KMT AUTO

Directions

KMT AUTO Car dealership

 #ကားဝယ်မည့်သူများ မဖြစ်မနေ သိထားသင့်သောကိစ္စများ***********************************************၁။ အရိုးဆစ် ကောင်း  မကော...
20/08/2025

#ကားဝယ်မည့်သူများ မဖြစ်မနေ သိထားသင့်သောကိစ္စများ
***********************************************
၁။ အရိုးဆစ် ကောင်း မကောင်း ကြည့်မယ်

အရိုးဆစ်ကောင်း မကောင်းကို အရင်ဦးဆုံးရှေ့က ဘောနပ် (စက်ဖုံး)ကို ဖွင့်ပါ ရှော့ဘား အထိုင် နေရာ ပတ်လည် ချက်စီတန်းနေရာ ပတ်လည်ကို အသေချာကြည့်ပါ တစ်ချို့ကား တွေမှာ ချက် စီတန်းက ထိုင်ခုံအောက်မှာ ရှိပါတယ် အောက်မှာ ပုံနှင့်တကွ ပြပေးထားပါတယ် အဲဒီနေရာတွေမှာ ပုံမှန် အနေထားမဟုတ်ပဲ တစ်ခုခု လွှဲမှားနေသလား
ဥပမာ/ ဆေးတွေ ကြမ်းနေလား ပတ်တီးအက်ကြောင်းဖြစ်နေလား ပိန်နေလား လိမ်နေလား ပုံမှန် အနေထား ဟုတ်လား မဟုတ်လား အသေချာကြည့်ပါ ပုံမှန် အနေထားမဟုတ်ရင် သိသာပါတယ် ထိုနည်းတူ တခြားနေရာတွေလည်း ဒီအတိုင်းပဲ စစ်ပါ တံခါးလေးဘက်အတွင်း နောက်ဖုံး အတွင်း ရေတိုင်ကီတန်း အပေါ် အောက်ကို ကြည့်ပါမယ် အဆက်နေရာလေးတွေမှာ အော်ရယ်ဂျင်နယ် စပေါ့ အချိုက်သေးသေးလေးတွေပါ ရပါမယ် ဒါဆိုရင် အရိုးဆစ် ကြည့်တဲ့ ကိစ္စလုံလောက်ပါပြီ"
ယာဉ်မှန် မမှန် ကညနရုံးမှာ မစစ်ဘူး ဆိုရင်တော့ ရေဝိုက်ပါ ကာဘာ အဖုံးကို ဖြုတ်ကြည့်ဖို့ လိုပါမယ် ထိုင်ခုံအောက်ဆိုရင်လည်း ထိုင်ခုံဖြုတ်ပြီး ကြမ်းခင်း ခဏခွာကြည့်ဖို့ လိုပါမယ် ကညနရုံးမှာ ယာဉ်မှန်
မမှန် စစ်မယ် ဆိုရင်တော့ ဒါတွေ ဖြုတ်ကြည့်ခွာကြည့်ဖို့ မလိုပါ ရုံးက တာဝန်ရှိသူတွေ အဲဒီနေရာတွေကို စစ်ပါလိမ့်မည်"

၂။ ဘော်ဒီ ကောင်း မကောင်း ကြည့်မယ်

ဘော်ဒီကောင်း မကောင်း ဘယ်လို ကြည့်မလည်း ဆိုတော့ အရင်ဦးဆုံး ဆယ်ပေအကွာလောက်ကနေ ဘော်ဒီဂျော (အကြော) ပုံမှန် ဟုတ်မဟုတ် တစ်ချက် ရှိုးမယ် ပြီးရင် ဘော်ဒီနေရာအနှံ့ လက်ညှိုးနဲ့ ဖြစ်စေ လက်ခလည်နဲ့ ဖြစ်စေ ဇယ်တောက်သလိုလေး လိုက်ခေါက်ကြည့်ပါ ပုံမှန်အသံက သံပြား အသံ အသံမာမာလေး ထွက်ရပါမယ် ဒီလို မဟုတ်ပဲ သစ်သားပုံး တစ်ခုခုကို ခေါက်နေရသလို တစ်ဘုတ်ဘုတ်နဲ့ ဖြစ်နေရင်တော့ ထိခိုက်ထားပြီး ပြန်ပြင်ထားတာပါ ဘော်ဒီကို စစ်ဆေးတာ ဒီလောက်ဆို လုံလောက်ပါပြီ"

၃။ မှန်စပေါ့ မှန် အက်ကြောင်း ရှိမရှိ စစ်မယ်

ဒါစစ်တာကတော့ လွယ်ပါတယ်
လူတိုင်း ကြည့်တက်ပါတယ် သတိထားရမှာက ရှေ့လေကာမှန်ဆိုရင် အနားသက်လေးတွေမှာ အမဲရောင် ကွတ်ထားတာလေးတွေ ရှိပါတယ် အမဲ နေရာလေးတွေမှာ အက်ကြောင်းရှိနေရင် အမှတ်တမဲ့ ဆို မမြင်နိုင်ပါဘူး အသေချာကြည့်ပါ"
ဒါဆို လုံလောက်ပါပြီ"

၄။ ဘော်ဒီကြမ်းခင်း ဆွေး မဆွေး ကြည့်မယ်

ဒါလည်း လွယ်ပါတယ် အခင်းတခုရှာပါ ခေါင်းဝင်ပြီး ပက်လပ် လှန်ကြည့်ပါ အရမ်းနိပ်တဲ့ ကားဆိုရင် အလွယ်တကူ စင်ပေါ်တင်လို့ရတဲ့ နေရာဆိုရင် စင်ပေါ်တင်ကြည့်ပါ ဥပမာ ရေဆေးခုံလိုနေရာ ဝပ်ရှော့လိုနေရာ ဒါဆိုရင် လုံလောက်ပါပြီ။

၅။ အင်ဂျင် ကောင်း မကောင်း စစ်မယ်

အရင်ဦးဆုံး ကားကို စက်နှိုးထားပါမယ် အင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို ဆွဲဖွင့်လိုက်ပါ။ အောက်မှာ ပုံနဲ့လည်း ပြပေးပါမယ် မီးခိုးမှုတ်လား မမှုတ်ဘူးလား ကြည့်ပါ သိပ်ပြီး မသင်္ကာဘူးထင်ရင် လီဘာနင်း ကြည့်ပါ
မီးခိုးမှုတ်နေရင် အင်ဂျင်ကျနေပါပြီ အင်ဂျင် မကောင်းပါ
အပေါ် ဖွင့် အောက် ဖွင့် လုပ်ရပါတော့မယ် အခန့်မသင့်ရင် အင်ဂျင် အလုံးလိုက်ချိန်းရပါမယ် တခြားအသံတွေကတော့ နားထောင်လို့ လွယ်ပါတယ် ကွန်ပရာဆာ ဘောသံ ရေလည်အုံ ဘောသံ
တိုက်ဗစ် မည်သံ တခြားအသံတွေ ထွက် မထွက်
နားထောင်ရင် ရပါပြီ
ဒါဆိုရင် အင်ဂျင်ကောင်း
မကောင်း စစ်ဆေးတာ လုံလောက်ပါပြီ"

၆။ ဒိုင်ခွက်က သတိပေး မီးများ ပုံမှန် ဟုတ် မဟုတ် စစ်ဆေးမယ်

ဒါကလည်း လွယ်ပါတယ် ယာဉ်မောင်းထိုင်ခံမှာ ထိုင်ပါ
သော့မှာ အချက်သုံးချက်ပါမယ် ပထမအကြိမ် လှည့်တဲ့ အချက်က ကက်ဆက် နဲ့ ဆေးလိပ်မီးပေါက် ကို မီးပို့ပါတယ် ဒုတိယ တစ်ကြိမ်က ဒိုင်ခွက်မှာ ရှိတဲ့ မီးတွေရယ် ကွန်မြူတာဘောက်နဲ့ တခြား မီးရောက်ရမဲ့ နေရာတွေကို အကုန်လုံး မီးပို့ပါတယ်
တတိယအကြိမ်မှာ စက်နှိုးတယ် ဒါကတော့ လူတိုင်းသိပါတယ် ဒုတိယကြိမ် ဒုတိယ အချက်မှာ ဒိုင်ခွက်မှာရှိတဲ့ မီးတွေ အကုန်လင်းရပါမယ် အင်ဂျင်ချက် မီး
အဲယားဘက်မီး
ဘတၳရီ ပုံ
အင်ဂျင်ဝိုင် ချက် မီး
ABS ချက် မီး
လင်းရမဲ့ မီးအကုန်လင်း ရပါမယ် စက်နှိုးပြီးသွားရင် အဲဒီမီးတွေ အကုန်ညိမ်းရပါမယ်
မီးတစ်ခုခု လင်းနေရင် Error တခုခုရှိနေပါပြီ နောက်တစ်ခုရှိတာက ဟွန်ဒါ အုပ်စုမှာ အများဆုံး တွေ့ရမှာပါ ဘတ္ထရီနဲ့ အင်ဂျင်တွဲပြီး အလုပ်လုပ်တဲ့ ကားတွေမှာ ဆိုရင် ဘတ္ထရီ ကောင်း မကောင်း နဲ့ ရှာဂျင်ဝင် မဝင် ကြည့်ရပါမယ် အဲဒီကားတွေဆိုရင် ဟိုပ်ဗစ်ဆိုပြီး အမည်ပေးထားပါတယ် ဒါပေမဲ့ မြန်မာပြည် ရောက်နေ
ကားတော်တော်များများကတော့ ဘတ္ထရီ သက်တမ်းကုန်နေကြပါပြီ ဟိုပ်ဗစ် မဟုတ်ရင် အဲဒါတွေ ခေါင်းထဲ ထည့်စရာမလိုပါ
ဒါဆိုရင် ဒိုင်ခွက်က သတိပေး မီးတွေ စစ်ဆေးမှု လုံလောက်ပါပြီ"

၇။ အောက်ပိုင်း ကောင်း မကောင်း ဂီယာချိန်းပုံ မှန် မမှန် မောင်းစစ်မယ်
ဒါကတော့ ကားမောင်းကြည့်ပြီး စစ်ဆေးရမဲ့ အပိုင်း ရောက်လာပြီ အောက်ပိုင်းကတော့ စစ်ရတာ လွယ်ပါတယ် ကီလို 30 ကျော် 40 လောက်ထိ မောင်းကြည့်ပါ ဘရိတ်ဖမ်းကြည့်ပါ အသံနားထောင်ပါ လမ်းသိပ်မကောင်းတဲ့ အဖုအထစ်လေးတွေ ရှိတဲ့နေရာ မောင်းကြည့်ပါ တချို့ကား စီယာတိုင် ဂန်းက လမ်းအကောင်းမှာ လုံးဝအသံမထွက်ပါ

ဂီယာဘောက်အပိုင်းမှာ ကတော့
အော်တိုဂီယာ အင်ဂျင်ပါဝါကြီးတဲ့ကား ဆိုရင် ကီလို 80 လောက်ထိ မောင်းကြည့်ပါ ။ပါဝါ သေးရင်တော့ 50 ကျော် 60 လောက် မောင်းကြည့်ပါ
ဒါဆိုရင် ဂီယာအစုံအစိ ရောက်ပါပြီ ရိုးရိုးမန်နူရယ် ဂီယာဘောက်ဆိုရင် နံပါတ်တစ် ဂီယာကနေ 2345နောက်ဆုံးထိ ထည့်မောင်း စမ်းပါ
ဂီယာချိန်းတာပုံမှန်ဖြစ်သလား
ဂီယာ ဆောင့်သလား တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သလား ဂီယာ ငြီးသံကြား သလား နားထောင်ပါ ဒါဆိုရင် အောက်ပိုင်းနဲ့ ဂီယာ စစ်ဆေးမှု လုံလောက်ပါပြီ"

၈။ ယာဉ် မှန် မမှန် စစ်မယ်

ဒီအပိုင်းက အခုနောက်ပိုင်း ကညန ရုံးမှာပဲ သွားစစ်ကြတာများပါတယ် ကိုယ်တိုင် စစ်မယ် ဆိုရင်တော့ နံပါတ် (၁) အပိုင်းမှာ ပြောထားသလို ချက်စီတန်း
နေရာတစ်ဝိုက်ကို ဖြုတ်ပြီး ခွာပြီး စစ်ရပါမယ် ပြီးရင် အုံနာဘုတ် စာအုပ်နဲ့ ဝှီးတက် မှန်
မမှန် စစ်ပါမယ် လိုင်စင်စစ်တဲ့ ဆောဝဲ ဒေါင်းလော့ဆွဲထားပါ
ဒီထက်ပိုပြီးသေချာချင်ရင် ခိုင်မာတဲ့ နေရာမှာ စာချုပ်ချုပ်ပါ အိမ် သို့မဟုတ် ရုံး စာချုပ် ချုပ်ငွေချေနေတဲ့ ပုံစံတွေ ဓာတ်ပုံရိုက်ယူထားပါ"
ဒါဆိုရင် ယာဉ်မှန် မမှန် စစ်တဲ့ အပိုင်းမှာ လုံလောက်ပြီလို့ ထင်ပါတယ်

ဒီလောက်ဆိုရင် ကားနဲ့ ရင်းနီးပြီးသား သူတွေ အတွက် ဇဝေဇဝါ ဖြစ်စရာ အကြောင်း မရှိတော့ပါ အရင်က တစ်မိုင်လောက်ကနေ မြင်ရတဲ့ အရာက အခု တစ်ပေလောက်ကနေ ကြည့်ရသလို ရှင်း သွားမှာပါ"

ပထမပို့စ်မှာ ပြောပြထားတဲ့ အကြမ်းဖြင်း (၈)ချက်ကိုတော့ အသေချာမှတ်ထားပါ ကားကြည့်တော့မယ်ဆိုရင် အဲဒီ အစဉ်တိုင်း စစ်ဆေးပါ အစဉ်တိုင်း မစစ်ရင် ဟိုဟာ ကျန် ဒါ ကျန်နဲ့
ကျွန်တော့်လို ဖြစ်ပါမယ်

နောက်တစ်ပိုင်းကတော့ ကားနဲ့
မရင်းနီးသေးတဲ့ သူတွေအတွက်ပါ ကားနံပါတ်တွေမှာ အက္ခရာတွေ ဂဏန်းတွေ ရှိပါမယ် နောက်မှာ ကABCD ကနေ အခုဆိုရင် S အထိ ထွက်နေပါပြီ ကားလောကမှာတော့ ရှေ့က 123456789ကို ထွေထွေထူးထူး ထည့်တွက်လေ့မရှိပါ နောက်က Aတန်း Bတန်းCတန်းကနေ S တန်းထိ ဒီလိုပဲ တွက်ပါတယ်
တက္ကစီတွေမှာဆိုရင်တော့ AA "BB ကနေ HH နောက်ဆုံးထွက်ထားပါတယ်
ရှေ့ဂဏန်းတွေကို မကြည့်ပဲ နောက်က ABCD ကနေ Sထိကို အစဉ်လိုက် အနှိပ်အမြင့် တွက်ပါတယ် တက္ကစီမှာလည်း AA BB ကနေ HH ထိ အစဉ်လိုက် အနှိပ် မြင့်တွက်ပါတယ် မော်ဒယ်တွေက ပြောပြစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။

ဒီလောက်ဆို ရှင်းမယ်လို့ ထင်ပါတယ် ကျွန်တော်သိသမျှတော့ ဒါ အကုန်ပဲ ကားပွဲစားနဲ့ ကားလောကထဲမှာလည်း ကုန်သလောက်ပါပဲ ဒီထက်သိတဲ့ ဆရာများရှိရင်လည်း ကျွန်တော့်ကို ပြန်လည် မျှဝေနိုင်ပါတယ်
တချို့ သော သူတွေ ထင်နိုင်ပါတယ် ကိုယ်လုပ်တဲ့ အလုပ် သူများ တွေကို ပြောပြတော့
ကိုယ့်ပါးစပ်ပေါက် ကိုယ် ပိတ်သလိုဖြစ်နေပြီ ထူတယ် အ"တယ်လို့ ထင်နိုင်ပါတယ်
အခု ဒီစာဖက်နေသော မိတ်ဆွေရော ကျွန်တော့်ကို ဘယ်လိုထင်ပါသလည်း

မိတ်ဆွေအနေနဲ့ အရမ်းခက်ခဲမယ်လို့ တွေးထင်ထားမှာပါ
ဟုတ်ပါတယ် မသိရင်တော့ ခက်ခဲပါတယ် ကျွန်တော် ဆိုရင် အချိန်တွေ အမှားတွေ အများကြီးရင်း ပြီးမှ သိခဲ့ရတာပါ မိတ်ဆွေအနေနဲ့ ကျွန်တော့်လို အများကြီး ရင်းစရာမလိုပါဘူး စာလေး နှစ်ကြောင်း သုံးကြောင်း ဖက်လိုက်တာနဲ့ သိပါပြီ အိုင်တင်ခံနေတယ် လို့ မထင်ပါနဲ့ စာပေရဲ့ ကျေးဇူး စာတကြောင်းရဲ့ ကျေးဇူးသိအောင် ပြောပြတာပါ။

ကဲ.... ကားလောက ကျွန်တော် သိသမျှ

Crd; original uploaded

"ကားနှင့်ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်များ”၁။ ကားစက် စနှိုးမယ် ဆိုရင် ၃ ခါထက်ပိုပြီး မရမချင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်...
16/08/2025

"ကားနှင့်ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်များ”

၁။ ကားစက် စနှိုးမယ် ဆိုရင် ၃ ခါထက်ပိုပြီး မရမချင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား starter motor ကြောင့်လား ဆီကုန်နေတာလား သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။ (ဟွန်းတော့ကောင်းရမယ်😁😁)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက္ကန့်) လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။ အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။ ပြီးရင်လည်းလီဗာ(accelerator) ကို တန်းပြီး တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွားအောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့ ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင် ထိုးမရပ်မချင်းစီးတော့တာပါပဲ။ owner manual / service manual စတဲ့ စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင် online ကနေရှာ ဖတ်လို့ရပါတယ်။ ဒီမှာက ကိုက်ညီတဲ့ octane number သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ် 92 နဲ့ 95 ပဲထည့်ရတာပါပဲ။

၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့် 3000 km တစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား ကောင်းရင် ကောင်း သလို 5000 km ထိရတာလည်းရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level (lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်များများ က customer အကြိုက် အင်ဂျင်ဝိုင်ပုံး အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်များခြင်းဟာ နည်းခြင်းနဲ့ ဆိုးကျိုးအတူတူပါပဲ။ အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါတယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။ over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။ ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့ dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး (ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။ အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။ Theory အရ ATF ကို CVT မှားထည့်တာထက် CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။ ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။ ဥပမာ Honda GD1 ဆိုရင် HMMF CVT ပါ။ Mitsubishi C**t ဆိုရင် dip stick မှာ ATF (original) ရေးထားပေမယ့် CVT ဂီယာဘောက်စ် ပါ။

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။ ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေးသလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့ အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။ plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ လေးနဲ့ပဲ ဆေးရမှာပါ။ ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံးပါ။

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။ (ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင့်ပါနှင့်) အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် ရေသန့်လေးဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင် ပြန်ဖွင့်ကြည့်ပါ။ လျော့နေရင် leakage ဖြစ်နေတာပါ။ တစ်ပတ်တစ်ခါ ပြည့်နေရင်တော့ မလိုပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာ ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်တဲ့ ကိရိယာလေး ဝယ်ထားပါ (၃၀၀၀ ကျပ်) တချို့ဆိုင်တွေက လေပေါင်တော်တော်များပါတယ်။ အကြောင်းက လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။ သတိထားပါ။ တာယာတွေကတော့ Theory မှာ ၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး ၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။ တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း ၆ နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့ လိုမည်မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။ ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။😊😊😊

တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါရစေ။

Swift, Vitz, Fit, Ractis, Demio, C**t, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့ ကားတွေက Hatchback အမျိုးအစားပါ။

Axio, Belta, Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့ကားတွေက Saloon (Sedan) ကားတွေပါ။

AD van, Mark II Blit တို့လိုက Station wagon (van) တွေပါ။

တံခါး ၅ပေါက်မှာမှ suzuki Rplus လို နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။

Wish တို့ Ipsum တို့ က MPV (Multipurpose vehicle) ပါ။

စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။

ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။

Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။2 rpm မဟုတ်ပါ။

Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း model တွေက 1.2 များပါတယ်။

March, Latio, Note ပုံပြောင်းလေးတွေက 1.2 ပါ 1.3 မဟုတ်ပါ။

ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။

Thermostat ကို မထုတ်ကြပါနဲ့။ Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။
လိုအပ်လို့ထည့်ပေးထားတာပါ။

ကဲ ဘာရှိသေးလဲဗျာ ???
ကားနဲ့ပတ်သက်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း
ဗဟုသုတရစေရန်အတွက် ရည်ရွယ်၍
ရေးသားလိုက်ပါတယ်ခင်ဗျ။

✅ Sold Out ✅✅ Toyota Alphard MZG ✅✅Colour - Gray✅Model - 2003✅Number 5F-**** ✅Engine - 3.0 Cc & 2wd✅License - Mdy✅Slide ...
15/08/2025

✅ Sold Out ✅

✅ Toyota Alphard MZG ✅

✅Colour - Gray

✅Model - 2003

✅Number 5F-****

✅Engine - 3.0 Cc & 2wd

✅License - Mdy

✅Slide Door - 1 door

✅Back Door Motor

✅Original TV & Back Camera

✅ Car condition good

✅Tier good

✅Engine good

✅Location Mdy

✅Price - 12**

✅KMT ☎️ - 09404241237

Address

74 33×34st
Mandalay

Website

Alerts

Be the first to know and let us send you an email when KMT AUTO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category