ကိုအောင်မြင့်ဦးနှင့်ညီများ လိုင်စင်ဆိုင်ကယ် ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Meiktila
  • ကိုအောင်မြင့်ဦးနှင့်ညီများ လိုင်စင်ဆိုင်ကယ် ရောင်းဝယ်ရေး

ကိုအောင်မြင့်ဦးနှင့်ညီများ လိုင်စင်ဆိုင်ကယ် ရောင်းဝယ်ရေး Motorcycle Sale& Service

09/10/2022
22/08/2022
ကဆုန်လပြည့်နေ့ မင်္ဂလာပါ 🙏🙏🙏ဝယ်ယူအားပေးမှု့အတွက် အထူးပင် ကျေးဇူးတင်ပါတယ်🙏🙏🙏ပြည်သူပြည်သား အာလုံး ကျန်းမာချမ်းသာလိုအင် ဆန္...
14/05/2022

ကဆုန်လပြည့်နေ့ မင်္ဂလာပါ 🙏🙏🙏

ဝယ်ယူအားပေးမှု့အတွက် အထူးပင်
ကျေးဇူးတင်ပါတယ်🙏🙏🙏

ပြည်သူပြည်သား အာလုံး ကျန်းမာချမ်းသာ
လိုအင် ဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာ
ပို့သလိုက်ပါတယ်🙏🙏🙏

19/03/2022

Battery အိုးတွေပေါ်မှာရေးထားတဲ့ သိထားသင့်သော ကိန်းဂဏန်းများ
LYNN ZA NEE (P.T.U) -
08 SEP 2020

အခုနောက်ပိုင်းထွက်တဲ့ Battery အိုးတွေပေါ်မှာ CCA ဆိုတဲ့ စာလေးပါလာတာ မိတ်ဆွေတို့သတိထားမိကြ လားမသိ။ အဲဒီ CCA ဆိုတာဘာလဲ တချို့လည်းလာမေးကြပါတယ်။

CCA ဆိုတာဘာလဲ ?

CCA ဆိုတာ Cool Cranking Ampere ဆိုတဲ့ အဓိပ္ပါယ်ပါ။ -18°C (or) 0°F ဆိုတဲ့ အရမ်းအေးခဲနေတဲ့ ရာသီဥတုမှာ ကားကိုစက်စ စနှိုးလိုက်တဲ့အချိန် ဒီ ဘထ္တရီအိုးက Ampere အပြည့်အ၀ အချိန်ဘယ်လောက် ကြာကြာတောင့်ခံနိုင်သလဲဆိုတာကို ရည်ရွယ်ပြီး ရေးသားထားတဲ့ သင်္ကေတဖြစ်ပါတယ်။ နည်းနည်းထပ်ရှင်းပြ ပါ့မယ်။

ကျနော်တို့ လက်ရှိအသုံးပြုနေတဲ့ ကားတွေရဲ့ Engine ဟာာ Internal Combustion Engine ဆိုတဲ့ အတွင်းပိုင်း မီးလောင်ပေါက်ကွဲပြီးမှ စွမ်းအင်ရတဲ့ အင်ဂျင်ဖြစ်ပြီး အင်ဂျင်ဟာ အပူစွမ်းအင်သုံးအင်ဂျင်တွေပါ။ ဒါကြောင့် ရာသီဥတု အရမ်းအေးတဲ့အချိန်မှာ အင်ဂျင်ဟာ နှိုးရခက်ခဲပါတယ်။ နောက်တချက်က အင်ဂျင်စက် စစနှိုးလိုက်တဲ့အချိန်မှာ အင်ဂျင်စတင်လည်ပတ်ဖို့ Starter Motor ကနေ လှည့်ပေးရတာမို့ ဘထ္တရီကနေ Load (Current) တအားဆွဲပါတယ်။ နောက် ကားစက်နှိုးဖို့ သော့ဖွင့်လိုက်တာနဲ့ ကားမှာပါတဲ့ Accessories တွေ ကလည်း စတင်အလုပ်လုပ်ပါတယ်။ နောက် Alternator (Dynamo) ကလည်း Charging ထုတ်ပေးဖို့ အတွက် အတွင်းမှာရှိတဲ့ Rotary ကလည်း Electromagnetic (လျှပ်စစ်သံလိုက်) စတင်ဖြစ်တဲ့အတွက် ဘထ္တရီ ကနေပဲ ပါဝါကိုစတင်ယူပါတယ်။ ဒီလိုဖြစ်တဲ့အတွက် ဘထ္တရီအိုးသက်တမ်းကြာလို့ အားကျလာရင် ကားစက် စနှိုးတာနဲ့ စတင်ဆွဲတဲ့ Current (amps) ဒဏ်ကိုတောင့်မခံနိုင်တော့ဘဲ အီလာတာ၊ မနိုးချင် နိုးချင်နဲ့နိုးတာ၊ လုံး၀ နှိုးမရတာတွေဖြစ်လာတာပါ။
ဒီ CCA ဆိုတဲ့ Cool Cranking Ampere ဆိုတာက -18°C (or) 0°F ဆိုတဲ့ အရမ်းအေးနေတဲ့ ရာသီဥတုမှာ ကားစက်စစနှိုးလိုက်တဲ့အချိန် ကားပစ္စည်းအမျိုးမျိုးကနေ ဆွဲယူလိုက်မယ့် အမြင့်ဆုံး Current (Amps) ကို 30 Seconds အထိ တောင့်ခံပြီးထိန်းထားပေးပြီး ဘထ္တရီရဲ့ ဗို့အား (Voltage) 12V ကနေ 7.2 Volts အောက်မကျ သွားအောင် တည်တည်ငြိမ်ငြိမ်ထိန်းထား နိုင်စွမ်းကိုဆိုလိုတာပါ။ ရိုးရိုးလေးပြောရရင်တော့ CCA တန်ဖိုး (Amps) မြင့်လေလေ ပိုကောင်းလေဆိုတဲ့ သဘောပါပဲ။ အောက်ကပုံတွေမှာကြည့်လိုက်ရင်လည်း 320A(CCA) ၊ 370A(CCA) ၊ 490A(CCA) ဆိုပြီး ဘထ္တရီအိုးရဲ့ ဆိုက်အရွယ်အစားပေါ်လိုက်ပြီး CCA တန်ဖိုးအနည်းအများကွာခြားသွားတာပါ။

ဥပမာအားဖြင့် 320A(CCA) ဘထ္တရီအသစ်တလုံးက -18°C (or) 0°F အချိန်မှာ 320 Amperes အပြည့် ဆွဲလိုက်မယ်ဆိုရင် စက္ကန့် ၃၀ ကြာအောင် တောင့်ခံထားပေးနိုင်တယ်လို့ဆိုလိုတာပါ။ ဒါကြောင့် CCA တန်ဖိုးများလေလေ Current ဆွဲအားများများပိုဆွဲခံနိုင်လေပါပဲ။

တချို့ကားတွေမှာတော့ Cold Cranking Ampere ကို CCA အစား EN လို့လည်းရေးတတ်ကြပါတယ်။ အဓိပ္ပါယ်ကတော့ European Normal (or) European Norm လို့ဆိုလိုတာဖြစ်ပြီး European Car တွေအတွက် Standard တခုအဖြစ်သတ်မှတ်ထားတာပါ။ CCA နဲ့ ဆိုလိုရင်း အဓိပ္ပါယ်တူတူပဲဖြစ်ပါတယ်။

MCA (or) CA ဆိုတာဘာလဲ ?

MCA (Marine Cranking Amperes) or CA (Cranking Amps) ဆိုတာကတော့ CCA လိုပါပဲ။ ကားစက်စတင် နှိုးလိုက်တဲ့အချိန်မှာ Load (Current) ဆွဲအား ကိုဘယ်လောက်တောင့်ခံနိုင်လဲဆိုတာကို ရည်ညွှန်းတာပါ။ CCA နဲ့ဘာကွာသလဲဆိုရင်တော့ အပူချိန်ကွာခြားပါတယ ။ CCA ကို -18°C (or) 0°F မှာတိုင်းတာပြီး၊ MCA တို့ CA တို့ကို 0°C မှာတိုင်းတာလို့ပါပဲ။

MCA (or) CA တန်ဖိုးဆိုတာကတော့ 0°C မှာ Load အမြင့်ဆုံးဆွဲယူလိုက်တဲ့အခြေနေကို ဘထ္တရီအိုးကနေ 7.2 Volts အောက်မကျအောင် ထိန်းထား ပေးရင်း အချိန် 30 Seconds အထိတောင့်ခံထားနိုင်တယ်လို့ ဆိုလိုပါတယ်။ ပတ်ဝန်းကျင်က အပူချိန်တန်ဖိုးတွေကလည်း ဘထ္တရီအိုးရဲ့ Chemical Reaction တွေကို ပြောင်းလဲစေပြီး CCA တန်ဖိုးတွေကို 2 ဆ လောက်ထိ တိုးတာ လျော့တာစတဲ့ သက်ရောက်မှုတွေရှိပါတယ်။ ဒါကြောင့် 730 CCA ရှိတဲ့ ဘထ္တရီကို MCA တန်ဖိုးနဲ့ကြည့်မယ်ဆို 950 MCA တန်ဖိုးလောက်ရှိတာ တွေ့ရမှာဖြစ်ပါတယ်။

HCA ဆိုတာဘာလဲ ?
ဘထ္တရီအိုးတွေမှာပါတတ်တဲ့ HCA ဆိုတာကတော့ (Hot Cranking Amperes) ကိုဆိုလိုတာဖြစ်ပြီး အပူချိန် 26.7°C မှာ အမြင့်ဆုံးထုတ်ပေးနိုင်တဲ့ Current (Amps) ကို 7.2 Volts အထိ ထိန်းညှိရင်း 30 Seconds ထိကြာအောင် တောင့်ခံပေးထားတာကိုဆိုလိုတာပါပဲ။

PHCA ဆိုတာဘာလဲ ?

PHCA ဆိုတာကတော့ (Pulse Hot Cranking Amperes) ကိုဆိုလိုတာဖြစ်ပြီး Motor Racing လို့ခေါ်တဲ့ ပြိုင်ကားတွေမှာ အသုံးပြုတဲ့ အမျိုးအစားကိုဆိုလိုတာပါ။ -18°C အခြေနေမှာရှိတဲ့ ဘထ္တရီအိုးရဲ့ အမြင့်ဆုံး Current ဆွဲအားကို 5 Seconds အတွင်းထိန်းထားနိုင်ခြင်းကို ဆိုလိုတာပါ။ ပေါ့ပါးပြီး အရွယ်အစားသေးတဲ့ ဘထ္တရီအိုးအမျိးအစားတွေဖြစ်ပြီး စက္ကန့်ပိုင်းအနည်းငယ်လေးအတွင်း ကားအင်ဂျင်စက်နှိုးမှုကို အမြင့်ဆုံး ထောက်ပံ့ပေးဖို့ အသုံးပြုကြတာဖြစ်ပါတယ်။

ကားအင်ဂျင်အမျိုးအစား၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ အစရှိတဲ့ လောင်စာသုံးစွဲမှု အမျိုးအစား၊ အင်ဂျင်အကြီးအသေး တွေပေါ်မူတည်ပြီး စက်စနှိုးချိန်မှာ Load ဆွဲယူသုံးစွဲမှု အနည်းအများကွာခြားမှာပါ ။ ဘထ္တရီအိုးတွေဟာ သုံးစွဲတာ သက်တမ်းကြာလာတာနဲ့အမျှ သူ့မှာပါဝင်တဲ့ CCA တန်ဖိုးတွေက ကျဆင်းသွားပါတယ်။ တဖြည်းဖြည်း ဆိုးရွားလာပြီး စက်နှိုးတဲ့အချိန် အီလာတာကစလို့ နောက်ဆုံးစက်လုံး၀ နှိုးမရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုအသစ်လဲလှယ်ပေးဖို့လိုအပ်နေပါပြီ။ ဒါကြောင့် ဘထ္တရီအသစ် လဲလှယ်သည့် အခါတိုင်း ကားထုတ်လုပ်တဲ့ကုမ္ပဏီက သတ်မှတ်ပေးလိုက်တဲ့ တန်ဖိုးနဲ့တူညီတဲ့ တန်ဖိုးရှိတဲ့ ဘထ္တရီများကို လဲလှယ် ပေးခြင်းဖြင့် ဘထ္ထရီအိုးသက်တမ်းကို ရာနှုန်းပြည့်အပြည့်အ၀ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

#ကားအကြောင်း

လက်တလော ...တက်ပြီးရင်း....တက်နေတဲ့......ဆိုင်ကယ်....ဈေးကွက်မှ honda ncx ပြောင်းလဲမှု့ဈေး
07/01/2022

လက်တလော ...
တက်ပြီးရင်း....
တက်နေတဲ့......
ဆိုင်ကယ်....
ဈေးကွက်မှ honda ncx ပြောင်းလဲမှု့ဈေး

Address

Meiktila

Opening Hours

Monday 06:00 - 19:00
Tuesday 06:00 - 19:00
Wednesday 06:00 - 19:00
Thursday 06:00 - 19:00
Friday 06:00 - 19:00
Saturday 06:00 - 19:00
Sunday 06:00 - 19:00

Telephone

+959793301694

Website

Alerts

Be the first to know and let us send you an email when ကိုအောင်မြင့်ဦးနှင့်ညီများ လိုင်စင်ဆိုင်ကယ် ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share