KBK

KBK I'm Bo Kyaw.
09650926110
I'm a mechanic.Truck & Tractor Service.

My offroad truck
25/06/2024

My offroad truck

13/10/2023
09/10/2023

Hybrid နည်းပညာ ဆိုသည်မှာ

မော်တော်ယာဉ်မူဝါဒ ပြောင်းလဲခြင်းများနှင့်အတူ မော်ဒယ်လ်မြင့်ကားများ ဝင်ရောက်လာခဲ့သည်။ Hybrid ကားများကို ယနေ့ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် မြင်တွေ့နိုင်ကြပါပြီ။ သာမာန်ကားများထက် နည်းပညာမြင့်မားပြီး ဆီစားနှုန်း အထူးသက်သာသော၊ ပြင်ဆင်စရိတ် နည်းပါးသော အားသာချက်များသည် ဟိုက်ဘရစ်ကားများကို နာမည်ကျော် လူကြိုက်များစေခြင်းဖြစ်သည်။ ထို့ ပြင် ဟိုက်ဘရစ်ကားသည် Emission ထုတ်လွှတ်မှု အနည်းဆုံးဖြစ်ပြီး လေထုညစ်ညမ်းမှု အသက်သာဆုံးကားဖြစ်သည်။

Hybrid ကားဆိုသည်မှာ I.C. E အင်ဂျင် အသေးတစ်လုံးနှင့် လျှပ်စစ်မော်တာတစ်လုံး ပူးတွဲပါဝင်ပြီး ပါဝါစွမ်းအားကို နည်းလမ်း (၂) မျိုးဖြင့် အမြင့်မားဆုံး ရရှိစေသော ကားအမျိုးအစားဖြစ်သည်။ Hybrid ကား၏ထူးခြားချက်မှာ လောင်စာဆီ စားနှုန်း သက်သာသဖြင့် Fuel Economy ဖြစ်သည်။ ဖန်လုံအိမ် အာနိသင်ကို ဖြစ်ပေါ်စေသော ကာဗွန်ထုတ်လွှတ်မှု သိသာစွာ လျော့နည်းသွားပြီး သဘာဝပတ်ဝန်းကျင်အတွက် မိတ်ဖက်ဖြစ်သော Green Car ဖြစ်သည်။

ဟိုက်ဘရစ်ကား၏ မူလအစ

ပထမဆုံး Hybrid လျှပ်စစ်ကားကို ဒီဇိုင်းပြုလုပ်၍ စိတ်ကူး အကောင်အထည်ဖော်ခဲ့သူမှာ သြစတြေးလျနိုင်ငံသား ထင်ပေါ်ကျော်ကြားသူ (Ferdinand Porsche) ဖာဒီနန်ပေါ့ချေးဖြစ်သည်။ (၁၉ဝ၁) ခု နှစ်မှ (၁၉ဝ၅) အတွင်းကြိုးပမ်းတီထွင်ခဲ့သည်။ အကြောင်းအမျိုးမျိုး ကြောင့် ဟိုက်ဘရစ်ကားများ ဆက်ဆက်မရှင်သန်ခဲ့ဘဲ (၂ဝ) ရာစု ကုန်ခါနီးမှ ခေတ်သစ် ဟိုက်ဘရစ်ကား များပေါ်ပေါက်လာသည်။

အမေရိကန် အင်ဂျင်နီယာတစ်ဦးဖြစ်သူ Victor Wouk ဆိုသူ စမ်းသပ်သုတေသနပြုလုပ်၍ ကွန်ပျူတာ စနစ်ပါသော ခေတ်သစ်ဟိုက်ဘရစ် ကားကိုမွေးဖွားပေးခဲ့သည်။ ထို့ကြောင့် Victor Wouk ကို ခေတ်သစ် ဟိုက်ဘရစ်ကား၏ ဖခင် (The Godfather of the Hybrid) ဟုလူသိများလာသည်။ (၁၉၈၉) ခုနှစ်တွင် Audi 100 Avant Duo ကားသည် ပထမဆုံးခေတ်သစ် ဟိုက်ဘရစ်ကား ဖြစ်လာသည်။

(၁၉၉၇) ခုနှစ်တွင် Toyota က Prius မော်ဒယ်လ်ကားဖြင့် ခေတ်သစ် Hybrid ကားကို မိတ်ဆက်ပြသခဲ့သည်။ Honda ကားကုမ္ပဏီကလည်း (၁၉၉၉) ခုနှစ်တွင် ၎င်းင်း၏ Honda Insight (99 Model) ကားဖြင့် Hybrid နည်းပညာကို ပြသခဲ့သည်။ (၂၁)ရာစု၏ ပထမ (၁ဝ) စုနှစ်များ တွင် Hybrid နည်းပညာရပ်များ တစ်ရှိန်ထိုး တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။

ရေနံဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်း၊ ဖန်လုံအိမ် အာနိသင်ကြောင့် ကမ္ဘာကြီးပိုမိုပူနွေးလာခြင်း၊ ကာဗွန်ထုတ်လွှတ်မှု လျော့ချရေးနှင့် လေထုညစ်ညမ်းမှု လျော့ချရေး အသံများ ပိုမိုကျယ်လောင်လာခြင်း၊ ဆီစားနှုန်းသက် သာသော Fuel Economy ဖြစ်သော ကားများထုတ်လုပ်ရေးကို ပိုမို တွန်းအားပေးသော အချိန်အခါ ဖြစ်လာခြင်းစသော အကြောင်းများကြောင့် မျက်မှောက်ကာလတွင် Hybrid နည်း ပညာသုံးကားများ ပိုမိုရေပန်းစား လူကြိုက်ပိုများလာသည်။

ဟိုက်ဘရစ်ကား

ဟိုက်ဘရစ်ကား ဆိုသည်မှာ ဓာတ်ဆီအင်ဂျင်နှင့် လျှပ်စစ်မော်တာ (၂) မျိုးကို ပေါင်းစပ်ထားသောကား ဟုအကြမ်းအားဖြင့် ပြောနိုင်ပါသည်။ ဟိုက်ဘရစ်ကားတွင် တပ်ဆင်ထားသော အင်ဂျင်မှာ သာမန်ဓာတ်ဆီ၊ ဒီဇယ်ကားများတွင်ပါသော အင်ဂျင်အရွယ်အစားထက် သေးငယ်ခြင်းဖြစ်သည်။ မြေပြင်ညီလမ်းကောင်း တစ်ခုပေါ်တွင် ရွေ့လျားမောင်းနှင်နေသော ကားတစ်စီးအတွက် ပါဝါစွမ်းအင်လို အပ်ချက်မှာ မြင်းကောင်ရေ (၁ဝ) မှ (၂ဝ) အတွင်းသာဖြစ်သည်။

သို့သော် ကားအင်ဂျင်အများစုသည် မြင်းကောင်ရေစွမ်းအား (၈ဝ) မှ (၂ဝဝ) အထိ တပ်ဆင်သုံးစွဲကြသည်။ စတင်ထွက်ခွာခြင်း၊ အရှိန်မြှင့်တင်ခြင်း၊ တောင်တက်လမ်း၊ တောင်ပေါ်လမ်းများတွင် ရုန်းတက်ရခြင်း၊ ကားကျော်တက်ခြင်း စသော အခြေအနေများ၌သာ အင်ဂျင်မြင်းကောင်ရေစွမ်းအားများစွာ လိုအပ်ပြီး ပုံမှန် Speed ဖြင့် မောင်းနေသော အချိန်တွင် မြင်းကောင်ရေစွမ်းအား အနည်းငယ်သာ လိုအပ်သည်။

သာမာန်အခြေအနေတွင် ပုံမှန် Speed တစ်ခုဖြင့် (80 km/hr – 100 km/hr) သာမောင်းနှင်ရန်အတွက် အင်ဂျင်မြင်းကောင်ရေ ကြီးမားနေ ခြင်းသည် စွမ်းအင်ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။ အင်ဂျင်စွမ်းအား လေလွင့် ဆုံးရှုံးခြင်းသည် လောင်စာလေလွင့် ဆုံးရှုံးခြင်း ဖြစ်သည်။ ဤအချက်ကို ဟိုက်ဘရစ်ကားတွင် ဖြေရှင်းထားသည်။ စတင်ထွက်ခွာခြင်း၊ အရှိန်မြှင့်တင်ခြင်း၊ ကုန်းတက်လမ်းတွင် မောင်းနေခြင်းများအတွက် အင်ဂျင်စွမ်းအားအပြင် လျှပ်စစ်မော်တာကပါ ပူးပေါင်း ကူညီပေးသည်။ မလိုအပ်သော အခြေအနေတွင် အင်ဂျင်စွမ်းအားကို မသုံးတော့ဘဲ လျှပ်စစ်မော်တာ လှည့်အားဖြင့် ကားကိုဆက်မောင်းစေသည်။

ထို့ကြောင့် လောင်စာဆီချွေတာနိုင်သည်။ ဟိုက်ဘရစ်ကားများ သည်သာမန်ဓာတ်ဆီကားများထက် သိသာစွာ လောင်စာဆီစားနှုန်း သက်သာကြသည်။ ဟိုက်ဘရစ်ကားတွင် သုံးသော လျှပ်စစ်မော်တာအတွက် လျှပ်စစ်စွမ်းအင်များများ သိုလှောင် နိုင်သော High Voltage ဘက်ထရီ သီးသန့်တပ်ဆင်ထားသည်။ ဟိုက်ဘရစ်ကားမှ လျှပ်စစ်မော်တာသည် Generator အဖြစ်လည်း အသုံးပြုသည်။ ကားအရှိန်လျှော့သောအချိန်၊ ဘရိတ်နင်းသောအချိန်၊ ကားစက်မသတ်ဘဲ စက်နှိုး၍ရပ်ထားသော အချိန်များတွင် Generator မှ High Voltage ဘက်ထရီကို အားပြန်သွင်း ပေးနေသည်။

ထို့ကြောင့် ဟိုက်ဘရစ်ကားများသည် လျှပ်စစ်ကားတစ်ပိုင်းဖြစ်သည်။ ဟိုက်ဘရစ်ကားတွင် တပ်ဆင်ထားသော အင်ဂျင်သည် သေးငယ်သော်လည်း ခရီးဝေးမိုင်ပေါင်းများစွာ သွားနိုင်ခြင်းသည် ဟိုက်ဘရစ်ကား၏ အဓိကဝိသေသ လက္ခဏာဖြစ်သည်။

ဟိုက်ဘရစ်ကား အမျိုးအစားကို Parellel Hybrid, Series Hybrid, Series-parallel Hybridနှင့် Plug-in Hybrid ဟူ၍ အတန်းအစားအမျိုးမျိုးခွဲခြား ထုတ်လုပ်သည်။

ဓာတ်ဆီ-လျှပ်စစ် ဟိုက်ဘရစ်ကားတွင် အဓိကပါဝင်သော အစိတ်အပိုင်းများ

(၁) ဓာတ်ဆီအင်ဂျင် – သာမန် ဓာတ်ဆီကားအင်ဂျင်ထက် ပိုမိုသေးငယ်သည်။ အဆင့်မြင့်နည်းပညာများ ကို အသုံးချထား၍ ဆီစားသက်သာ ပြီး Emission ထုတ်လွှတ်မှုနည်းသည်။

(၂) Fuel Tank- ဓာတ်ဆီအင် ဂျင်အတွက် ဆီသိုလှောင်ကန်ဖြစ်သည်။ ဓာတ်ဆီသည် ဘက်ထရီထက် စွမ်းအင်သိပ်သည်းဆ ပိုများသည်။

(၃) Electric Motor – ဟိုက် ဘရစ်ကားမှ လျှပ်စစ်မော်တာသည် ဆန်းပြားရှုပ်ထွေးသည်။ မော်တာထိန်းချုပ်မှုကို ကွန်ပျူတာက ဆောင်ရွက်သည်။

(၄) Batteries – ဟိုက်ဘရစ် ကားသုံး ဘက်ထရီသည် လျှပ်စစ်စွမ်း အင်ပမာဏများများ သိုလှောင်နိုင်ရမည်။

(၅) Transmission- ဟိုက်ဘရစ်ကားသုံး Transmission စနစ်သည် သာမန်ကားများ ကဲ့သို့ဖြစ်သည်။ တချို့သော ဟိုက်ဘရစ်အမျိုးအစား ကားများသည် သာမန်ထက်ထူးခြား စွာတည်ဆောက်ထားသည်။

ဟိုက်ဘရစ်ကားများ၏ အားသာချက်များ

ဟိုက်ဘရစ်ကားများ၏ ကောင်းမွန်သော အကျိုးကျေးဇူးများ ကြောင့်နှစ်စဉ်နှစ်တိုင်း လူကြိုက်ပိုများလာသည်။ နောက်ဆုံးပေါ် Hybrid ကားများသည် နည်းပညာ ပိုမိုမြင့်မားလာသဖြင့် လောင်စာဆီ ကုန်ကျစရိတ် အလွန်သက်သာပြီး ပြုပြင်ထိန်းသိမ်းမှု စရိတ်ကလည်း နည်းပါးသည်။ ရေဖြင့်ပင်မောင်းနိုင်သော Water Hybrid ကားများ ပင်ပေါ်ပေါက်နေပါပြီ။ ရေကိုပြိုကွဲစေလျှင် ရေဓာတ်ငွေ့ HHO ထွက်သည်။ ပြိုကွဲသွားသော ရေသည် ဟိုက်ဒဂြိုဂျင်နှင့် အောက်ဆီဂျင် ဓာတ်ငွေ့သာဖြစ်သည်။ ဟိုက်ဒြိုဂျင်ကို ဓာတ်ဆီနှင့်တွဲဖက်၍ အင်ဂျင်လည်ပတ်ရန် လောင်စာအဖြစ် အသုံးပြုနိုင်သည်။

(က) ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးခြင်း

ဟိုက်ဘရစ်ကားများသည် မီးခိုးမြူများ ထုတ်လွှတ်မှုနည်းပါးသဖြင့် လေထုညစ်ညမ်းမှုလျော့ချနိုင်သည်။ အမေရိကန်ပတ်ဝန်းကျင်ထိန်း သိမ်းရေးအေဂျင်စီ (EPA) က ဟိုက်ဘရစ်ကားများကို လေထုညစ်ညမ်းမှု အနည်းဆုံးအတွက် အမြင့်ဆုံး Score အမှတ် (၁ဝ) တွင် (၉) မှတ်ပေးထားသည်။

(ခ) ဆီစားနှုန်း သက်သာခြင်း

ဟိုက်ဘရစ်ကားတွင် စွမ်းအင် လေလွှင့်ဆုံးရှုံးမှု နည်းပါး၍ ဆီတစ်ဂါလန်မိုင်နှုန်း မြင့်မားသည်။

(ဂ) သန့်ရှင်းသောလောင်စာ သုံးစွဲနိုင်ခြင်း

ဟိုက်ဒြိုဂျင် ဟိုက်ဘရစ်ကား များသည် Fuel Cell ကားများကဲ့သို့ သန့်ရှင်းသော ဟိုက်ဒြိုဂျင်လောင်စာ ကိုသုံးနိုင်သည်။

(ဃ) ပြုပြင်ထိန်းသိမ်းစရိတ် နည်းပါးခြင်း

ပြင်ဆင်စရိတ်သက်သာ၍ ကားပိုင်ရှင်များသဘောကျသည်။

(င) စွမ်းဆောင်ရည်မြင့်မားခြင်း

ဟိုက်ဘရစ်ကားများ၏ စွမ်းဆောင်ချက် (Performance) သည် Level တူ အခြားကားများထက် သာလွန်သည်။ တောင်တက်လမ်းများ တွင် ဟိုက်ဘရစ်ကားက ပို၍ကောင်းသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မော်တော်ကားများ၏ ဆီစားနှုန်းသက်သာရေးကို မူဝါဒချမှတ်၍ ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့် လေထုညစ်ညမ်းမှု ကာကွယ်ရေးအတွက် လျှပ်စစ်ကားများ၊ ဆိုလာကားများ၊ ဟိုက်ဘရစ်ကားများ တိုးပွားလာရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းစီမံ ဆောင်ရွက်လျက် ရှိနေပါသည်။


♦♦♦♦♦♦♦♦♦♦♦♦♦
#ဇွဲ #ကားမောင်းလေ့ကျင့်ရေးသင်တန်းမှ ကြိုဆိုပါတယ်။

ကားနဲ့ဆိုင်တဲ့ ဗဟုသုတများ လေ့လာနိုင်ဖို့ အောက်က you tube channel နှိပ်ပြီး subscribe လုပ်ထားစေချင်ပါတယ်။

https://www.youtube.com/

ခေတ်တွေ ပြောင်းလာတာနဲ့အမျှ
ကားမောင်းတတ်ဖို့ဆိုတာ
အတတ်ပညာတခု အနေနဲ့
အရေးပါလာခဲ့ပါပြီ။
♦ဟိုဒီသွားစရာ ကိစ္စကြုံလာရင်
ဖြစ်စေ၊
♦ကလေး ကျောင်းကြို/ပို့ ဖို့ ဖြစ်စေ
♦ကျန်းမာရေးကိစ္စကြောင့်ဖြစ်စေ၊
စသည်ဖြင့် အကြောင်းကိစ္စ
အမျိုးမျိုး အရေးကြုံလာပါက
မိမိအိမ်မှာ ကားလဲရှိမယ်၊
မိမိကိုယ်တိုင် ကားမောင်းတတ်မယ််
ဆိုရင် စိတ်သွားတိုင်းကိုယ်ပါနိုင်မှာ
ဖြစ်ပါတယ်။

package 1
♦♦♦♦
ကားမမောင်းတတ်ဘူး၊
လိုင်စင်ဖြေတဲ့အချိန်မှာ
မောင်းပြရတဲ့
ပတ်မောင်းလေ့ကျင့်မှုရယ်၊
ပါကင်ထိုးပြရတဲ့
၆၅°ပါကင်လေ့ကျင့်မှုရယ်အတွက်
(လေ့ကျင့်ချိန် ၆နာရီ)
သင်တန်းကြေး ၁သိန်း၅သောင်း။

package 2
♦♦♦♦
ကားမောင်းတတ်တယ်။
သင်တန်းလဲ တက်ဖူးတယ်။
လိုင်စင်ဖြေတဲ့အချိန်မှာ
မောင်းပြရတဲ့
ပတ်မောင်းလေ့ကျင့်မှုရယ်၊
ပါကင်ထိုးပြရတဲ့
၆၅°ပါကင်လေ့ကျင့်မှုရယ်အတွက်
(လေ့ကျင့်ချိန် ၄နာရီ)
သင်တန်းကြေး ၁သိန်း။

package 3
♦♦♦♦
ကားမောင်းအခြေခံ သင်တန်း
အသက်ကန့်သတ်ချက်မရှိ။
(လေ့ကျင့်ချိန် ၁၀ နာရီ)
သင်တန်းကြေး ၂သိန်း၅သောင်း။

package 4 (Special class)
♦♦♦♦♦♦♦♦♦
ကားမောင်းအတတ်သင် သင်တန်း
အသက် ၁၆ နှစ်မှ ၃၀ နှစ်အတွင်း
(လေ့ကျင့်ချိန် ၁၆နာရီ)
သင်တန်းကြေး ၄ သိန်း။

package 5 (VIP class)
♦♦♦♦♦♦♦♦
ကားမောင်းအတတ်သင် သင်တန်း
အသက် ၁၆ နှစ်မှ ၄၀ နှစ်အတွင်း
(လေ့ကျင့်ချိန် ၂၀ နာရီ)
သင်တန်းကြေး ၅ သိန်း။

♦probox အော်တိုဂီယာ
♦သင်မောင်းလိုင်စင် အခမဲ့
💜💜💜💜💜💜💜💜💜

ဘာတွေသင်ပေးမလဲ?
🎯 စက်မနှိုးမီ စစ်ဆေးရမည့်
ဆီ ရေ လေ ဝိုင် အကြောင်း
🎯 ကားအတွင်းရှိ ခလုတ်များ
အသုံးပြုပုံ
🎯 ယာဥ်မောင်းချိန်တွင် တွေ့ရမည့်
လမ်းညွှန်အမှတ်အသားများ
🎯 ယာဥ်မောင်းချိန်တွင် လိုက်နာရမည့်
စည်းကမ်းချက်များ
🎯 ရှေ့သို့ မောင်းနှင်ခြင်း နှင့်
လမ်းကွေ့ အယူအဆများ
(ကားမောင်းသင်ကွင်း အတွင်း /
ကွင်းပြင်ပ လမ်းများနှင့် လမ်းမကြီး
များပေါ်အထိ)
🎯 နောက်ဆုတ်ခြင်းအယူအဆများ
🎯 ပါကင်ထိုးပုံ ၇မျိုး အယူအဆများ
🎯 အမျိုးသား သင်တန်းသားများ
အတွက် ကားဘီးဖြုတ်ခြင်း
တပ်ခြင်း
🚘🚘🚘🚘🚘🚘🚘🚘🚘🚘🚘

♦ သင်တန်းအပ်နှံလိုပါက

ဆရာဇွဲ
ဖုန်း 09421130462
ယာဥ်မောင်းသင်လေ့ကျင့်ရေးစခန်း
ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ၊ ရန်ကုန်။

09/10/2023

" ဖြစ်ခြင်းနှင့် ပျက်ခြင်း "

မနေ့က သံပုံမှာ
ဂျစ်ကားတစီး
တွေ့ခဲ့တယ်
ဝင်မေးမလို့ တွေးမိသေး

အခုနေ့ တစစီ
ရအောင် ပြန်ရှာရ မယ်

ဒါကိုငါလုပ်နိုင်တယ်။

KBK
mogaung
9.10.23

09/10/2023

" လာရာ နှင့် လားရာ"

လာရာတွေ ဒေသတွေ
ဌာနေတွေတူချင်တူလိမ့်မယ်

လားရာတွေ မတူဘူး
ငါ့ဘေးနါး မှာ အတူရှိနေခဲ့ဖူးတာပဲ

အဲကောင်ဘာမှ မဟုတ်ခဲ့ပါဘူးပေါ့
အခုမှ ထီပေါက်သွားတာလား
ပေါ့

ဘယ်ဟုတ်မလဲ
ဓာတ်ခံချင်းမတူဘူးလေ

လူအများနေထိုင်ကြတာက
မနာလိုစိတ်နဲ့ နေထိုင်ကြတာ
များတယ်

အဲဒီစိတ်ကပဲ
ဖားနဲ့ငါးကို
ကွဲပြားစေခဲ့တာ

မကောင်းမြင်စိတ်နဲ့
မနာလို ဖြစ်ခြင်းဟာ
လူတွေမှာ
အပေါများဆုံးပဲ

ကိုယ်ဘာလို့
နောက်ကျန်ခဲ့သလဲဆိုတဲ့
အဖြေကို
ကိုယ် ကိုယ်တိုင်ပဲ
တွက်ချက် အဖြေထုတ်ရတယ်

ကိုယ့် ကိုယ်ကို
ပြန်ပြီး မေးခွန်းမထုတ်ကြပဲ

သူများကိုပဲ မေးခွန်းထုတ်နေကြတယ်

ကိုယ်က ဘာဖြစ်ချင်တာမှန်း
အခုထိ မသိရင်တော့

ဖြစ်နေတဲ့ဘဝ ကို ကျေနပ်စွာ
ခံယူ ယုံကလွဲပြီး
ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး
သားကြီး ။

သူတပါးကျေးဇူးကို
မသိတတ်ခင်
ကိုယ် ့ကိုယ် ကို
ဘာကောင်လဲ?

အရင်ပြန်မေး
ထွက်လာတဲ့အဖြေဟာ
လက်ရှိ မင်းဘဝပဲ ။

KBK
Mogaung
9.10.2023

09/10/2023

" အခက်အခဲများကို ကျော်လွှားခြင်း "

မနက်ဖြန်ဆိုတာ
မရောက်ခင်မှာပဲ
အခိုးအငွေ့လို လွင့်မျော
ပျောက်ဆုံးသွားချင် ခဲ့ဖူးတယ်

အမှောင်မိုက်ဆုံး
ကာလတွေဟာ တကယ်ရှိခဲ့ဖူးတယ်

လူသတ်ဖို့လည်း
သိပ်လွယ်တယ်

ကြိုတင်ကြံစည် မှုတွေ
သွားမလုပ်နဲ့
အကုန်ရှုပ်ကုန်မယ်

အရက်မသောက်နဲ့
ကောင်းတဲ့ အကြံဉာဏ်
မထွက်တော့ဘူး

ဘယ်သူ့ကိုမှ.
မဆက်သွယ်နဲ့
ဖုန်းကိုပိတ်ထား

သူတပါးကိုရော
ကိုယ့်ကိုယ်ကိုယ်ရော
သေစေနိုင်တဲ့
ပစ္စည်းတွေနဲ့ ဝေးဝေးမှာနေ

တောတောင်ရေမြေ
သဘာဝ တွေကိုကြည့်

စာအုပ်နဲ့ ေဘာပင်ဆောင်ထား

ဆရာတော်ကြီး တွေရဲ့
တရားဓမ္မတွေကို ခံယူ
သမ္မာကျမ်းစာ ဖတ်

guitar တီး သီချင်းမဆိုနဲ့
instrumental တီး

ပုံတွေဆွဲ
အဓိက ကတော့
စာများများဖတ်

ရေများများသောက်
ထမင်းမစားချင်ရင်မစားနဲ့
လူတွေနဲ့ စကားပြောဖို့
မကြိုးစားနဲ့

စကားအကောင်းတွေ
ထွက်မလာတတ်ဖူး
စီးကရက်ဖွာ

သိပ်မကြာဘူး
အဖြေမှန်တွေ့လိမ့်မယ်
သားကြီး

ငါလည်း လမ်းဘေးရောက်ခဲ့ဖူးတာပဲ
ကိုယ့်ကိုယ် ကို သတ်သေရလောက်တဲ့အထိ
ဖြစ်တယ်ဆိုတာ

ပြဿနာ ကြီးလို့မဟုတ်ဘူး
ကိုယ့်စိတ်ကပျော့ညံ့လို့

ကိုယ်လုပ်ခဲ့တဲ့
ကောင်းကွက်တွေကို
ပြန်တွေးနေ

ဘယ်သူ့ကိုမှ ရင်မဖွင့်နဲ့
စာအုပ်ထဲမှာချရေး

အဲဒါဆို သိပ်မကြာဘူး
ဘုရားက ငါတို့ကို
ကယ်ထုတ်သွားလိမ့်မယ် ။

ယုံကြည်တဲ့ စိတ်ပြင်းပြဖို့တော့ လိုတယ်
သားကြီးရ ။

အရာရာအဆင်ပြေပြေ
ကျော်ဖြတ်နိုင်ကြပါစေ။

KBK.
Mogaung
9.10.2023

05/10/2023

" ဘာသာမဲ့"

ကျတော်ဟာ
ဘာသာတရား ကိုးကွယ်မှုတွေ ထဲမှာ
မနေထိုင်ပါဘူး

ဘုရားအားလုံးကို
ယုံကြည်ပါတယ်
ဘုရားတွေရှေ့မှာလည်း
ဆုတောင်းတာ ဘာညာတွေ
လုပ်လေ့ မရှိပါဘူး

ဗမာဘုန်းကြီးကျောင်းတွေကို
သွားရင် ဦးချရပါတယ်
ကျတော် ဦးမချချင်ပါဘူး
ခေါင်းကိုက်လို့ပါ
အဲဒါကြောင့် မသွားချင်ပါဘူး

သွားရင်လည်း ဦးမချပါဘူး

ဘာသာရေးကိုလည်း
ယုံမှားသံသယနဲ့
ငြင်းခုံလေ့မရှိပါဘူး

ကျတော့မှာ
ဘာသာပေါင်းစုံက
သူငယ်ချင်းတွေရှိပါတယ်

ယောကျ်ား ၊မိန်းမ ခွဲခြားမှုကိုလည်း မကြိုက်ပါဘူး

အားလုံးဟာ အတူတူပဲလို့
လက်ခံထားခဲ့တာပါ

မိန်းမတွေကိုလည်း
လေးစားတတ်ဖို့
သင်ယူ ကျင့်သုံးနေတာပါ

ကျတော့မှာ ညီမ / အမ အရင်းမရှိပါဘူး
ဒါပေမယ့် မိခင်ရှိပါတယ်

ဒါက အရေးမကြီးပါဘူး
အရေးကြီးတာက
လွတ်မြောက်နေဖို့ပါပဲ

ကျတော်ဟာ ဘာသာမဲ့
တယောက်ဖြစ်ပါတယ်

ဒါကိုလည်း လုပ်ယူတာမဟုတ်ပါဘူး
ဒီလိုဖြစ်နေခဲ့တာ ကြာပြီဖြစ်လို့
ဘာသာမဲ့အဖြစ်နေလိုက်တာ
ပိုကောင်းလို့ပါ

လွတ်မြောက်ခြင်းဟာ
ဘာသာတရားနဲ့
ဆက်စပ်ကောင်း ဆက်စပ်ပါလိမ့်မယ်

ရာနှုန်းပြည့် တော့မဟုတ်
နိုင်ပါဘူး
ဘာသာကိုပြန်စွဲသွားရင်
လွတ်မြောက်ဖို့ရာ
ပိုခက်ခဲမယ်လို့ထင်လို့ပါ

05/10/2023
" ခွေးဖြစ်စေချင်သူများ" (၁)မြင်ဖူးကြမှာပေါ့သူဌေး အိမ်က မွေးထားတဲ့စျေးကြီးတဲ့ ခွေး တွေကိုအကောင်းစား အိပ်ယာနဲ့အစားအသောက် က...
05/10/2023

" ခွေးဖြစ်စေချင်သူများ"


(၁)

မြင်ဖူးကြမှာပေါ့
သူဌေး အိမ်က မွေးထားတဲ့
စျေးကြီးတဲ့ ခွေး တွေကို
အကောင်းစား အိပ်ယာနဲ့
အစားအသောက် ကောင်းကောင်းနဲ့

သူတို့ရဲ့တာဝန်က
အမီးလေးနှံ့ပြီး ပြေးကြိုလိုက်ရင် သူ့တာဝန်ပြီးပြီ

ပွေ့ဖက် နမ်းရှုံ့ လျှာနဲ့ယက်
အဲဒါသူ့ရဲ့ နေ့စဥ်ဘဝ ပဲ ။

(၂)

ကျတော်တို့ဖြစ်ချင်တာက
ခွေးမဟုတ်ဘူး
ကျားတွေ ခြသ်ေ့တွေလို
အရိုင်းဆန်ချင်တယ်
စွန့်စားချင်တယ်
အမဲလိုက်ချင်တယ်

သဘာဝတွေက ကွဲတယ်
အဲဒီတော့
ခွေးဖြစ်စေချင်တဲ့ အသိုင်းအဝိုင်းကို စွန့်ခဲ့တယ်

ဒါဟာဘဝပဲ ။
ကျတော် ခွေးမဖြစ်ချင်ဘူး
အမေ ။

KBK
Mogaung
5.10.2023

29/09/2023

Satire , Essay & Poem
I'm trying.
Can be wrote.

Address

Mogaung

Website

Alerts

Be the first to know and let us send you an email when KBK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share