12/06/2024
Honda Fit မှာ ဂရိတ်ဘယ်နှစ်မျိုးရှိလဲ? ဘယ်ဂရိတ်မှာ ဘာပါတယ် ဘာမပါဘူးလဲ?
☑ Honda Fit မှာ ဘာပါတယ် ဘာမပါဘူးဆိုတာ
(1) grade,
(2) option,
(3) edition နဲ့
(4) ပိုင်ရှင်ထပ်ထည့်တဲ့ ပေါ်မှာမူတည်ပါတယ်။
• Grade က ကားကုမ္ဗဏီက မူလ ခွဲရောင်းတဲ့ပုံစံပါ။
• Option က ဝယ်ယူသူ ငွေပေးထပ်ထည့်ခွင့်တွေပါ။
• Edition က ကုမ္ဗဏီက လိုမယ်ထင်တာတွေ ထပ်ထည့်ရောင်းတဲ့ပုံစံပါ။
• နောက်ဆုံးတမျိုးက ကားဝယ်သူက သူ့ကားကို သူကြိုက်တဲ့ပစ္စည်းနဲ့ သူကြိုက်သလိုဆင်ထားတာပါ။
⃣ (1) grade
အခြေခံအားဖြင့် grade ၃ မျိုးပဲရှိပါတယ်။
G, L, RS ပါ။
✔ G က အခြေခံ (basic grade) ပါ။ ဘေးမှန်မီးကျောက် မပါ, နောက်မှန်ငါးချပ် မမည်း, အဲကွန်း ဒက်ဂျစ်တယ် မဖြစ်ပါ။
✔ G နဲ့ L ကြားမှာ GF ဆိုပြီးထပ်ခွဲပါတယ်။ ဘေးမှန်မီးကျောက် ပါ, နောက်မှန်ငါးချပ် မည်း, အဲကွန်း ဒက်ဂျစ်တယ် မဖြစ်ပါ။
✔She’s Grade
ဒီ ဂရိတ်ကတော့ She’s ဆိုတ့ဲအတိုင်း မိန်းကလေးတွေအတွက် အထူးထုတ်ထားတ့ဲ Grade ဖြစ်ပါတယ်။ Smart Key Cover ကအစ ကားရဲ့အရောင်အတိုင်း လုပ်ပေးထားတယ်။ Aircon Display ဘေးက အဝိုင်းလေးတွေလည်း ပန်းဆီရောင်၊ ခြေနင်းအခင်းတွေ၊ She’s Logo လေးတွေနဲ့ ကားအတွင်းခန်း တော်တော်များများမှာ မိန်းကလေးကြိုက် တ့ဲ အရောင်တွေနဲ့ အလှဆင်ထားတာတွေ့ရပါတယ်။ ကျန်တာကတော့ L Grade နဲ့ တူပါတယ်။
✔ L က ဘေးမှန်မီးကျောက် ပါ, နောက်မှန်ငါးချပ် မည်း, အဲကွန်း ဒက်ဂျစ်တယ် ဖြစ်, ယာဉ်မောင်းထိုင်ခုံမြှင့်လို့ရပါ။
👑 ဒါတွေက ထင်သာမြင်သာရှိပြီး ပြုပြင်လို့မလွယ်တဲ့ ဟာတွေပါ။ အခြား အချက်တွေ ကျန်ပါသေးတယ်။ ဥပမာ
L မှာပဲ လက်တင်ပါပါတယ်။ လက်တင်ပါတိုင်း L မဟုတ်နိုင်ပါဘူး။ ဘာကြောင့်ဆို G သို့ GF မှာ လက်တင်တပ်ပြီး ရောင်းသော်… ဆိုတာမျိုးပါ။
👑 grade ကိုမှတ်ရာမှာ
G ( မှန်ဖြူ) GF (မှန်မည်း) L ( မှန်မည်း auto AC) လို့ လွယ်လွယ်ကူကူ ပြောင်းလို့မရတဲ့ဟာတွေကို မှတ်ရပါတယ်။
👑 လက်တင်ပါတာ L ဂရိတ်လို့မှတ်ရင် မှားတတ်ပါတယ်။ L ဂရိတ်တိုင်း လက်တင်ပါတယ်.. လက်တင်ပါတိုင်း L မဟုတ်ဘူး.. အဲ့လိုပါ။
နောက်ပြီး မိန်းကလေး မောင်းမှာဆို ယာဉ်မောင်းထိုင်ခုံ နိမ့်မြင့်လုပ်လို့ရတဲ့
L ဂရိတ်ကို ပိုစဉ်းစားသင့်ပါတယ်။
👑 RS ကတော့ 1500cc အင်ဂျင်နဲ့ပါ။
⃣ (2) Option
✔ Option က ဝယ်သူက ပိုက်ဆံ ထပ်ဆောင်း ပေးပြီး ထည့်ပေးပါဆိုလို့ စက်ရုံက ထည့်ပေး လိုက်တာ တွေပါ။
side airbags, sunroof, navi, xenon headlight လိုဟာတွေပါ။
⃣ (3) edition
✔ Edition က
hightway edition ဆို xenon headlight,
smart edition ဆို smart key ပါတာမျိုးပါ။
အဲ့ဒီ option နဲ့ edition က နည်းနည်း ရောထွေးနေလို့ ကားများများကိုင်ဖူးသူမှ အသေအချာ သိပါလိမ့်မယ်။ ဒီကြားထဲ ဝယ်သူက သူဘာသာ နောက်မှ ထပ်ထည့်လိုက်တာမျိုးလည်း ရှိပါတယ်။
✔ xenon headlight ဒါမှမဟုတ် steering wheel mounted audio controls ဆိုရင် option, edition, ထပ်ထည့် သုံးမျိုးလုံး ဖြစ်နိုင်ပါတယ်။
အခြားဟာတွေက
spoiler, speakers, fog light, alloy wheels စသဖြင့်ပါ။
✔ သီးသန့်ပါရမှာက
လေထိုးတံ နဲ့ ဘီးဖါဆေး+ပိုက်ထုတ်။
ဂျိုက်နဲ့လှည့်တံ။
ဘီးဖြုတ်ဂေါက်နဲ့ လော့သီးဖြုတ်ခေါင်း (ဘီးက လော့သီးနဲ့ဆိုရင်)။
map CD or map SD (ကားက navi tv နဲ့ဆိုရင်), သော့အပို ။ Manual စာအုပ်များ။ ကားဆွဲရန်ကွင်းသီး တို့ပါပဲ။
☑ Chessis က model, generation နဲ့ဆိုင်ပါတယ်။ 2007 late ကနေ 2010 ထိ GE6 က 2010 late ကနေ 2013 ထိ ပုံပြောင်းပါတယ် chessis မပြောင်းပါ။
2013 late မှာ အကုန်ပြောင်းပါတယ်
GK3 ဖြစ်ပါတယ်။
🚘🚘🚘🚘🚘
Credit》》
Ko Tun Oo