ဆန်းသစ် Car Air Con & Car ရေတိုင်ကီ ပြုပြင်ရေးနှင့်အပိုပစ္စည်းရောင်းဝယ်ရေး

  • Home
  • Myanmar
  • Mawlamyaing
  • ဆန်းသစ် Car Air Con & Car ရေတိုင်ကီ ပြုပြင်ရေးနှင့်အပိုပစ္စည်းရောင်းဝယ်ရေး

ဆန်းသစ်  Car Air Con & Car ရေတိုင်ကီ ပြုပြင်ရေးနှင့်အပိုပစ္စည်းရောင်းဝယ်ရေး Car Air Con & Radiator Sale , Repair &Servic

01/11/2023

Cooland လျော့ခြင်း Problem

30/07/2023

ကော်ပီ
#ဘဝဆိုတာ💪👌😊😊

၁၉၈၃ ခုနှစ်တုန်းက နာမည်ကြီးတင်းနစ်သမား
အာသာအက်ရ်ှဟာ နှလုံးခွဲစိတ်ဖို့ သွေးသွင်းရာကနေ HIV ကူးစက်ပြီး AIDS ရောဂါ ဖြစ်ခဲ့တယ်

သူသေရတော့မယ့်အချိန်မှာ ပရိတ်သတ်တွေက
စာတွေပို့ပြီး အားပေးစကားပြောကြတယ်

အဲဒီထဲက တစ်ယောက်သောပရိတ်သတ်က
အာသာအက်ရ်ှကို မေးခွန်းထုတ်တယ်

ဘုရားသခင်က ဘာလို့များ ခင်ဗျားကိုမှ ဒီရောဂါ ဆိုးကြီး ဖြစ်စေရတာလဲဗျာတဲ့

ဒီတော့ အာသာအက်ရ်ှက စာပြန်တယ်

ကမ္ဘာပေါ်မှာ ကလေးသန်း ၅၀ လောက် တင်းနစ်စ ကစားကြတယ်

၅ သန်းလောက်က သေချာ သင်ယူကြတယ်

၅ သိန်းလောက်က ပရော်ဖက်ရှင်နယ် ဖြစ်လာဖို့ ကြိုးစားကြတယ်

ဒါပေမယ့် ၅ သောင်းလောက်ပဲ ပြိုင်ပွဲဝင်ပြိုင်နိုင် ကြတယ်

အဲဒီထဲမှာ ၅ ထောင်လောက်က ဂရင်းဆလန်းကို ရောက်တယ်

ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တဲ့သူကတော့
အယောက် ၅၀ ပဲရှိတယ်

ဆီမီးဖိုင်နယ်ကို ၄ ယောက်တက်ပြီး
ဖိုင်နယ်ကို ၂ ယောက်ရောက်တယ်

ချန်ပီယံဆုဖလားကို ငါကိုင်မြောက်နိုင်တဲ့
အချိန်တွေတုန်းက ဘာကြောင့် ငါ့ကိုမှရွေးပြီး
ဗိုလ်စွဲရတာလဲလို့ ဘုရားကို တစ်ခါမှ မမေးခဲ့ဖူး
ပါဘူးတဲ့

ဒါကြောင့် အခု ဒီလိုရောဂါဖြစ်တော့မှ ငါ့ကိုမှ
ဖြစ်ရတယ်လို့ ဘုရားကို သွားမေးရင်
ဘယ်တရား ပါ့မလဲလို့ ပြန်ဖြေသွားခဲ့တယ်

စိတ်ချမ်းသာတယ်ဆိုတာ အလိုလိုက်
အကြိုက်တွေ့ စရာ ဖြစ်တယ်

စမ်းသပ်တယ်ဆိုတာ ခံနိုင်ရည်ရှိအောင် ဖြစ်တယ်

လူတိုင်းမှာ သောက ရှိပေမယ့်

အောင်မြင်ရင် ထောင်လွှားပြီး

ဆုံးရှုံးမှုတွေများလာတော့မှ
မာန်စွယ်ကျိုး လာတယ်

ဒါပေမယ့် ယုံကြည်မှု သဒ္ဓါတရားရှိရင် ဘာမဆို ဖြစ်နိုင်တယ်

စိတ်ချမ်းသာစရာတွေနဲ့ အောင်မြင်နေတုန်းက
ဘုရားကိုမေ့နေပြီး ဒုက္ခရောက်တော့မှ ဘုရားတ
လို့ရော ဘာထူးမှာလဲ

ကိုယ့်ကိုကိုယ် မကျေမနပ် ဖြစ်နေတဲ့အချိန်မှာ
ကိုယ့်ရဲ့ဘဝကို အားကျနေတဲ့လူတွေ ဒီကမ္ဘာမှာ
အများကြီးရှိတယ်

လယ်ကွင်းထဲက ကလေးက လေယာဉ်ပျံသွားတာကို မော့ကြည့်ပြီး လေယာဉ်စီးဖို့ စိတ်ကူးယဉ်နေ
ပေမယ့် လေယာဉ်မောင်းတဲ့ ပိုင်းလော့ကတော့ လယ်ကွင်းထဲက ကလေးကို ငုံ့ကြည့်ပြီး
အိမ်ပြန်ချင်စိတ် ဖြစ်ရင်ဖြစ်နေမယ်

ဘဝဆိုတာ ဒါပါပဲ

ကိုယ့်ဘဝကိုယ် ပျော်ဖို့လိုတယ်

ချမ်းသာမှ ပျော်ရမယ်ဆိုရင် သူဋ္ဌေးတွေလမ်းပေါ် ထွက်ကနေတော့မှာပေါ့

ဒါပေမယ့် လမ်းပေါ်မှာ ပျော်နေကြတာ ဆင်းရဲတဲ့ ကလေးတွေပဲ ဖြစ်တယ်

အာဏာ ရှိမှ လုံခြုံတယ် ဆိုပေမယ့်
ညကိုကောင်းကောင်း အိပ်မပျော်နိုင်တဲ့
သူတွေရှိတယ်

ရုပ်ချောပြီး အောင်မြင်တဲ့သူတွေသာ
အတွဲညီကျကြေး ဆိုရင် ဆယ်လီတွေ
အိမ်ထောင်ရေး ဘာကြောင့် မမြဲသလဲ

ရိုးရိုး ရှင်းရှင်းနဲ့ ကျိုးကျိုးနွံ နွံ နေထိုင်ပြီး ဘဝကို ပျော်ပျော် ဖြတ်သန်းမယ်ဆိုရင်
နေတတ်လို့ကတော့ ဘဝဟာ ကျေနပ်စရာချည်း ဖြစ်တယ်

, org..
,မျှဝေပေးသည်

23/03/2023

ဂျိုကား / ဂျင်းကား / တိုက်ကား
လုံးဝမရောင်းပါ တဲ့
ကားဘော်ဒီ ဆိုင်နဲ့ ကားဆေးသုတ်ဆိုင်
ကားအပိုပစ္စည်းဆိုင် ရောက်ရင်
ဒင်းတို့မျက်ခွက်ကြီးတွေ မမြင်ချင်မှအဆုံး

ကားတည့်သွားတာကို
"ချစ်သမီး ချောလေးပါသွားပါပီ "တဲ့
ခင်ဗျားနဲ့ ခင်ဗျားမိန်းမ မွေးထားတဲ့သမီး
လင်နောက်လိုက်သွားတာလားဗျ

"သားချောလေး မရှိတော့ပါဘူး "တဲ့
အဲကားကတည့်သွားတာ ခင်ဗျားနဲ့ခင်ဗျားမိန်းမမွေးထားတဲ့သား
ရဲဖမ်းသွားလို့လားဗျ

"ချစ်ကြေးလေးနဲ့ ပေးလိုက်ပီ "တဲ့
ဘာကိုချစ်ကြေးလေးနဲ့ ပေးလိုက်တာလဲ
ခင်ဗျားမိန်းမကို ခင်ဗျားနဲ့မရခင် ပိုးကြေးပန်းကြေးပေးသလိုလား

မရောင်းသေးပါဘူးဆို
အတင်းအနိုင်ကျင့်ယူသွားတယ် တဲ့
အဲလူတွေက ခင်ဗျားကိုဓားထောက်ပြီး
အတင်းယူသွားလို့လား အဲဆိုရဲသွားတိုင်လေ

မျက်ရည်များနဲ့ ဆို့အောက် တဲ့
အဲကားရောင်းလိုက်တာ ခင်ဗျား
အလွန်မတန်
ဝမ်းနည်းနေတယ်ပေါ့ မရောင်းနဲ့ပေါ့ဗျာ

အချင်းချင်းဆိုတော့ အမြတ်မယူပဲပေးလိုက်ပီ တဲ့
ခင်ဗျားက ငွေစိုက် အပင်ပန်းခံရှာထားတဲ့ကားကို
အမြတ်မယူပဲ ရောင်းလိုက်တယ်ပေါ့
xင်ခံပြောတောင်မယုံဘူးဗျာ

အလုအရက် လာဝယ်လို့မရောင်းချင်ပဲ
ရောင်းလိုက်ရပြီ တဲ့
ခင်ဗျားကားက သောက်ရမ်းစျေးတန်ပြီး
သောက်ရမ်းရှားတဲ့ကား မလို့လား

ခြင်ကိုက်ရာတောင် မပါတဲ့ကားလေး တဲ့
ကားပါဆို ဘယ်ကခြင်ကိုက်ရာက ပါလာရတာလဲ
ခင်ဗျား မိန်းမ xင်နဲ့များ မှားပြောတာလား

ကီလိုလေးက အသက် တဲ့
ခင်ဗျားက အဲကားကို ဝယ်ပြီးထဲက အထုတ်အသွင်း တောင်မလုပ်တာလား ဒါမှမဟုတ် Kilo ကို 0 အထိ
20000 လောက်ပေးပြီး
လျှော့လို့ရတာမသိတာလား

တာယာလေးက အသက် တဲ့
ကားတစ်စီး တာယာမကောင်းတော့လို့ လဲထားတာကို
ဘာxင်ယားပြီးတင်တာလဲ

ရှားပါးကားလေး တဲ့
ဟုတ်တယ် ခင်ဗျားကားတစ်စီးထဲ စက်ရုံကအကောင်း ထုတ်ပေးထားတာ ရောင်းမနေနဲ့ ရှားလို့
ကျန်တဲ့ကားတွေက အကုန်စောက်စုတ်တွေ

ဦးတဲ့သူ ယူစေဗျာ တဲ့
ခင်ဗျားကားကို လိုချင်လို့ တိုကင်တောင်တန်းစီရမလို

တန်ဖိုးနားလည်တဲ့ လူကဝယ်သွားပါပြီတဲ့
သူ့ကား မကြိုက်လို့မဝယ်တဲ့သူတွေက
တန်ဖိုးနားမလည်တဲ့ နလပိန်းတုန်းတွေပေါ့

အခုလိုခေတ်ကြီးမှာ တင်ရတာအားနာပေမယ့်
လိုအပ်နေသူတွေအတွက်ပါ တဲ့
စားစရာမရှိတော့လို့ ငက်လို့ရောင်း ရောင်းတယ်ပေါ့

မရောင်းချင်ပေမယ့်လဲ ရောင်းတော့မယ် တဲ့
မရောင်းချင်ရင် မရောင်းနဲ့ဦးလေ သောက်ကြွေးတွေ
ပေးရတော့မှာမလို့လား

စျေးလေးသိချင် ဖုန်းလေးတစ်ကောသာ
ဆတ်လိုက်ပါ တဲ့
ခင်ဗျားကား မတန်မရာစျေးနဲ့
ရူးကြောင် မူးကြောင်ခေါ်ချင်ရာခေါ်တော့မယ့်ကားကို
ဖုန်းဘေလ်အကုန်ခံ ပြီးခေါ်ရဦးမှာပေါ့

ရှားပါး Color နဲ့ Sexy Red လေး တဲ့
သူများဆီက ဝယ်လာတုန်းက အနီရောင်
အရောင်ပျက်ကြီးဆိုပြီး
အောက်ကြေးနဲ့ ယူလာပြီး သူရောင်းမှ Sexy Red တဲ့

ဝါသနာရှင် အကြိုက်လေး တဲ့
ဘာဝါသနာရှင်မှ မဟုတ်ဘူး စျေးလွတ်ရင်မြတ်မယ်မှန်းသိလို့ ဝိုင်းငက်ကျဖို့လာကြတာ

နံပါတ်မစီးဘူး ကားကိုပဲစီးမယ့်အကိုတို့အတွက်
နံပါတ်ငယ်ကားကောင်းလေးနဲ့ မိတ်ဆတ်ပေးပါရစေတဲ့
နံပါတ်ကြည့်လိုက်တော့ မြင်းခြံ သံမဏိစက်ရုံကို
လွန်ခဲ့တဲ့ ၅ နှစ်လောက်ထဲက ပို့ရတော့မယ့်အဆင်

အမှန်တစ်ကယ် တန်ဖိုးထားပြီး ရေရှည်ထိမ်းသိမ်း
ထားချင်သူများကိုသာ ရောင်းမည်တဲ့
ဟုတ်တယ် ခင်ဗျားကား အန်းတိတ်ကြီးကို ဝယ်တဲ့သူက
လုံးဝမစီးပဲ ဂိုထောင်ထဲထိုးထည့်ထားရမှာလား

ကားမကောင်းရင် လမ်းစားရိတ်နှစ်ဆရော်မယ်တဲ့
အဆင်ပြေတာပေါ့ ခင်ဗျားကားလာကြည့် မကောင်းဘူးလို့ပြောပြီး လမ်းစားရိတ်နှစ်ဆယူပြန်မယ်

ရေးကျပေါ့ လိုရင်းတိုရှင်း
မိမိ ကားရဲ့ Model / အရောင် / Kilo
Engine power 4 Weel 2 Weel
ကားမှာပါတဲ့ Grade အနည်းအကျဉ်း
ကြည့်ရမယ့်နေရာ စျေးနှုန်း

ဆက်သွယ်ရမယ့်ဖုန်း / ကားနံပါတ်
အခုက ကားတစ်စီးမှာ မရှိမဖြစ်ပါကိုပါရပြီး
မေးစရာမလိုတဲ့ အစိတ်အပိုင်းတွေကအစ
ရေးတင်နေကြတာ ခင်ဗျားတို့အစား ကျွန်တော်
လက်တော်တော်ညောင်းတယ်ဗျ

အမြင်မတော် တွေ့သမျှလေးတွေပါ
မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်
🚘🚘🚘🚘🚘
#ကားချစ်သူ
credit>>>>
wai lin

17/12/2022

မြန်မာပြည်မှာ
ပျက်လိုက်ကြတဲ့...

ဂီယာဘောက်တွေ...

ပျက်လိုက်ကြတဲ့...
အင်ဂျင်အထိုင်၊
ဂီယာဘောက်အထိုင်တွေ...

ပျက်တာလည်း မပြောနဲ့လေ...

ကားကိုတက်ထိုင်
စက်နိုး တန်းပြီးဂီယာထည့်
ထွက်တော့တာကိုး...

ကားအင်ဂျင်တွေရဲ့
သဘောက အင်ဂျင်အပူချိန်
မရှိသေးချိန်မှာ...
မိတ်ဆွေတွေအခေါ်
စ လိုး ပေါ့လေ...

Mechanic အခေါ်
Idle Speed ဖြစ်တဲ့
အင်ဂျင် အပတ် ရေ
၇၅၀ ကိုတန်းထားပေးလို့မရဘူး၊

အင်ဂျင်မပူခင်
၇၅၀ တန်းချလိုက်ရင်
အင်ဂျင်တုန်တာတွေ
စက်သေတာတွေဖြစ်ရော...

အဲ့တော့က
ကားစက်စနိုးချိန်မှာ
ကားအင်ဂျင်ရဲ့
Idle speed control က
အလုပ်လုပ်ပေးရပါတယ်...

အင်ဒယ် စပိ ကွန်ထရိုးရဲ့
အလုပ်က
ကွန်ပျူတာဘောက်က ရရှိလာတဲ့
အင်ဂျင်ရေအပူချိန်၊
Intake ကဝင်လာတဲ့ လေအပူချိန်နဲ့
အခြားသောအချက်တို့ကို
အခြေခံပြီးတော့
NOT လို့ခေါ်တဲ့
Normal Operation Temperature ကို
မရောက်ခင်မှာ
အင်ဂျင် အပတ်ရေကို
စက်စနိုး နိုးချင်းမှာ
အပတ်ရေ ၁၅၀၀ အထက်မှာ
ထားပေးကာ
အင်ဂျင်ပူလာမှသာ
အင်ဂျင်အပတ်ရေကို
ဖြေးဖြေးချင်း လျော့ချပေးပါတယ်၊

အဲ့လို ဖြေးဖြေးချင်း
လျော့ချပေးရင်း
သတ်မှတ်အပူချိန်ရောက်မှသာ
ပုံမှန် Idle Speed ဖြစ်တဲ့
အပတ်ရေ ၇၅၀ ကိုချပေးတာ၊

ဆိုတော့ကာ...
ကျွန်တော်တို့ ကိုရွှေမြန်မာများက
မနက်အစောပိုင်း
ကားပေါ်တက် စက်နိုးပြီး
အင်ဂျင်အပတ်ရေ
၁၅၀၀ ဝန်းကျင်မှာ
တန်းပြီး ဂီယာထည့်တော့
ဂီယာထည့်တဲ့အသံက
ဝါးဘိုးဝါးကို လေးဂွနဲ့
ပစ်လိုက်သလို
ဒုတ် ဂုတ် ဂွပ် နဲ့နေတာ...

Engine Mounting တွေဟာ
ပုံမှန် အပတ်ရေ ၇၅၀ မှာ
လှုပ်တယ်ဆိုရုံလေး...
လှုပ်ပေမယ့်...

အပတ်ရေ ၁၅၀၀ နဲ့
ထည့်လိုက်ချိန်မှာတော့
အင်ဂျင်အထိုင်တွေဟာ
ရုန်းနိုင်သမျှ အကုန်ထမ်းပေးရကာ
အင်ဂျင် ဂီယာဘောက်တွဲကြီးဟာ
အင်ဂျင်အထိုင် ထမ်းနိုင်ကာကုန်တော့
ကားကိုပါ သိမ့်ကနဲ
လှုပ်အောင်အထိ
ကစားပစ်ရတယ်...

ဒီလိုအခြေအနေတွေ
ဖြစ်ပါများတဲ့အခါ
ဂီယာဘောက်တွေ
အင်ဂျင်အထိုင်တွေ
မပျက် မပြတ်ပဲ ခံနိုင်ရိုးလား၊

ကားဆားဗစ်တွေနဲ့
ကားပစ္စည်းရောင်းတဲ့ဆိုင်တွေကို
လုပ်ကျွေးနေရသလိုပဲ၊

ထိုင်းမှာ ဆယ်စုနှစ် တစ်ခုကျော်
ကားဆားဗစ်သွားလုပ်ခဲ့တာမှာ
အော်တိုဂီယာဘောက်
တစ်လုံးသာ လဲခဲ့ရဖူးပါတယ်...

နောက်တစ်ခုက
ကားပါကင်ထိုးတဲ့အခါ
ရှေ့တိုး နောက်ဆုတ်လုပ်ချိန်
ရှေ့တိုးတာ ဘီးကမရပ်သေးဘူး...

ဘရိတ်မှေးပြီး ဘက်ဂီယာ
R ထည့်လိုက်ရော...
ဂုတ် ဂွပ်နဲ့...

နောက်ဆုတ်တာ
ဘီးက မရပ်သေးဘူး...
ဘရိတ်မှေးပြီး
ရှေ့ဂီယာ D ထည့်လိုက်ပြန်ရော...

ဂုတ် ဂွပ်နဲ့...

ဒီအော်တိုဂီယာတွေ
ဘယ်လို မပျက်ပဲနေမလဲ၊

ကားတွေမှော
Owner Manual တွေပါပါတယ်...
ကားဟောင်းဆိုပေမယ့်လည်း
တော်တော်များများတော့
ပါကြပါတယ်...

ဖတ်ကြည့်ကြပါဗျာ...

ဖတ်ပါ ကြည့်ပါဆိုတော့
ဂျပန်ကတုံးချည်း
ကြည့်မနေပါနဲ့ဗျ 😝

ဂျပန်ကားတောင်
အင်ထရို ဝင်တာတွေ့ကြတယ်
မဟုလား...

အဲ့ဒီတော့
ဂျပန်မော်တော်ကားတွေကိုလည်း
အင်ထရိုဝင် ခဏစောင့်ပြီးမှ
မောင်းကြပါဗျ...
(ဒီလိုပြောမှ သဘောပေါက်
လွယ်ကြလို့ 😁😁)

မကုန်သင့်ပဲ
ကုန်သွားရတဲ့ငွေတွေဟာ
မိတ်ဆွေတို့ ကုန်ရတာဖြစ်သလို...

အဲ့ဒီငွေတွေဟာလည်း
တိုင်းတစ်ပါးကို
မထွက်သင့်ပဲ ပေးလိုက်ရတဲ့
ငွေတွေလည်း ဖြစ်ပါတယ်ဗျာ...

ဘယ်ကားမောင်းမောင်း
ကိုယ့်ကားလို
သဘောထားပြီးသာ
မောင်းတဲ့သူဟာ
တစ်နေ့ ကြီးပွားမှာအမှန်ပါ...

မိတ်ဆွေများအားလုံး
ကပ်သုံးပါမှကင်းဝေးကြပါစေ၊

ချစ်ခြင်းအားဖြင့်
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့) #

Address

Mawlamyaing

Telephone

+959794240992

Website

Alerts

Be the first to know and let us send you an email when ဆန်းသစ် Car Air Con & Car ရေတိုင်ကီ ပြုပြင်ရေးနှင့်အပိုပစ္စည်းရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဆန်းသစ် Car Air Con & Car ရေတိုင်ကီ ပြုပြင်ရေးနှင့်အပိုပစ္စည်းရောင်းဝယ်ရေး:

Shortcuts

Share