AUNG Auto Maintenance

Call Directions Contact the business

AUNG Auto Maintenance AUNG Auto Maintenance is a skillful and well-experienced workshop since 2015.

We provide Engine & Transmission Inspection, Suspension, Brake, Steering Repairing and Computer Scanning Services for Power Window, Air Condition, Audio & Lighting Repairing.

The Money-Saving Green Light (ECO Indicator)ဒိုင်ခွက်ပေါ်က ECO မီးစိမ်းလေးက "လင်းလိုက်၊ ပျောက်လိုက်" ဖြစ်နေတာ ကားပျက်နေတ...
24/12/2025

The Money-Saving Green Light (ECO Indicator)

ဒိုင်ခွက်ပေါ်က ECO မီးစိမ်းလေးက "လင်းလိုက်၊ ပျောက်လိုက်" ဖြစ်နေတာ ကားပျက်နေတာလား? 🍃💸

ဒီနေ့ ဆိုင်ကို ညီမလေးတစ်ယောက် ရောက်လာပြီး မေးတယ်။

👧 "အစ်ကိုရေ... ကားဒိုင်ခွက်မှာ ECO ဆိုတဲ့ မီးစိမ်းလေးက တော်ကြာလင်းလိုက်၊ တော်ကြာပျောက်သွားလိုက်နဲ့... ဝါယာရိန်းတွေများ ရှော့ဖြစ်နေလားဟင်? ပုံမှန်မဟုတ်သလို ခံစားရတယ်" တဲ့။

ကျွန်တော်လည်း ရယ်ချင်စိတ်ကိုထိန်းပြီး ပြန်ရှင်းပြလိုက်ရတယ်။

👨‍🔧 "ညီမလေးရေ... အဲဒါ ကားပျက်တာ မဟုတ်ဘူး။ အဲဒီမီးလေးက ညီမလေး ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေကို ကာကွယ်ပေးနေတဲ့ မီးလေးပါ"

ECO (Economy) မီးဆိုတာ ဘာလဲ? လွယ်လွယ်ပြောရရင်တော့ "ဆရာက ပေးတဲ့ အမှတ် (Grade)" လိုပါပဲ။ ကားမောင်းနေရင်း အဲဒီ ECO မီးစိမ်းလေး လင်းနေတယ်ဆိုရင်... ကားက ညီမလေးကို စကားလှမ်းပြောနေတာပါ။

✅ "တော်တယ်... အခုမောင်းနေတဲ့နှုန်းက ဆီစားအသက်သာဆုံးပဲ၊ ဒီတိုင်း ဆက်မောင်း" လို့ ချီးကျူးနေတာပါ။

ဒါပေမဲ့ ညီမလေးက လီဗာကို "အုန်း" ခနဲ နင်းချလိုက်မယ်၊ ဒါမှမဟုတ် ကားကို အရမ်းမြန်မြန် မောင်းလိုက်မယ်ဆိုရင်တော့ ECO မီးလေး ပျောက်သွားပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ကားက ပြောချင်တာက...

❌ "ဟေ့... လီဗာအနင်းကြမ်းနေပြီနော်၊ ဆီတွေ တော့စားကုန်ပြီ၊ ပိုက်ဆံတွေ ကုန်တော့မယ်" လို့ သတိပေးလိုက်တာပါ။

ဒါကြောင့် ECO မီးလေးက သူ့အလိုလို "လင်းလိုက်၊ ပျောက်လိုက်" ဖြစ်နေတာ မဟုတ်ပါဘူး။ ညီမလေး ခြေထောက်လီဗာအနင်း ငြိမ်ရင် လင်းမယ်၊ အနင်းကြမ်းရင် ပျောက်မယ်။ သူက ညီမလေးရဲ့ "ခြေထောက်အပြုအမူ" ကို ပြနေတာပါ။

👧 "ဪ... ဒါဆို ညီမ က အဲဒီမီးလေး လင်းအောင် ဂရုစိုက်မောင်းရင် ဆီဖိုးသက်သာမယ်ပေါ့"

👨‍🔧 "ဒါပေါ့... ECO မီးလေး ငြိမ်ငြိမ်လေးလင်းအောင် မောင်းနိုင်ရင် လကုန်တဲ့အခါ ဆီဖိုး သိသိသာသာ လျော့သွားတာ လက်တွေ့ပဲ" လို့ ပြောလိုက်တော့မှ...

👧 "ဟီး... ကျေးဇူးပါ အစ်ကိုရေ။ အခုပြန်မောင်းရင် အဲဒီမီးစိမ်းလေး မပျောက်အောင် ဂရုစိုက်မောင်းသွားတော့မယ်" ဆိုပြီး ပျော်သွားလေရဲ့။
________________________________________

မိတ်ဆွေတို့ သတိထားရမှာက ECO မှာ (၂) မျိုး ရှိပါတယ်။

၁။ ECO Indicator (မီးလုံး): ဒါက အခုပြောခဲ့သလို ကိုယ့်မောင်းနှင်ပုံကို ပြသပေးတဲ့ မီးလုံးသက်သက်ပါ။ (Probox, Toyota bB, Fit စတဲ့ ကားအများစုမှာ ပါတယ်။ ခလုတ်ပါလေ့မရှိပါဘူး)

၂။ ECO Mode (စနစ်): ဒါကတော့ ခလုတ်ပါပါတယ်။ ခလုတ်နှိပ်လိုက်ရင် ကားရဲ့ အင်ဂျင်ပါဝါကို လျှော့ချပြီး ဆီစားသက်သာအောင် အတင်းလုပ်ယူတဲ့ စနစ်ပါ။

သင့်ကားမှာ ECO မီးလင်းနေလား? ပျောက်နေလား? ဆီစားသက်သာပြီး ကားအခြေအနေကောင်းမွန်ဖို့အတွက် စစ်ဆေးပြုပြင်လိုရင်တော့ Aung Auto Maintenance ကို သတိရလိုက်ပါခင်ဗျာ။
________________________________________

📍 Aung Auto Maintenance

65 လမ်း၊ 37 လမ်းနှင့် 38 လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444046179)

55 လမ်း နှင့် 40 လမ်းထောင့် ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444440178)

"ဘက်ထရီ လဲလိုက်ကာမှ စတီယာရင်ကြီး စောင်းသွားတယ်... အောက်ပိုင်းများ ထိသွားသလား?" (VGRS ၏ လျှို့ဝှက်ချက်)ဒီနေ့  အလုပ်ရုံကို...
22/12/2025

"ဘက်ထရီ လဲလိုက်ကာမှ စတီယာရင်ကြီး စောင်းသွားတယ်... အောက်ပိုင်းများ ထိသွားသလား?" (VGRS ၏ လျှို့ဝှက်ချက်)

ဒီနေ့ အလုပ်ရုံကို Land Cruiser ကားကြီးတစ်စီး ဝင်လာတယ်။ ကားပိုင်ရှင်က စိုးရိမ်စိတ်နဲ့ .........။

👴 "ဒီနေ့မနက် ကားက ဘက်ထရီ လဲလိုက်တာ။ အဲဒါပြီးရော လမ်းဖြောင့်မောင်းနေတာကို စတီယာရင်ကြီးက ဘယ်ဘက်ကို စောင်းနေတယ်။ အောက်ပိုင်းတွေများ ထိသွားသလား " တဲ့။

ကျွန်တော်လည်း ပြုံးပြီး...

👨‍🔧 စိတ်မပူပါနဲ့။ အောက်ပိုင်း ပျက်တာ မဟုတ်ပါဘူး။ အကိုကြီး ကားက VGRS စနစ် ပါလို့ပါ" လို့ ရှင်းပြလိုက်ရတယ်။

🚗 VGRS (Variable Gear Ratio Steering) ဆိုတာ ဘာလဲ? သာမန်ကားတွေမှာ စတီယာရင် တစ်ပတ်လှည့်ရင် ဘီးက ဘယ်လောက်ကွေ့မယ်ဆိုတာ "ပုံသေ" သတ်မှတ်ချက် အတိုင်းပဲ ရှိနေပါတယ်။
ဒါပေမဲ့ VGRS ပါတဲ့ ကားတွေကတော့ "မှော်ဆန်တယ်"။ ကားအမြန်နှုန်း (Speed) ပေါ်မူတည်ပြီး သူက အချိုးအစားကို ပြောင်းပေးနိုင်တယ်။

၁။ ကားအနှေးမောင်းချိန် (Low Speed): ပါကင်ထိုးတာ၊ U-Turn ကွေ့တာတွေမှာ စတီယာရင်ကို လက်တစ်ဆုံး လှည့်စရာမလိုအောင် သူက ကူညီပေးတယ်။ (ဥပမာ - စတီယာရင် နည်းနည်းလှည့်ရုံနဲ့ ဘီးက များများကွေ့ပေးတယ်)။ ဒါကြောင့် မောင်းရတာ သက်သာတယ်။

၂။ ကားအမြန်မောင်းချိန် (High Speed): ဟိုင်းဝေးလမ်းမှာ အရှိန်နဲ့ မောင်းနေတုန်း စတီယာရင် နည်းနည်း လှုပ်မိရုံနဲ့ ကားကြီး ချက်ချင်း ကွေ့သွားရင် အန္တရာယ်ရှိတယ်လေ။ ဒါကြောင့် အရှိန်မြန်လာရင် VGRS စနစ်က အလုပ်လုပ်ပေးပါတယ်။ စတီယာရင် များများလှည့်မှ ဘီးက နည်းနည်းပဲ ကွေ့တော့တယ်။ (ဒါမှ ကားကို ကောင်းကောင်းထိန်းချုပ်နိုင်မှာလေ)

🔋 ဒါဆို ဘာလို့ စတီယာရင် စောင်းတာလဲ? VGRS စနစ်က လျှပ်စစ်နဲ့ ထိန်းချုပ်ထားတာ ဖြစ်လို့၊ ဘက်ထရီဖြုတ်လိုက်တာ၊ ဘက်ထရီ အားကုန်သွားတာမျိုး ဖြစ်ရင် သူ့ရဲ့ "Center Point (အလယ်မှတ်)" မှတ်ဉာဏ် ပျောက်သွားတတ်ပါတယ်။ အဲဒီအခါ ကားက လမ်းတည့်တည့်သွားနေပေမဲ့၊ စတီယာရင်ကြီးက စောင်းနေရော။

ဖြေရှင်းနည်း ။

ဒါက Wheel Alignment ချိန်စရာ မလိုပါဘူး။ Scanner ကောင်းကောင်း ရှိတဲ့ အလုပ်ရုံတိုင်း မှာ VGRS Calibration (ပြန်လည်ချိန်ညှိခြင်း) လုပ်လိုက်ရင် ၅ မိနစ်အတွင်း အတည့်ပြန်ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်တို့ စက်နဲ့ ပြန်ချိန်ပေးလိုက်တော့မှ...

👴 "အမယ်... ငါ့လူတို့က ခေတ်မီတဲ့ ကားကြီးတွေလည်း နိုင်နင်းပါပေတယ်" ဆိုပြီး ကျေနပ်သွားလေရဲ့။

မိတ်ဆွေတို့ရဲ့ Toyota Luxury ကားကြီးတွေမှာ VGRS မီးလင်းနေလား?
စတီယာရင် စောင်းနေလား? အောက်ပိုင်းကို ဖြုတ်မချခင် မန္တလေးက Aung Auto Maintenance မှာ အရင်ဆုံး လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
________________________________________
📍 Aung Auto Maintenance
65 လမ်း၊ 37 လမ်းနှင့် 38 လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444046179)
55 လမ်း နှင့် 40 လမ်းထောင့် ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444440178)

ကားလေး စီးရတာ လှည်းစီးရသလို "တောင့်" နေပြီလား? အောက်ပိုင်း မပျက်ပါဘူး၊ လေများနေတာပါ 🚗💨မနေ့က မိတ်ဆွေတစ်ယောက် သူ့ရဲ့ Toyot...
15/12/2025

ကားလေး စီးရတာ လှည်းစီးရသလို "တောင့်" နေပြီလား? အောက်ပိုင်း မပျက်ပါဘူး၊ လေများနေတာပါ 🚗💨

မနေ့က မိတ်ဆွေတစ်ယောက် သူ့ရဲ့ Toyota BB ကားလေး မောင်းလာတယ်။ မျက်နှာက မကောင်းဘူး။

"ကျွန်တော် ကားက စီးရတာ လှည်းစီးရသလိုပဲဗျာ။ တောင့်တောင့်ကြီးနဲ့ အောက်ပိုင်းတွေများ ပျက်နေလား မသိဘူး၊ စစ်ပေးပါဦး" တဲ့။

ကျွန်တော်လည်း ကားကို မောင်းကြည့်လိုက်တော့ တကယ်ပဲ "ဒုန်း... ဒုန်း..." နဲ့ ခုန်နေတယ်။ ဒါနဲ့ ကျွန်တော် အောက်ပိုင်းကို မစစ်ခင်၊ တာယာလေပေါင်ကို အရင်တိုင်းကြည့်လိုက်တယ်။

ဟာ... ဖြစ်ရမယ်။ လေပေါင်က ၄၅ (45 PSI) တောင် ထိုးထားတာကိုး။

👨‍🔧 "ကိုယ့်လူ... အောက်ပိုင်း ကောင်းတယ်။ ခင်ဗျားကားက လေတွေ အရမ်းများပြီး ကျောက်ခဲကြီး ဖြစ်နေတာ"

🤵 "ဟာ... ကျွန်တော်က ဘီးကြည့်လိုက်ရင် နည်းနေသလိုလို ထင်လို့ ဆိုင်ရောက်တိုင်း ထိုးခိုင်းလိုက်တာဗျ"

အဲဒီတော့မှ ကျွန်တော်လည်း ကားဒရိုင်ဘာဘက် တံခါးဘောင်မှာ ကပ်ထားတဲ့ ဒီ Sticker လေးကို လက်ညှိုးထိုးပြပြီး ရှင်းပြလိုက်ရတယ်။
________________________________________

🧐 "ဂျပန်လိုရေးထားလည်း ကြောက်စရာမလို၊ ပုံကြည့်ပြီး ဖတ်ကြမယ်"

ဒီဇယားကွက်လေးက ကားရဲ့ "တာယာအသုံးပြုပုံလမ်းညွှန်" ပါပဲ။ ဂျပန်စာမတတ်လည်း ဂဏန်းကြည့်ရင် အကုန်သိနိုင်ပါတယ်ဗျ။

၁။ (Tire Size) က ဘယ်လောက်လဲ? ဇယားရဲ့ ဘယ်ဘက်ခြမ်းမှာ စာကြောင်း (၂) ကြောင်း ပါတယ်။

• 175/65R14 (အပေါ်ကြောင်း) - ဒါက ၁၄ ပတ်လည် ဂွေဆိုဒ်နဲ့။
• 185/55R15 (အောက်ကြောင်း) - ဒါက ၁၅ ပတ်လည် ဂွေဆိုဒ်နဲ့။
(ကားဘီးကို အရင်ကြည့်၊ R15 လို့ရေးထားရင် အောက်တစ်ကြောင်းကို ကြည့်ရပါမယ်)

၂။ လေပေါင် ဘယ်လောက်ထိုးမလဲ? (Pressure) ညာဘက်ခြမ်းကို ကြည့်လိုက်ပါ။

• 15 ဆိုဒ်သမားတွေအတွက် (185/55R15) - 200 {2.0} လို့ ရေးထားတယ်။
o "ဟာ... လေပေါင် ၂၀၀ တောင် ထိုးရမှာလား" လို့ မမေးနဲ့နော်။ အဲဒါ kPa ယူနစ်နဲ့ ရေးထားတာ။ ကျွန်တော်တို့နားလည်တဲ့ PSI (ပေါင်) နဲ့ တွက်ရင် 2.0 ဆိုတာ ပေါင် (၂၉) သို့မဟုတ် (၃၀) လောက်ပဲ ရှိပါတယ်။

• 14 ဆိုဒ်သမားတွေအတွက် (175/65R14) - 220 {2.2} လို့ ရေးထားတယ်။
o သူကတော့ နည်းနည်းပိုများမယ်။ 2.2 ဆိုတော့ ပေါင် (၃၁) သို့မဟုတ် (၃၂) လောက် ထိုးရပါမယ်။

⚠️ အရေးကြီးဆုံးတစ်ချက် (အောက်ဆုံးစာကြောင်း) ဇယားအောက်ဆုံးမှာ 420 {4.2} ဆိုတာ တွေ့လား? အဲဒါ "အပိုဘီး (Spare Wheel)" အတွက် ပြောတာပါ။ သူ့ကိုတော့ ပေါင် (၃၀) သွားထိုးလို့ မရဘူး။ သူက ပေါင် (၆၀) လောက်ထိ ထိုးထားမှ အရေးကြုံရင် သုံးလို့ရမှာပါ။
________________________________________

ကျွန်တော်လည်း ရှင်းပြပြီးတာနဲ့ သူ့ကား (R15 ဆိုဒ်) အတွက် သတ်မှတ်ချက်အတိုင်း လေပေါင် ၃၀ (30 PSI) ပြန်လျှော့ပြီး မောင်းစမ်းကြည့်ခိုင်းလိုက်တယ်၊

🤵 "ဟာ... ခုမှပဲ ကားက နတ်သမီးလေး ပွေ့ထားသလို ငြိမ့်သွားတော့တယ်ဗျာ" ဆိုပြီး ပြုံးပျော်သွားလေရဲ့။

မိတ်ဆွေတို့လည်း သတိထားပါ... တာယာလေပေါင်ဆိုတာ "မှန်းထိုး" ရတာ
မဟုတ်ပါဘူး။ "ကြည့်ထိုး" ရတာပါ။ နည်းလွန်းရင် ဆီစားမယ်၊ တာယာပူမယ်။ များလွန်းရင် (အခုလို ၄၅ တွေ ထိုးထားရင်) ကားခုန်မယ်၊ အောက်ပိုင်းမြန်မြန်ပျက်မယ်။

ဒါကြောင့် ကိုယ့်ကားတံခါးဘောင်က Sticker လေးကို အခုပဲ သွားကြည့်လိုက်ကြရအောင်။ R15 လား? R14 လား? 2.0 လား? 2.2 လား?

မှန်ကန်သော ပြုပြင်ထိန်းသိမ်းမှုနဲ့အတူ သင့်ခရီးလမ်း သာယာဖို့ Aung Auto Maintenance က အမြဲ ကူညီပေးနေပါတယ်ခင်ဗျာ။
________________________________________

📍 Aung Auto Maintenance

65 လမ်း၊ 37 လမ်းနှင့် 38 လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444046179)

55 လမ်း နှင့် 40 လမ်းထောင့် ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444440178)

Heat တက်သွားတဲ့ ကောင်မလေး ဇာတ်လမ်း... ဘယ်လို ပြီးသွားလဲ? (Happy Ending) 🚗💨 ပြီးခဲ့တဲ့ရက်က "ဝပ်ရှော့မှာ စစ်ပြီးသားကို ပြင...
14/12/2025

Heat တက်သွားတဲ့ ကောင်မလေး ဇာတ်လမ်း... ဘယ်လို ပြီးသွားလဲ? (Happy Ending)

🚗💨 ပြီးခဲ့တဲ့ရက်က "ဝပ်ရှော့မှာ စစ်ပြီးသားကို ပြင်ဦးလွင်အလမ်းမှာ Heat တက်လို့" ဆိုပြီး ဖုန်းဆက် ဆူပူခဲ့တဲ့ ညီမလေးဆီကို ကျွန်တော်တို့ ကိုယ်တိုင် သွားရောက်စစ်ဆေး ပြုပြင်ပေးခဲ့ပါတယ်။

ကံကောင်းတာက အင်ဂျင် Gasket မပြတ်သွားပါဘူး။ ဖြစ်သွားတာက ရေတိုင်ကီအရှေ့က "Electric Radiator Fan (ရေတိုင်ကီ ပန်ကာ)" လေး လည်တာ ရပ်သွားလို့ပါ။

ကျွန်တော်လည်း အသစ်တစ်လုံး လဲပေးလိုက်တော့မှ ကားလေးက အေးဆေးဖြစ်သွားတယ်။ အဲဒီတော့မှ ညီမလေးက မေးတယ်။

👧 "အစ်ကို... ဒီပန်ကာက ဟိုနေ့က ဆိုင်မှာ စစ်တုန်းကတော့ လည်နေတာပဲနော်... ဘာလို့ အခုမှ ထရပ်သွားတာလဲ?" တဲ့။

ကျွန်တော်လည်း ရှင်းပြလိုက်ရတယ်။

👨‍🔧 "ညီမလေး... ဒီကောင်က မီးလုံး (Light Bulb) တစ်လုံးလိုပဲ။" မီးလုံးဆိုတာ မပျက်ခင်စက္ကန့်ပိုင်း အထိ လင်းနေတာပဲ။ 'ငါ နောက်တစ်နာရီနေရင် ပျက်တော့မယ်' ဆိုပြီး အသံမပေးဘူး။ ဒီပန်ကာလည်း ဒီလိုပဲ... အတွင်းထဲက "ကာဗွန် (Carbon Brush)" လေးတွေက သုံးပါများတော့ တိုသွားပြီး ဒီနေ့ကျမှ ကွက်တိ ကုန်သွားတာ။ ဝပ်ရှော့မှာ စစ်တုန်းက ကာဗွန်မကုန်သေးတော့ လည်နေတာပေါ့။ ဒါက လျှပ်စစ်ပစ္စည်း ရဲ့ သဘောတရားပါ၊ ကြိုမြင်ဖို့ ခက်ပါတယ်လို့ ရှင်းပြလိုက်မှ ကျေနပ်သွားတယ်။

ပြီးတော့ ကားကို ပိုပြိး စိတ်ချရအောင် 🌊 Cooling System တစ်ခုလုံးကို စစ်ဆေးရင်း Radiator Cap (ရေတိုင်ကီအဖုံး) နဲ့ Reserve Tank (ရေ အပို သိုလောင်အိုး) ဆက်စပ်ပုံလေးပါ လက်တွေ့ ရှင်းပြပေးခဲ့တယ်။

🌊 Cooling System ဆိုတာ "ရေဘဏ်တိုက် (Water Bank)" လိုပါပဲ

၁။ ငွေအပ်ခြင်း (Deposit): ကားမောင်းလို့ အင်ဂျင်ပူလာရင် ရေတွေက ပွပြီး ဖိအားများလာတယ်။ အဲဒီအခါ Radiator Cap မှာပါတဲ့ pressure valve က အော်တိုပွင့်ပြီး ပိုနေတဲ့ရေတွေကို Reserve Tank (ရေ အပို သိုလောင်အိုး) ထဲ ပို့ပေးပြီး ဖိအားကိုလည်းလျော့ကျစေတယ်။ (ဒါကြောင့် ကားမောင်း ပြီး ရပ်ရပ်ချင်း ကြည့်လိုက်ရင် Reserve Tank ထဲမှာ ရေပြည့်နေတတ်ပါတယ်)

၂။ ငွေထုတ်ခြင်း (Withdraw): ကား ရပ်နားချိန်ကြာသွားလို့ အေးသွားတဲ့အချိန်ကျရင်တော့ ရေတိုင်ကီထဲမှာ လေဟာနယ် (Vacuum) ဖြစ်သွားရော။ အဲဒီအချိန်ကျမှ Radiator Cap မှာပါတဲ့ Vacuum valve ကပွင့်လာပြီး Reserve Tank (ရေ အပို သိုလောင်အိုး) ထဲက ရေတွေကို ပြန်စုပ်ယူလိုက်တယ်။

အဓိကအချက် တကယ်လို့ Radiator Cap မကောင်းရင် ( Radiator Cap မှာပါတဲ့ Pressure Valve နဲ့ Vacuum Valve အလုပ်ကောင်းကောင်း မလုပ်ရင် )... Reserve Tank (ရေ အပို သိုလောင်အိုး) ထဲက ရေကို ပြန်မစုပ်နိုင်တော့ဘူး။ ကြာလာရင် ရေတိုင်ကီထဲမှာ ရေလျော့ပြီး Heat တက်လာရော။ ဒါကြောင့် Reserve Tank (ရေ အပို သိုလောင်အိုး) ထဲမှာ ရေရှိနေရုံနဲ့ စိတ်မချရဘူး၊ ရေတိုင်ကီအဖုံး Radiator Cap ကောင်းဖို့လည်း လိုတယ်လို့ ရှင်းပြပေးလိုက်ပါတယ်။

အခုတော့ ညီမလေးလည်း သဘောပေါက်ပြီး ၊ ကားလည်းကောင်းသွားပြီဆိုတော့ ပြင်ဦးလွင်ခရီးစဉ်ကို ပျော်ပျော်ပါးပါး ဆက်သွားနိုင်ခဲ့ပါပြီ။ 👋
ကားတစ်စီးလုံးရဲ့ အလုပ်လုပ်ပုံကို စေတနာပါပါ ရှင်းပြပြီး၊ လိုအပ်တဲ့နေရာအရောက် လာရောက် ကူညီပေးတဲ့ Aung Auto Maintenance ပါခင်ဗျာ။

________________________________________

📍 Aung Auto Maintenance

65 လမ်း၊ 37 လမ်းနှင့် 38 လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444046179)

55 လမ်း နှင့် 40 လမ်းထောင့် ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444440178)

"ရှင်... ကျွန်မက လိုတာအကုန်စစ်ပေးဆိုပြီး ပြောခဲ့သားပဲ၊ အခုတော့ တောင်ပေါ်မှာ ဟိ (Heat) တက်နေပြီ... ဘယ်လိုလုပ်မလဲ" 😡🔥မနက်စ...
12/12/2025

"ရှင်... ကျွန်မက လိုတာအကုန်စစ်ပေးဆိုပြီး ပြောခဲ့သားပဲ၊ အခုတော့ တောင်ပေါ်မှာ ဟိ (Heat) တက်နေပြီ... ဘယ်လိုလုပ်မလဲ" 😡🔥

မနက်စောစောစီးစီး ဖုန်းသံမြည်လာလို့ ကိုင်လိုက်တာနဲ့ တစ်ဖက်က အသံစူးစူးလေး ထွက်လာတယ်။

👧 "ဟလို... အစ်ကိုရေ... ရှင့်ဆိုင်က ဘယ်လိုလုပ်ပေးလိုက်တာလဲ။ ကျွန်မက ခရီးထွက်မှာမို့လို့ လွန်ခဲ့တဲ့ တစ်ပါတ်က အင်ဂျင်ဝိုင်လာလဲ ရင်းနဲ့ လိုတာအကုန်စစ်ပေးပါလို့ ပြောထားရက်နဲ့... အခု ပြင်ဦးလွင်တက်တဲ့လမ်းမှာ Heat တွေ တက်ပြီး ကားထိုးရပ်သွားပြီ"

ကျွန်တော်လည်း "ဟာ... ဒုက္ခပါပဲ" ဆိုပြီး စိတ်ပူသွားတယ်။

👨‍🔧 "ညီမလေး... စိတ်အေးအေးထားပါဦး။ အစ်ကိုတို့က အကုန်စစ်ပေးလိုက်တာပါ။ ဒါနဲ့... ညီမလေး ဒီမနက် ခရီးမထွက်ခင် ရေတိုင်ကီထဲ ရေစစ်ခဲ့လား?" လို့ မေးလိုက်မိတယ်။

အဲဒီမှာ ပိုဆိုးသွားရော။

👧 "ဘာ...!! ကျွန်မက ဘာလို့ စစ်ရမှာလဲ။ ပြီးခဲ့တဲ့ရက်ကမှ ရှင့်ဆိုင်ကို ပိုက်ဆံပေးပြီး စစ်ခိုင်းထားတာလေ။ ရှင့်တာဝန်ပဲပေါ့။ အခုတော့ Gasket တွေဘာတွေ ပျက်ကုန်ပြီလား မသိဘူး... တာဝန်ယူပေးနော်" တဲ့။

ကျွန်တော်လည်း သက်ပြင်းချပြီး ဖုန်းထဲကနေပဲ ရှင်းပြလိုက်ရတယ်။

👨‍🔧 "ညီမလေး... နားထောင်ပါဦး။ အစ်ကိုက ဝပ်ရှော့ဆရာလေ... နတ်ဘုရားမှ မဟုတ်တာ" 👧 "ဘာဆိုင်လို့လဲ..."

👨‍🔧 "ဒီလိုလေ... ညီမလေး ဖျားလို့ ဆေးခန်းသွားပြတယ်။ ဆရာဝန်က ဆေးထိုးပေးလိုက်လို့ ပျောက်သွားတယ် ဆိုပါစို့။"

နောက်ရက်ကျတော့ ညီမလေးက အိမ်မှာ ရေမချိုး၊ အိပ်ရေးမဝ၊ အစားမရှောင်ဘဲ နေလိုက်လို့ ပြန်ဖျားရင်... "ဆရာဝန် ညံ့လို့ ပြန်ဖျားတာ၊ ဆရာဝန် တာဝန်ယူ" လို့ သွားပြောလို့ ရမလား?

👧 "အဲဒါတော့ မရဘူးလေ..."

👨‍🔧 "အေး... အခုလည်း အဲဒီသဘောပဲ။ ဝပ်ရှော့ဆိုတာ ဆရာဝန်နဲ့ တူတယ်။ ကားလာပြတုန်းက ရှိနေတဲ့ ရောဂါကို ရှာဖွေကုသပေးနိုင်တယ်။ ဒါပေမဲ့ မနက်တိုင်း ညီမလေးအိမ်လာပြီး ဘောနက် (Bonnet) ဖွင့်၊ ရေလိုက်ဖြည့်ပေးလို့မှ မရတာ"

ကားဆိုတာ မောင်းနေရင်း တုန်ခါမှု (Vibration) ကြောင့် ရေပိုက်ကလစ် (Clip) လေးတွေ လျော့သွားနိုင်တယ်၊ ရေတိုင်ကီအဖုံး မလုံတာ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဝပ်ရှော့က ဘယ်လောက်ပဲ ကောင်းအောင် ပြင်ပေးလိုက်ပါစေ... ယာဉ်မောင်းသူ (Driver) ဆိုတာ သူနာပြုနဲ့ တူတယ်။ ကိုယ့်လူနာကို မျက်ခြေမပြတ် ကြည့်နေရမယ်။

မနက်တိုင်း စက်မနှိုးခင် ဒီ (၃) ချက်ကို မဖြစ်မနေ စစ်ကိုစစ်ရမယ် ညီမလေးရဲ့။

💧 ၁။ ရေ (Water): ရေတိုင်ကီထဲ ရေပြည့်လား?

🛢️ ၂။ ဆီ (Oil): အင်ဂျင်ဝိုင် Level မှန်လား?

💨 ၃။ လေ (Air): တာယာလေပေါင် လျော့နေလား?

အဲဒါလေး စစ်ဖို့ ၅ မိနစ်အချိန်မပေးရင်တော့... အခုလို တောင်ပေါ်မှာ ထိုးရပ်ပြီး ငိုနေရမှာပဲ။
အဲလိုရှင်းပြလိုက်တော့မှ အသံလေး ပြန်ပျော့သွားပြီး...

👧 "ဟုတ်... ဟုတ်... နားလည်ပါပြီ။ အခုတော့ လာဆွဲပေးပါဦး... နောက်ဆို မနက်တိုင်း စစ်ပါ့မယ်" တဲ့။

ကဲ... မိတ်ဆွေတို့ရေ။ "ဝပ်ရှော့မှာ စစ်ထားပြီးပြီပဲ" ဆိုပြီး ပစ်မထားပါနဲ့။

ဝပ်ရှော့က "ပြုပြင်ခြင်း ကို တာဝန်ယူပေးနိုင်ပေမဲ့၊ နေ့စဉ် စစ်ဆေးဖို့ ကတော့ ကားပိုင်ရှင်ရဲ့ တာဝန်သာ ဖြစ်ပါတယ်။

(ကားတစ်စီးလုံး စိတ်ချလက်ချ ပြုပြင်ချင်တယ်ဆိုရင်တော့ မန္တလေးက Aung Auto Maintenance ရှိပါတယ်) 😉

📍 Aung Auto Maintenance
65 လမ်း၊ 37 လမ်းနှင့် 38 လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444046179)
55 လမ်း နှင့် 40 လမ်းထောင့် ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444440178)

"အစ်ကိုရေ... လမ်းကွေ့ရင် ကားက ပြုတ်ကျတော့မလို ခံစားရတယ်၊ အဲဒါ VSC ပျက်နေလို့လား?" 😰TRC အကြောင်း ရှင်းပြပြီးလို့ ပြန်မယ်လ...
10/12/2025

"အစ်ကိုရေ... လမ်းကွေ့ရင် ကားက ပြုတ်ကျတော့မလို ခံစားရတယ်၊ အဲဒါ VSC ပျက်နေလို့လား?" 😰

TRC အကြောင်း ရှင်းပြပြီးလို့ ပြန်မယ်လုပ်တုန်း ညီမလေးက လှည့်မေးပြန်တယ်။
👧 "ဒါနဲ့ အစ်ကို... ကားဒိုင်ခွက်မှာ VSC ဆိုတဲ့ မီးလေး လင်းလာရင်ရော ဘာဖြစ်တာလဲဟင်? TRC နဲ့ တူတူပဲလား?"

👨‍🔧 "မတူဘူး ညီမလေးရ။ TRC က ကားဖြောင့်ဖြောင့်သွားဖို့ ကူညီတာ။ VSC (Vehicle Stability Control) ကျတော့ ကားကွေ့တဲ့အချိန် လမ်းချော်မထွက်အောင် ထိန်းပေးတာ"

👧 "ဘယ်လို ထိန်းတာလဲဟင်?"

👨‍🔧 "ဒီလိုကွာ... ညီမလေး လမ်းထောင့်ချိုးတစ်ခုကို အရှိန်နဲ့ ပြေးပြီး ကွေ့ကြည့်ဖူးလား?"

👧 "ငယ်ငယ်ကတော့ ကွေ့ဖူးတယ်... အရှိန်များသွားရင် အပြင်ဘက်ကို လွင့်ထွက်သွားရော..."

👨‍🔧 "ဟုတ်ပြီ... အဲဒါကို Understeer (အပြင်လွင့်ထွက်တာ) လို့ခေါ်တယ်။ တချို့ကျတော့လည်း ကွေ့လိုက်တာနဲ့ ဖင်ကြီးရမ်းပြီး ဂျာလည်ပတ်သွားရော (Oversteer)။" ကားမောင်းရင်း အကွေ့မှာ စတီယာရင်ကို လိုသလောက် ထိန်းမရဘဲ ကားက လမ်းဘေး ထိုးဆင်းမလို ဖြစ်သွားရင် အရမ်းကြောက်ဖို့ ကောင်းတယ်မလား။

အဲဒီအချိန်မှာ VSC က ဝင်ပါလာတာ။ သူက အရမ်းဉာဏ်ကောင်းတယ်။ ကားက အကွေ့မှာ ဟန်ချက်ပျက်တော့မယ်လို့ သိလိုက်တာနဲ့...

✅ အင်ဂျင်ပါဝါကို လျှော့ချလိုက်တယ်။

✅ လိုအပ်တဲ့ ဘီးတစ်ဘီးတည်းကို ရွေးပြီး ဘရိတ်ဖမ်းပေးလိုက်တယ်။ (ဥပမာ- ဘယ်ကွေ့ရင် ညာဘက်ရှေ့ဘီးကို ဘရိတ်ဖမ်းပေးတာမျိုးပေါ့)
အဲဒီလို လုပ်ပေးလိုက်တော့... ညီမလေးကို တစ်ယောက်ယောက်က ခါးကနေ ဆွဲထိန်းပေးလိုက်သလိုမျိုး ကားက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားရော။

👧 "ဟာ... မိုက်လိုက်တာ။ ဒါဆို အကွေ့တွေမှာ စိတ်ချရပြီပေါ့"

👨‍🔧 "စိတ်ချရတယ်ဆိုပေမဲ့ အရှိန်တော့ လျှော့ကွေ့နော်။ VSC က နတ်ဘုရား မဟုတ်ဘူး၊ နည်းပညာပဲလေ... အရမ်းမြန်ရင်တော့ သူလည်း မကယ်နိုင်ဘူး" လို့ သတိပေးလိုက်ရတယ်။

ကဲ... မိတ်ဆွေတို့ရဲ့ ချစ်သူ၊ ညီမလေးတွေကိုလည်း ပြောပြထားလိုက်ပါဦး။ ABS က ရပ်ဖို့၊ TRC က ထွက်ဖို့၊ VSC က ကွေ့ဖို့။ ဒီ (၃) မျိုးလုံး ကောင်းမွန်နေမှ သင့်ကားက အန္တရာယ်ကင်းမှာပါ။

မိုးတွင်းကာလ၊ လမ်းချော်တဲ့အချိန်တွေမှာ VSC မီးလင်းနေရင် ပေါ့ပေါ့ဆဆ မနေပါနဲ့။ အသက်အန္တရာယ်မဖြစ်ရလေအောင် စနစ်တကျ ပြုပြင်စစ်ဆေးပေးတဲ့ Aung Auto Maintenance ဆီကို လှမ်းခဲ့လိုက်ပါခင်ဗျာ။
________________________________________

📍 Aung Auto Maintenance
65 လမ်း၊ 37 လမ်းနှင့် 38 လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444046179)
55 လမ်း နှင့် 40 လမ်းထောင့် ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444440178)

"အစ်ကိုရေ... ဒီခလုတ်က ဘာလဲဟင်? ကားက အရက်မူးပြီး ယိမ်းထိုးနေတဲ့ပုံကြီးနဲ့..." 😵‍💫🚗ဒီနေ့ ဆိုင်ကို ညီမလေးတစ်ယောက် ရောက်လာပြ...
08/12/2025

"အစ်ကိုရေ... ဒီခလုတ်က ဘာလဲဟင်? ကားက အရက်မူးပြီး ယိမ်းထိုးနေတဲ့ပုံကြီးနဲ့..." 😵‍💫🚗

ဒီနေ့ ဆိုင်ကို ညီမလေးတစ်ယောက် ရောက်လာပြီး ဂီယာတံနားက ခလုတ်တစ်ခုကို လက်ညှိုးထိုးပြတယ်။ ခလုတ်ပေါ်မှာက "ကားလေး စလစ်ဖြစ်ပြီး ကွေ့ကောက်နေတဲ့ပုံ (Skidding Car Icon)" လေး ပါတာကိုး။

👧 "အစ်ကို... ဒီခလုတ်က Drift ဆွဲတဲ့ ခလုတ်လား? နှိပ်လိုက်ရင် ကားက 'Fast & Furious' ထဲကလို ဂွီ... ဂွီ... ဆိုပြီး ဖြစ်သွားမှာလား?" တဲ့။

ကျွန်တော်လည်း ရယ်ချင်စိတ်ကို အောင့်ပြီး ရှင်းပြလိုက်ရတယ်။

👨‍🔧 "ဟာ... မဟုတ်ဘူး ညီမလေးရဲ့။ အဲဒါ TRC (Traction Control) လို့ ခေါ်တယ်။ သူက Drift ဆွဲဖို့ မဟုတ်ဘူး၊ ကားမချော်အောင် ထိန်းပေးတဲ့ စနစ်"

👧 "ဘယ်လို ထိန်းတာလဲဟင်?"

👨‍🔧 "ဒီလိုကွာ... ညီမလေး ကြွေပြားခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ 'ဒေါက်ဖိနပ် (High Heels)' စီးပြီး အားကုန် ပြေးကြည့်ဖူးလား?"

👧 "ဟာ... ချော်လဲမှာပေါ့ အစ်ကိုရ"

👨‍🔧 "အေး... အဲဒီလို မချော်လဲအောင် ထိန်းပေးတာ TRC ပဲ။" မိုးရွာလို့ လမ်းချော်နေတဲ့အချိန် ညီမလေးက လီဗာကို အားကုန်နင်းမိရင် ဘီးတွေက လမ်းကို မကုတ်နိုင်ဘဲ ချော်ထွက်သွားတတ်တယ်။ အဲဒီအချိန်ကျရင် TRC က "ဟေ့... လျှော့နော်... လျှော့နော်" ဆိုပြီး အင်ဂျင်ပါဝါကို အလိုအလျောက် လျှော့ချပေးတယ်၊ ဘရိတ်အသာလေး ကိုင်ပေးတယ်။ ဒါကြောင့် ကားက မမှောက်ဘဲ ငြိမ်ငြိမ်လေး သွားလို့ရတာပေါ့။

👧 "ဪ... နားလည်ပြီ။ ဒါဆို အဲဒီခလုတ်ကို အမြဲတမ်း ဖွင့်ထားရမှာပေါ့နော်"

👨‍🔧 "ဒါပေါ့... ဒါပေမဲ့ ပိတ်ရမယ့်အချိန် တစ်ချိန်တော့ ရှိတယ်"

👧 "ရှင်... အသက်ကယ်မယ့်ဟာကို ဘာလို့ ပိတ်ရမှာလဲ?"

👨‍🔧 "ညီမလေးကား ရွှံ့ဗွက်အိုင်ထဲ ကျွံတဲ့အချိန်ပေါ့" ကားက ဗွက်ထဲကျွံနေရင် ရုန်းဖို့ အားလိုတယ်။ အဲဒီအချိန်မှာ TRC ဖွင့်ထားရင်... ဘီးက ဗွက်ထဲမှာ ချော်တာနဲ့ သူက အင်ဂျင်ပါဝါကို လျှော့ချလိုက်ရော။ ပါဝါလျှော့လိုက်တော့ ကားက ရုန်းအားမရှိတော့ဘဲ ဗွက်ထဲကနေ ဘယ်တော့မှ တက်လို့မရတော့ဘူးလေ။
ဒါကြောင့် "လမ်းချော်ရင် ဖွင့်ထား၊ ဗွက်ကျွံမှ ပိတ် (OFF)" လို့ မှတ်ထားလိုက်နော်။

အဲလိုရှင်းပြလိုက်မှ...

👧 "ဪ... ဟုတ်ကဲ့... အခုမှပဲ သဘောပေါက်တော့တယ်။ ကျေးဇူးပဲ အစ်ကိုရေ" ဆိုပြီး ပြန်သွားလေရဲ့ဗျာ။

ကဲ... မိတ်ဆွေတို့လည်း ကိုယ့်ချစ်သူ၊ ညီမလေးတွေကို မေးကြည့်လိုက်ပါဦး။ TRC ဆိုတာ Drift ဆွဲတဲ့ခလုတ်လို့ ထင်နေလား? ဒေါက်ဖိနပ်စီးပြီး ပြေးမရအောင် ထိန်းပေးတာလို့ သိထားလား? ဆိုတာကိုပေါ့။

ကားနည်းပညာနဲ့ ပတ်သက်ရင် "ရှင်းပြတော့ ဆရာကြီး၊ ပြင်ပေးတော့ လက်ရာကြီး" ဖြစ်စေရမယ့် Aung Auto Maintenance ရှိတယ်နော်။ 😉
________________________________________
📍 Aung Auto Maintenance
65 လမ်း၊ 37 လမ်းနှင့် 38 လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444046179)
55 လမ်း နှင့် 40 လမ်းထောင့် ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444440178)

အစ်ကိုရေ... ကားက သရဲစီးနေတာလား မသိဘူး၊ ဘရိတ်နင်းလိုက်တာ ခြေထောက်ကို ပြန်ကန်တယ်" 😱မနက်စောစောစီးစီး ညီမလေးတစ်ယောက် ဆိုင်ကိ...
07/12/2025

အစ်ကိုရေ... ကားက သရဲစီးနေတာလား မသိဘူး၊ ဘရိတ်နင်းလိုက်တာ ခြေထောက်ကို ပြန်ကန်တယ်" 😱

မနက်စောစောစီးစီး ညီမလေးတစ်ယောက် ဆိုင်ကို မျက်နှာပျက်ပျက်နဲ့ ရောက်လာတယ်။

👧 "အစ်ကိုရေ... ကားကို ကြည့်ပေးပါဦး။ ခုနက ရှေ့က ခွေးဖြတ်ပြေးလို့ ဘရိတ်ကို အကုန်နင်းချလိုက်တာ... ခြေထောက်ကို 'ဒုတ်... ဒုတ်... ဒုတ်' ဆိုပြီး ပြန်ကန်တယ်... ကြောက်စရာကြီး... ကားအောက်ပိုင်း ပြုတ်ကျတော့မလိုပဲ" တဲ့။

ကျွန်တော်လည်း ပြုံးပြီး ပြန်ပြောလိုက်ရတယ်။ 👨‍🔧 "ဟာ... ညီမလေးရေ လန့်မသွားပါနဲ့။ အဲဒါ ကားပျက်တာ မဟုတ်ဘူး။ ကားက ညီမလေး အသက်ကို ကယ်လိုက်တာ"

👧 "ရှင်... ခြေထောက်ကို ပြန်ကန်တာက အသက်ကယ်တာ ဟုတ်လား"

👨‍🔧 "ဟုတ်တယ်... ဒီလို ညီမလေးရဲ့..." ညီမလေး ရုပ်ရှင်တွေထဲမှာ မြင်ဖူးတယ်မလား။ လူဆိုးတွေ ကားမောင်းပြေးရင် လမ်းကွေ့တွေမှာ ဘီးကြီး "ကျွီ..." ဆိုပြီး ငြိမ်သွားပြီး လျှောတိုက်ပါသွားတာလေ။ အဲဒီလို ဘီးငြိမ်သွားပြီ (Lock ဖြစ်သွားပြီ) ဆိုရင် စတီယာရင် ဘယ်လောက်လှည့်လှည့် ကားက ကွေ့လို့မရတော့ဘူး။ လာတဲ့အရှိန်အတိုင်း တည့်တည့်ကြီး လျှောတိုက်ပြီး ဝင်တိုက်တော့တာပဲ။

👧 "ဟုတ်... ဟုတ်..."

👨‍🔧 "အဲဒါကြောင့် ကားကုမ္ပဏီတွေက ABS (Anti-lock Braking System) ဆိုတာ ထည့်ပေးလိုက်တာ" အရေးကြီးလို့ ဘရိတ်အဆုံးထိ နင်းလိုက်ရင်... ကားက ကွန်ပျူတာစနစ်နဲ့ "ညီမလေးအစား ဘရိတ်ကို တစ်စက္ကန့်မှာ အချက် ၂၀ လောက် နင်းလိုက်၊ လွှတ်လိုက် (Pump)" လုပ်ပေးတာ။ အဲဒါကြောင့် ညီမလေး ခြေထောက်မှာ "ဒုတ်... ဒုတ်... ဒုတ်" ဆိုပြီး တုန်ခါမှုကို ခံစားရတာ။
အဲဒီလို ဖြစ်နေတဲ့အချိန်မှာ အားသာချက်က...

✅ ဘီးက လျှောမထွက်သွားဘူး။

✅ အရေးအကြီးဆုံးက "စတီယာရင် ကိုင်လို့ရတယ်"။ ဘရိတ်နင်းထားရင်းနဲ့ပဲ ရှေ့က ခွေးကို ကွေ့ရှောင်လို့ ရသွားတာပေါ့။

👨‍🔧 "တကယ်လို့သာ အဲဒီလို ပြန်မကန်ဘဲ ဘီးငြိမ်သွားရင် ညီမလေး ခုနက ခွေးကို ဝင်တိုက်မိပြီ" လို့ ရှင်းပြလိုက်တော့မှ...

👧 "ဪ... ဒါဆို သမီးက ကားပျက်တယ်ထင်ပြီး လာပြင်တာ... ကားက ကောင်းနေတာပေါ့နော်"

👨‍🔧 "ကားကတော့ ကောင်းပါတယ်... ဒါပေမဲ့ ABS မီးလင်းလာရင်တော့ လာပြနော်" လို့ မှာလိုက်ရတယ်။

ကဲ... မိတ်ဆွေတို့ရဲ့ ချစ်သူ၊ ညီမ၊ ဇနီးသည်တွေ ကားမောင်းရင်လည်း ပြောပြထားလိုက်ပါဦး။ အရေးကြုံလို့ ဘရိတ်နင်းတဲ့အခါ ခြေထောက်ကို ပြန်ကန်ရင် ခြေထောက်ကြွမသွားပါနဲ့၊ အားနဲ့သာ ဆက်ဖိနင်းထားပြီး စတီယာရင်ကို လိုသလို ထိန်းကျောင်းပါလို့။

ကားနည်းပညာနဲ့ ပတ်သက်ရင် နားလည်လွယ်အောင် ရှင်းပြပြီး၊ စေတနာပါပါ ပြုပြင်ပေးတဲ့ Aung Auto Maintenance ရှိတယ်နော်။ 😉

📍 Aung Auto Maintenance
65 လမ်း၊ 37 လမ်းနှင့် 38 လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444046179)

55 လမ်း နှင့် 40 လမ်းထောင့် ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (09 444440178)

Address

65 Th Street/Between 37 St-38 St MaHarMyaing
Mandalay

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959441009485

Website

Alerts

Be the first to know and let us send you an email when AUNG Auto Maintenance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AUNG Auto Maintenance:

Shortcuts

Share