ချောင် မချောင်စစ်ဆေးပါ။

ထိန်းချုပ်တန်းများမှ ရာဘာဘွတ်များ ချောင် မချောင် စစ်ဆေးပါ။

မကောင်းပါက အစားထိုးလဲပေးသင့်ပါသည်။

Bulterfly ဘွတ်များစားနေပါက အသံထွက်လေ့ရှိသည်။

ထိုအခါ ဘွတ်များအားလုံးစစ်ဆေး၍ အသစ်လဲပါ။

ရှေ့ဘီး၊ နောက်ဘီး အလိုင်းမင့် ပြန်ချိန်ပါ။

ကားရှေ့ဘီးများ တုန်ခါမှုသည် စတီယာရင် အဆက်များမှတစ်ဆင့် စတီယာရင်ခွေသို့ လာ၍တိုးတတ်ပါသည်။

စတီယာရင်အဆက်များနှင့် တိုက်ရော့၊ ဘော်လ်ဂျွိုင်းများကို အမဲဆီထိုးပေးပါ။

စတီယာရင်၊ ဂီယာဘောက်စ် အလွတ်ကစားမှုသည် ရှိသင့်သလောက်သာ ရှိသင့်ပါသည်။

အလွတ်ကစားမှုများလျှင် မြန်နှုန်းမြင့်ကားမောင်းပါက စတီယာရင်တုန်ခါတတ်သည်။

စတီယာရင် ဂီယာဘောက်စ်တွင် ဂီယာဝိုင်စစ်ဆေးပါ။

အထိုင်နတ်များ ချောင်မချောင်စစ်ဆေးပါ။

စတီယာရင်ကော်လံ ဖလန်းအဆက်နေရာမှ ကွန်ပလိန်းနတ်များ ချောင်မချောင်စစ်ဆေးပါ။

ကားရှေ့ဘီးများတုန်ခါမှုသည် ဘီးအလိုင်းမင့်၊ တာယာ၊ Hub Ball၊ တိုက်ရော့ဘော်လ်ဂျွိုင်း ၊ စတီယာရင် စသောအချက်များစွာနှင့် သက်ဆိုင်နေပါသည်။

(၆) တာယာပြဿနာ
❇❇❇❇❇❇

တာယာကြောင့်လည်း တုန်ခါမှု မြည်သံထွက်နိုင်သည်။

အချို့သော စတီယာရင်များသည် လိမ်ဖည်နေတတ်သည်။

လိမ်ဖည်နေသောတာယာသည် Speed မြန်လာပါက တုန်ခါမှုဖြစ်စေသည်။

တာယာ Balance အောက်နေပါက တာယာတုန်ခါမှုဖြစ်တတ်သည်။

တာယာBalance ညီညာမှု ရှိ/မရှိ Balancing စက်ပေါ်တွင် တင်၍ ချိန်ပေးသင့်ပါသည်။

အချို့တာယာများသည် ပန်းသားပွန်းစားမှု မညီမညာဖြစ်လာလျှင် တုန်ခါတတ်ပါသည်။

တာယာများကို ရှေ့နောက် ဘယ်ညာလှည့်သုံးပေးပါ။

တာယာလေပေါင်ဖိအား၊ တာယာတပ်ဆင်လျှင် ဒစ်ဝှီးခွေနှင့် တာယာအထိုင်ကျ များမှန်ကန်အောင်ပြုလုပ်သင့်ပါသည်။

တာယာဖြုတ်တပ်လျှင် ဖြုတ်-တပ်စက် (Tire Changer) နှင့် တပ်ဆင်သင့်ပါသည်။

ထို့အပြင် တာယာဘီးများကို အလိုင်းမင့် ပုံမှန်ချိန်သင့်ပါသည်။

တာယာလဲလျှင် ပန်းအမျိုးအစားတူ အစုံလိုက်လဲသင့်ပါသည်။

အချို့တာယာများသည် စက်ရုံမှထုတ်လုပ်စဉ်အချိန်ကပင် အရည်အသွေးချို့ယွင်းချက်ရှိတတ်ပါသည်။

တာယာအသစ်လည်း Balance ချိန်ရန်လိုအပ်ပါသည်။

မော်တော်ယာဉ်တစ်စီးတွင် ဖြစ်တတ်သော တုန်ခါမှုပြဿနာ(၆)မျိုးကို တင်ပြခဲ့ပါသည်။

အချို့ပြဿနာများသည် အရေးမကြီးသော်လည်း ကြာကြာထားလျှင် ပိုမိုပျက်စီးစေသော လမ်ကြောင်းပေါ်သို့ ဦးတည်သွားနေတတ်သည်။

ကားတစ်စီးသည် ပုံမှန်အနေအထား အခြေအနေတွင်သာ အလုပ်ခိုင်းသင့်ပါသည်။

မူမမှန်သော တုန်ခါမှုများသည် ချို့ယွင်းချက် အပြစ်ရှိသော လက္ခဏာများသာဖြစ်သည်။

Credit:: :original upload

https://www.facebook.com/260973534369114/posts/1140457246420734/

Address

Monywa

Telephone

+959779009922

Website

Alerts

Be the first to know and let us send you an email when AMT Auto Service - Monywa. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share