21/01/2024
Rolls-Royce အကြောင်း
လက်ရှိ မြန်မာပြည်ရဲ့ လမ်းတွေပေါ်မှာ ရံဖန်ရံခါ တွေ့ရလေ့ရှိတဲ့ RR ဆိုတဲ့ တံဆိပ်တပ် Rolls-Royce ကားတွေအကြောင်း သိသလောက်လေးဖေါက်သည် ချချင်ပါတယ်။
ဘာကြောင့် Rolls-Royce ဟာ ဒီလောက်နာမည်ကြီးတာပါလဲ?
၁၉၀၄ ခုနှစ်မှာ စတင်ထုတ်လုပ် ရောင်းချခဲ့တဲ့ ပထမဆုံး Rolls-Royce ကားဟာ လူနှစ်ယောက်စီး အမိုးဖွင့်အမျိုးအစား , 10hp အင်ဂျင်တပ် , ပေါင်ငွေ ၃၉၅ နဲ့ ရောင်းချခဲ့တဲ့ ကားပဲဖြစ်ပါတယ်။ Manchester မြို့ရဲ့ Cooke Street မှာရှိတဲ့ Royce's Ltd ကနေထုတ်လုပ်ပေးခဲ့တာပါ။
၁၉ ရာစုရဲ့ ထူးခြားတဲ့ ပညာရှင် တစ်ဖြစ်လည်း ကျော်ကြားတဲ့ Charles Rolls ဟာ ကုမ္ပဏီ တစ်ခုပိုင်ရှင် သူဌေး Henry Royce ( Royce Ltd) နဲ့ သမိုင်းဝင် တွေ့ဆုံဖို့ စီစဉ်ပေးခဲ့တာကတော့ Henry Edmunds ဆိုသူပဲဖြစ်ပါတယ်။ Manchester မြို့ရဲ့ Midland Hotel မှာ တွေ့ဆုံခဲ့တဲ့ အဆိုပါ ဆွေးနွေးပွဲဟာ တစ်နာရီကျော် သာ ကြာခဲ့ပေမယ့် နောက်နှစ်ပေါင်း ၂၀ အတွက် ထုတ်လုပ်မယ့် ကားတွေရဲ့ မျိုးဆက် တွေကိုပါ အသေးစိတ် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း Rolls-Royce ဆိုတဲ့ ကားတွေဟာ အစဉ်အဆက် ထုတ်လုပ်နိုင်ခဲ့တာဟာ ယခုဆိုရင် နှစ်ပေါင်း တစ်ရာကျော်တိုင်ခဲ့ပါပြီ ဒါပေမယ့် Charles Rolls ကတော့ ၁၉၁၀ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။
1905 ခုနှစ်မှာတော့ V8 အင်ဂျင် နဲ့ ဂီယာ ၃ ချက် ပေါင်းစပ်တဲ့ အမျိုးအစား ကို ထုတ်လုပ်ပေမယ့် ရောင်းချခြင်းမရှိခဲ့ပါဘူး ( ၃ စီးသာ ထုတ်) ဒါဟာ ကမ္ဘာ့ပထမဆုံးသော V8 engine တပ် ကား ၃ စီးဖြစ်ပါတယ်။
Rolls-Royce ရဲ့ ဖြတ်သန်းမှုလေးတွေအကြောင်း စတင်ပြောချင်ပါသေးတယ်။
1904 - 1980 ထိ Royce Ltd ရဲ့ တစ်ဦးတည်းပိုင် အဖြစ် သာ ရပ်တည်ခဲ့ပြီး, 1980- 1994 ထိကတော့ Vicker PLC ရဲ့ လက်အောက်ကို ရောက်ရှိခဲ့ပြီး, 1994-2007 ထိကတော့ VW Group ရဲ့ ထိန်းချုပ်မှု နဲ့ လည်ပတ်ခဲ့ပြီး , ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှု ဖြစ်ချိန်မှာ BMW က ဝယ်ယူခဲ့ပါတယ်။ လက်ရှိ အချိန်မှာ BMW ရဲ့ လက်အောက်ခံအဖြစ် ရှိပေမယ့် ကိုယ်ပိုင် Rolls-Royce Holdings ( World #686 , 26.9 Billion ) အနေနဲ့သာ ရပ်တည်ပါတယ်။
1906 - Silver Ghost
1922 - Twenty
1925 - Phantom
1938 - Wraith
1946 - Silver Wraith
1949 - Silver Dawn
1955 - Silver Cloud
1965 - Silver Shadow
1968 - Phantom VI
1971 - Corniche
1980 - Silver Spirit
1998 နောက်ပိုင်းမှာတော့ ထူးခြားတဲ့ အပြောင်းအလဲကို စတင် ကြုံတွေ့ခဲ့ရပါတယ်။
Rolls-Royce ရဲ့ နယ်ပယ်သစ် ချဲ့ထွင်လာမှု နဲ့ အတူ Luxury car တွေရဲ့ ဝယ်လိုအား ထူးခြားစွာ တိုးတက်လာမှုက RR ရဲ့ စျေးကွက်ကို ၄ ဆကနေ ၁၀ ဆ ထိခုန်ပေါက် ရောင်းအားတိုးသွားစေခဲ့ပါတယ်။ BMW ဟာ RR ကို ဝယ်ယူပြီးချိန်မှာ Goodwood Circuit ဆိုတဲ့ ကားထုတ်လုပ်ရေး စက်ရုံး ဝင်းထဲမှာ သာ အပြီးအစီးထုတ်လုပ်စေခဲ့ပါတော့တယ်။ 2003 ခုနှစ်မှာ Goodwood မှာ စတင် လည်ပတ်တဲ့ နှစ်မှာ ကားတွေရဲ့ စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်း တိုးတက် လာခဲ့ပြီး ကားအစီးရေ ၂၀၀ ကျော်ရောင်းချခဲ့ရပါတယ်။ ဒါဟာ Rolls-Royce ရဲ့ ရောင်းအား မှာ ထူးခြားတဲ့ မှတ်တိုင်တစ်ခုပါပဲ။ အဲ့ဒီရောင်းအားဟာ အကောင်းဆုံးတော့ မဟုတ်သေးပါဘူး , အကောင်းဆုံး Rolls-Royce ရောင်းအား ကို ရရှိခဲ့တာကတော့ ၂၀၁၄ ခုနှစ်ပါပဲ, အစီးရေ ၄၀၆၃ စီးရောင်းချခဲ့ရတဲ့ စံချိန်ကို လိုက်မှီဖို့ မလွယ်ကူနိုင်ဘူး လို့ လက်ရှိ CEO , Torsten ကိုယ်တိုင် ဖွင့်ဟထားတာပါ။
2003 ခုနှစ်နောက်ပိုင်း ထုတ်လုပ်တဲ့ မော်ဒယ်တွေကတော့
Phantom ( 2003-2009)
Ghost (2009-2013)
Wraith ( 2013- present )
Dawn ( 2015- present)
Rolls-Royce Motor Cars Limited
ပြန်လည်ဖွဲ့စည်းပြီး အသက်သွင်း ချိန်မှာ စတင် ထုတ်လုပ်ခဲ့တဲ့ Rolls-Royce Phantom ဟာ တံခါး လေးပေါက် 6.75 L V12 အင်ဂျင်တပ် ကားအမျိုးအစားဖြစ်ခဲ့ပြီး အော်ဒါပေါင်း ၆၀ ကျော် စတင်ရရှိခဲ့ပါတယ်။ RR ရဲ့ အဓိက အားသာချက်ဟာ သူ့ရဲ့ ကိုယ်ပိုင်စံနှုန်းတွေကပဲ စတင်ပါတယ်။
ရှေ့မှာ တံဆိပ် လေးတစ်ခု ပါလေ့ရှိပါတယ်၊ အဲ့ဒီတံဆိပ်ဟာ ကားသော့ဖွင့်မှသာ ထွက်လာလေ့ရှိပြီး ကားရပ်ထားချိန်မှာ အတွင်းကို ဝင်ပြီး ပိတ်နေလေ့ရှိပါတယ်။
RR ကားတွေရဲ့ အမြင့်ဟာ သူ့မှာ တပ်ဆင်ထားတဲ့ ဘီးရဲ့ နှစ်ဆ အတိအကျသာ ရှိပါတယ်။
RR ကားတွေရဲ့ တံခါးတိုင်းမှာ ထီးတစ်ချောင်းစီပါဝင်ပါတယ်။
RR ဝယ်ယူသူတိုင်းကို မှတ်တမ်းယူ သိမ်းဆည်းထားလေ့ရှိပါတယ်။
ကျန်တာတွေကတော့ လုံးဝ ကွဲပြားတဲ့ ကားတွေသာ ဖြစ်ပါတယ်။
RR ဟာ ကားသစ် ဝယ်ယူသူတိုင်းကို စိတ်တိုင်းကျ ရွေးချယ်ခွင့် သို့မဟုတ် ဝယ်ယူသူ့စိတ်တိုင်းကျ ဖြည့်စွက်မှုတွေ ထည့်သွင့်ပေးပါတယ်။
ပန်းချီ သို့ ပိုင်ရှင်ရဲ့ နာမည် ကိုလည်း ဆေးချယ်ပေးလေ့ရှိပါတယ်။
RR ရဲ့ နောက်ထပ်ထူးခြားမှုကတော့ အတွင်းအပြင် အားလုံးဟာ hand made တွေချည်းဖြစ်ပါတယ်။
RR ကားတစ်စီးပြီးစီးဖို့ ပညာရှင်ပေါင်း ၈၀ ကျော် နဲ့ စုစုပေါင်း တည်ဆောက်ချိန် နာရီ ၅၀၀ ကျော် ကြာလေ့ရှိပါတယ်။
ထူးခြားချက်အနေနဲ့ကတော့ ဆော်ဒီ က မှာယူထားတဲ့ RR အနီရောင် ကားဟာ US$ 12.7 million တန်ကြေးရှိပြီး အတွင်းမှာ စိန် အကောင်းစား ၂၇ လုံး မြုတ်နှံထားပြီး One is One လို့ တံဆိပ်ရိုက်နှိပ်ထားပါတယ်။
မြန်မာပြည်မှာတော့ 9E-1### ဆိုတဲ့ နံပါတ်ပြားတပ် Rolls-Royce ကား အစီး ၂၀ ထက်မနည်း ရှိမယ်လို့ ခန့်မှန်းရပါတယ်။
လက်ရှိ RRကားတွေ မှာ သုံးတဲ့ အင်ဂျင်အမျိုးအစားကတော့ 6.6Litre V12 Direct Injected, output 563 horse power, Torque 574 lb-ft ဖြစ်ပြီးတော့ , transmission ကတော့ 8 speed automatic , Satellite Aided Transmission SAT နဲ့ နောက်ယက် အမျိုးအစားပါ။ စွမ်းဆောင်ရည်ကတော့ 60 mph ကိုရောက်ဖို့ 4.7 စက္ကန့်သာ လိုအပ်ပါတယ်။
Twin-turbocharged ထပ်ပါဝင်မယ်ဆိုရင်တော့ output ဟာ 601 horse power ထွက်လာပါလိမ့်မယ်။
လက်ရှိ RR မှာ ပုံစံ ၅ ခု ရွေးချယ်လို့ ရပါတယ်။
4 door sedan
4 door sedan ( Extended wheelbase)
2 door coupe
2 door drop head coupe ဆိုပြီးတော့ ဖြစ်ပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ Rolls-Royce အကြောင်း တစ်ခန်းရပ်ပါရစေခင်ဗျာ။
မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏
Credit: waiyan
မင်းခန့်ကားရောင်းဝယ်ရေး
Mawlamyine
09798833329
09792296189