HPM’S Honda reviews and knowledges

HPM’S Honda reviews and knowledges ဆိုင်ကယ်နှင့်ပတ်သက်သောဗဟုသုတများနှင့်Hondaဘီးများသီးသန့်ရောင်းဝယ်ရေး

နားမလည်တစ်လည်မမဆောင်းလိုပေါ့💔 welcomeထားတယ် ❤️Yamaha Fino 23/1လ❤️ခြေတပ်ဦးမယ်လိုင်စင်ရမှထုတ်မယ်😁😁
27/12/2024

နားမလည်တစ်လည်မမဆောင်းလိုပေါ့💔 welcomeထားတယ် ❤️Yamaha Fino 23/1လ❤️ခြေတပ်ဦးမယ်လိုင်စင်ရမှထုတ်မယ်😁😁

ဆိုင်ကယ်ချစ်ညီကိုမိတ်ဆွေများအားလုံးမဂ်လာပါခင်ဗျာ။ကျွန်တော်ဒီကနေ့မှာပြောပြဖို့ရွေးချယ်ထားတဲ့ဆိုင်ကယ်ရဲ့အကြောင်းအရာကတော့Ho...
23/08/2024

ဆိုင်ကယ်ချစ်ညီကိုမိတ်ဆွေများအားလုံးမဂ်လာပါခင်ဗျာ။ကျွန်တော်ဒီကနေ့မှာပြောပြဖို့ရွေးချယ်ထားတဲ့ဆိုင်ကယ်ရဲ့အကြောင်းအရာကတော့Hondaကုမ္ပဏီရဲ့ထုတ်လုပ်မှုထဲမှာလမ်းချောရောလမ်းကြမ်းoff roadတွေရောမှာမောင်းနှင်အသုံးပြုလို့အဆင်ပြေစေမဲ့Honda ADV 160အကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ရဲ့တင်ဆက်မှုကိုအဆုံးထိဖတ်ရှုပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်။

-ကနဦးအနေနဲ့ကျွန်တော်အင်ဂျင်ပိုင်းကနေစတင်ပြောပြချင်ပါတယ်။ADV 160ရဲ့အင်ဂျင်ပါဝါအမှန်ကတော့157ccကိုsingle cylinderအသုံးပြုပေးထားပြီးbarစနစ်မှာတော့SOHC BARစနစ်ကိုအသုံးပြုပေးထားပါတယ်။အင်ဂျင်အအေးပေးစနစ်မှာတော့ရေအအေးပေးစနစ်(Liquid Cool System)ဖြစ်ပါတယ်။ဒီအင်ဂျင်မှာတော့ထွက်ရှိတဲ့မြင်းကောင်ရေအားကတော့RPM 8500မှာမြင်းကောင်ရေ15.8အထိထွက်ရှိပါတယ်။ဒီအင်ဂျင်အတွက်ဆီကြွေးတဲ့စနစ်မှာကတော့PGM-FIလို့ခေါ်တဲ့EFIဆီကြွေးစနစ်ကိုအသုံးပြုပေးထားပါတယ်။နောက်ထပ်ပြောရမယ်ဆိုရင်သူ့ရဲ့အင်ဂျင်ပါဝါအမှန်ကအစPCX 160ရဲ့အင်ဂျင်ပါဝါအမှန်နဲ့တူညီနေတာကိုတွေ့ရပါတယ်။

-ဒုတိယအနေနဲ့ပြောပြချင်တာကတော့သူ့ရဲ့မောင်းနှင်မှုစနစ်ပါ။ADV 160ရဲ့မောင်းနှင်မှုစနစ်မှာအော်တိုဂီယာစနစ်(Automatic CVT Gear System)ကိုအသုံးပြုပေးထားပါတယ်။

-နောက်ထပ်ပြောပြချင်တာကတော့သူ့ရဲ့အရှေ့လေကာမှန်အကြောင်းပါ။ကျွန်တော်သိသလောက်ADV 160အပါအဝင်အခြားသောHONDAဘီးတွေအချို့မှာလည်းလေကာမှန်တွေပါရှိကြပေမဲ့ADV 160မှာတော့လေကာမှန်ဟာအသေတပ်ဆင်ထားတာမဟုတ်ဘဲအပေါ်အောက်အတိုးလျှော့အနည်းငယ်ပြုလုပ်ချိန်ညှိနိုင်တဲ့လေကာမှန်အရှင်ဖြစ်ပါတယ်။

-မီးလိုင်းပိုင်းမှာဆိုရင်လည်းအရှေ့မီး၊အနောက်မီးနဲ့SignalမီးတွေအားလုံးဟာLEDမီးတွေကိုဘဲအသုံးပြုပေးထားတဲ့အတွက်ညအချိန်မှာရှင်းလင်းပြတ်သားစွာမြင်နိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်သူ့ရဲ့မီးလိုင်းစနစ်ကDay Lightပါပါဝင်ထားပါတယ်။Day Lightကယာဉ်စည်းကမ်းတွေထဲမှာအနည်းငယ်အရေးပါတဲ့စည်းကမ်းတစ်ခုပါ။နေသာပြီးပတ်ဝန်းကျင်ကလင်းနေတဲ့နေ့အချိန်မျိုးမှာတော့Day Lightဟာအသုံးမဝင်ဘူးထင်ရပေမဲ့မိုးအုံ့၊မိုးရွာပြီးမိုးသားတွေမဲနေတဲ့နေ့အချိန်မှာတော့ဒီDay Lightဟာအလွန်အသုံးဝင်ပါတယ်။Day Lightမပါဘဲမီးပိတ်လို့ရတဲ့ဘီးတွေမှာတော့မီးထပ်ထွန်းစရာလိုပါတယ်။

-ဒိုင်ခွက်ပိိုင်းမှာတော့ခေတ်မှီတဲ့အသွင်ကိုဆောင်စေတဲ့Full Digitalဒိုင်ခွက်ကိုအသုံးပြုပေးထားပါတယ်။

-ဖောက်ပိုင်းကိုပြောရရင်အရှေ့ဖောက်မှာအရှည်
အနည်းငယ်ထပ်မံမြှင့်ထားတဲ့Telescopicဖောက်ကိုအသုံးပြုပေးထားပြီးအနောက်ဖောက်မှာတော့Surecubဖောက်ကိုအသုံးပြုပေးထားပါတယ်။

-ဘရိတ်ပိုင်းကိုပြောရမယ်ဆိုရင်တော့Versionနှစ်မျိုးခွဲထားပါတယ်။CBS(Combine Brake System) Versionနဲ့ABS(Anti Brake-Lock System)Versionဆိုပြီးနှစ်မျိုးခွဲခြားထားပါတယ်။CBS versionမှာဆိုရင်တော့အရှေ့ဘရိတ်မှာဒစ်ဘရိတ်(Disc Brake)ဖြစ်ပြီးအနောက်ဘရိတ်မှာဟက်ဘရိတ်(Drum Brake)ကိုအသုံးပြုပေးထားပါတယ်။ABS versionမှာဆိုရင်တော့အရှေ့ဘရိတ်ရောအနောက်ဘရိတ်ရောကိုဒစ်ဘရိတ်တွေအသုံးပြုပေးထားပါတယ်။

-နောက်ထပ်တစ်ချက်ကတော့”ADV 160”logoလေးရဲအရောင်ကွာခြားသွားပုံပါ။ဒီမှာလည်းအထက်ကပြောခဲ့သလိုABSနဲ့CBS versionတို့အရlogoအရောင်လေးဟာကွာခြားပါတယ်။CBS versionမှာ”ADV 160”ဆိုတဲ့logoလေးရဲ့အရောင်ကတော့ငွေရောင်ဖြစ်ပြီးABS versionမှာတော့”ADV 160”ဆိုတဲ့logoလေးရဲ့အရောင်ကတော့ရွှေရောင်ဖြစ်ပါတယ်။

-ထပ်မံပြောပြချင်တာကတော့သော့ပိုင်းပါ။ADV 160ရဲ့သော့မှာSmart Keyဖြစ်တဲ့အတွက်လုံခြုံရေးစနစ်အဆင့်မြင့်ပါတယ်။

-နောက်ထပ်တစ်ချက်ကတော့ဂွေနဲ့တာယာဆိုဒ်ပါ။ADV 160ရဲ့ရှေ့ဂွေဆိုဒ်မှာ၁၄ဆိုဒ်ဖြစ်ပြီး
နောက်ဂွေဆိုဒ်မှာ၁၃ဆိုဒ်ဖြစ်ပါတယ်။အရှေ့တာယာဆိုဒ်မှာ၁၁၀/၈၀ဖြစ်ပြီးအနောက်တာယာဆိုဒ်မှာ
၁၇၀/၃၀ဖြစ်ပါတယ်။

-ADV 160ရဲ့ထုတ်လုပ်တဲ့နိုင်ငံကထိုင်းနိုင်ငံဘဲဖြစ်ပါတယ်။

-နောက်ဆုံးပြောပြချင်တာကတော့ဆီဝင်ဆံ့မှု၊ဖင်ထိုင်ခုံအမြင့်၊မြေပြင်ကင်းလွတ်အမြင့်၊အလေးချိန်နဲ့စျေးနှုန်းတို့ပါ။ADV 160ရဲ့ဆီတိုင်ကီမှာ8.1လီတာအထိဝင်ဆံ့တဲ့အတွက်ဆီတိုင်ကီအလွန်ကြီးပြီးဆီခဏခဏဖြည့်စရာမလိုပါဘူး။ဒါပေမဲ့ဒီနေရာမှာတော့အကောင်းနဲ့အဆိုးကတော့ဒွန်တွဲနေဆဲပါဘဲ။ဒီတော့သူ့ရဲ့အားနည်းချက်ကတော့ဆီအပြည့်ဖြည့်မယ်ဆိုရင်ယခုခေတ်ဆီဖိုးနဲ့နှိုင်းယှဉ်ကြည့်ရင်ဆီဖိုးအလွန်ကုန်ကျမှာဖြစ်ပါတယ်။ဖင်ထိုင်ခုံအမြင့်မှာ780မီလီမီတာအထိမြင့်ပါတယ်။မြေပြင်ကင်းလွတ်အမြင့်မှာ165မီလီမီတာအထိမြင့်ပါတယ်။ADV 160ရဲ့အလေးချိန်မှာ133ကီလိုဂရမ်အထိလေးပါတယ်။နောက်ဆုံးပြောပြချင်တာကတော့စျေးနှုန်းပါ။စျေးနှုန်းပြောရရင်တော့ADV 160ထုတ်လုပ်တဲ့နှစ်တွေမှာလိုင်စင်ချပေးခြင်းအလွန်ရှားပါးတဲ့အတွက်ကျွန်တော်Withoutစျေးနဲ့ဘဲပြောပြပါမယ်။ADV 160မှာCBS Versionရဲ့စျေးကသိန်း၁၀၀ကျော်ကနေ၁၀၉သိန်းကျော်/သိန်း၁၁၀ကျော်အထိပေါက်ပြီးABS Versionရဲ့စျေးကသိန်း၁၁၀ကျော်ကနေသိန်း၁၂၀ကျော်အထိစျေးပေါက်ပါတယ်။ADV 160ကPCX 160ထက်ပိုမိုကောင်းမွန်တဲ့အရာတွေပါရှိလို့စျေးကလည်းကွာခြားသွားခြင်းဖြစ်ပါတယ်။

-ထပ်ဆောင်းပြောပြချင်တဲ့အရာကတော့ဒီADV 160ဟာမြန်မာနိုင်ငံမှာရှားပါးတဲ့ဘီးတစ်စီးဖြစ်ပါတယ်။စီးနှင်းရတာကလည်းအလွန်ကောင်းမွန်ပါတယ်။

ကျွန်တော်ရဲ့ဒီကနေ့ADV 160အကြောင်းတင်ဆက်မှုကိုဒီနေရာမှာရပ်နားချင်ပါတယ်ခင်ဗျာ။မိတ်ဆွေတို့ရောဒီADV 160ကိုဘာတွေကြိုက်တယ်၊မကြိုက်ဘူး၊ကောင်းချက်၊ဆိုးချက်လေးတွေကိုcommentမှာစိတ်ကြိုက်ဆွေးနွေးဝေဖန်နိုင်ပါတယ်။အချိန်ပေးပြီးဖတ်ရှုကြတဲ့ညီအစ်ကိုတစ်ယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာလည်းအခြားသောဆိုင်ကယ်တွေရဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးပါ့မယ်ခင်ဗျာ။

===Han Pyae Min===

-

Hello ဆိုင်ကယ်ချစ်ညီအစ်ကိုများ👋။ကျွန်တော်ဒီကနေ့မှာတော့ခါတိုင်းလိုGenerationအကြောင်းရေးသားမှာမဟုတ်ဘဲဆိုင်ကယ်တစ်မျိုးတည်းရ...
18/08/2024

Hello ဆိုင်ကယ်ချစ်ညီအစ်ကိုများ👋။ကျွန်တော်ဒီကနေ့မှာတော့ခါတိုင်းလိုGenerationအကြောင်းရေးသားမှာမဟုတ်ဘဲဆိုင်ကယ်တစ်မျိုးတည်းရဲ့reviewကိုသာရေးသားမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်ဒီကနေ့reviewလုပ်ပေးမဲ့ဆိုင်ကယ်ကတော့Honda Wave 110i Ncx ဘဲဖြစ်ပါတယ်။ဒီဆိုင်ကယ်လေးမှာစိတ်ဝင်စားစရာလေးတွေအများကြီးပါဝင်နေလို့အဆုံးထိဖတ်ရှုပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်။

-ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့သူ့ရဲ့ အင်ဂျင်ပိုင်းပါ။ဒီဆိုင်ကယ်ရဲ့အင်ဂျင်ပါဝါက110ccဖြစ်ပြီးအင်ဂျင်ပါဝါအမှန်မှာ109.17ccဖြစ်ပြီး4 strokeအင်ဂျင်အမျိုးအစားဖြစ်ပါတယ်။အင်ဂျင်အအေးပေးစနစ်မှာ
လေအအေးပေးစနစ်(air cooling system)ဖြစ်ပါတယ်။နောက်ပြီးဒီဆိုင်ကယ်ရဲ့အင်ဂျင်ကိုSOHC system bar နှစ်ပွင့်နဲ့ချိတ်ဆက်ထားပါတယ်။

-နောက်ထပ်ပြောပြချင်တာကတော့ဆီကြွေးစနစ်ပါ။ဆီကြွေးစနစ်မှာဆိုရင်ယခုလိုဆီစျေးနှုန်းမြင့်မားနေဆိုင်ကယ်ရဲ့ဆီစားနှုန်းကိုပိုမိုသက်သာစေမဲ့
PGM-FIခေါ်EFIဆီကြွေးစနစ်ဘဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဒီဆီကြွေးစနစ်ကကာဘရေတာ
(Carburetor)ထက်ဆီစားပိုမိုသက်သာပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဆီကြွေးစနစ်ကinjectorလို့ခေါ်တဲ့ဆီပက်ဖျန်းပေးတဲ့ကိရိယာလေးကနေအင်ဂျင်အတွက်ဆီပမာဏကိုလိုအပ်သလောက်သာဖျန်းပက်ပေးလို့ဖြစ်ပါတယ်။ဥပမာပြောရရင်Wave Alpha 110သို့မဟုတ်Wave 110 Ncxဘီးတို့နဲ့ယခုကျွန်တော်ပြောပြနေတဲ့Wave 110i Ncxတို့ကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်အင်ဂျင်ပါဝါအမှန်ကအစတူညီပေမဲ့ဆီကြွေးစနစ်ပိုင်းမှာဆိုရင်Wave Alpha 110နဲ့Wave 110 Ncxတို့ဟာကာဘရေတာကိုအသုံးပြုပေးထားပြီးWave 110i Ncxမှာဆိုရင်EFIစနစ်ကိုအသုံးပြုပေးထားတဲ့အတွက်ဆီစားနှုန်းမှာသိသိသာသာကွာခြားသွားပါတယ်။ဒါပေမဲ့ဒီEFIစနစ်မှာလည်းအားနည်းချက်ရှိပါတယ်။အဲ့ဒီအားနည်းချက်ကတော့ဆီအရမ်းနည်းလို့မရပါဘူး။ဆီအရမ်းနည်းရင်ဆီပန့်ပျက်လွယ်ပြီးချုပ်(choke)မပါတဲ့အတွက်စက်နှိုးလို့ခက်ခဲခြင်းသို့မဟုတ်စက်နှိုးလို့မရခြင်းတို့ဖြစ်ပါတယ်။သို့ပေမဲ့ကာဘရေတာဘီးတွေကတော့ဆီချုပ်ပါတဲ့အတွက်ဆီကိုရသလောက်စုပ်ပြီးစက်နှိုးပြီးတစ်ခဏတာမောင်းနှင်နိုင်မှာဖြစ်ပါတယ်။သူ့ဟာနဲ့သူတော့အားနည်းချက်အားသာချက်တွေရှိပါတယ်။ဘာဘဲဖြစ်ဖြစ်ဒီEFIဆီကြွေးစနစ်ဟာယခုလိုစက်သုံးဆီစျေးနှုန်းမြင့်မားပြီးစက်သုံးဆီတွေရှားပါးနေချိန်မှာအလွန်သင့်တော်ပါတယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်။

-တတိယအချက်အနေနဲ့ပြောပြချင်တာကတော့မောင်းနှင်မှုစနစ်ပါ။ဒီဘီးရဲ့မောင်းနှင်မှုစနစ်မှာmanualဖြစ်ပြီးgear၄ချက်ဖြင့်ချိတ်ဆက်ထားပါတယ်။

-မီးလိုင်းပိုင်းမှာပြောရမယ်ဆိုရင်လည်းအရှေ့မီး၊အနောက်မီးနဲ့၊Signalမီးတွေအားလုံးဟာရိုးရိုးမီးသီးများ(halogen lights)ကိုသာအသုံးပြုပေးထားပါတယ်။မီးလိုင်းပိုင်းမှာတော့ကျွန်တော်အနေနဲ့ကြိုက်နှစ်သက်မှုမရှိပါဘူး။ဒါပေမဲ့ဒီရိုးရိုးမီးသီးတွေရဲ့အားသာချက်ကတော့ပျက်ရင်ပြင်ဆင်ရတပ်ဆင်ရလွယ်ကူပါတယ်။

-ဖောက်ပိုင်းမှာဆိုရင်အရှေ့ဖောက်ကိုtelescopic ဖောက်ကိုအသုံးပြုပေးထားပြီးအနောက်ဖောက်ကိုspringဖောက်ကိုအသုံးပြုပေးထားပါတယ်။

-နောက်ထပ်ပြောပြချင်တာကတော့ဘရိတ်စနစ်(brake system)ပါ။ဘရိတ်စနစ်မှာဆိုရင်သူ
ကversionနှစ်မျိုးနဲ့ထွက်ရှိထားပါတယ်။ပထမ
ဆုံးVersionမှာဆိုရင်တော့အရှေ့ဘရိတ်ရောအနောက်ဘရိတ်ရောကိုဟက်ဘရိတ်(drum
brake)ကိုအသုံးပြုပေးထားပါတယ်။ဒုတိယမြောက်versionကတော့အရှေ့ဘရိတ်မှာဒစ်ဘရိတ်(disc brake)ဖြစ်ပြီးအနောက်ဘရိတ်မှာယခင်ကလိုဟက်ဘရိတ်(drum brake)ကိုသာအသုံးပြုပေးထားပါတယ်။versionနှစ်မျိုးကွဲသွားတဲ့အတွက်စျေးနှုန်းကလည်း၁သိန်း/၁သိန်းကျော်/၂သိန်းဝန်းကျင်လောက်ကွာခြားသွားပါတယ်။

-ထပ်မံပြောပြချင်တာကတော့မတူညီတဲ့ဂွေပုံစံကြောင့်versionနှစ်မျိုးကွဲထွက်သွားခြင်းဖြစ်ပါတယ်။ယခုပြောချင်တဲ့အကြောင်းအရာမှာကျွန်တော်အထက်ကပြောပြခဲ့တဲ့ဘရိတ်စနစ်အတိုင်းဂွေပုံစံမှာလည်းVersionနှစ်မျိုးကွဲပြားသွားပါတယ်။အရှေ့ဘရိတ်ရောအနောက်ဘရိတ်ရောဟက်ဘရိတ်နဲ့လာတဲ့Versionမှာဆိုရင်ဂွေကစမုတ်(spoke)ဂွေနဲ့လာပြီးအရှေ့ဘရိတ်မှာဒစ်ဘရိတ်နဲ့အနောက်ဘရိတ်မှာဟက်ဘရိိတ်နဲ့လာတဲ့versionမှာဆိုရင်တော့ဂွေကလည်းဒလက်(cast)ဂွေနဲ့လာပါတယ်။အထက်ကပြောခဲ့သလိုဘဲစျေးနှုန်းကကွာခြားပါတယ်။စျေးနှုန်းအတိအကျကိုတော့ကျွန်တော်နောက်ဆုံးပိတ်ကြရင်ပြောပြမှာဖြစ်ပါတယ်။

-နောက်ထပ်တစ်ချက်ပြောပြချင်တာကတော့ဂွေနဲ့တာယာပိုင်းပါ။ရှေ့ရောနောက်ရောဂွေဆိုဒ်မှာ၁၄ဆိုဒ်ဖြစ်ပြီးအရှေ့တာယာဆိုဒ်မှာ၇၀/၉၀ဖြစ်ပြီးအနောက်တာယာဆိုဒ်မှာ၈၀/၉၀ဖြစ်ပါတယ်။

-ထပ်မံပြောပြချင်တာကတော့ရရှိမဲ့အရောင်ပါ။ရရှိမဲ့အရောင်တွေကတော့Versionနှစ်မျိုးစလုံးမှာအနီ၊အနက်၊ခဲ/ငှက်ခါးစိမ်း၊အနက်၊ခဲ/အဖြူ၊အနက်၊ခဲနဲ့အနက်ခဲစတဲ့အရောင်တွေဘဲဖြစ်ပါတယ်။

-ထုတ်လုပ်တဲ့နိုင်ငံမှာကတော့ဗီယက်နမ်နိုင်ငံကနေထုတ်လုပ်ပြီးဂျပန်ဖော်မြူလာဖြင့်သာထုတ်လုပ်ထားပါတယ်။

-အခြားသောအချက်အလက်အသေးအမွှားလေးတွေကိုလည်းကျွန်တော်ပြောပြချင်ပါသေးတယ်။ပထမဆုံးပြောပြချင်တာကတော့ဆိုင်ကယ်အလေးချိန်ပါ။ဒီဆိုင်ကယ်ဟာ၉၈ကီလိုဂရမ်လေးပါတယ်။ဒုတိယပြောပြချင်တာကတော့မြေပြင်ကင်းလွတ်အမြင့်ပါ။မြေပြင်ကင်းလွတ်အမြင့်ကတော့၁၃၅မီလီမီတာဖြစ်ပြီးလက်မအနေနဲ့ပြောရရင်တော့၅.၃လက်မကင်းလွတ်ပါတယ်။တတိယအနေနဲ့ပြောပြချင်တာကတော့ဆီဝင်ဆံ့မှုပါ။ဒီဆိုင်ကယ်ဟာဆီ၄လီတာဝင်ဆံ့ပါတယ်။နောက်ဆုံးပြောပြချင်တဲ့အကြောင်းအရာကတော့ရှေ့ဘီးနောက်ဘီးအကွာအဝေးပါ။ရှေ့ဘီးနောက်ဘီးရဲ့ကြားအကွာအဝေးမှာ၁၂၂၇မီလီမီတာရှိပြီးလက်မအနေနဲ့ပြောရရင်၄၈.၃လက်မရှိပါတယ်။

-နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့စျေးနှုန်းပါ။ကျွန်တော်ယခုပြောပြနေတဲ့မော်ဒယ်ကတော့(၂၀၂၀-၂၀၂၁)မော်ဒယ်ဖြစ်ပြီးဒီမော်ဒယ်ရဲ့စျေးနှုန်းကတော့စမုတ်Versionမှာဆိုရင်လိုင်စင်ပါရင်တော့သိန်း၄၀ဝန်းကျင်လောက်ရှိပြီးလိုင်စင်မပါရင်တော့သိန်း၃၀လောက်ရှိပါတယ်။ဒလက်versionရဲ့လက်ရှိပေါက်စျေးမှာလိုင်စင်ပါရင်၄၅သိန်းဝန်းကျငိရှိပြီးလိုင်စင်မပါရင်တော့၃၄သိန်း/၃၅သိန်းဝန်းကျင်ရှိပါတယ်။ဒါကစျေးတက်လို့ဒီစျေးတွေဖြစ်သွားတာပါ။အရင်ကဆိုတချို့ဘီးတွေကလိုင်စင်မပါရင်သိန်း၂၀တောင်မပြည့်သလိုလိုင်စင်ပါမှသိန်း၃၀တောင်မပြည့်တဲ့ဘီးတွေလည်းရှိပါတယ်။

-ကျွန်တော်ဗဟုသုတအနေနဲ့ပြောပြချင်တာကတော့ဒီဆိုင်ကယ်ကိုကြိုက်နှစ်သက်တဲ့ဒေသတွေပါ။ဒီဆိုင်ကယ်ကိုကျွန်တော့်ရဲ့ဇာတိမြေဖြစ်တဲ့မော်လမြိုင်အပါအဝင်အခြားသောမွန်ပြည်နယ်ရဲ့မြို့တွေမှာစီးနှင်းလေ့သိပ်မရှိကြပါဘူး။ထို့အတူတနသ်ာရီဒေသမှာလည်းအနည်းငယ်သာစီးနှင်းကြောင်းတွေ့ရပါတယ်။ဒီဆိုင်ကယ်ကိုတော့ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊မန္တလေးတိုင်းမှာရှိတဲ့မြို့အချို့နဲ့မန္တလေးနဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်ရဲ့အချို့မြို့တို့မှာစီးနှင်းအသုံးပြုကြောင်းသိရှိရပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းမြင်တွေ့ဖူးပါတယ်။နောက်ပြီးဒီဘီးကိုကျွန်တော်တို့မြန်မာတွေကရုပ်ဆိုးဘီးလို့ခေါ်ပါတယ်။

ဟုတ်ကဲ့ပါမိတ်ဆွေတို့ရေကျွန်တော်ရဲ့ဒီကနေ့တင်ဆက်သွားခဲ့တဲ့Honda Wave 110i Ncxရဲ့အကြောင်းအရာကတော့ဒီလောက်ပါဘဲခင်ဗျာ။မိတ်ဆွေတို့လည်းဒီဆိုင်ကယ်ကိုစီးနှင်းအသုံးပြုနေသူတစ်ယောက်ဆိုရင်ဘာတွေကောင်းတယ်၊မကောင်းဘူး၊ကြိုက်တယ်၊မကြိုက်ဘူးဆိုတာcommentမှာလွတ်လပ်စွာဝင်ရောက်ဝေဖန်နိုင်ပါတယ်ဗျာ။အချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ဆိုင်ကယ်ချစ်သူညီအစ်ကိုမောင်နှမများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းအခြားသောHondaဆိုင်ကယ်တွေရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးပါ့မယ်ဗျာ။

===Han Pyae Min===

အားလုံးသောဆိုင်ကယ်ချစ်မိတ်ဆွေများမဂ်လာပါ။ကျွန်တော်ဒီကနေ့မှာကျွန်တော့်ရဲ့ချစ်မိတ်ဆွေတွေAuto ဘီးထဲမှာအလွန်ကြိုက်နှစ်သက်ကြတ...
10/08/2024

အားလုံးသောဆိုင်ကယ်ချစ်မိတ်ဆွေများမဂ်လာပါ။ကျွန်တော်ဒီကနေ့မှာကျွန်တော့်ရဲ့ချစ်မိတ်ဆွေတွေAuto ဘီးထဲမှာအလွန်ကြိုက်နှစ်သက်ကြတဲ့Honda click ရဲ့အကြောင်းကိုတစ်စေ့တစ်စောင်းပြောပြမှာဖြစ်ပါတယ်။ဒါ့ကြောင့်မို့အဆုံးထိဖတ်ရှုပေးဖို့မေတ္တာရပ်ခံပါတယ်။

👉1st generation

Honda click ရဲ့ဦးစွာထုတ်လုပ်မှုကိုတော့110ccရှိတဲ့အင်ဂျင်ပါဝါဖြင့်ထုတ်လုပ်ခဲ့ပြီးအင်ဂျင်ပါဝါအမှန်မှာ108ccဖြစ်ပြီး1 cylinderနဲ့ဖြစ်ပါတယ်။သူ့ရဲ့အင်ဂျင်အအေးပေးစနစ်မှာရေအအေးပေးစနစ်(liquid cool system)ဖြစ်ပြီးဆီကြွေးစနစ်မှာကာဘရေတာ(carburetor)ကိုအသုံးပြုပေးထားပါတယ်။ဒီHonda clickဆိုင်ကယ်ဟာစတင်ထုတ်လုပ်ကတည်းကစမုတ်(spoke)နဲ့ဒလက်(cast)ဆိုပြီးမတူညီတဲ့ဂွေ(alloy)ဒီဇိုင်းနဲ့versionနှစ်မျိုးထွက်ပါတယ်။ဘရိတ်စနစ်မှာတော့ရှေ့ဒစ်ဘရိတ်(disc brake)နဲ့အနောက်ဟက်ဘရိတ်(drum brake)တို့ကိုအသုံးပြုပေးထားပါတယ်။ထုတ်လုပ်ခဲ့တာနှစ်တွေကတော့၂၀၀၆ခုနှစ်ကနေ၂၀၀၇ခုနှစ်အထိဖြစ်ပြီးထိုင်းနိုင်ငံမှထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။

👉2nd generation

ဒုတိယမြောက်ထုတ်လုပ်မှုမှာတော့အရေးကြီးတဲ့ပြောင်းလဲမှုတစ်ခုရှိပါတယ်။အဲ့တာကတော့ဆီကြွေးစနစ်ဘဲဖြစိပါတယ်။ဆီကြွေးစနစ်မှာကနဦးထုတ်လုပ်မှုတုန်းကလိုကာဘရေတာ(carburetor)နဲ့မဟုတ်တော့ဘဲPGM-FI(ခေါ်)EFIဆီကြွေးစနစ်ကိုအသုံးပြုလာပေးတဲ့အတွက်ဆီစားပိုမိုသက်သာလာပါတယ်။ကျန်တဲ့ပြောင်းလဲမှုတွေကတော့ဆေးရောင်၊ဆိုင်ကယ်ဒီဇိုင်း၊ကာဗာအချိုးအစား၊ဒိုင်ခွက်နဲ့Stickerတို့သာဖြစ်ပါတယ်။ဒါတွေကတော့ထုံးစံအတိုင်းပြောင်းလဲနေကြပါ။ထုတ်လုပ်ခဲ့ချိန်တွေကတော့၂၀၀၈ခုနှစ်ကနေ၂၀၁၁ခုနှစ်အထိဖြစ်ပြီးထိုင်းနိုင်ငံမှထုတ်လုပ်တပ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။

👉3rd generation

ယခုတတိယမြောက်ထုတ်လုပ်မှုမှာလည်းအရေးကြီးတဲ့ပြောင်းလဲမှုလေးတွေရှိလို့နေပြန်ပါတယ်။ပထမဆုံးကျွန်တော်ပြောပြချင်တဲ့ပြောင်းလဲမှုကတော့အင်ဂျင်ပါဝါတိုးမြှင့်လိုက်ခြင်းဖြစ်ပါတယ်။အင်ဂျင်ပါဝါကိုပထမနဲ့ဒုတိယမြောက်ထုတ်လုပ်မှုတွေတုန်းကလို110ccနဲ့ထုတ်လုပ်ခြင်းမရှိတော့ဘဲ125ccသို့တိုးမြှင့်လိုက်ပါတယ်။ဒါကြောင့်မို့လို့ကောင်းကျိုးအနေနဲ့အရုန်းအဆွဲပိုမိုကောင်းမွန်လာသလိုတစ်ဖက်မှာလည်းဆီအနည်းငယ်ပိုစားပါမယ်။နောက်ထပ်ပြောင်းလဲမှုတစ်ခုကတော့espလို့ခေါ်တဲ့Enhanced Smart Powerပါဝင်လာခြင်းဖြစ်ပါတယ်။ဒါကဘာလဲဆိုတော့အရင်အင်ဂျင်ထက်ပိုမိုကောင်းမွန်တဲ့အင်ဂျင်ဖြစ်လာခြင်းပါ။ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်တော့Smart engineဖြစ်လာတာပေါ့နော်။အင်ဂျင်အရည်အသွေးပိုမိုကောင်းမွန်လာတဲ့အတွက်ယခုမော်ဒယ်မှာHonda clickဟာပိုမိုရေပန်းစားလာပါတယ်။နောက်ထပ်အရေးကြီးတဲ့ပြောင်းလဲမှုတစ်ရပ်ကတော့ဆီစားပုံမှန်ထက်ကိုသက်သာစေတဲ့idiling Start/Stop Systemပါဝင်လာခြင်းဖြစ်ပါတယ်။ဒီidiling stopကိုဖွင့်ထားခြင်းအားဖြင့်မီးပွိုင့်မိနေချိန်သို့မဟုတ်ဘီးသေရပ်လိုက်ချိန်မှာဆိုင်ကယ်ဟာစက်သေသွားပြီးလီဗာပြန်ဆွဲမှသာအင်ဂျင်ပြန်လည်လည်ပတ်ပြီးမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ယခုလိုဆီစျေးကြီးနေတဲ့ခေတ်ကြီးမှာလည်းဒီidiling start/stop systemပါရှိခြင်းကစီးနှင်းသူတွေအတွက်လည်းစရိတ်စခပိုမိုသက်သာစေမှာဖြစ်ပါတယ်။နောက်ထပ်အနည်းငယ်အရေးကြီးတဲ့ပြောင်းလဲမှုကတော့ဒိုင်ခွက်ပိုင်းဘဲဖြစ်ပါတယ်။ဒိုင်ခွက်ပိုင်းမှာထုံးစံအတိုင်းအသွင်အပြင်လေးသာပြောင်းလဲရုံမဟုတ်ဘဲဆီဂိတ်ရယ်ကီလိုမီတာရယ်ကိုdigitalနဲ့ဖော်ပြပေးထားပါတယ်။အရင်ကထက်ပိုမိုခေတ်မှီလာတယ်လို့လည်းပြောကောင်းပြောနိုင်ပါတယ်။ထုံးစံအတိုင်းအခြားပြောင်းလဲမှုအသေးအမွှားတွေကတော့ဆိုင်ကယ်ပုံသဏ္ဌာန်၊ဆေးရောင်နဲ့Stickerတို့ဘဲဖြစ်ပါတယ်။ထုတ်လုပ်ခဲ့တဲ့ကာလတွေမှာ၂၀၁၂ခုနှစ်မှ၂၀၁၄ခုနှစ်အထိကိုထိုင်းနိုင်ငံမှထုတ်လုပ်ခဲ့ပါတယ်။

👉4th generation

ယခုထုတ်လုပ်မှုရဲ့အရေးကြီးတဲ့ပြောင်းလဲမှုကတော့တစ်ခုသာရှိပါတယ်။အဲ့ဒါကတော့မီးလိုင်းပိုင်းဖြစ်ပါတယ်။မီးလိုင်းပိုင်းမှာဆိုရင်ရှေ့မီးကြီးနဲ့မီးသေးနေရာမှာLEDမီးကိုအသုံးပြုပေးထားတဲ့အတွက်ညည့်အချိန်မှာရှင်းလင်းပြတ်သားစွာမြင်နိုင်မှာဖြစ်ပါတယ်။သို့ပေမဲ့အနောက်မီးနဲ့signalမီးတွေကိုတော့ရိုးရိုးမီးသီးများ(halogen lights)ကိုသာအသုံးပြုပေးထားပါတယ်။ကျန်တဲ့ပြောင်းလဲမှုလေးတွေကတော့ထုံးစံအတိုင်းဆိုင်ကယ်ဒီဇိုင်း၊ကာဗာအချိုးအစား၊ဒိုင်ခွက်အသွင်အပြင်၊ဆေးရောင်နဲ့Stickerစသည်တို့ဖြစ်ပါတယ်။ထုတ်လုပ်ခဲ့တဲ့အချိန်မှာ၂၀၁၅ခနှစ်ကနေ၂၀၁၈ခုနှစ်၂လပိုင်းလောက်အထိထုတ်လုပ်ခဲ့ပါတယ်။ထိုင်းနိုင်ငံမှထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။

👉5th generation

ယခုထုတ်လုပ်မှုမှာတော့Honda click 150iဆိုပြီးထပ်မံထွက်ရှိလာပါတယ်။click 125iကသက်သက်click 150iကသက်သက်ဖြစ်လာပါတယ်။ဒါပေမဲ့ထုတ်လုပ်ခဲ့တဲ့ခုနှစ်ကတော့တူတူပါဘဲ။click 125iရောclick 150iရောဟာတူတူထုတ်လုပ်ခဲ့ပေမဲ့မတူညီတဲ့အချက်တွေရှိပါတယ်။နောက်ပြီးclick 125iဟာ၂၀၂၂ခုနှစ်မှာsmart keyနဲ့ထုတ်လုပ်လာခြင်းကြောင့်ဒီအကြောင်းကိုလည်းချန်ထားလို့မရပေမဲ့ယခု5th generationရဲ့ခေါင်းစဉ်အောက်မှာရေးလို့အဆင်မပြေပါဘူး။ဘာကြောင့်လဲဆိုတော့ခုနှစ်တွေမတူ၊အတူတူထုတ်လုပ်ခဲ့ခြင်းမရှိတာကြောင့်မရေးသားခြင်းဖြစ်ပါတယ်။6th generationမှာတော့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ခေါင်းစဉ်နှစ်ခုခွဲပြီးယခု5th generationမှာကွဲထွက်သွားတဲ့Honda Click 125iနဲ့Honda Click 150iရဲ့အကြောင်းကိုပြောပြချင်ပါတယ်။

🟥Honda Click 125i

ယခုထုတ်လုပ်မှုမှာတော့ထူးထူးခြားခြားပြောင်းလဲလိုက်တာလေးတွေကတော့ဒိုင်ခွက်နဲ့မီးလိုင်းတို့ဖြစ်ပါတယ်။ဒိုင်ခွက်မှာFull digitalဖြစ်လာပြီးအချိန်နာရီကိုပါထည့်သွင်းလာပေးပါတယ်။မီးလိုင်းပိုင်းမှာဆိုရင်လည်းယခင်ကလိုရှေ့မီးကြီးနဲ့မီးသေးတို့ကိုသာLEDမီးတွေအသုံးပြုထားရုံသာမကနောက်မီးနဲ့signalမီးတို့ကိုပါLEDမီးတွေအသုံးပြုလာပေးတဲ့အတွက်စီးနှင်းသူတွေအကြိုက်တွေ့စေမှာသေချာပါတယ်။ပြောင်းမြဲပြောင်းလဲမှုတွေကတော့ဆိုင်ကယ်ဒီဇိုင်း၊ကာဗာအချိုးအစား၊ဆေးရောင်နဲ့Stickerတို့ဘဲဖြစ်ပါတယ်။ထုတ်လုပ်ခဲ့ချိန်တွေကတော့၂၀၁၈ခုနှစ်၃လပိုင်းမှ၂၀၂၁ခုနှစ်အထိထိုင်းနိုင်ငံမှာထုတ်လုပ်ခဲ့ပါတယ်။

🟥Honda Click 150i

Honda click 150iကအထက်ကဖော်ပြခဲ့တဲ့Honda click 125iနဲ့မတူညီတာတွေကတော့အင်ဂျင်ပိုင်း၊စက်နှိုးနိုင်သောနည်းလမ်း၊သော့ပိုင်း၊အိပ်ဇောအရောင်၊ဆေးရောင်၊”click” logoဖွဲ့စည်းပုံ၊ဒစ်ဘရိတ်ရဲ့ဒရမ်ပြားပုံစံ၊ဂွေ၊တာယာ၊စမုတ်နဲ့ဒလက်ဘီးဟူ၍မရှိတော့ခြင်းနဲ့စျေးနှုန်းတို့ဘဲဖြစ်ပါတယ်။ပထမဆုံးပြောချင်တဲ့ကွဲပြားချက်ကတော့အင်ဂျင်ပိုင်းပါ။အင်ဂျင်ပိုင်းရဲ့ပြောင်းလဲမှုမှာတော့အင်ဂျင်ပါဝါပြောင်းလဲမှုဖြစ်ပြီးအင်ဂျင်ပါဝါကို150ccနဲ့ထုတ်လုပ်ခဲ့ပါတယ်။နောက်ထပ်ကွာခြားချက်ကတော့စက်နှိုးနိုင်တဲ့နည်းလမ်းပါ။ဒီနေရာမှာclick 125iကပိုပြီးအားသာတယ်လို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့click 125iမှာဘက်ထရီအားကုန်သွားခဲ့ရင်ခြေနင်းကစ်(kick starter)အသုံးပြုပြီးစက်နှိုးနိုင်လို့ဖြစ်ပါတယ်။click 150iကတော့ခြေနင်းကစ်တံပါဝင်လာခြင်းမရှိဘဲstartခလုတ်တစ်ခုတည်းနဲ့သာစက်နှိုးနိုင်တဲ့အတွက်ဘက်ထရီအားကုန်ရင်အခက်အခဲဖြစ်စေပါတယ်။နောက်ထပ်ကွာခြားချက်ကတော့သော့ပိုင်းဖြစ်ပါတယ်။click 150iရဲ့သော့မှာclick 125iလိုရိုးရိုးသော့မဟုတ်ဘဲsmart keyဖြစ်လာတဲ့အတွက်ပိုမိုကောင်းမွန်လုံခြုံလာပါတယ်။alarmစနစ်လည်းပါတဲ့အတွက်သူခိုးရန်ကလည်းကာကွယ်လို့ရပါတယ်။ထပ်မံကွာခြားသွားတာကတော့အိပ်ဇောအရောင်ပါ။click 125iရဲ့အိပ်ဇောမှာအမဲရောင်တစ်ရောင်တည်းဖြစ်ပြီးclick 150iရဲ့အိပ်ဇောမှာထိပ်ဝနားလေးကိုငွေရောင်မှုတ်ထားပြီးကျန်နေရာတွေကိုတော့အမဲရောင်ဘဲမှုတ်ထားပါတယ်။နောက်ထပ်ပြောင်းလဲမှုတွေကတော့ဆေးရောင်ပါ။ဆိုင်ကယ်နှစ်စီးလုံးဟာဒီဇိုင်းပိုင်းကလုံးဝဆင်တူရိုးမဖြစ်ပေမဲ့ဆေးရောင်တွေကတော့မတူကွဲပြားပါတယ်။နောက်ထပ်ပြောင်းလဲမှုကတော့”click”ဆိုတဲ့logoဖွဲ့စည်းပုံပါ။”click”ဆိုတဲ့logoကိုclick 125iမှာတော့stickerဖြင့်သာကပ်ဆင်ထားပြီးclick 150iမှာတော့logoကိုနီကယ်စာလုံးလေးတွေနဲ့ကပ်ထားပေးပါတယ်။နောက်ထပ်မတူညီမှုကတော့အရှေ့ဒစ်ဘရိတ်ရဲ့ဒရမ်ပြားပုံစံပါ။click 125iရဲ့ဒရမ်ပြားမှာစက်ဝိုင်းပုံဖြစ်ပြီးclick 150iရဲ့ဒရမ်ပြားမှာပန်းပွင့်ပုံလေးဖြစ်ပါတယ်။ဂွေပိုင်းမှာဆိုရင်လည်းဆိုဒ်ကတူပေမဲ့အထဲကဒလက်ဖွဲ့စည်းပုံတွေကကွာခြားပါတယ်(click 125i၏ဒလက်ဘီးversionနှင့်နှိုင်းယှဉ်ခြင်း)။တာယာပိုင်းမှာလည်းclick 150iရဲ့တာယာကclick 125iရဲ့တာယာထက်ပိုကြီးပါတယ်။တာယာပိုကြီးတဲ့အတွက်ဘီးရမ်းခါမှုကိုလျော့ကျစေမှာဖြစ်ပါတယ်။ဒီHonda click 125iနဲ့Honda click 150iစီးနှင်းသူအချို့ကလည်းclick 125iကတာယာသေးလို့နောက်ဘီးလူးတယ်လို့လည်းပြောကြပါတယ်။ထပ်မံပြောင်းလဲလိုက်တဲ့ကွာခြားမှုမှာတော့click 150iကclick 125iလိုစမုတ်ဘီး၊ဒလက်ဘီးversionဆိုပြီးနှစ်မျိုးနှစ်စားကွဲပြားခြင်းမရှိတော့ပါဘူး။click 150iဟာဒလက်နဲ့ဘဲလာပါတယ်။နောက်ဆုံးကွဲပြားသွားတဲ့အရာကတော့စျေးနှုန်းပါ။စျေးနှုန်းကိုကျွန်တော်အောက်မှာခွဲရေးပေးပါ့မယ်။ကျန်တဲ့အချက်တွေကတော့အကုန်လုံးတူညီပါတယ်။

💰Honda Click 125i၏လက်ရှိပေါက်စျေး💰

Honda Click 125i (2018-2019လမြင့်)model
ပေါက်စျေး👉သိန်း၆၀ ဝန်းကျင်(လိုင်စင်ပါစျေး)

Honda Click 125i(2019-2020/9လ)model
ပေါက်စျေး👉၇၂သိန်းဝန်းကျင်(လိုင်စင်ပါစျေး)

Honda Click 125i(2020/10လ-2021)model
ပေါက်စျေး👉၇၈သိန်းဝန်းကျင်(လိုင်စင်ပါစျေး)

💰Honda Click 150i၏လက်ရှိပေါက်စျေး💰

Honda Click 150i(2018-2019/2လ)model
ပေါက်စျေး👉၇၆သိန်းဝန်းကျင်(လိုင်စင်ပါစျေး)

Honda Click 150i(2019/3လ-2020/9လ)model
ပေါက်စျေး👉၈၂သိန်းဝန်းကျင်(လိုင်စင်ပါစျေး)

Honda Click 150i(2020/10လ-2021/2လ)model
ပေါက်စျေး👉သိန်း၉၀ ဝန်းကျင်(လိုင်စင်ပါစျေး)

အထက်ဖော်ပြပါစျေးနှုန်းများသည်ဒီ့ထက်ပို၍များနိုင်သလိုပို၍နည်းနိုင်ပါတယ်။နေရာဒေသနဲ့ရောင်းချသူအသီးသီးတို့ရဲ့ရောင်းစျေးကွာခြားမှုတွေကြောင့်ဖြစ်ပါတယ်။

👉6th generation

ယခုဆဌမမြောက်ထုတ်လုပ်မှုကိုလည်းclick 125iနဲ့click 160ဆိုပြီးခေါင်းစဉ်နှစ်မျိုးခွဲမှာဖြစ်ပေမဲ့နှိုင်းယှဉ်တော့မှာမဟုတ်တော့ပါဘူး။ဒါပေမဲ့Honda click 125iကိုတော့ရှေ့ကမော်ဒယ်နဲ့တော့နှိုင်းယှဉ်ဖော်ပြမှာဖြစ်ပါတယ်။

🟥Honda Click 160

ဆဌမမြောက်ထုတ်လုပ်မှုမှာအရေးကြီးပြောင်းလဲမှုလေးတွေကအင်ဂျင်ပါဝါ၊USB Type C chargerပါရှိလာခြင်း၊မတူညီတဲ့ဘရိတ်စနစ်(brake system)
နှစ်မျိုးကြောင့်versionနှစ်မျိုးကွဲထွက်သွားခြင်းနဲ့espမှesp+ဖြစ်လာခြင်းတို့ဖြစ်ပါတယ်။ပထမဆုံးကျွန်တော်ပြောပြချင်တဲ့ပြောင်းလဲမှုကအင်ဂျင်ပါဝါပါ။အင်ဂျင်ပါဝါမှာယခင်ကလို125iကတစ်မျိုး၊150iကတစ်မျိုးခွဲခြားထားခြင်းမရှိတော့ဘဲ160ccအထိကိုတိုးမြှင့်လိုက်ပါတယ်။နောက်ထပ်အသစ်ပါဝင်လာတာကတော့USB Type C chargerပါရှိလာခြင်းပါ။ကျွန်တော်တို့ကအကယ်၍ဒီဆိုင်ကယ်နဲ့အပြင်သွားနေရင်းသော်လည်းကောင်း၊အိမ်မှာမီးမလာလို့သော်လည်းကောင်းဖုန်းအားသွင်းလို့အဆင်ပြေစေမဲ့USB Type C chargerပါရှိလာပါတယ်။ဒါပေမဲ့ဒီUSB Type C chargerနဲ့အားသွင်းလိုပါကမိတ်ဆွေတို့အနေနဲ့ဆိုင်ကယ်ကိုသော့ဖွင့်ထားရမှာဖြစ်ပါတယ်။အဲ့ဒါမှဖုန်းအားသွင်းနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။နောက်ပြီးအားသွင်းပေါက်နာမည်ကိုက”Type C”ဆိုတဲ့စကားလုံးပါတဲ့အတွက်Type Cအားသွင်းပေါက်ရှိသောဖုန်းတို့ဖြင့်သာသွင်းနိုင်မှာဖြစ်ပါတယ်။ထိုUSB Type C chargerရဲ့wattကတော့20 wattဖြစ်ပါတယ်။နောက်ဆုံးပြောင်းလဲမှုကတော့စီးနှင်သူတွေရဲ့အသက်အန္တရာယ်ကိုပါကာကွယ်စေနိုင်တဲ့ပြောင်းလဲမှုတစ်ခုဖြစ်တဲ့ဘရိတ်စနစ်ပါ။ဘရိတ်စနစ်မှာယခင်မော်ဒယ်တွေကလိုCBS (Combine Brake System)versionတစ်မျိုးတည်းနဲ့သာမဟုတ်ဘဲABS (Anti Brake-Lock System)Versionဆိုပြီးနှစ်မျိုးနှစ်စားကွဲသွားသလိုစျေးနှုန်းကလည်းကွဲပြားသွားပါတယ်။CBS versionမှာအရှေ့ဒစ်ဘရိတ်(disc brake)၊အနောက်ဟက်ဘရိတ်(drum brake)နဲ့လာပြီးတော့ABS versionမှာရှေ့ရောနောက်ရောဒစ်ဘရိတ်နဲ့လာတဲ့အတွက်ဘရိတ်အုပ်ရပ်တန့်ချိန်တွင်CBS versionထက်ပို၍လုံခြုံပြီးလမ်းချော်မှုကိုလျော့နည်းစေမှာဖြစ်ပါတယ်။CBS version မှာဆိုရင်”CLICK 160”ဆိုတဲ့logoလေးဟာငွေရောင်ဖြစ်ပြီးABS versionမှာဆိုရင်တော့”CLICK 160”ဆိုတဲ့logoလေးဟာရွှေရောင်ဖြစ်ပါတယ်။နောက်ပြီးclick 160 2022-2023/2လမော်ဒယ်ရဲ့CBS versionမှဂွေတွေဟာအမဲရောင်ဖြစ်ပြီးABS versionရဲ့ဂွေတွေကတော့ရွှေရောင်တွေဖြစ်ပါတယ်။ဒါပေမဲ့2023/3လကနေ2023/12လအထိမော်ဒယ်မှာတော့CBS VersionရောABS Versionရောဂွေတွေကရွှေရောင်တစ်ရောင်တည်းသာရှိပါတော့တယ်။နောက်ထပ်ဗဟုသုတအဖြစ်ထပ်ဆောင်းပြောပြချင်တာကတော့CBS versionကိုStandard versionလို့လည်းခေါ်ဆိုကြပါတယ်။နောက်ပြီး2024ရောက်တော့CBS versionမရှိတော့ဘဲABS versionဘီးများသာရှိပြီးspecial edition proဆိုပြီးရွှေရောင်stickerတွေနဲ့လည်းသီးသန့်ထွက်ရှိပါသေးတယ်။နောက်ဆုံးပြောင်းလဲမှုကတော့ယခင်click 125iနဲ့click 150iတို့လိုရိုးရိုးesp system မှesp+ systemသို့ပြောင်းလဲလိုက်တဲ့အတွက်smart engineကိုမှထပ်ပံအဆင့်မြှင့်ထားတဲ့အတွက်အင်ဂျင်စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာမှာဘဲဖြစ်ပါတယ်။ထုံးစံပြောင်းလဲမှုတွေကတော့ဆိုင်ကယ်ဒီဇိုင်း၊ဆေးရောင်၊ဂွေ၏ဒလက်ဖွဲ့စည်းပုံ၊မီးအထားအသို၊ဒိုင်ခွက်အသွင်အပြင်နဲ့logoကပ်ထားပုံတို့ဖြစ်ပါတယ်။ထုတ်လုပ်တဲ့ခုနှစ်တွေကတော့၂၀၂၂/၃လမှယခုလက်ရှိ၂၀၂၄ခုနှစ်အထိထိုင်းနိုင်ငံမှထုတ်လုပ်ထားပါတယ်။ဒါပေမဲ့ဒီထုတ်လုပ်ခဲ့တဲ့နှစ်တွေကြားမှာမှာကျွန်တော်ပြောသလိုဘရိတ်စနစ်၊ဂွေနဲ့special edition proထွက်ရှိလာခဲ့ခြင်းတို့ကိုသာပြောင်းလဲခဲ့ခြင်းကြောင့်အနည်းငယ်ချုံ့လိုက်ရခြင်းဖြစ်ပါတယ်။

🟥Honda Click 125i

ယခုထုတ်လုပ်မှုဟာHonda Click 125iရဲ့နောက်ဆုံးပေါ်ထုတ်လုပ်မှုဖြစ်ပြီးပြောင်းလဲမှုတွေကတော့ဆေးရောင်၊”click” logo ကပ်ရှိထားပုံ၊သော့ပိုင်းနဲ့စက်နှိုးနိုင်တဲ့နည်းလမ်းတို့ဘဲဖြစ်ပါတယ်။ဆေးရောင်မှာတော့ထွေထွေထူးထူးပြောစရာမရှိပါဘူးအရင်ကထက်ပိုမိုလှပတဲ့အရောင်လေးတွေထွက်ရှိလာတဲ့အပြင်ခဲစိမ်းရောင်မှာဆိုရင်ဖင်ထိုင်ခုံဟာဇီးရောင်လေးဖြစ်နေပါဖြစ်ပါတယ်။”click” logoဟာလည်းယခင်ကလိုstickerမဟုတ်ဘဲနီကယ်logoဖြစ်လာတဲ့အတွက်ပိုမိုခေတ်မှီလာပါတယ်။နောက်ထပ်အရေးကြီးတဲ့ပြောင်းလဲမှုကတော့သော့ပိုင်းပါ။သော့ပိုင်းမှာယခင်မော်ဒယ်လိုရိုးရိုးသော့(prestige key)မဟုတ်တော့ဘဲsmart keyဖြစ်လာတဲ့အတွက်ပိုမိုကောင်းမွန်ပြီးလုံခြုံလာပါတယ်။နောက်ဆုံးပြောပြချင်တဲ့ပြောင်းလဲမှုကိုတော့ကျွန်တော်နှစ််သက်ခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့click 150i click 160တွေလိုဘဲခြေနင်းကစ်(kick starter)မပါရှိတော့လို့ဖြစ်ပါတယ်ဗျာ။ကျန်တဲ့အချက်တွေကတော့လုံးဝကိုတူညီနေပါတယ်။၁%လေးတောင်မတူညီခြင်းမရှိပါဘူး။ထုတ်လုပ်ခဲ့ချိန်တွေကတော့၂၀၂၂ခုနှစ်မှယုလက်ရှိ၂၀၂၄ခုနှစ်အထိထိုင်းနိုင်ငံမှထုတ်လုပ်လျက်ရှိပါတယ်။

ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီကနေ့Honda Clickအကြောင်းတင်ဆက်မှုကိုဒီနေရာမှာဘဲအဆုံးသတ်ချင်ပါတယ်မိတ်ဆွေတို့ရေ။မိတ်ဆွေတို့ရောHonda Click ထဲကမှဘယ်မော်ဒယ်ကိုစီးနေတယ်၊ဘာတွေကြိုက်တယ်၊မကြိုက်ဘူးဆိုတာကိုcommentမှာစိတ်ကြိုက်ဝေဖန်ဆွေးနွေးနိုင်ပါတယ်။ကျွန်တော့်ရဲ့ယနေ့တင်ဆက်မှုမှာလိုအပ်ချက်သော်လည်းကောင်း၊အလွန်ရှည်သွားရင်သော်လည်းကောင်းအနူးအညွတ်တောင်းပန်ပါတယ်။အဆုံးအထိလိုက်ပါဖတ်ရှုပေးကြသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ။အားလုံးဘဲမဂ်လာရှိသောညချမ်းလေးပိုင်ဆိုင်ကြပါစေဗျ🌙။Goodnightပါဗျ😴။ကျွန်တော်ကတော့ယခုအကြောင်းအရာကိုရေးသားသူမောင်ဟန်ပြည့်မင်းဘဲဖြစ်ပါတယ်။

===Han Pyae Min===

အားလုံးသောဆိုင်ကယ်ချစ်မိတ်ဆွေညီကိုများမဂ်လာပါခင်ဗျ🙏။ယနေ့မှာကျွန်တော်reviewရေးတင်ဖို့အလှည့်ကျလာတဲ့ဆိုင်ကယ်တော့အရုန်းအဆွဲက...
02/08/2024

အားလုံးသောဆိုင်ကယ်ချစ်မိတ်ဆွေညီကိုများမဂ်လာပါခင်ဗျ🙏။ယနေ့မှာကျွန်တော်reviewရေးတင်ဖို့အလှည့်ကျလာတဲ့ဆိုင်ကယ်တော့အရုန်းအဆွဲကောင်း၊မောင်းရတာပေါ့ပါးပြီးရွှေမြန်မာတို့ရဲ့နှုတ်ဖျားမှာ”အလိမ်”ဆိုပြီးရေပန်းစားတဲ့HONDA Dream 125ရဲ့သမိုင်းကြောင်းဘဲဖြစ်ပါတယ်ဗျ။ဗဟုသုတအနေနဲ့ကျွန်တော်ပြောပြချင်တဲ့အရာကတော့ကျွန်တော့်ရဲ့ဇာတိမြေဖြစ်တဲ့မွန်ပြည်နယ်ဘက်ကတော့”အလိမ်”လို့ခေါ်ဆိုလေ့ခြင်းမရှိဘဲ”ငမွှေဒိုး”လို့သာခေါ်ဆိုကြပါတယ်။ဒါပေမဲ့မြန်မာနာမည်အရဒီနှစ်မျိုးလုံးကမှန်ပါတယ်။ကျွန်တော်အစီအစဉ်မတင်ဆက်ခင်တစ်ခုလောက်ပန်ကြားချင်ပါတယ်ခင်ဗျ။ကျွန်တော်လေ့လာထားတဲ့ဒီဘီးရဲ့အထောက်အထားတွေအရဒီဘီးဟာ၁၉ရာစုအလယ်ပိုင်းလောက်ကစတင်ထုတ်လုပ်ခဲ့တာဆိုပေမဲ့ကျွန်တော်အဲ့ဒီကစတင်ရေးလိုက်ရင်အရမ်းရှည်သွားမှာစိုးလို့ပါ။အဲ့ဒီတော့ကျွန်တော်က၁၉၉၀ဝန်းကျင်လောက်မော်ဒယ်ကနေစတင်ရေးသားမှာဖြစ်ကြောင်းပန်ကြားပါရစေဗျာ။အကယ်လိြ့ဒီကိစ္စအတွက်ကျွန်တော်မှားယွင်းခဲ့ရင်လည်းအနူးညွတ်တောင်းပန်ပါတယ်မိတ်ဆွေတို့ရေ။ဒါဆိုအစီစဉ်လေးကိုစလိုက်ကြရအောင်မိတ်ဆွေညီကိုတို့ရေ။

👉1st generation

Honda dream 125ရဲ့စတင်ထုတ်လုပ်မှုကိုတော့100ccသာရှိတဲ့4 stroke engineနဲ့ထုတ်လုပ်ခဲ့ပါတယ်။ပုံသဏ္ဌာန်ပိုင်းမှာလည်းရှေးကျပြီးHonda super cubနဲ့ခပ်ဆင်ဆင်ဖြစ်နေပါတယ်။ထုတ်လုပ်ခဲ့တဲ့နှစ်တွေကတော့၁၉၉၅ခုနှစ်ကနေ၁၉၉၈ခုနှစ်အထိထုတ်လုပ်ခဲ့ပြီးထိုင်းနိုင်ငံမှထုတ်လုပ်ခဲ့ကြောင်းသိရပါတယ်။

👉2nd generation

ဒုတိယမြောက်ထုတ်လုပ်မှုမှာကတော့ပုံသဏ္ဌာန်ကတော့လေးထောင့်ဆန်ဆန်လေးဆိုပေမဲ့ရှေ့ကနဲ့လုံးဝမတူတော့ပါဘူး။နောက်ထက်ကောင်းမွန်လာတဲ့အရာတစ်ခုကတော့အင်ဂျင်ပါဝါကိုယခင်100ccမှ110ccသို့တိုးမြှင့်အသုံးပြုပေးထားပါတယ်။ဆိုင်ကယ်ရဲ့ပုံစံမှာအနည်းငယ်ခေတ်မှီလာပါတယ်။ကာဗာအချိုးအစား၊ဒိုင်ခွက်၊ဆေးရောင်၊ပုံသဏ္ဌာန်နဲ့Stickerတို့ကိုပြောင်းလဲပေးခဲ့သလိုကျွန်တော်အထက်မှာပြောပြထားတဲ့အတိုင်းအင်ဂျင်ပါဝါတိုးမြှင့်လိုက်တဲ့အတွက်
အရုန်းအစွဲပိုမိုကောင်းမွန်လာပါတယ်။မပြောင်းလဲတဲ့အရာကတော့မီးလိုင်းပိုင်း၊ဖောက်(shock bar)
ပိုင်း၊သော့ပိုင်းနဲ့ဘရိတ်ပိုင်းတို့ဘဲဖြစ်ပါတယ်။နောက်ဆုံးမျိုးဆက်ထိလုံးဝမပြောင်းလဲတဲ့အရာကတော့ဖောက်ပိုင်းနဲ့ဘရိတ်ပိုင်းဘဲဖြစ်ပါတယ်။ထုတ်လုပ်ခဲ့တဲ့ခုနှစ်တွေကတော့၁၉၉၉ခုနှစ်ကနေ၂၀၀၂ခုနှစ်မထိထုတ်လုပ်ခဲ့ပါတယ်။ထုတ်လုပ်ခဲ့တဲ့နိုင်ငံမှာထိုင်းနိုင်ငံဖြစ်ပါတယ်။

👉3rd generation

ယခုထုတ်လုပ်မှုမှာတော့ရှေ့ကမျိုးဆက်နဲ့နည်းနည်းခပ်ဆင်ဆင်ထင်ရပေမဲ့ပြောင်းလဲလိုက်တဲ့အရာတွေရှိနေစမြဲဖြစ်ပါတယ်။အင်ဂျင်ပါဝါနဲ့ပုံသဏ္ဌာန်၊ကာဗာအချိုးအစား၊ကာဗာပုံစံ၊ဆေးရောင်၊Sticker၊သော့ပိုင်းနဲ့ဒိုင်ခွက်တို့ဖြစ်ပါတယ်။အင်ဂျင်ပါဝါမှာယခင်ကလို110ccနဲ့ထုတ်လုပ်ခဲ့တာမဟုတ်ဘဲ125ccရှိတဲ့4 stroke engineကိုမှSOHC system Bar ၂ပွင့်ဖြင့်ထည့်သွင်းအသုံးပြုပေးထားပါတယ်။ဂီယာ၄ချက်ဖြင့်အင်ဂျင်ကိုချိတ်ဆက်ထားပြီးအင်ဂျင်အအေးပေးစနစ်မှာလေးအအေးပေးစနစ်(air cooling system)ကိုအသုံးပြုပေးထားပါတယ်။ယခုလိုအင်ဂျင်ကိုအတွင်းပိုင်းဖွဲ့စည်းပုံသာမကအပြင်ပိုင်းမှာပါပြောင်းလဲထားပါတယ်။အပြင်ပိုင်းပြောင်းလဲမှုကတော့အင်ဂျင်ဖုံးရဲ့ပုံသဏ္ဌာန်ဘဲဖြစ်ပါတယ်။အင်ဂျင်ဖုံးပုံစံမှာလည်းယခင်နဲ့မတူဘဲခေတ်မှီလာပါတယ်။နောက်ထပ်ပြောင်းလဲမှုကတော့ကာဗာအချိုးအစားနဲ့ကာဗာပုံစံတွေကိုပြောင်းလဲပေးခဲ့ပါတယ်။အရင်ကပုံစံရောအခုပုံစံရောလေးထောင့်ကျကျလေးဆိုပေမဲ့ယခုထုတ်လုပ်မှာကိုတော့ကာဗာထောင့်နားလေးများကိုသာကွေးကွေးလေးလုပ်ထားပြီးကျန်နေရာများကိုတော့ညီညီညာညာဖြောင့်ဖြောင့်တန်းတန်းလေးလုပ်ထားပါတယ်။ဒါပေမဲ့ဦးခေါင်းခွံကတော့ထုံးစံအတိုင်းအလယ်မှာကွေးလျက်ရှိပါတယ်။ဆေးရောင်မှာဆိုရင်လည်းအခြားသော
အရောင်သစ်တွေထွက်ရှိလာပြီးStickerပုံစံကလည်းပိုမိုလှပလာပါတယ်။နောပ်ထပ်ပြောင်းလဲမှုအနေနဲ့ကတော့အရေးကြီးတဲ့အပိုင်းကဏ္ဍကနေပါဝင်နေတဲ့သော့ပိုင်းဘဲဖြစ်ပါတယ်။။သော့ပိုင်းမှာဆိုရင်ယခက်ထုတ်လုပ်မှုတွေလိုသော့အုံအသေး၊သော့တံအသေးတွေကိုုအသုံးပြုပေးထားခြင်း
မရှိတော့ဘဲသော့အုံအကြီးနဲ့သော့တံအကြီးတို့ကိုအသုံးပြုပေးလာတဲ့အတွက်ပိုမိုလုံခြုံစိတ်ချလာရပါတယ်။နောက်ဆုံးအနေနဲ့ပြောပြပေးချင်နဲ့ပြောင်းလဲမှုကတော့ဒိုင်ခွက်ပိုင်းပါ။ဒိုင်ခွက်မှာဆိုရင်လည်းယခင်ကနဲ့မတူဘဲအနည်းငယ်ရှင်းလင်းပြီးဆိုဒ်(size)ကျယ်လာပါတယ်။ပြောရမယ်ဆိုရင်ယခုမျိုးဆက်ဟာHONDA DREAM 125ကိုလုံးဝသိသိသာသာပြောင်းလဲလိုက်တဲ့မျိုးဆက်ဘဲဖြစ်ပါတယ်။ထုတ်လုပ်ခဲ့တဲ့အချိန်ကာလမှာ၂၀၀၃ခုနှစ်ကနေ၂၀၁၄ခုနှစ်အထိထုတ်လုပ်ခဲ့ပြီးဒီမော်ဒယ်ဟာစထွက်ကတည်းကယနေ့အချိန်အထိလူကြိုက်အများဆုံးမော်ဒယ်ဖြစ်ပါတယ်။ထုတ်လုပ်ခဲ့တဲ့နှစ်တွေကလည်းအလွန်များပြားကြာမြင့်ခဲ့ပါတယ်။ထိုင်းနိုင်ငံမှာထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။

👉4th generation

ကျွန်တော်ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့ယခုအကြောင်းအရာကိုအနည်းငယ်ချုံ့လိုက်ပါမယ်။ဘာကြောင့်လဲဆိုတော့ယခုကစပြီး၂၀၂၂မော်ဒယ်
အထိဟာsticker၊ဆေးရောင်၊သော့အိမ်အရောင်နဲ့ဒိုင်ခွက်ပိုင်းသာကွာဟသွားလို့ဖြစ်ပါတယ်။စတုတ္ထမြောက်ထုတ်လုပ်မှုမှာHonda dream 125ဟာHonda ရဲ့ Distribution companyဖြစ်တဲ့”NCX”ရဲ့ဖြန့်ဖြူးရေးအဖွဲ့ထဲစတင်ဝင်ရောက်လာတဲ့အတွက်ဘယ်ဘက်ဒူးကာရဲ့အရှေ့ဘက်မှာ”NCX”ဆိုတဲ့နီကယ်logoလေးပါဝင်လာတာကိုတွေ့ရပါတယ်။ဒါကတော့ထူးခြားတဲါပြောင်းလဲမှုတစ်ခုပါ။ဒါပေမဲ့ဒီHonda dream 125ဟာယခုမျိုးဆက်မှစပြီးနောက်ဆုံးမျိုးဆက်ထိကိုNCXဖြစ်သွားပါပြီ။ထုံးစံအတိုင်းပြောင်းလဲမှုကတော့ဒိုင်ခွက်နဲ့stickerကိုသာအနည်းငယ်လှပအောင်ပြုလုပ်ပြီးပြောင်းလဲထားကြပါတယ်။၂၀၁၅ခုနှစ်ကနေ၂၀၁၇ခုနှစ်ထိကမော်ဒယ်တစ်ခု၊၂၀၁၈ခုနှစ်ကနေ၂၀၁၉ခုနှစ်ထိကမော်ဒယ်တစ်ခုနဲ့၊၂၀၂၀ခုနှစ်
မှ၂၀၂၂ခုနှစ်ကမော်ဒယ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီလိုသာသတ်မှတ်ထားပေမဲ့ကျွန်တော်ရှေ့ကပြောခဲ့သလိုဘဲstickerနဲ့ဒိုင်ခွက်ဒီဇိုင်းကိုသာပြောင်းလဲခဲ့ပါတယ်။နောက်ထပ်ပြောပြချင်တာလေးတွေကတော့ဆေးရောင်နဲ့သော့အိမ်အရောင်ဘဲဖြစ်ပါတယ်။ဆေးရောင်မှာလဲ၂၀၁၅-၂၀၁၇မော်ဒယ်မှာဆိုအနက်နဲ့နက်ပြာသာရှိပါတယ်။၂၀၁၈-၂၀၁၉မော်ဒယ်မှာကတော့နက်ပြာ၊အနက်နဲ့ခဲနက်စတဲ့အရောင်တွေရရှိမှာဖြစ်ပါတယ်။၂၀၂၀-၂၀၂၂မော်ဒယ်မှာတော့ကျောက်စိမ်းနက်၊နက်ပြာနဲ့အမဲရောင်တို့ရရှိမှာဖြစ်ပါတယ်။ဒီနေရာမှာတစ်ခုပြောချင်တာက၂၀၁၈-၂၀၁၉မော်ဒယ်မှာရရှိတဲ့ခဲနက်အရောင်ဟာရှားပါးအရောင်ဖြစ်ပြီးတချို့ရဲ့ထွက်ဆိုချက်တွေကတော့ထိုင်းနိုင်ငံပြည်တွင်းသုံးတဲ့ဘီးဖြစ်လို့ခဲနက်ဖြစ်ပြီးမြန်မာနိုင်ငံမှာရှားပါးတယ်လို့ထွက်ဆိုချက်တွေဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြောင်းလဲမှုကတော့သော့အိမ်အရောင်ဘဲဖြစ်ပါတယ်။သော့အိမ်အရောင်ဟာထုတ်လုပ်ကတည်းကOriginalအမဲရောင်ဖြစ်ပါတယ်။ဒါပေမဲ့တတိယထုတ်လုပ်မှု၊ဒုတိယနဲ့ပထမထုတ်လုပ်မှုတို့မှာတော့အမဲရောင်အသုံးပြုပေးထားခြင်းမရှိဘဲရိုးရိုးစတီး(Steel)အရောင်ကိုသာအသုံးပြုပေးထားပါတယ်။ထုတ်လုပ်ခဲ့တဲ့ခုနှစ်တွေကတော့ကျွန်တော်အထက်မှာဖော်ပြခဲ့တဲ့အတိုင်း၂၀၁၅ခုနှစ်မှ၂၀၁၇ခုနှစ်အထိကိုမော်ဒယ်တစ်ခု၊၂၀၁၈ခုနှစ်မှ၂၀၁၉ခုနှစ်အထိကိုမော်ဒယ်တစ်ခုနဲ့၂၀၂၀ခုနှစ်ကနေ၂၀၂၂ခုနှစ်အထိကိုမော်ဒယ်တစ်ခုဖြင့်ထုတ်လုပ်ခဲ့ပြီးထိုင်းနိုင်ငံကနေထုတ်လုပ်ခဲ့ပါတယ်။

👉5th generation

နောက်ဆုံးထုတ်လုပ်မှုမှာတော့အတော်လေးကိုပြောင်းလဲလိုက်ပါတယ်။အင်ဂျင်ပိုင်း၊မီးလိုင်းပိုင်း၊ဆီကျွေးစနစ်ပိုင်း၊ဒိုင်ခွက်ပိုင်း၊ပုံသဏ္ဌာန်၊ကာဗာအချိုးအစား၊ဆေးရောင်နဲ့stickerတို့ကိုပြောင်းလဲလိုက်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော့်ရဲ့မိတ်ဆွေတွေအလွန်စိတ်ဝင်စားတဲ့အင်ဂျင်ပိုင်းဘဲဖြစ်ပါတယ်။အင်ဂျင်ပါဝါကတော့125ccသာဖြစ်ပေမဲ့ယခင်လိုရိုးရိုးအင်ဂျင်မဟုတ်တော့ပါဘူး။အရုန်းအစွဲပိုကောင်းပြီးခေတ်မှီတဲ့smart engineကိုအသုံးပြုလာပေးပါတယ်။အင်ဂျင်ပါဝါသာအရင်မော်ဒယ်တွေနဲ့တူပေမဲ့အတွင်းပိုင်းရောအပြင်ပိုင်းရောဖွဲ့စည်းပုံကို အကုန်ပြေင်းလဲထားပါတယ်။မီးလိုင်းပိုင်းမှာဆိုရင်လည်း
လူတိုင်းကြိုက်နှစ်သက်စေတဲ့LEDမီးကိုမီးကြီး(Head light)နေရာမှာထည့်သွင်းအသုံးပြုပေးထားပြီးLED day lightတွေပါပါဝင်လာမှာဖြစ်ပါတယ်။
ဒါပေမဲ့ကျန်တဲ့နေရာကမီးတွေကိုတော့အရင်မော်ဒယ်တွေအတိုင်းရိုးရိုးမီးသီးများ(halogen lights)ကိုသာအသုံးပြုပေးထားပါတယ်။
နောက်ထပ်အားသာချက်တစ်ခုကတော့ဆီကျွေး
စနစ်ဘဲဖြစ်ပါတယ်။ဆီကျွေးစနစ်မှာဆိုရင်ယခင်ပလိုကာဘရေတာ(carburetor)ဆီကျွေးစနစ်ကိုအသုံးပြုပေးထားခြင်းမရှိတော့ဘဲပိုမိုကောင်းမွန်ပြီးဆီစားလည်းသက်သာစေမဲ့PGM-FI(ခေါ်)EFIဆီကျွေးစနစ်ကိုအသုံးပြုလာပေးပါတယ်။နောက်ထပ်ဒိုင်ခွက်ပိုင်းကိုလည်းပြောင်းလဲပေးလိုက်ပါတယ်။ဒီပြောင်းလဲမှုကတော့ထုံးစံပေါ့ဗျာ။ဒိုင်ခွက်မှာဒီဂျစ်တယ်တွေပါဝင်လာခြင်းမရှိသေးပေမဲ့ပလက်တီနမ်(platinum)၊စိန်(diamond)၊ရွှေ(gold)အစရှိတဲ့ကျောက်မြက်ရတနာပုံလေးတွေနဲ့အလှဆင်ပေးထားတာကိုတွေ့ရှိရမှာဘဲဖြစ်ပါတယ်။ပုံသဏ္ဌာန်ကလည်းလေးထောင့်ကျကျလေးဆိုပေမဲ့အချိုးအစားလေးတွေပြောင်းလဲထားပါတယ်။ရှေ့ရင်အုပ်ရဲ့အပေါ်ဆုံးမှာဆိုHONDA DREAMဆိုတဲ့စာတန်းလေးကိုရွှေရောင်ကာဗာလေးနဲ့အလှဆင်ကာဖုံးအုပ်ပေးထားပါတယ်။နောက််ပြီးဆေးရောက်မှာဆိုရင်လည်းရွေးချယ်စရာအရောင်လှလှလေးတွေထွက်ရှိလာပါတယ်။ဒီနောက်ဆုံးမျိုးဆက်မှာရရှိနိုင်မဲ့အရောင်တွေကတော့အနက်၊နက်ပြာ၊ဇီးနက်၊ဖြူနက်၊ငှက်ခါးနက်နဲ့တိမ်ပြာနက်တို့ဘဲဖြစ်ပါတယ်ခင်ဗျ။နောက်ဆုံးပြောပြချင်တာကတော့stickerပုံစံဘဲဖြစ်ပါတယ်။stickerမှာဆိုရင်လဲဒူးကာနှစ်ဖက်လုံးမှာရွှေလိုင်းလေးပါရှိမှာဖြစ်ပြီး”Dream”ဆိုတဲ့logoရဲ့အပေါ်နဲ့ဘေးတစ်ဖက်တစ်ချက်မှာလဲရွှေ၊စိန်နဲ့ပလက်တီနမ်ပုံစံလေးတွေနဲ့အလှဆင်ပေးထားတဲ့အတွက်အရမ်းဆန်းပြားလှပတဲ့အသွင်ကိုဆောင်စေပါတယ်။နောက်ပြီး”NCX”ဆိုတဲ့Logoလေးဟာလည်းညာဘက်ဒူးကာအပေါ်နားကိုနေရာရွှေ့သွားပြီးလေးထောင့်ဆန်ဆန်လေးနဲ့ရွှေရောင်လေးပြောင်းသွားပါတယ်။ထုတ်လုပ်ခဲ့တဲ့အချိန်ကာလမှာ၂၀၂၃ခုနှစ်ကနေယခုလက်ရှိအချိန်၂၀၂၄ခုနှစ်အထိကိုထိုင်းနိုင်ငံကနေထုတ်လုပ်လျက်ရှိဆဲပါ။

ကျွန်တော်ရဲ့ယနေ့Honda dream 125အကြောင်းတင်ဆက်မှုကိုဒီနေရာမှာဘဲရပ်နားချင်ပါတယ်ဗျ။မိတ်ဆွေတို့လည်းဒီဆိုင်ကယ်ကိုဘာတွေကြိုက်တယ်၊မကြိုက်ဘူး၊ဘယ်အရာတွေကကောင်းတယ်ဆိုးတယ်ဆိုတာကျွန်တော့်ရဲ့commentအောက်မှာဝေဖန်ဆွေးနွေးလို့ရပါတယ်ဗျ။အချိန်ပေးပြီးဖတ်ရှုကြတဲ့ညီကိုမောင်နှမများနဲ့မိတ်ဆွေများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းအခြားသောHondaဆိုင်ကယ်တွေရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးပါ့မယ်။ညီကိုမောင်နှမများနဲ့မိတ်ဆွေများအားလုံးgood nightပါဗျ🌙။မဂ်လာရှိသောညချမ်းလေးပိုင်ဆိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ😊🙏။

===Han Pyae Min===

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when HPM’S Honda reviews and knowledges posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share