Adixin Myanmar

Adixin Myanmar "အကောင်းဆုံးကိုရွေးမယ်ဆိုရင် အက်ဒီစင် ကိုရွေးလိုက်ပါ" ADIXIN MOTORCYCLE "RUNNING TO THE PERFECT"

10/08/2026

ခဏ ခဏ မေးနေလို့ ဖြေပေးလိုက်ပါပြီရှင့်🙏🙏🙏

ဝါဆိုလပြည့်၊ဓမ္မစင်္ကြာနေ့မှာ အားလုံးပဲ ကုသိုလ်စိတ်များ လွှမ်းခြုံပြီး စိတ်ချမ်းသာ၊ကိုယ်ချမ်းသာနဲ့ ဖြတ်သန်းနိုင်ကြပါစေကြ...
28/07/2026

ဝါဆိုလပြည့်၊ဓမ္မစင်္ကြာနေ့မှာ အားလုံးပဲ ကုသိုလ်စိတ်များ လွှမ်းခြုံပြီး စိတ်ချမ်းသာ၊ကိုယ်ချမ်းသာနဲ့ ဖြတ်သန်းနိုင်ကြပါစေကြောင်း Adixin Myanmar မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🙏

18/07/2026

မြေပြန့်နဲ့တောင်ပေါ် အားလုံးကြိုက်ကြတဲ့ Walfa ❤️

16/07/2026

ဒီဇိုင်းလည်းလန်း၊ စွမ်းဆောင်ရည်လမ်းကြမ်း 🤩

13/07/2026

စက်မှုပန်းခြံနားမှာရှိတဲ့ အလုပ်ကို မြောက်ပြင်အိမ်ကနေ JS EV ဆိုင်ကယ်လေး စီးပြီးသွားမယ်ဆိုရင် အသွားအပြန် ၂ ခေါက်လောက်သွားလို့ရတယ်။ တစ်ရက်ကို အသွားအပြန်တကြိမ်ပဲ လုပ်မယ်ဆိုရင် ၂ ရက်နေမှ အားတစ်ခေါက်ပြန်သွားရမယ်။ အားတခါသွင်း မိုင် ၅၀ လောက် စီးဆိုတော့ ပုံမှန် စျေးသွား၊ကျောင်းအကြို၊အပို့လောက်ကတော့ အေးအေးဆေးဆေး စီးလို့ရတာပေါ့။
EV ဆိုင်ကယ်တွေရဲ့ Battery သက်တမ်း ကြာရှည်ခံဖို့အတွက် အားကို လုံး၀ ကုန်အောင် မစီးဘဲ။ အနည်းဆုံး ၂၀ ရာခိုင်နှုန်းနဲ့အထက် ကျန်အောင် ချန်ပြီး စီးပေးပါနော်။
Adixin - Running to the perfect ''
ဝယ်ယူရရှိနိုင်မယ့် ဆိုင်တွေကိုတော့ ဒီမှာ ကြည့်ရှုနိုင်ပါတယ်👇
[https://www.facebook.com/AdixinMyanmar/posts/732754485560005 ]
Visit our website >[http://adixinmyanmar.com ]
visit our TikTok >[https://www.tiktok.com/ ]
အရစ်ကျစနစ်အကြောင်း စုံစမ်းရန်
-------------------------------
09977932083 (Viber)
09977027991(Viber)
09-420781813
အပိုပစ္စည်းအရောင်းဌာနဖုန်းနံပါတ်များ
-----------------------------------
09 - 441 755 536
09 - 977 932 078

11/07/2026

Water Cool စနစ်ပါတဲ့ Adixin Dynamic HD 7 ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့အတူ ခရီးစဉ်တိုင်းကို ဖြတ်သန်းလိုက်ပါ ✨

Adixin EV ဆိုင်ကယ်တွေမှာ ပြောင်းလဲ ထည့်သွင်းထားတဲ့ LiFepo 4 Battery တွေက Lead Acid Battery တွေထက်စာရင် ပိုဝေးဝေးမောင်းလိ...
07/07/2026

Adixin EV ဆိုင်ကယ်တွေမှာ ပြောင်းလဲ ထည့်သွင်းထားတဲ့ LiFepo 4 Battery တွေက Lead Acid Battery တွေထက်စာရင် ပိုဝေးဝေးမောင်းလို့ရတာနဲ့ Battery သက်တမ်း ကြာရှည်ပိုခံတာအပြင် ထူးခြားတဲ့ အချက်တွေ ရှိနေပါသေးတယ်။
Battery ကို ခြေထောက်တင်ခုံအောက်မှာ မဟုတ်တော့ဘဲ ဖင်ထိုင်ခုံအောက်က Storage box အောက်ထဲမှာ ဒေါင်လိုက်အနေအထားနဲ့ ထည့်သွင်းထားတာ ဖြစ်လို့ တိုက်ခန်းနဲ့ နေထိုင်သူတွေ အားပြင်သွင်းမယ်ဆိုရင် အလွယ်တကူ ဖြုတ်ယူအားသွင်းနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖုန်းနဲ့ ချိတ်ဆက်ပြီး Battery ရဲ့ လက်ကျန်အားနဲ့ lifecycle ကို ပိုတိတိကျကျ စစ်ဆေး ကြည့်ရှုနိုင်မှာပါ။ Digital ဒိုင်ခွက်ကနေပြီးတော့လည်း လက်ကျန် Battery အခြေအနေကို ရာခိုင်နှုန်းနဲ့ တိတိကျကျ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
LifePo 4 Battery နဲ့ Adixin EV ဆိုင်ကယ်တွေကို နီးစပ်ရာ Adixin Showroom တွေမှာ လာရောက်စမ်းသပ်ကြည့်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။
Adixin - Running to the perfect ''
ဝယ်ယူရရှိနိုင်မယ့် ဆိုင်တွေကိုတော့ ဒီမှာ ကြည့်ရှုနိုင်ပါတယ်👇
[https://www.facebook.com/AdixinMyanmar/posts/732754485560005 ]
Visit our website >[http://adixinmyanmar.com ]
visit our TikTok >[https://www.tiktok.com/ ]
အရစ်ကျစနစ်အကြောင်း စုံစမ်းရန်
-------------------------------
09977932083 (Viber)
09977027991(Viber)
09-420781813
အပိုပစ္စည်းအရောင်းဌာနဖုန်းနံပါတ်များ
-----------------------------------
09 - 441 755 536
09 - 977 932 078

အပြင်သွားတိုင်း အဖိုးတန် ဆိုင်ကယ်ကိုပဲ စိတ်ပူနေရတယ်ဆိုတဲ့ ဆိုင်ကယ်ချစ်သူတွေအတွက် Adixin ဆိုင်ကယ်တွေမှာ ထည့်သွင်းထားတဲ့ အ...
05/07/2026

အပြင်သွားတိုင်း အဖိုးတန် ဆိုင်ကယ်ကိုပဲ စိတ်ပူနေရတယ်ဆိုတဲ့ ဆိုင်ကယ်ချစ်သူတွေအတွက် Adixin ဆိုင်ကယ်တွေမှာ ထည့်သွင်းထားတဲ့ အဆင့်မြင့် နည်းပညာတွေအကြောင်း ပြောပြပေးချင်တယ် 😍
Smart Alarm System - ဒီစနစ်ကတော့ ဆိုင်ကယ်ကို သော့ပိတ်လိုက်ပြီး စက္ကန့်ပိုင်းအတွင်းမှာ စတင်အသက်ဝင်မှာ ဖြစ်ပြီးတော့ သော့မပါတဲ့ သူ တယောက်ယောက်က ဆိုင်ကယ်ကို ထိရုံလေး ထိလိုက်ရုံနဲ့ ကျယ်လောင်စူးရှတဲ့ Alarm သံကို ထုတ်လွှင့်ပေးမှာပါ။
Smart Tire Lock System - ဆိုင်ကယ်ကို ရပ်ပြီး Smart Lock ကနေ Lock ချလိုက်ပြီဆိုတာနဲ့ Smart Alartm System နဲ့အတူ တချိန်တည်း အသက်ဝင်လာမှာကတော့ Smart Tire lock စနစ်ပါပဲ။ ဒီစနစ်က သော့မပါဘဲ ဆိုင်ကယ်ကို တွန်းလို့မရအောင်၊ရွှေ့လို့မရအောင် ထိန်းချုပ်ထားမှာ ဖြစ်လို့ ဇတ်သော့ ဖြစ်ပြီး တွန်းသွား၊ မောင်းသွားလို့မရအောင် ထိန်းချုပ်ထားမှာပါ။
ကဲ Adixin နဲ့ဆို စိတ်အေးလို့ရပြီပေါ့ 😌
"Running to the perfect"

အရင်က Lead Acid Battery ကို အသုံးပြုခဲ့ပေမယ့် ပိုပြီး ဝေးတဲ့ ခရီးမိုင်တွေအထိ အတူရှိနေချင်တဲ့အတွက် Adixin EV ဆိုင်ကယ်တွေမ...
03/07/2026

အရင်က Lead Acid Battery ကို အသုံးပြုခဲ့ပေမယ့် ပိုပြီး ဝေးတဲ့ ခရီးမိုင်တွေအထိ အတူရှိနေချင်တဲ့အတွက် Adixin EV ဆိုင်ကယ်တွေမှာ LiFePo 4 Battery တွေနဲ့ အဆင့်မြှင့်တင်ပေးထားပါပြီ ❤
Digital ဒိုင်ခွက်ပေါ်ကနေ တဆင့် Battery လက်ကျန်ကို ရာခိုင်နှုန်းနဲ့ အတိအကျ ကြည့်လို့ရသွားတော့ ခရီးမိုင်တွေကို စိတ်ချလက်ချ ရှေ့ဆက်လို့ရတာပေါ့ 😌
"Adixin - Running to the perfect"

ဒါလေးတွေစစ်လိုက်ရုံနဲ့ ဆိုင်ကယ်ဆီဖိုးအများကြီး ပိုသက်သာသွားမှာပါ ✨၁။ တာယာလေပေါင် - ဆီစားနှုန်းရဲ့ လျှို့ဝှက်တရားခံလေလျော...
26/06/2026

ဒါလေးတွေစစ်လိုက်ရုံနဲ့ ဆိုင်ကယ်ဆီဖိုးအများကြီး ပိုသက်သာသွားမှာပါ ✨

၁။ တာယာလေပေါင် - ဆီစားနှုန်းရဲ့ လျှို့ဝှက်တရားခံ
လေလျော့နေတဲ့ တာယာနဲ့ မောင်းတာဟာ သဲထဲမှာ လှည်းဆွဲနေရသလိုပဲ။

တာယာမှာ လေလိုတာထက် လျော့နေရင် လမ်းနဲ့ တာယာ ပွတ်တိုက်မှု (Friction) ပိုများလာပြီး အင်ဂျင်က ပိုရုန်းရပါတယ်။ အင်ဂျင်ပိုရုန်းရလေ၊ ဆီပိုသောက်လေပါပဲ။

ဒါကြောင့် တစ်ပတ်တစ်ခါ တာယာလေပေါင် မှန်မမှန် စစ်ပါ။ ဆိုင်ကယ် manual စာအုပ်ထဲက လေပေါင်နှုန်းအတိုင်း အမြဲဖြည့်ထားပါ။

၂။ လေစစ် (Air Filter)
နှာခေါင်းပိတ်ပြီး ပြေးရင် မောမောနဲ့ ရေခဏခဏ ဆာသလိုပဲ၊ လေစစ်ပိတ်နေရင်လည်း ဆိုင်ကယ်က ဆီပိုဆာတာပေါ့။

လေစစ်မှာ ဖုန်တွေ၊ အမှိုက်တွေ ပိတ်နေရင် အင်ဂျင်ထဲကို လေအလုံအလောက် မဝင်တော့ပါဘူး။ အဲဒီအခါ အင်ဂျင်က အလုပ်လုပ်ဖို့အတွက် လေထက် ဆီကို ပိုပြီး အဆမတန် ဆွဲသုံးပစ်လိုက်ပါတယ်။

ဒါကြောင့် ကီလိုမီတာ ၃,၀၀၀ ကျော်တိုင်း လေစစ်ကို ဖြုတ်သန့်စင်ပါ။ ဖုန်တွေ သိပ်ထူနေရင်တော့ အသစ်လဲပစ်ဖို့ တွန့်တိုမနေပါနဲ့။

၃။ အင်ဂျင်ဝိုင်
သွေးပျစ်ရင် လူက နေမကောင်းဖြစ်သလို၊ အင်ဂျင်ဝိုင် သက်တမ်းကုန်ပြီး ပျစ်ခဲလာရင် အင်ဂျင်က ဆီပိုစားပြီပေါ့။

အင်ဂျင်ဝိုင် သက်တမ်းကုန်နေရင် သို့မဟုတ် အရည်အသွေး ညံ့တာ သုံးရင် အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းတွေ လည်ပတ်ရတာ လေးလံလာပါတယ်။ စက်ပစ္စည်းချင်း ပွတ်တိုက်မှုများလေ၊ အပူချိန်တက်ပြီး ဆီစားဆိုးလေပါပဲ။

ဒါကြောင့် အင်ဂျင်ဝိုင်ကို သတ်မှတ်ကီလိုပြည့်တာနဲ့ ပုံမှန်လဲပေးပါ။ ကိုယ့်ဆိုင်ကယ်နဲ့ ကိုက်ညီတဲ့ standard viscosity (ဥပမာ- 10W-40 စသည်) ကို ရွေးချယ်ပါ။

၄။ မီးပလပ် (Spark Plug)
မီးပလပ်က ပေးတဲ့ မီးပွားမမှန်ရင် ဆီတွေက အကုန်မလောင်ကျွမ်းဘဲ အိပ်ဇောထဲကနေ ပိုက်ဆံတွေ အငွေ့ပျံသွားသလိုပဲ။

မီးပလပ် ကောင်းကောင်း အလုပ်မလုပ်ရင်၊ ဒါမှမဟုတ် ဂျိုးတွေ တက်နေရင် ဆီကို အပြည့်အဝ မလောင်ကျွမ်းစေနိုင်ပါဘူး။ ဆီသာကုန်သွားတယ်၊ ဆိုင်ကယ်က မပြေးဘဲ လေးကန်ကန်ကြီး ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် မီးပလပ်ခေါင်းကို ဂျိုးဆီအမည်းတွေ ရှိ၊ မရှိ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းပေးပါ။ သက်တမ်းရင့်ရင် လဲပစ်ပါ။

၅။ မောင်းနှင်မှု ပုံစံ
လီဗာကို ရုတ်တရက် ဘုန်းခနဲ ဆွဲတာ၊ ဘရိတ်ကို ခဏခဏ အုပ်ပြီး ပြန်ဆွဲတာ၊ လိုအပ်တာထက် ဂီယာနိမ့်နိမ့်နဲ့ အင်ဂျင်အော်သံကြီးအတိုင်း မောင်းတာတွေဟာ ဆီကို ဗူးလိုက် သွန်နေသလိုပါပဲ။

ဒါကြောင့် လီဗာကို ဖြည်းဖြည်းချင်း မှန်မှန်ဆွဲပါ။ အရှိန်ကို မျှမျှတတ ထိန်းမောင်းပါ။ အဝေးပြေးလမ်းတွေမှာ အရှိန်တစ်ခုကို ပုံမှန် (၄၀ ~ ၆၀ ကီလိုမီတာ/နာရီ) ထိန်းမောင်းတာဟာ ဆီစားအသက်သာဆုံးပါပဲ။

💡ဆိုင်ကယ်ဆိုတာ ကိုယ်က ဂရုစိုက်ရင် ကိုယ့်ပိုက်ဆံအိတ်ကို ပြန်ညှာတာတတ်တဲ့အမျိုးဗျ။ စက်ပစ္စည်းတွေကို ပုံမှန်သာ ထိမ်းသိမ်းထားပေးထားရင် ဆီဖိုး သက်သာရုံတင်မကဘူး၊ လမ်းမထက်မှာလည်း စိတ်ချလက်ချ ခရီးပေါက်မှာ သေချာပါတယ် မိတ်ဆွေတို့ ✨
Adixin - Running to the perfect ''

Address

83 Street, Between 25 & 26 Streets
Mandalay
100104

Alerts

Be the first to know and let us send you an email when Adixin Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share