Myint Mo FUEL Station

Call Directions Website Contact the business

Myint Mo FUEL Station အောက်တိန်း 92
အောက်တိန်း 95
ပရီမီးယမ် ဒ?

10/09/2024
11/12/2022

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*****************************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ



01/11/2022

ဓာတ်ဆီတိုင်ကီကို ပြည့်လျှံသည်အထိ မည်သည့်အခါမျှ မဖြည့်မိပါစေနှင့်

မည်သည့်အကြောင်းနှင့်မှ သင့်ကားဆီတိုင်ကီကို ပြည့်လျှံသည်အထိဓာတ်ဆီ မဖြည့်မိပါစေနှင့်။ ဓာတ်ဆီဆိုင်များတွင် သွားရောက်ဖြည့်ရာတွင်လည်း ပန့်ကိုင်၀န်ထမ်းကို တိုင်ကီပြွန်( အဖုံးဖွင့်လျှင်ဖွင့်ချင်း တွေ့ရသောအ၀ကျယ်ပိုက်)ကြီးမှ လေသံကြားလျှင် ဆီဆက်မထည့်ဘဲ ရပ်ခိုင်းရန် ဓာတ်ဆီဖြည့်တိုင်း မှာကြားပါ၊ သို့မဟုတ် အချို.သော ခေတ်မီဓာတ်ဆီဖြည့်သည့်တိုင်များမှ ဂေါက်များမှာ ကားမှပြွန်အတွင်း စိုက်ထည့်ထားသည်တွင် ဓာတ်ဆီမျက်နှာပြင် တက်လာပြီး ဂေါက်နှုတ်သီးအဖျားနှင့်ထိသည်နှင့် ပန့်က အလိုအလျောက်ရပ်ပေးပါသည်။ ထိုသို့ ရပ်သွားသော စနစ်ပါလျှင်လည်း ဂေါက်ကိုနောက်ဆွဲ၍ ထပ္မံ ပြည့်သထက်ပြည့်စေရန်၊ သို့မဟုတ် ပြွန်ထိပ်၀ပိတ်သော အဖုံးအထိရောက်အောင် ဆီမဖြည့်ရန်ဆိုလိုခြင်း ဖြစ်သည်။ ကားအချို.ဓာတ်ဆီဖြည့်နေပုံမှာ ကားလှုပ်၍ လွွ်ံက်(နီးပါး) အဖုံးနှင့် ဓာတ်ဆီမျက်နှာပြင် ထိသည်အထိ ဆီထည့်နေကြသည်ကို စိတ်မကောင်းခြင်းများစွာဖြင့် မကြာခဏတွေ့ရှိနေရခြင်းကြောင့် သတိပေးရခြင်းဖြစ်သည်။

ဖွံံ့ဖြိုးတိုးတက်သော နိုင်ငံကြီးတို့တွင် မိမိကားကို လောင်စာဆီဖြည့်ကြရာတွင် ပန့်ပိုက်ဆွဲ၊ ပန့်ခေါင်းကိုင် ဆီဖြည့်ရန် အဖုံးဖွင့်ပေးမည့်သူ မရှိပေ။ ကိုယ်တိုင်လုပ်ဆောင်ရာသည်တွင် ဆီဖြည့်ပိုက်ကြီးခေါင်းအတွက် အပေါက်၀ဂေါက်ကို တိုင်ကီအပေါက် အ၀ကျယ်ထဲသို့် ခလုပ်ဆွဲပစ်ထားလိုက်သည်တွင် ဓာတ်ဆီမပြည့်မီ(အနည်းငယ်အလိုတွင် လေသံများလိုက်လာသည့်အခြေအနေတွင်)ပန့်က ဆီဖြည့်သည့်အလုပ်ကိုဖြတ်ချရပ်တံ့ပေးလိုက်သည်။ ဓာတ်ဆီဆက်ဖြည့်ရန် နေရာကျန်ရှိနေပါလျက် အဘယ်ကြောင့်အပြည့်(လွ်ံက်ခါနီး၊ ၀င်ဆံ့နိုင်သလောက် အခြေအနေအထိ)မဖြည့်ရပါသနည်းဆိုသည့် မေးခွန်းသည် မေးရမည့်အချိန်၊ မေးသင့်သော အခါကြုံရပါတော့သည်။ အကြောင်းမူကား သင်သည် အများဆုံး၊ အမြင့်ဆုံး၊ အဆ့ံဆုံး၊ အ၀င်ဆံ့နိုင်ဆုံး မဖြည့်သင့်သည်ကို သိရှိသွားသောကြောင့် ဖြစ်ပေသည်။

အားလုံးသော ဓာတ်ဆီသုံးယာဉ်(ကား)များနှင့် ကားများတွင် ဆယ်စုနှစ်လေးခုလောက်မှစတင်၍ စနစ်အတွင်း ထွက်ပေါ်လာသည့် (မျဖစ္မေန ထွက်ပေါ်လာသည့်)ဓာတ်ဆီငွေ့ ပြန်လည်စုဆောင်းသည့်စနစ်(Vap our Recovery System)ပါ၀င် တပ်ဆင်လာသောကြောင့် ဖြစ်သည်။
ပြန်လည်ဖမ်းမိထာသော ဓာတ်(ဆီ)ငွေ့၊ သို့မဟုတ် EVAP စနစ္က ဓာတ္ဆီစနစ္က ဓာတ်ဆီငွေ့များကို တိုင်ကီအတွင်းမှာ ဖမ်းသည်။ ထိုမှတဆင့် လှောင်ဘူးငယ််(Canister)အတွင်းသို့ လမ်းပြပို့ဆောင်သည်။ အင်ဂျင်လည််ပတ်နေစဉ် ဖြစ်ပေါ်နေသော ဓာတ်ဆီဓာတ်ငွေ့များကို Intake Manifold သို့ ဆက်လက် လမ်းပြပို့ဆောင်ပေးပြန်သည်။ ပေါက်ကွဲမီးလောင်ဖြစ်စဉ်(Combustion Procedure)အတွင်း ပါ၀င်သွားနိုင်စေရန် လမ်းကြောင်းပေးခြင်းလည်းဖြစ်သည်။ ဆောင်ရွက်လိုက်သော ဤ အစဉ်တန်း၊ သို့မဟုတ် စနစ်သည် ကျွနု်ပ်တို့ ရှူရှိုက်နေရသော လေကို အဆိပ်အတောက် ကင်းနိုင်သမျှ ကင်းသွားစေရန် ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။

ဓာတ်ဆီတိုင်ဂေါက်(ခေါင်း)ကို တိုင်ကီဆီထည့် ပြွန်ကြီးအတွင်းသို့စိုက်ထားပြီး ဓာတ်ဆီအော်တိုပြည့်နေစဉ်၊ သို့မဟုတ် အပြည့်အလျှံမဟုတ်သေး၊ အနည်းငယ် လိုနေသေးသော အခြေအနေများတွင် လေသံများ စတင်ထွက်ပေါ်လာခိုက် ဆီဂေါက်မှ အလိုအလျောက် ဓာတ်ဆီအကျရပ်သွားမည်၊ သို့မဟုတ် ရပ်လိုက်ပါ။ ဓာတ်ဆီဖြည့်ခေါင်းကြီး (Fuel Filler Nozzle)ကို အသာမျပီး ပြင်ပသို့ လွ်ံက်လုနီးပါး(အဖုံးပင်ပိတ်ရန် ခက်သည်အထိ)၊ သို့မဟုတ် ကားကိုလှုပ်၍ ဆက်ထည့်သည့်အလုပ်မျိုး မပြုလုပ်၊ မဖြည့်အပ်ပေ၊ အဘယ်ကြောင့်ဆိုသော် ဓာတ္ဆီ(အရည်)ကို စနစ်တွင်းပါရှိသော ဓာတ်ဆီအငွေ့ဘူး(Vapour Cansister)အတွင်းသို့ ရောက်ရှိစေခြင်း ဖြစ်သဖြင့် လွန်စွာအန္တရယ်များသည်။

ထိုသို့ လွ်ံက်လုနီးပါး အဖုံးပင်ပိတ်ရခက်သည့် အခြေအနေမျိုးအထိ ဓာတ်ဆီဖြည့်ခြင်းသည် သင် ဓာတ်ဆီဖြည့်နေစဉ် ဓာတ်ဆီအငွေ့ဘူးက တိုင်ကီမှလာသော ဓာတ်ဆီငွေ့ (အငွေ့သက်သက်)ကိုသာ လက်ခံရမည်ဖြစ်သော်လည်း ဓာတ်ဆီငွေ့ကို လက်မခံနိုင်တော့သည့် အခြေအနေ၊ အေနအထား ဖြစ်သွားတော့မည်။ အငွေ့လှုပ်ရှားမူများအတွက် လူးသာလှိမ့်သာပင် နေရာ(Space)လွတ် မကျန်လောက်အောင် ဓာတ္ဆီကို ဖြည့်လိုက်ပါက ပြည့်ခါနီးအခြေအနေတွင်ဖြစ်ပေါ်နေသော ဓာတ်ဆီငွေ့တို့သည် မည်သည့်နေရာသို့ သွားရတော့မည်ကို မသိနိုင်တော့ပေ။ တိုင်ကီအတွင်းသို့ ဓာတ္ဆီကို ဖြည့်ညင်းစွာ ဖြည့်လျှင်ပင် ဓာတ္ဆီ အငွေ့ပြန်သည်ကို မလွှဲရှောင်နိုင်ပေ။

ဓာတိဆီငွေ့ ဆားကစ်စနစ် ပ်က္ဆီးကာ အနှောင့်အယှက်ဖြစ်သွားရခြင်းမှာ ယခင်က မလျော်မကန် မှားယွင်းစွာ ဓာတ်ဆီဖြည့်ခဲ့မူကြောင့် ဖြစ်နိုင်သည်။ ယင်းသို့ချွတ်ယွင်းပါက သင့်ကားသည်လည်း ဓာတ်ဆီအငွေ့လှောင်ဘူးငယ်အသစ် မလဲသရွေ့ ပုံမှန်ဆီအပြည့်ဖြစ်ရန်ပင် စနစ်အတွင်း လေခိုအောင်းနေမူများကြောင့် မ်ားစြာ အခက်အခဲ တွေ့ပေလိမ့်မည်။

ဓာတ်ဆီဖြည့်တင်းမူကို Auto ဖြတ်တောက်ခြင်းသည် ဆက်တိုက်ဖြတ်တောက်မူများ ဖြစ်ပေါ်နေပြီး သင့်ကားတိုင်ကီမှာလဲ ပုံမှန်အပြည့်ဖြည့်ရန် မည်သို့မျှမဖြစ်နိုင် ရှိချေတော့မည်။ ယင်းအခက်အခဲကို ဖြေရှင်းရန် တစ်ခုထည်းသော နည်းလမ်းမှာ ပုံတွင်ပြထားသည့် ဓာတ်ဆီငွေ့ဘူးမျိုးနှစ်မျိုးအနက် တစ်မျိုးမျိုးကို အစားထိုးလဲလိုက်ရန် ဖြစ်သည်။
မိမိကားကို စက်ပိုင်းဆိုင်ရာပြဿနာ ဖြစ်နိုင်သည့်နည်းတူ ပ်က္စီးရာပ်က္စီး ဖြစ်သည်ကလည်း တစ်ကြောင်း၊ ပတ်၀န်းကျင်လေထုအတွင်းသို့ အဆိပ်ငွေ့ထုတ်လွှတ်မူကို ဖြစ်ပေါ်စေသည်ကလည်း တစ်ကြောင်းကြောင့် မည်သို့မျှ အကျိုးပိုရှိလာမည်မဟုတ်သည့် သင့်ကားဆီတိုင်ကီအလွန်အမင်းပြည့်သည်အထိ ဓာတ်ဆီဖြည့်တင်းသည့်ကိစ္စကို မည်သည့်အခါမျှ မပြုလုပ်မိစေရန် သတိထားစေလိုပါသည်။

Address

Maymyo

Opening Hours

Monday 05:30 - 20:00
Tuesday 05:30 - 20:00
Wednesday 05:30 - 20:00
Thursday 05:30 - 20:00
Friday 05:30 - 20:00
Saturday 05:30 - 20:00
Sunday 05:30 - 20:00

Telephone

+9592059913

Alerts

Be the first to know and let us send you an email when Myint Mo FUEL Station posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myint Mo FUEL Station:

Shortcuts

Share

Category