RAPID Myanmar

RAPID Myanmar Motorcycle Spare Parts
Superior Quality

🧧 🐉 𝐆𝐎𝐍𝐆 𝐗𝐈 𝐅𝐀 𝐂𝐀𝐈 🐉 🧧𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟒
09/02/2024

🧧 🐉 𝐆𝐎𝐍𝐆 𝐗𝐈 𝐅𝐀 𝐂𝐀𝐈 🐉 🧧

𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟒

💪💪💪
13/11/2023

💪💪💪

" အားကျတဲ့အချိန်တွေရှိမှာပေါ့

SK Battery နဲ့ မြှင့်တင်လိုက်ပါ "




ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တော...
01/08/2023

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လဲ ဖြစ်သည်။ ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။
ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည်။
ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။
ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။
မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။

#မြန်မာ့စွယ်စုံကျမ်း

မင်္ဂလာပါ မိတ်ဆွေများ ...ဒီနေ့တော့ ဆိုင်ကယ်တိုင်း ဆိုင်ကယ်တိုင်းမရှိမဖြစ်တဲ့အပြင် အဓိကကျတဲ့အင်ဂျင်ဝိုင်အသစ်နဲ့မိတ်ဆက်ပေး...
15/07/2023

မင်္ဂလာပါ မိတ်ဆွေများ ...

ဒီနေ့တော့ ဆိုင်ကယ်တိုင်း ဆိုင်ကယ်တိုင်း
မရှိမဖြစ်တဲ့အပြင် အဓိကကျတဲ့
အင်ဂျင်ဝိုင်အသစ်နဲ့မိတ်ဆက်ပေးမယ်။

💥 SK [ SAOKIM ] အင်ဂျင်ဝိုင်ဖြစ်ပါတယ် 💥

SK တံဆိပ်နဲ့ အပိုပစ္စည်းတွေသုံးဖူး/ရောင်းဖူးတဲ့
မိတ်ဆွေ ကုန်သည်များရှိလို့ တံဆိပ်ကိုတော့
ရင်းနှီးယုံကြည်နေပြီးသားပါ။

အင်ဂျင်ဝိုင်တွေ မှိုထက်ပေါနေတဲ့ခေတ်မှာ
SK က ဘာတွေ ကောင်းတာလဲ ?

✅ 1000 mL အပြည့်ပါတယ်။
✅ 20/50 ဆီသားမို့ အေးမြတဲ့တောင်ပေါ်လား ?
ပူပြင်းတဲ့မြေပြန့်လား ?
အားလုံး အိုကေမှာစိုပြေတယ်။
✅ မြင့်မားတဲ့အပူချိန်မှာလည်း ချောဂုဏ်သတ္တိကို
အကောင်းဆုံးထိန်းထားနိုင်တယ်။
✅ ဓာတ်ဆီအင်ဂျင်တွက် သီးသန့်ထုတ်တာမို့
ဆိုင်ကယ်တိုင်းနဲ့သင့်လျှော်ပြီးသား။
✅ အင်ဂျင်ဝိုင်က အနီ နဲ့ အစိမ်း
အရောင် ၂ မျိုးလာမယ်။
" ဘာကွာတာလဲ " မေးရင် အရောင်ပဲကွာတယ်။
ဂုဏ်သတ္တိကအတူတူပဲ။

ဘယ်လိုဝယိရမလဲ ?

✅ Rapid က ထုတ်တဲ့ SK Engine Oil လို့သာ
ဆိုင်ကယ်အပိုပစ္စည်းဆိုင်တိုင်းမေးဝယ်လိုက်ပါ။
အကယ်၍များ မရှိခဲ့သေးရင် Page ကိုလာပြော
မိတ်ဆွေနဲ့ အနီးဆုံးဆိုင်မှာ ရှိနေဖို့
ကျွန်တော်တို့ တာဝန်ယူပါတယ်။

🌟 " အချိန်တိုင်းနဲ့နေရာတိုင်းမှာ
SK အင်ဂျင်ဝိုင်ပါ "

RAPID Myanmar

KYING HONE Co.,Ltd  ဆိုင်ကယ်အပိုပစ္စည်းဖြန့်ချီရေးလုပ်ငန်း မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ ဝန်ထမ်းများအ...
20/06/2023

KYING HONE Co.,Ltd ဆိုင်ကယ်အပိုပစ္စည်းဖြန့်ချီရေးလုပ်ငန်း မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ ဝန်ထမ်းများအလိုရှိသည်

(၁) ဂိုဒေါင်ဝန်ထမ်း ကျား(၅)ဦး
ကုန်ပစ္စည်းအတင်အချပြုလုပ်နိုင်သူဖြစ်ရမည်။
ကျန်းမာရေးကောင်းမွန်ပြီး ရောဂါကင်းဝေးသူဖြစ်ရမည်။

(၂) ယာဉ်မောင်း ကျား(၅)ဦး
ယာဉ်မောင်းလိုင်စင်(င) ရှိသူဖြစ်ရမည်။
ယာဉ်မောင်းကျွမ်းကျင်မှုစစ်ဆေးပါမည်။

(၃) Tele Sales မ (၅)ဦး
Customer နှင့် ယဉ်ကျေးပျူဌာစွာ
ပြောဆိုဆက်ဆံတတ်ရမည်။

အမှတ်စဉ်အားလုံးအတွက် လိုအပ်သည်မှာ

* အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
* ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး
အဖွဲ့အစည်းနှင့် ပူပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
* လုပ်ငန်းပိုင်းကျွမ်းကျင်မှုရှိသူကို ဦးစားပေးမည်။
* အတွေ့အကြုံမရှိသော်လည်း သင်ယူချင်စိတ်နှင့် အလုပ်လုပ်ချင်စိတ်ရှိသူဖြစ်ပါက
လျှောက်ထားနိုင်သည်။
* ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရမည်။

အလုပ်လျှောက်ထားလိုသူများသည်
CV Form ၊ အခြားလိုအပ်သောစာရွက်စာတမ်းများနှင့်တကွ အောက်ပါလိပ်စာသို့ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။ Viber (သို့) E mail ဖြင့်လည်း ပေးပို့နိုင်ပါသည်။

အလုပ်ချိန် -8:30AM to 5:30PM
ရုံးပိတ်ရက်-တနင်္ဂနွေနေ့
ရုံးတည်နေရာ -67 လမ်း၊ 113*114ကြား၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့09-977156326 (Viber)
[email protected]

ပျော်ရွှင်ကြည်နူးရသောတရုတ်နှစ်သစ်ကူးအခါသမယဖြစ်ကြပါစေကြောင်းKYING HONE CO.,Ltd မှဆုမွန်ကောင်း တောင်းအပ်ပါသည်။
21/01/2023

ပျော်ရွှင်ကြည်နူးရသော
တရုတ်နှစ်သစ်ကူးအခါသမယ
ဖြစ်ကြပါစေကြောင်း
KYING HONE CO.,Ltd မှ
ဆုမွန်ကောင်း တောင်းအပ်ပါသည်။




18/11/2022
မင်္ဂလာပါဗျို့ဒီနေ့တော့ ပုံထဲက ဂါဗနာတွေ items အသစ်အနေနဲ့ရောက်ပါတယ်။အဆက်လိုက်လားအထိုင်ပါလားအလွတ်လား အကုန်ရှိပါမယ်။Rapid ရ...
10/08/2022

မင်္ဂလာပါဗျို့

ဒီနေ့တော့ ပုံထဲက ဂါဗနာတွေ
items အသစ်အနေနဲ့ရောက်ပါတယ်။
အဆက်လိုက်လား
အထိုင်ပါလား
အလွတ်လား အကုန်ရှိပါမယ်။

Rapid ရဲ့လက်ရှိ ရှိထားတဲ့
ဂါဗနာ အမျိုးအစား List ကိုလည်း
အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

GN5 ဂါပနာစလောင်း Set

GN5 ဂါပနာရှူး လွတ်

GN5 ဂါပနာစလောင်း လွတ်

JINSHE ဂါပနာစလောင်း Set

JINSHE ဂါပနာစလောင်းလွတ်

JINSHE ဂါပနာရှူးလွတ်

Dream-125 ဂါပနာစလောင်း Set (KPH)

Dream-125 ဂါပနာစလောင်းလွတ် (KPH)

Dream-125 ဂါပနာရှူးလွတ် (KPH)

Wave-110i ဂါပနာစလောင်း Set (KWB)

Wave-110i ဂါပနာစလောင်းလွတ် (KWB)

Wave-110i ဂါပနာရှူးလွတ် (KWB)

Wave-100 ဂါပနာစလောင်းSet (LK)

Wave-100 ဂါပနာရှူးလွတ် (LK)

Wave-100 ဂါပနာစလောင်းလွတ် (LK)

GY6-125 ဂါပနာရှူး အထိုင်ပါ

GY6-125 ဂါပနာရှူး လွတ်

GY6-125 ဂါပနာရှေ့Set (6ဘော)

GY6-125 ဂါပနာ Set(နောက်)

GY6 ဂါပနာဖုံးသတ္ထု

Click-125i ဂါပနာရှူးအထိုင်ပါ (KZR)

Click-125i ဂါပနာSet နောက် (KZR)

Click-125i ဂါပနာလွတ်/
ပတ္တားကြိုးအထိုင် (KZR)

Click-110 (KVB)

Click-110 ဂါပနာSet နောက် (KVB)

Click-110 ဂါပနာ ရှေ့Set (6ဘော)

Click-110 ဂါပနာလွတ်/
ပတ္တားကြိုးအထိုင် (KVB)

ဂါပနာဘော Click-110(KVB)(GY6)
(18x14mmx14g)

ဂါဗနာဘော Click-125i(KZR)
(20x 15mmx18g)

ဂါပနာဘော Scoopyi (KZL)

Smash ဂါပနာဘောကျင်း

ဂါပနာကလစ် (GY6)

ဂါပနာကလစ် (scoopy)

ဂါပနာကလစ် Click-125i (KZR)

Scoopy ဂါပနာရှူးအထိုင်ပါ (KZL)

Scoopy ဂါပနာSet(တို)နောက် (KZL)

Scoopy ဂါပနာလွတ်/
ပတ္တားကြိုးအထိုင်နောက် (KZL)

Scoopy ဂါပနာရှေ့Set (6ဘော) (KZL)

Scoopy New ဂါပနာSet(ရှည်) (KZL)

Scoopy New ဂါပနာလွတ်/
ပတ္တားကြိုးအထိုင် (KZL)

Scoopy Newဂါပနာရှူးအထိုင်ပါ (KZL)

Smash ဂါပနာရှူးအထိုင်ပါ

Smash ဂါပနာရှူးလွတ်

Smash ဂါပနာစလောင်းလွတ် 4ငုပ်

Smash ဂါပနာစလောင်းလွတ် 2ငုတ်




#ဂါဗနာ

Unicodeမင်္ဂလာပါကျွန်တော်တို့  Rapid Myanmar ကိုအစဉ်အမြဲအားပေးခဲ့ကြသော မိတ်ဟောင်းမိတ်သစ်များအားလုံးကိုRapid မှထုတ်တဲ့ ဆိ...
02/08/2022

Unicode
မင်္ဂလာပါ
ကျွန်တော်တို့ Rapid Myanmar ကို
အစဉ်အမြဲအားပေးခဲ့ကြသော
မိတ်ဟောင်းမိတ်သစ်များအားလုံးကို
Rapid မှထုတ်တဲ့ ဆိုင်ကယ်အပိုပစ္စည်းများ နဲ့ အမြဲတမ်းလိုလို
မိတ်ဆက်ပေးနေကြ အချိန်လေးရောက်ရှိလို့လာပြန်ပါပြီ
ဒီနေ့ မှာတော့
ဆိုင်ကယ်တွေမှာ ဘော/ဘောထိုင်/ဘောစံ နဲ့ ပတ်သတ်လို့ Rapid Myanmar မှ
ဝယ်ယူရရှိနိုင်မဲ့ ပစ္စည်းအမျိုးအမည်များနဲ့ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်
(၁)ဘော 629
(၂)ဘော 699
(၃)ဘော 6000
(၄)ဘော 6001
(၅)ဘော 6004
(၆)ဘော 6200
(၇)ဘော 6201
(၈)ဘော 6202
(၉)ဘော 6203
(၁၀)ဘော 6204
(၁၁)ဘော 6205
(၁၂)ဘော 6300
(၁၃)ဘော 6301
(၁၄)ဘော 6302
(၁၅)ဘော 6304
(၁၆)ဘော 63/22
(၁၇)ဘော 6304 Open
(၁၈)ဘော 6902
(၁၉)စတက်ဘောစံ(STD,+15,+10,+20,+25,+30,+40)
(၂၀)Smash စတက်ဘောစံ
(၂၁)စတက်ဘောထိုင် ရစ်ပါ/မပါ
(၂၂)စတက်ပင်နယံ (Ball Type)
(၂၃)စတက်ဘောထိုင်+ ပင်နယံ (ရစ်ပါ/ရစ်မပါ)
(၂၄)စတက်ဘောထိုင် +ပင်နယံ Set(သံဘူးရစ်ပါ/မပါ)
(၂၅)DY-100(DAYANG စတက်ဘောထိုင် +ပင်နယံ Set
(၂၆)Smash စမတ်ဘောထိုင်
(၂၇)Smash စတက်ပင်နယံစုံ များကို Rapid Myanmar မှ
လက်ကားဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခဗျာ
Rapid Myanmar မှ ဆိုင်ကယ် နှင့် ဆက်စပ်စ္စည်းများ
အပိုပစ္စည်းများကိုဝယ်ယူမေးမြန်းစုံစမ်းလိုပါက
Rapid Myanmar Page မှာသော်လည်းကောင်း
09-797788929,09-797788930 တို့ကိုဖုန်းဆက်ပြီး မှာယူနိုင်ပါပြီနော်

Address

La/9(6-10)(Kagyi Quarter), 67 Street, Between 113 Street & 114 Street, Between Wai Thar Li Street & Sin Phyu Shin Street, Pyi Gyi Tagon Township
Mandalay
05013

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959797788929

Alerts

Be the first to know and let us send you an email when RAPID Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RAPID Myanmar:

Share