𝐌𝐃𝐘 𝐊𝐨 𝐌𝐲𝐚𝐭

  • Home
  • Myanmar
  • Mandalay
  • 𝐌𝐃𝐘 𝐊𝐨 𝐌𝐲𝐚𝐭

𝐌𝐃𝐘 𝐊𝐨 𝐌𝐲𝐚𝐭 Run The Race Of Life At Your Own Pace♥♥

အကြွေးဆပ်ရာရှိရင် ထွက်မပြေးပဲ ဆပ်တာက အကောင်းဆုံးပါပဲ။ဖွဖွ လွဲပါစေ၊ ပယ်ပါစေ… ကိုယ်သာ အကြွေးရှိပြီး မဆပ်နိုင်သေးရင် မပြေးပ...
27/04/2026

အကြွေးဆပ်ရာရှိရင် ထွက်မပြေးပဲ ဆပ်တာက အကောင်းဆုံးပါပဲ။
ဖွဖွ လွဲပါစေ၊ ပယ်ပါစေ…
ကိုယ်သာ အကြွေးရှိပြီး
မဆပ်နိုင်သေးရင် မပြေးပါဘူး။

လိုင်းပေါ်တင်ပြီး တောင်းပန်မယ်၊
ကျေအောင်ဆပ်ပါမယ်လို့ ကတိပေးမယ်။
သူများအရှက်ခွဲတာ မခံဘူး… ကိုယ်တိုင် ဖွင့်ပြောပြီး ဝန်ခံမယ်။
အမှားကိုတောင်းပန်မယ်
ခြေထောက်ဖက်ပြီး တောင်းပန်သင့်ရင်တောင်းပန်မယ်
ကိုယ့်အပြစ်ကို ကိုယ်ခံမယ်။
ရှိတာအကုန် ရောင်းချပြီး ဆပ်မယ်။
ကျန်တာတွေကိုတော့ အတိုးရပ်ပြီး
အရင်းကို စောင့်ခိုင်းမယ်။
ထိုင်ရှိခိုးရင် ခိုးရပါပါစေ တောင်းပန်ပါမယ်။

မဆပ်ပဲ ပြေးတာကတော့ လူညွန့်တုံးတာပါ။
နာမည်ပျက်သွားရင် ဘယ်နယ်ပယ်မှာမှ လုပ်စားလို့မရနိုင်တော့ဘူး။
ဘယ်သူကမှ ကိုယ့်ကို ယုံကြည်မှု
မရှိတော့ဘူး။

ဘာလုပ်လုပ် အဆင်မပြေတော့ဘူး။
လူလည်း အရောင်မထွက်တော့ဘူး။ကျိန်စာမိပြီး အရောင်မထွက် ရောဂါထူလာတတ်တယ်။
နေရထိုင်ရတာလည်း ပုန်းကွယ်ပြီး နေရမယ်… မလွတ်လပ်တော့ဘူး။

လူလိမ် သရားဝင်သွားရင်
နေစရာဘောင် ကျဉ်းလာမယ်။
ဘယ်ကမှပေါင်းချင်သင်းချင်စိတ်ခေါ်ပြောချင်တဲ့စိတ်မရှိတော့ဘူး။
ဘဝကသိမ်ငယ်စရာကြီး
ရှင်စရာကြီး မပြေလည်လို့တောင်းပန်ပြီး
ဖြည်းဖြည်းခွဲဆပ်နေတာကမှဂုဏ်ရှိသေးတယ် နာမည်ကျန်သေးတယ်။
Tတ်တေဖို့လည်းမစဥ်းစား Tတ်လည်းမတေဘူးး
သံသရာအကြွေး အပါမခံနိုင်ဘူး
ဒီဘဝမှာတောင် ဒီလိုဖြစ်နေတာ
နောင်ဘဝဆို ဘယ်လောက်ထိ စုတ်ပြတ်သွားမလဲ မတွေးရဲစရာပါ။

အကြွေးယူပြီး ပြေးတဲ့သူတွေ၊
မဲကြေးတွေ လိမ်ပြီး ပြေးတဲ့သူတွေ…
အဲ့လိုလူတွေကို အတုမယူကြပါနဲ့။

မကောင်းတဲ့ လမ်းစဉ်ကို မလိုက်ကြပါနဲ့။
သူတို့ ပုန်းရှိုးကွယ်ရှိုး နေနေရတဲ့ဘဝ၊
အရှက်ကွဲ၊ သိက္ခာမရှိ၊
လူယုံကြည်မှု မရှိတဲ့ဘဝတွေကို ကြည့်ပြီး
သင်ခန်းစာယူကြပါ။

ငါတော့ အဲ့လိုအဖြစ် မခံဘူး၊
နာမည်အပျက် မခံဘူး၊
နာမည်အသေ မခံဘူး” ဆိုတဲ့ စိတ်မျိုးထားကြပါရှင်။
ဘယ်တော့မှ အကြွေးနွံမနစ်ပါစေနဲ့
ကဲ့ရဲ့တာမဟုတ်ပါဘူး
သင်ခန်းစာယူဖို့ အဲ့လိုအမှားမျိုး
မဖြစ်ဖို့ သင်ခန်းစာယူဖို့ပြောတာပါရှင်။


21/09/2025
ငွေသိန်း100နီးပါးလိမ်သွားသော လူလိမ်ပါ သတိထားကျပါ❌ မန္တလေးမြို့ မြောက်ပြင် ၉လမ်း ၇၄-၇၅ကြားနေထိုင်သော⭕ မိခင် ဒေါ်နု ( စည်ပ...
16/09/2025

ငွေသိန်း100နီးပါးလိမ်သွားသော လူလိမ်ပါ သတိထားကျပါ❌ မန္တလေးမြို့ မြောက်ပြင် ၉လမ်း ၇၄-၇၅ကြားနေထိုင်သော⭕ မိခင် ဒေါ်နု ( စည်ပင်ဝန်ထမ်း) + အဖ ဦးကျော်မျိူးသိန်း တို့၏သား ကျော်မျိူးဦးသည် မြဝတီမြို့သို့ အလုပ်လာလုပ်စဥ်အချိန်အတွင်း ကျွန်တော်ငွေများကို ယုံကြည်မူဖြင့်ချေးဌားပြီး⛔ ယခုအချိန်ထိထွက်ပြေးတိန်ရှောင်နေသောကြောင့် သူမိဘများဖြင့်သော အကြောင်းကြားသောလဲ ☎ 09408021150/ 09440053591❗ ဆက်သွယ်ရာတွင် မန္တလေးမြို့မြောက်ပြင်သို့ရောက်ရှိနေကြောင်းသိရပြီး နေအိမ်တွင်မရှိ ထွက်ပြေးတိမ်ရှောင်ခဲ့သည်....⛔ သူဖုန်း ☎ 09679910216 အကြိမ်ပေါင်းများစွာဆက်လဲ မကိုင်ပါ.❌..သို့ဖြစ်ပါ၍ သူမိသားစုများဖြစ်သော❕💯 သူမိဘများနှင့် သူညီမများ ညီများ ဒီpostတွေ့ပါစေ.... သူတို့မိဘများ အလုပ်အကိုင် စည်ပင်ဝန်ထမ်းများဖြစ်ပြီး အစိုးရတိုက်တန်း ပထမထပ်နေထိုင်သည့်ဟုသိရသည်🛑... ကျော်မျိူးဦး အကြွေး အမြန်ဆုံး လာဆပ်ပါ.... ဝဋ်ကြွေးဖြစ်နေရင် မင်းပိုပြီးခံရလိမ့်မယ်... အပူစာတွေ မစားပါနဲ့
ကျော်မျိူးဦး ခေါ် ထက်အာကာ..(scammerလုပ်နေတယ်ကြားတယ်)
Fb acc

https://www.facebook.com/share/1AepLx3sSK/

Telegram acc

စောက်ကြီး စောက်ကျယ် ဖြစ်သွားတဲ့လူတွေ နဲ့လည်းစုံဖူးတယ်အဲ့လိုကိုယ်တိုင်တွေ့ကြုံဖူးမှဘဲ သူငယ်ချင်း အစစ် နဲ့ အတု ခွဲခြားတတ်လ...
07/04/2023

စောက်ကြီး စောက်ကျယ်
ဖြစ်သွားတဲ့လူတွေ နဲ့လည်း
စုံဖူးတယ်

အဲ့လိုကိုယ်တိုင်တွေ့ကြုံဖူးမှဘဲ
သူငယ်ချင်း အစစ် နဲ့ အတု ခွဲခြားတတ်လာတယ်

အောက်ခြေလွတ်သွားတဲ့သူငယ်ချင်းနဲ့ ကြုံဖူးတယ်
ဘဝင်မြင့်သွားတဲ့ အ ပေါင်းအသင်းနဲ့လည်းတွေ့ဖူးတယ်

သြော် ကြီးလိုက်ရတဲ့ မာန

နောက်ဆုံးတော့လည်း ပုံထဲက အတိုင်းပါဘဲ 😊

မိတ်အတု ဆွေအတု``````````````````````````မိတ်ဆွေဆိုတဲ့ စကားလုံးလေးကိုကြားလိုက်ရုံနဲ့ ကျွန်တော်တို့ဘဝမှာ ပေါင်းသင်းဆက်ဆံရင...
05/04/2023

မိတ်အတု ဆွေအတု
``````````````````````````

မိတ်ဆွေဆိုတဲ့ စကားလုံးလေးကိုကြားလိုက်ရုံနဲ့ ကျွန်တော်တို့ဘဝမှာ ပေါင်းသင်းဆက်ဆံရင်းနှီးခဲ့ဖူးတဲ့သူတွေကို သတိရမိမယ်မဟုတ်လား ။ သေချာတာတစ်ခုက သတိရမိမှာပါ ။ ဘာကြောင့်လဲဆို ဒီလို သတိတရဖြစ်နေမယ့် အကြောင်းမျိုး ကောင်းကောင်းရှိခဲ့လို့ပဲဖြစ်တယ် ။

လူဆိုတာ ဘဝတစ်ခုမှာ အခြေချပေါက်ဖွားလာပြီဆိုကတည်းက ပတ်ဝန်းကျင်၊ အပေါင်းအသင်း ၊ မိတ်ဆွေဆိုတာ ရှိကိုရှိလာမှာပါ ။
အဲဒီအထဲမှာမှ ကျွန်တော်တို့အပေါ်ကောင်းတဲ့ မိတ်ဆွေတွေလည်းရှိသလို ၊ အပေါ်ယံအလိုရှိတုန်းလာပေါင်းတဲ့ မိတ်ဆွေအတုတွေလည်းရှိမယ် ။ ဒါပေမဲ့ ဘယ်သူကမိတ်ဆွေအတု၊ ဘယ်သူက မိတ်ဆွေ အစစ်လဲဆိုတာကိုတော့ ကျွန်တော်တို့ သာမန်မျက်လုံးနဲ့ကြည့်လို့
သိနိုင်မှာမဟုတ်ပါဘူး ။ အခက်အခဲဒုက္ခဆိုတဲ့ မျက်လုံးနဲ့ကြည့်မှသာ မြင်နိုင်တွေ့နိုင်မှာဖြစ်တယ် ။

အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး
ကျွန်တော် အရင်က စာအုပ်တစ်အုပ်ထဲမှာ
ဖတ်ခဲ့ဖူးတာလေးကို ပြန်ပြောပြချင်ပါတယ် ။

တစ်ခါတုန်းက
မိတ်ဆွေနှစ်ယောက်ဟာ ခရီးသွားနေတုန်း ဝက်ဝံကြီးတစ်ကောင် ရုတ်တရက်ပေါ်လာတယ် ။ ဒီအခါမှာ မိတ်ဆွေနှစ်ယောက်ထဲက တစ်ယောက်က သစ်ပင်ပေါ်ကို လျင်လျင်မြန်မြန် တက်ပြေးပြီးပုန်းနေတယ် ။ ကျန်ခဲ့တဲ့မိတ်ဆွေကတော့ ဝက်ဝံကြီးရန်ကလွတ်အောင် မပြေးသာတော့တာနဲ့ မြေကြီးပေါ်ကိုလှဲချပြီး သေချင်ယောင်ဆောင်နေလိုက်တယ် ။
ဝက်ဝံကြီးဟာ အဲ့ဒီသေချင် ယောင်ဆောင်နေတဲ့သူဆီရောက်လာပြီး နှာခေါင်းကြီးနဲ့ထိုးနမ်းကာ အနံ့ခံကြည့်တယ် ။ သူက အသက်အောင့်ထားရတယ် ။ ဝက်ဝံဆိုတာ လူသေကို ဘာမှရန်မလုပ်တတ်ဘူးလို့ ပြောတာပဲ ။

ဝက်ဝံကြီးဟာ မျက်နှာနားကပ်ပြီးနှာခေါင်းကြီးနဲ့ အနံခံကြည့်၊ စူးစမ်းကြည့်တော့ ဒီလူဟာသေနေတဲ့လူပဲလို့ထင်ပြီး ထွက်ခွာသွားတယ် ။ ဝက်ဝံကြီးထွက်သွားတော့မှ သစ်ပင်ပေါ်မှာပုန်းနေတဲ့ မိတ်ဆွေကဆင်းလာပြီး သေချင်ယောင်ဆောင်ခဲ့ရတဲ့ မိတ်ဆွေကို ” မင်းနားကပ်ပြီး ဝက်ဝံကြီးက ဘာတွေတိုးတိုးတိတ်တိတ်နဲ့ ပြောသွားလဲလို့ မေးတယ် ”တဲ့ ။ ဒီတော့ သေချင်ယောင်ခဲ့တဲ့မိတ်ဆွေက " အခက်အခဲနဲ့ ဘေးရန်ကြုံတဲ့အခါမျိုးမှာ ကိုယ့်ကို ဘာမှမကူညီ မရိုင်းပင်းတဲ့မိတ်ဆွေမျိုး ၊ ကိုယ်လွတ်ရုန်းသွားတတ်တဲ့ မိတ်ဆွေမျိုးတွေနဲ့ နောင်ကို ဘယ်တော့မှခရီးမသွားဖို့ ပြောသွားတယ်လို့ " ပြန်ပြောလိုက်တယ်တဲ့ ။

ဟုတ်ပါတယ် ။
ကျွန်တော်တို့ လက်တွေ့ဘဝထဲမှာလည်း ဒီသာဓကထဲကလို မိတ်ဆွေမျိုးတွေ အများကြီးရှိပါတယ် ။ ဒါတွေကိုလည်း မြင်ဖူး ၊ တွေ့ဖူး ၊ ကြုံဖူးကြလိမ့်မယ်လို့ ထင်ပါတယ် ။ တကယ်တော့ လူ့လောကကြီးက ကျွန်တော်တို့​ငယ်ငယ်က သိထားသလိုမျိုး မရိုးရှင်းပါဘူး ။ အပေါ်ယံအရောင်ပြတွေနဲ့ မျက်နှာဖုံးတွေ သိပ်များပါတယ် ။ အမြင်ကိုကြည့်ရုံနဲ့ ဒီလူဟာ ငါ့အပေါ်မှာ ဒီလိုစိတ်မျိုးရှိတယ်လို့ တစ်ထချ မှတ်ယူမိရင်တော့ သေချာပါတယ် မှားမှာပါပဲ ။

ဒါကြောင့် ဘဝမှာ
ကိုယ်ဘက်က အသာနေရတဲ့အချိန်မှာ ပေါင်းပြီး ကိုယ်ကအနစ်နာခံရမယ့်အခါ ရှောင်ခွာသွားတတ်ကြတဲ့ မိတ်ဆွေမျိုးတွေ ၊ ကူဖို့လက် မဲ့ပြီး ၊ ယူဖို့လက် သက်သက်ပဲ ရှိတဲ့လူတွေ ၊ လိုချိန်မှာ အောက်ကျို့ပြီး မလိုချိန်မှာ ချောက်တွန်းချင်တဲ့လူတွေ ၊

အဲဒီလို လူတွေ
လောကမှာ ဆင်ခြင်ပြီးပေါင်းပါ ။
တချို့က မိတ်ဆွေဆိုတဲ့ အမည်လေးထိုးပြီး
အရိပ်လည်းခို ၊ အခက်လည်းချိုးချင်ကြတယ် ။

🙏အင်္ဂါ ထွဋ်ခေါင်🙏အင်္ဂါသားသမီးမှန် ဒီစာ ကို ယူသွားကြပါနှစ်နှစ်တာကာလ အတွင်းအင်္ဂါသားသမီးတွေဘယ်လောက်ဒုက္ခ သုက္ခတွေကြားရုန...
22/03/2023

🙏အင်္ဂါ ထွဋ်ခေါင်🙏

အင်္ဂါသားသမီးမှန် ဒီစာ ကို ယူသွားကြပါ

နှစ်နှစ်တာကာလ အတွင်း
အင်္ဂါသားသမီးတွေ
ဘယ်လောက်ဒုက္ခ သုက္ခတွေကြား
ရုန်းကန်နေရတယ်ဆိုတာ
အင်္ဂါသားသမီးတွေ ကိုယ်တိုင်
အသိဆုံးနေမှာပါ

ရန်သတ္တုကြီးစိုးတဲ့ နှစ်နှစ်တာကာလအတွင်း
အင်္ဂါသားသမီးတွေ
အတိုက်အခံပေါများမယ်
အခက်အခဲပေါင်းစုံ ရင်ဆိုင်ရမယ်
အဆင်မပြေခြင်းတွေသာ အဖော်ပြုနေရမယ်
မိမိ ပင်ကိုယ်စိတ်ကိုကလဲ ဒေါသတရားတွေသာ ကြီးစိုးနေမယ်

စီးပွားရေး အဆင်မပြေမှုတွေကြားက
ဒီ post ကို မြင်လိုက်ပြီဆိုကတည်းက
သင့်အတွက် ရောင်နီ လာပါပြီ

သက္ကရာဇ်ကူးပြီးတာနဲ့
နှစ်ဆန်းတရက်နေ့ ရောက်တာနဲ့
အင်္ဂါဟာ အဓိပတိပါ
အင်္ဂါဟာ ထွဋ်ခေါင်ပါ

ကံကောင်းတဲ့ အင်္ဂါသားသမီးတွေ
ဘာမှလုပ်စရာမလိုပဲ
ရတနာပုံ ဆိုက်ကိန်း ကြုံမယ်

နှစ်နှစ်တာကာလ ပင်ပန်းခဲ့သမျှ
၁၃၈၅ ခုကတော့
ဇိမ်နဲ့နေရမယ့် နှစ်ပါ
အလိုလိုနေရင်း ငွေတွေဝင်လာမယ်
ရန်တွေကို အနိုင်ယူမယ်
အခက်အခဲတွေ တားဆီးပိတ်ပင်မှုတွေက
နေလာ နှင်းပျောက်ဆိုသလို
လွင့်ပါးသွားမယ်

ကံအနည်းငယ်ညံ့တဲ့ အင်္ဂါသားသမီးတွေကြ
နည်းနည်းလောက် လုံလဝီရိယစိုက်လိုက်တာနဲ့
အောင်မြင်မှုတွေ ဖောချင်းသောချင်း
ရရှိပါလိမ့်မယ်

မေးစရာရှိလာပြန်သေးတယ်
မဟာဘုတ် ကိန်းတခုတည်းလားတဲ့

နောက်ကိန်းတခုရှိပါသေးတယ်

အင်္ဂဝိဇ္ဇာကိန်းအရ ဆန်းလာ

ဆန်းလာဆိုတော့
အတိုင်းထက်အလွန် တံခွန်ကုက္ကားဆိုသလို

အညွန့်မှာ အင်္ဂါသားသမီးတွေ ရောက်ပါပြီ

ကိန်းနှစ်ခု
နှစ်ထပ်ကိန်းအရ
အင်္ဂါသားသမီးတွေ
ထီပေါက် ရင် နှစ်ကြိမ်ပေါက်နိုင်ပြန်တယ်
အမွေ နှစ်ကြိမ်ရနိုင်တယ်

၁၃၈၅ ခုအတွင်း
ငွေ အကြီးအကျယ် နှစ်ကြိမ် ဝင်မယ်

ကျန်းမာချမ်းသာကြပါစေ

ဟုတ်တယ်ဆိုမှ ဟုတ်တယ်ပြောပါ🤘
Copyပြန်လည် မျှဝေပေးတာပါ

မူရင်းရေးသားသူ =ဆရာအာကာထွဋ်ခေါင်

ပန်းတိုင်ကိုရောက်ဖို့အတွက်.....လူတွေရဲ့မျက်လုံးတွေကို မကြည့်ပါနဲ့ကိုယ်လမ်းကိုသာကြည့်ပါ။အောင်မြင်မှုရဖို့အတွက်......လူတွေ...
22/03/2023

ပန်းတိုင်ကိုရောက်ဖို့အတွက်.....
လူတွေရဲ့မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ်လမ်းကိုသာကြည့်ပါ။

အောင်မြင်မှုရဖို့အတွက်......
လူတွေရဲ့ စကားတွေကို နားထောင်မနေပါနဲ့။
ကိုယ်ဆုံးဖြတ်ချက်ကိုသာ ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက်......
လူတွေရဲ့ အမှုအရာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင်......
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။

စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်မယ်။

အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။

တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲလို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီး
ပါတယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။

ကိုယ်လဲကျနေရင်တော့ ကိုယ်ကိုတိုင်းပဲ
ပြန်ထနိုင်အောင် ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ
ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တစ်ခုပါ။
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ.......
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်း
တစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမှာလည်းဆိုတာ
ကိုယ်အပေါ်မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက်မဖြစ်သေးရင်တောင်
က်ုယ့်ကိုယ်ကို မလိမ်မိပါစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့ ကိုယ့်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲရှိတယ်။

Passport Online Booking တင်ချင်း Ygn Onlyပါကိုယ့်ဖုန်းနဲ့ကိုယ် ကိုယ့် Laptopနဲ့ကိုယ် တင်လို့လည်းရပါတယ်အတတ်နိုင်ဆုံး ကိုယ...
25/02/2023

Passport Online Booking တင်ချင်း Ygn Onlyပါ

ကိုယ့်ဖုန်းနဲ့ကိုယ် ကိုယ့် Laptopနဲ့ကိုယ် တင်လို့လည်းရပါတယ်

အတတ်နိုင်ဆုံး ကိုယ့်ပါကိုတင်တာအကောင်းဆုံးပါ

Step By Stepမတင်တတ်တာ လိုင်းအခက်အခဲကြောင့် ကိုယ်တိုင်မတင်ချင်ဘူးဆို တင်ပေးပါမယ်
Serviceကြေးလေးတော့ယူပါတယ် အများကြီးမဟုတ်ပါ
တစ်ရက်ကို ၇ယောကျပဲလကျခံပါမယျ
မှန်မှန်ကန်ကန်နဲ့ ပြီးချင်လို့ပါ

ငွေကြိုမလွှဲရပါ ငွေလွှဲရမ့ယ့်Stepရောက်မှ လွှဲပေးပါ Kpay/MPU ပါ
မှန်ကန်နဲ့ရေရှည်လုပ်ချင်လို့ပါ

အရင် Qr ရယူထားသူများ ပယ်ဖျက်လိုက်ပါပြီ..
အသစ်ပြန်လျှောက်ရပါမယ်...

Qr လျှောက်သူတိုင်း အရင်Qr ယူချိန် ၉နာရီမှ စတင်ပေးမည်ဖြစ်ပြီး passport ဝန်ဆောင်ခ
အသစ်ဆိုလျှင် ၃၅၀၀၀
ပျောက်ဆုံး ပျက်စီး ၇၅၀၀၀
သက်တမ်းတိူး ၃၅၀၀၀
စာအုပ်အဟောင်းပြရမည်
(စာအုပ်အဟောင်းက ပျက်စီးနေပါက ၇၅၀၀၀)

တပါတည်းပေးသွင်းရန် Kpay
MPU card ရှိရမည် ..
(MPU card ဆိုလျှင် e-commerce အသုံးပြုရန်လျှောက်ထားသော card ဖြစ်ရမည်.)

ရုံးတွင်း ထပ်ပေးရန်မလိုတော့ပါ..

အလျှင်လိုသူများ ပြင်ဆင်ထားပါအဆင်သင့်

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်*********************ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်ဘေးနားက အပေါင်းအဖော်တွေကို မိတ်ဆွေကောင်းတွေလိ...
05/02/2023

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
*********************
ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
ဘေးနားက အပေါင်းအဖော်တွေကို
မိတ်ဆွေကောင်းတွေလို့ ထင်မိနေအုံးမှာ

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
ကိုယ့်အနာဂါတ် ကိုယ်ဖျက်မိတယ်လို့
ထင်မိနေအုံးမှာ

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
ရာထူး၊ ဂုဏ်သိမ်၊ စည်းစိမ်တွေဟာ
ကိုယ်စောင့်ထိန်းရင် မြဲနေတယ်လို့
ထင်နေအုံးမှာ

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
ဗလကြီးတွေက သန်မာတယ်ထင်ပြီး
အားကျနေအုံးမှာ

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
စွန့်လွှတ်တာနဲ့ စွန့်စားတာကို
ချော်လဲရောထိုင်သူတွေနဲ့ ရော
မြင်နေအုံးမှာ

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
တောင်ပေါ်မြေပြန့် ကိုယ်ချင်းစာ
တရားကို ကြားစကားနဲ့ ဥာဏ်မီ
သလောက် တွေးနေရအုံးမှာ

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
လော်စပီကာဖွင့် ရွှေတွေသီးအောင်
ဝတ်ပြပြီးမုန့်တစ်ပွဲကျွေးတာကို
အလှူကြီးပေးတယ် ထင်နေအုံးမှာ

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
တစ်သက်လုံးဦးညွှတ်ခဲ့ရတဲ့သူတွေကို
လေးစားစရာ ကောင်းတဲ့သူတွေလို့
ထင်မိနေအုံးမှာ

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
ဝိသမာလောဘစီးပွါးရေးသမားဆိုတာ
ဘယ်လိုလူမျိုးလဲလို့ သိခွင့်ရချင်မှ
ရအုံးမှာ

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
သတ္တိရှိသူတွေနဲ့ မိုက်ရူးရဲဆန်တာ
ခွဲရခက်နေအုံးမှာ

ခေတ်ဆိုးကြီးကို မကြုံခဲ့ရင်
အမှားကို အမှန်ထင်
ဓမ္မနဲ့ အဓမ္မ ခွဲခြားသိမြင် နိုင်မယ်
မထင်

တကယ်ပါပဲ ခုလိုတွေ့ခွင့်ရတာက
ခေတ်ဆိုးကြီး ကြုံခဲ့လို့ပေါ့

ကဲ ခေတ်ဆိုးကြီးရေ
လူတွေအကြောင်းလည်း သိခဲ့ပြီ
လောကဓံကို စာဖွဲ့နိုင်ပြီ
သစ္စာ၊ မေတ္တာနဲ့ ချစ်တာတွေလည်း
နားလည်ပြီ စွန့်လွှတ်၊ စွန့်စား
အနစ်နာခံခြင်းတရားနဲ့
ကိုယ်ချင်းစာတရားတွေလဲ မြင်ရပြီမို့
မင်းလည်း နိဂုံးအဆုံးသတ်သင့်ပြီ

အဆိုးတွေပြီးရင် အကောင်းတွေ
တစ်လှည့်မို့ ငါတို့တွေကို အလှည့်ပေးသင့်ပြီ
မျှော်လင့်ထားသော အနာဂါတ်ဆီ

ရှောင်နေလိုက်ပါ မိတ်ဆွေ ....သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီ ဆိုရင်တိုက်ရိုက် သွားမပြောနဲ့ ။မသိသလို နေပေးပြီးတော့ နောက်ဆို ကို...
04/02/2023

ရှောင်နေလိုက်ပါ မိတ်ဆွေ ....

သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီ ဆိုရင်
တိုက်ရိုက် သွားမပြောနဲ့ ။
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ ။

သူ့အကျင့်ကို ရိပ်မိနေပြီမလား ?
သွားပြီး ပေါက်ကွဲမပြနဲ့ ။
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ ။

နင်က ဘယ်လို ငါက ဘယ်လို ဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့ မလိုပါဘူး ။

ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီမလား ?

ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့ ။
တဖြည်းဖြည်း ရှောင်နေလိုက်ပါ ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ ။

တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ ။
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး ။

မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ် ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ် ။

ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူ လို လေလွှင့်

ခွင့်ရရင် ရသလို ဖဲ့ညှစ်
အရာရာကို သူ့အပြစ် မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့ လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ ။

⛔️ပိုက်ဆံရှိကြောင်း မကြွားပါနဲ့၊ဆေးရုံရောက်ရင် ပိုက်ဆံဟာ စက္ကူနဲ့ တူသွားတယ်⛔️သင့်ကို အရမ်းချစ်နေကြောင်း မကြွားပါနဲ့၊သင်ထ...
20/01/2023

⛔️ပိုက်ဆံရှိကြောင်း မကြွားပါနဲ့၊
ဆေးရုံရောက်ရင်
ပိုက်ဆံဟာ စက္ကူနဲ့ တူသွားတယ်

⛔️သင့်ကို အရမ်းချစ်နေကြောင်း မကြွားပါနဲ့၊
သင်ထက်သာတဲ့သူနဲ့ အစားထိုးမယ့်အစီအစဉ်က ရှိနေပြီးသာပါ

⛔️အလုပ်ကောင်းကြောင်း မကြွားပါနဲ့၊
သင်ပြိုသွားတာနဲ့
နောက်တစ်ယောက်ချက်ချင်း အစားထိုးတယ်

⛔️ရာထူးကြီးကြောင်း မကြွားပါနဲ့၊🙅
အသက်၆၀ပြည့်ရင် အော်တိုပြုတ်သွားတယ်

⛔️အိမ်ကြီးအိမ်ကောင်းဆိုပြီး မကြွားပါနဲ့🙅
သင်မရှိတော့တာနဲ့ တခြားလူဟာဖြစ်သွားတယ်😊

⛔️ရွှေ ငွေ လက်ဝတ်ရတနာတွေ
ပေါများပါတယ်လို့ မကြွားလိုက်ပါနဲ့၊
သေသွားရင် ချက်ချင်း ဖြုတ်ယူကြတယ်

⛔️ကားကောင်းစီးနိုင်ကြောင်း မကြွားပါနဲ့၊
သင်ထွက်သွားတာနဲ့ ကားသော့က တခြားလူလက်ထဲရောက်သွားတယ်

🎈တစ်ခုတည်းသော ဂုဏ်ယူစရအကောင်းဆုံးအရာကတော့ သင့်ရဲ့ #ကျန်းမာရေး ပါ👌

#တခြားလူတွေထွက်သွားချိန်မှာ
သင် ရေနွေးကြမ်းသောက်
နေပူစာလှုံရင်း ဘဝကိုခံစား
ကုသိုလ်တရားတွေ လုပ်နေနိုင်ပါတယ်။

ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။

ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။

#မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံး၀ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံး၀မဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။

မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။

မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။

ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။

နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။

တိုတောင်းလှတဲ့ ဘဝလေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။

စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။

Address

Mandalay

Telephone

+959750096144

Website

Alerts

Be the first to know and let us send you an email when 𝐌𝐃𝐘 𝐊𝐨 𝐌𝐲𝐚𝐭 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐌𝐃𝐘 𝐊𝐨 𝐌𝐲𝐚𝐭:

Share