09/04/2020
2 stoke တွေဘာကြောင့်ပြင်ရခက်သလဲ အပိုင်း( ၂ )
2stoke တွေဘာကြောင့်ပြင်ရခက်သလဲ အပိုင်း တစ် ဟာ အတော့်ကိုပွက်လောရိုက်သွားစေတဲ့ပိုစ့်လေးတစ်ခုပါ။ စာတွေ့လက်တွေ့ မပေါင်းစပ်နိုင်တဲ့ မြန်မာအနံ့အပြားက စက်ဆရာများအနေနဲ့
ဝိဝါဒ ကွဲလွဲစေတဲ့ ။ အသိတွေ အငြင်းပွားစေမယ့် အကြောင်းအရာတွေကို တို့ထိ စေမိလို့ပါ။ ဒါကြောင့် ဒုတိယတစ်ပုဒ်ကို ရေးဖြစ်လာစေခဲ့ပါတယ်။
online base ကိုအခြေပြုရေးသားထားတာဖြစ်လို့ တချို့အရာတွေဟာ ဆရာတို့သိတာတွေ နဲ့များအလွဲအမှားရှိခဲ့မယ်ဆိုရင်ဖြင့် ဒီပို့ကို ရေးသားသူ ကျွန်တော်ရဲရင့်သာဝေပိုငိရဲ့ ညံ့ဖျင်းမူသာဖြစ်ပါလိမ့်မယ်။အရိုးထဲကအရေကိုညှစ်သလို အနှစ်သာရ ပြည့်ပြည့်ဝဝ ရစေ့ချင်တာရယ် ခိုင်မာတဲ့အသိဖြစ်စေ့ချင်တာရယ်ကြောင့် တစ်နှစ်နီးပါးပြုစုခဲ့ပီးမှ ယခု လက်ရှိ ဆရာများထံ
ဒီစာစုလေးကို
အရောက် ပို့ဆောင်ပါရစေ။ဒါဟာခုပြောမယ့်
ဘာကြောင့်2 stoke တွေပြင်ရခက်သလဲ အပိုင်း ၂ ပါပဲ။
ပထမဆောင်းပါးမှာတုံးက အခြေခံဖြစ်တဲ့
အကြောင်းတွေရယ် အိတ်ဇောဘူးဝ လုံးလုံးကြီး
အကြောင်းနဲ့ အခြေခံ သိမှတ်ဖွယ်ရာတွေ အတော်များများ တို့ထိပေးခဲ့ပီးတော့ ခုတစ်ပုဒ်မှာတော့
အနည်းငယ်မြင့်တဲ့ level တစ်ခုကိုတက်ရောက်နိုင်ဖို့
မျှော်လင့်မိပါတယ်။ ဘယ်လောက်ထိ ရည်ရွယ်သလဲမမေးပါနဲ့ ဟုတ်ကဲ့ 2 stoke စီးသူတိုင်းပြင်တတ်တဲ့အထိကိုရည်ရွယ်ထားတာပါ။ မှတ်မှတ်ရရ ပထမ တစ်ပုဒ် ရေးအပီးမှာ report မိလို့ အကောင့်တစ်ခါကျ သွားပါတယ်။ ခုတစ်ပုဒ်ရေးဖို့ကြိုးစားတဲ့အချိန်မှာ အကောင့်ကိုID အရင်တင်ထားပါတယ်။
အမြင်စောင်းမယ့် စက်ဆရာတွေ report
အကြိုက်ထု နိုင်ပါတယ်။ဤကားစကားချပ်။
2stoke တွေဘာကြောင့်ပြင်ရခက်သလဲဆိုတာကို
အပိုင်းပိုင်းလေးတွေနဲ့ ခွဲခြားကြည့်ရမယ်။
ပထမဆုံးအချက်က အမှားပါ
-------------------------------
အမှားဆိုတာ အော်ရီဂျင်နယ်မဟုတ်တဲ့ ပစ္စည်းတွေကို ပြောချင်တာပါ။ cdi diode power velve ဒေသ
အခေါ် ဘားဘူးပေါ့။ ဒါက သမညောင်ည လူတိုင်း
ကြားဖူးတဲ့အမှားတွေပါ။ သည့်ထက်ပိုတဲ့ အမှားဆိုတာ 2 stoke တစ်စီးကို ပုံကျ စေနိုင်တဲ့အစွမ်းတွေရှိနေပါသေးတယ်။ ဆိုပါစို့ နောက်စလစ် အမှားမျိုး။
ပြောစရာရှိလာပါပီ။ အော်ရီဂျင်နယ် မှာပါတဲ့ သံစလစ်ဟာ 0 ဆိုဒ် ပီးရင် 25 ဆိုဒ် အထိပဲ ဂျပန်က
အော်ပင်စင်လိုက်ထွက်ပါတယ်။ 25 ဆိုဒ်နောက်ကို
ရောက်လာရင် တရုပ်ထွက် ပင်စင် ရိန်းလေးတွေအစားထိုးဝယ်ယူရတော့တာပါ။ အရည်အသွေး လဲကွာသလို ဈေးလဲအသိသာကြီးကွာဟပါတယ်။ အင်ဂျင်ရဲ့ စွမ်းဆောင်နိုင်ရည်လဲကျလာပါတယ်။reboring ဆိုတာက 0-25-50-75-100-125-150-175-200
စသဖြင့် 0.25မီလီမီတာစီချဲ့ချဲ့ယူလာတာပါ။ 2stoke စလစ်ဟာရှစ်ခါထိ reboring လုပ်ယူလို့ရပါတယ်။ဒါက ဘလောက်ဆက်ထဲက အော်စလစ်အသားကိုချဲ့ချတာပါ။
ပုံမှန်အားဖြင့် အင်ဂျင်ကို reboring လို့ခေါ်တဲ့ စလစ် ဆိုဒ်ကိုချဲ့တိုင်းမှာ သတိပြုစရာ အနေနဲ့ 0- 75 မှာ
တစ်ကြမ် / 125- 200မှာတစ်ကြိမ် နှစ်ကြိမ်တိတိကာဘရိုက်တာကိုပါ လိုက် ကြီးပေး သို့မဟုတ် ကြီးတာနဲ့အစားထိုးလဲပေးရပါတယ်။အင်ဂျင်ပါဝါကြီးလာသလို ဆီပမာဏလဲပိုမိုလိုအပ်လာပါပီ။ မြန်မာနိုင်ငံမှာက အော်ကာဘရိုက်တာလေးကိုပဲပြုပြင်သုံးဆွဲလာကြတဲ့အခါ အင်ဂျင်ကြီးလာပီးဆီသာပိုစားလာတယ်
အင်ဂျင်က စွမ်းဆောင်နိုင်ရည်ပိုမတက်လာပဲ ကြာလေ အရည်သွေးကျလေဖြစ်လာတာအဲ့အချက်တွေကြောင့်ပါ။
ဒါကြောင့်အော်စလစ် ဆိုဒ်ဘယ်လောက်လဲ ဆိုတဲ့စကားတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ကြားနေရတာမျိုးပါ။အမှားအကြောင်းလာမယ်ဗျာ။ အမှားဆိုတာ ခုနစလစ်က 200 ကိုရောက်ပီ အဲ့အခါမှာ စလစ်ဝယ်ထည့်ဖို့အခြေနေမပေးတဲ့အခါ အဲ့အော်ရီဂျင်နယ်သံစလစ်ပေါ်မှာ အပေါက်အတူ ဖေါက်ထားတဲ့ ထပ်စလစ် ကို
အကျပ်ရိုက်ထည့် ဆိုဒ် 0 ကပြန်စကြပါတယ်။
ထပ်စလစ်လို့အခေါ် ရှိလာပါတယ်။ စွမ်းဆောင်နိုင်ရည်အနေနဲ့ကတော့ အတော့်ကို သိသာတဲ့ကွဲပြားခြားနားမူပါ။ စီးမယ် ဆွဲတင်လို့ကောင်းမယ် ဒါပေမယ့်
အော်စလစ်မှာလို ထောင်ထောင်အသံမပါတော့သလို 2t မီးခိုးကလဲပေါ်လိုက်ပျောက်လိုက်ပါ။ 2 T ဝင်နေပေမယ့် ပြတာပုံမှန်မဟုတ်တာကိုဆိုလိုပါတယ်။ အဲ့အခါ 2t ပန့်ကို factory setting တွေဖျက် အော်ပျက်ပီး ကျွေးချင်သလိုကျွှေးတဲ့အခါအိတ်ဇောပိတ်တာတွေ အိတ်ဇောနောက်ဆကိတွေခွဲရ မီးဖုတ်ရ တဲ့ပြသနာတွေရှိလာပါတော့တယ်။ ဒါက မြန်မာ့ရေမြေက 2stoke တွေရဲ့ဘဝပါ။ စလစ်ကို ဆိုဒ်ကုန်တဲ့အခါ အကျေ ဘီးတွေကနေ အော်စလစ် ဆိုဒ်အသေးတွေဝယ်ထည့်တတ်ကြပါတယ်။ ဈေးကလဲ ဆိုဒ်ပေါ်မူတည်ပီး အတော့်ကိုကွာခြားပါတယ်။
125 0 ဆိုဒ် အော်စလစ် ဂျပန်ကျ( အသစ်မလာလို့ပါ) တစ်လုံးဟာ 10သိန်းတပါတ်လည်ဈေးပေါက်ပါတယ်။ဟာဆရာကလဲ စလစ်အသစ်တွေရပါတယ် ။ ဟုတ်ပါတယ် ဘုစလစ် ဒါမှမဟုတ် ယိုးဒယားစလစ်လို့ခေါ်တဲ့စလစ်တွေရပါတယ်။ 100မှာ 50ကမအောင်တဲ့ပြသနာတွေရှိတတ်ပါသေးတယ်။ မအောင်ဘူးဆိုတာ မပွင့်ဘူး အထအကြွ မကောင်းဘူး အဝေးဆွဲမှာဆွဲရင်းပြုတ်ကျတဲ့စလစ်ပါ။ ကံစမ်းမဲစလစ်လို့ခေါ်ပါတယ်။အမှားအနေနဲ့ နှစ်ခုပြောပီးပီဆိုတော့ နောက်ဆုံးအမှားကတော့ အဆိုးဆုံးနဲ့ အပြင်းဆုံးအမှားတစ်ခုပါ။ ဂျင်းစလစ်လို့ခေါ်တဲ့အမျိုးပါ။ ဆိုဒ်ကုန်သွားတဲ့ သံစလစ်ကိုအလုံးလိုက်ဖြုတ်ထုတ်ပီးတော့ အပြင်ကနေ အော်ပုံစံသံကို အလုံးလိုက်စွပ်တာပါ။ နည်းနည်းကွဲပြားစေ့ချင်တာက ထပ်စလစ်ဟာ အပေါ်မှာအော်စလစ်သံသားကျန်နေပါသေးတယ်။ လုံးစွပ်စလစ်ကကျတော့ သတ္တုဘလောက်တုံးပဲချန်ပီးသံစလစ်ကိုအလုံးလိုက်ချွတ်ထုတ်ပစ်တာပါ။ အပြင်ကနေ အော်လိုအတိအကျခုတ်တဲ့စလစ်ကိုပြန်စွပ်ထားပါတယ်။ မသိတဲ့သူအတွက် အပေါ်က ဟက်ဖုံး ပလပ်အဖုံးလေးသာဖွင့်ကြည့်မယ်ဆို လုံးဝအော်စလစ်လို့ဂျင်းထည့်နိုင်ပါတယ်။ ဒါပေမယ့်သိသာတဲ့အချက်က 99%က မပွင့်ပါဘူး။ အထမှာငေါခနဲ့
ပြေးတက်ချင်ပြေးတက်မယ်ဆွဲရင်ဂီယာငါးနဲ့ခြောက်မှာ ဆွဲရင်းတန်းလန်း ပြုတ်ကျလာပါတယ်။ ပြုတ်ကျလာရင်ဂီယာမဒေါင်းမချင်းပြန်မတက်ပါဘူး။ ပြသနာကတော့ ဘလောက်ထဲကို စလစ်အသစ် အပြင်ကထပ်စွပ်တဲ့အခါ နဂိုစလစ်သားနဲ့တထေရာထဲမတူညီတဲ့အတွက် စလစ်နဲ့ ဘလောက်သတ္တုအုံကြားမှာ လေဟာနယ်အပေါက်တွေဖြစ်လာတာမျိုးတွေကြောင့် မအောင်တော့တဲ့စလစ်တွေပါ။ စလစ်ကိုစွပ်တဲ့အခါ ကော်မသုံးမိရင် စလစ်ကအောက်ကိုကျွံကျကျလာလို့ ဟက်ဂတ်စကက်က ဆယ်မိုင်တစ်ခါလဲပေါက်တတ်ပါသေးတယ်။ စလစ်နူတ်ခမ်းက ဟက်ဂတ်စကက်ကို ဖိ ဖမ်းထားတာကိုး။လွှင့်ကိုပစ်ရတော့မယ့် မြန်မာ့ဂျင်းစလစ်စစ်စစ်ပါ။ အရင်ကတောင်ကြီးစလစ်လို့လဲခေါ်ပါသေးတယ်။
2stoke က အင်ဂျင်အသက်ပါပဲ။ မှန်ရင်မှန်သလောက်စီးကောင်း ဈေးကောင်းသလို မမှန်ရင် ရင်ထဲနင့်နေအောင် ငွေကုန်ပါတယ်။ ပြင်ဆရာလုပ်စားကွက်တွေပြောပြမိနေသလားမသိ။
125 တွေအတွက်ကြွေစလစ်လဲလာလိုက်ပါသေးတယ်။ ကြွေနဲ့ ခုတ်ထားတဲ့စလစ် ပင်စင်နဲ့ ယိုးဒယားမိတ်တွေမြင်ရတတ်ပါတယ်။ အရင်ကတော့အသုံးရှိခဲ့ပီးခုတော့အသုံးနည်းသွားပါပီ။
ဒါက reboring ချလို့ရတဲ့စလစ်တွေကိုပြောတာပါ။ မက်ဂနီဆီယမ်စလစ်လို့ခေါ်တဲ့ စလစ်တွေလဲလာပါသေးတယ်။ သံမဟုတ်လို့reboring ချမရပါဘူး။ စလစ်ကသုံးစားမရတဲ့အခါ ချဲ့ချ ပီး သံစလစ်ပြန်အတုရိုက်ထည့် နိုးယုံ ဆွဲကောင်းယုံ ရသေ့စိတ်ဖြေဘီးတွေပေါ့ဗျာ။wr 200တွေဟာ သတ္တု စလစ်တွေပါ။
စလစ်နဲ့ပါတ်သက်လို့ရာဇဝင်တွေလဲရှိခဲ့ဘူးတယ်။
R အိုမို စီးနေတဲ့တစ်ယောက် ကြို့ပင်ကောက်က
ပိုင်ရှင် သူ့သူငယ်ချင်းစီက ဒို 125 ဆိုဒ်O စလစ်ကိ
သိန်းလေးဆယ်နဲ့ဝယ်တာမြင်ဖူးတယ်။
ပြောမယုံကြုံမှသိ ပဲ တကယ့်အဖြစ်အပျက်ပါ။
အဲ့တော့ စလစ်အမှား နဲ့ပါတ်သက်လို့ ဒီလောက်ပဲပြောလို့ရမယ်။ အမှားအကြောင်းပြောပြပီးရင် CDI နဲ့ ပါဝါဘား အကြောင်းဆက်ကြစို့ရဲ့။
CDI နှင့် Power velve ( မြန်မာ့အခေါ်ဘားစီ)
----------------------------------------------------
ဒီနေရာမှာ ပြောစရာများပါတယ် ရတတ်သလောက်တော့ ပြောကြတာပေါ့။ တူးစတုတ်ကို ပါဝါဘားစနစ်နဲ့ လာပါတယ်။ Roter velve လို့ခေါ်ပါတယ်။ တခြမ်းသိမ် ဘားစလိုက်တုံးနဲ့ အိတ်ဇောဝကိုအကျဉ်းအကျယ်လုပ်တာပါ။ မေးစရာက အိတ်ဇောဝအကျဉ်းကျယ်လုပ်ယုံနဲ့ဘာလို့ အင်ဂျင်ကပါဝါပိုတက်သလဲဆိုတဲ့အချက်ပါ။ တူးစတုတ်ဟာ stoke လို့ခေါ်တဲ့ ရိုက်ချက်တစ်ခုကို section လို့ခေါ်တဲ့အပိုင်းနှစ်ခုလုပ်ဆောင်ပါတယ်။
up and down မှာ intake section နဲ့ exhaust section ဖြစ်ပီးတော့ down and upမှာ compression section နဲ့ intake section ပါ။ သူက လေကိုရှိုက်တဲ့အခါ ကျယ်သွားတဲ့ ကရိုင်းကေ့ရဲ့ vacuum နဲ့ပဲရှိုက်သွင်းနိုင်တာပါ။ ဆိုလိုတာက ကရိုင်းကေ့ဟာလုံဖို့လိုပါတယ်။ရှိုက်သွင်းချိန်လဲ တိုတာမို့ ကာဘရိုက်တာလဲ 4 stoke တွေနဲ့ မတူပါဘူး။
အင်ဂျင်ရဲ့ အပါတ်ရည်တက်လာတဲ့အခါမှာအလျင်မှီ
အောင်ရှိုက်မသွင်းနိုင်တော့ပါဘူး။ အဲ့အတွက်
ယာမဟာ အများစုမှာ လေပြန်ဘူးလေးတွေပါလာပါတယ်။manifold ရဲ့အပေါ်မှာဘူးမဲမဲလေးပါ။
ထားပါတော့ ပင်စင်အောက်ကိုအဆင်း power sectionမှာပဲ ပင်စင်ရဲ့ စကဒ်လို့ခေါ်တဲ့ ဘော်ဒီဟာ
အိတ်ဇောပေါက်ရဲ့အဝကို လွှတ်ပေးချိန်မှာ ကျဉ်းသွားတဲ့ကရိုင်းကေ့ထဲကလေကို ကျန်အပေါက်တွေကနေ တိုးထွက်လာစေပါတယ်။ အိတ်ဇောsectionဆက်ဖြစ်သွာတယ်။ ပြောစရာရှိလာတာက ဆီလေအရော
အငွေ့တွေနဲ့ 2tတွေပါ အဲ့လေထဲမှာရောပါသွားတာပဲ အဲ့အခါမှာ အိတ်ဇောအရင်းက expendtion chamber လို့ခေါ်တဲ့ ဘူးဖေါင်းဖေါင်းကြီးထဲမှာစုသွားပါတယ်။( ဒါကြောင့်အဲ့အိတ်ဇောအရင်းသာဖေါင်းမနေရင် လေဆီအရောဟာ အိတ်ဇောပေါက်ထဲဒါရိုက် အပြင်ကိုထွက်သွားလို့ ဆီစားပါတယ်။) ပင်စင်အတက်မှာ အိတ်ဇောပေါက်ကိုမဖြတ်ခင် intake sectionမှာ အိတ်ဇောပေါက်ကနေ လေပြန်စုပ်သွင်းပါတယ်။ လေစုပ်တဲ့အခါ ခုန လေဆီကိုပြန်လည်အသုံးချပီး ဆီစားသက်သာစေတာပေါ့။ အဲ့တော့ အိတ်ဇောပေါက်ဟာ အင်ဂျင်အပါတ်ရည်အလိုက်ကျယ်ကျယ်လာဖို့လိုပါတယ်ဒါမှ complete combustionဖြစ်ဖို့ ပိုမိုလွယ်ကူပီးတော့ အင်ဂျင်ရဲ့ အရုန်းလဲတက်လာမှာပါ။ အမြဲပွင့်နေလို့မရဘူးလားလို့မေးစရာရှိတယ်။
အိတ်ဇောပေါက်က အမြဲပွင့်နေရင် အင်ဂျင်အပါတ်ရည်အနိမ့်မှာ အိတ်ဇောထဲက လောင်ပီးသားလေတွေသာပြန်ဝင်လာမှာမို့အင်ဂျင်ဟာ အင့်နေပါလိမ့်မယ်။ ဒါ့ကြောင့် ပရိုဂရမ်ရိုက်ထားတဲ့ပါဝါဘားဘူးကသာ ထိမ်းချုပ်နိုင်တာပါ။ ဘားဘူးရဲ့အလုပ်က လိုအပ်တဲ့အချိန်မှာပွင့်မယ်။မလိုအပ်ချိန်မှာပိတ်ထားမယ်။ဘားဘူးဟာပုံမှန်အားဖြင့် power လိုင်းရယ် signal လိုင်းရယ်နှစ်လိုင်းပေါင်းထားတာပါ။ ယာမဟာတွေမှာpower လိုင်းကမီးဝင်တာနဲ့ အရင်ဘားစလိုက်ကို ဆွဲလှည့်တဲ့တွီတွီသံကြားရမှာဖြစ်ပီးတော့ signal လိုင်းဆိုတာက လီဘာဆွဲမှ cdi ကနေ လှမ်းအချက်ပြပီး လိုအပ်သလောက်ကိုထပ်ထပ်ဖွင့်ပေးတာပါ။ ဂျင်းမိတဲ့အကြောင်းပြောဦးမယ် တချို့ ယာမဟာ ဘားတွေမှာပါဝါလိုင်းကောင်းပီးsignal လိုင်းပျက်နေတာကို
လိမ်ရောင်းတာတွေ့ဖူးတယ်။ သော့ဖွင့်လို့အသံကြား
နေရင် ကောင်းတယ်မမှတ်ပါနဲ့။ အိုကေ ဟွန်ဒါမှာလဲ power လိုင်းနဲ့ signal လိုင်းဆိုပီးခွဲခြားလာပါတယ်။ ဟွန်ဒါမှာတော့ တွီတွီလည်သံမကြားရဆော့ပါဘူး။ RC ဘားစနစ်နဲ့ATAC ဘားစနစ်က ဟွန်ဒါရဲ့မူပိုင်ပါ။ ဟွန်ဒါမှာဘားကောင်းမကောင်းစမ်းနည်းကတော့RC ဘားဆိုရင် သော့မဖွင့်ခင်မှာဘားဘူးထိပ်က ရိုလာကိုလက်နဲ့တင်းတင်းလှည့်ရင်လည်ပါတယ်။သော့ဖွင့်လိုက်လို့ပါဝါဝင်လာရင်တော့လုံးဝကိုလက်နဲ့လှည့်မရတော့တာပါ။ ဒါဆ်ုပါဝါလိုင်းကောင်းပါတယ်။ Signal လိုင်းစမ်းဖို့ကတော့ စက်နိုးလီဘာဆွဲကြည့်ပေါ့ ဖြည်းဖြည်းဆွဲရင်ဘားစလိုက် ထိပ်က လိပ်ပြာလေး ဖြည်းဖြည်းပဲတက်မယ် ဆက်ဆွဲဆက်တက်မယ် ဒါက signal လိုင်းစမ်းနည်းပါ။ ယာမဟာမှာလဲအတူတူပါပဲ။ တခါတလေ cdi ကြောင်နေတဲ့ ယာမဟာတွေမှာ ပါဝါလိုင်းမှန်တယ် signal လိုင်းလဲရုတ်တရက်ကြည့်ရင်အမှန်ပဲ တက်နေတာလီဘာဆွဲတိုင်းဒါပေမယ့် လီဘာကိုင်ရုံနဲ့ ဘားလိပ်ပြာက အဆုံးပွင့်နေတာ။ အမှတ်တမဲ့ ကြည့်ရင် မှန်သလိုနဲ့ cdi ပျက်နေတာပါ။ သူကလီဘာဆွဲရင်နည်းနည်းဆွဲ နည်းနည်းပုပွင့်ရမယ်။ ဆွဲတယ်ဆိုရုံလေးနဲ့အဆုံးတက်သွားရင်တော့မိတ်ဆွေဘီးက 2-3 မှာမပွင့်ပါဘူး။ အတော်ဆွဲတင်မှ ပွင့်ပါလိမ့်မယ်။ ဒါတွေကအထာလေးတွေပါ။ နောက်တချက် အမှန်အမှားပြောရမယ်။ 125ချင်းတူပေမယ့် do125နဲ့ r 125 cdi လုံးဝ
မတူပါဘူး။ ကြိုးအရေတွက်ကစလို့ လွဲပါတယ်။ r စတတ်ဟာ ဒေါက်ဆွိနဲ့ အင်ဂျင်စက်သတ်ကြိုးနှစ်ပင်အပိုပါလာပါတယ်။ အကယ်၍ ဒို cdiကိုr မှာတပ်ရင်
ပွင့်ကောင်းပွင့်လိမ့်မယ်။ဒါပေမယ့် စတတ်မရနိုင်ဘူး။
စက်သတ်ခလုပ်နဲ့စတတ်လိုင်းကို ဘေးကနေ ထပ်ထွင်ရမယ်။အော်မှာ တကယ်က စက်သတ်ခလုပ်ပိတ်ထားရင်စတပ်ခလုပ်နှိပ်မရပါဘူး။ ယာမဟာတံဆိပ်မြင်တိုင်းအမှန်မမှတ်ပါနဲ့။ မိတ်ဆွေထက်တတ်ကျွမ်းသူတွေရှေ့မှာဂျင်းထည့်ခံရပီးပါပီ။
ဖိုက်တာcdi ဆိုတဲ့အခေါ်တမျိုးလဲရှိပါသေးတယ်။
အဲ့ကောင်က လဲယာမဟာတံဆိပ်ပါတာရောမပါတာ
ရော လာပါတယ်။ ဒို အဝင်ထွက်နဲ့ အလားတူပါပဲ။
အမှန်cdi တွေက ချိတ်အပျော့လောင်းထားတာပါ။
ချိတ် အမာဆို သေချာတယ် ဂျင်းcdiပါ။
အဲ့တော့ ဟွန်ဒါအကြောင်းကိုပြောပြကြစို့။ ဟွန်ဒါမှာလဲ အနိမ့်တွေမှာ ပါဝါကတ်လို့ခေါ်တဲ့ velve driver လေးတွေနဲ့လာတာပါ။ nsr အနိမ့် rc ဘားစနစ်တွေမှာပါ။ အဲ့တော့ ဘူးက cdi ဘူးရယ် ဘားဒရိုက်ဘာ ဘူးရယ် ဘားဘူးရယ် သုံးမျိုးပါပါတယ်။ နောက်ပိုင်းမှာ ဘားဒရိုက်ဘာကို cdi နဲ့ပေါင်းထားပီးတော့
ဆော့ကက်နစ်ခုနဲ့cdi ဘူးတွေဖြစ်သွားပါတယ်။
ယာမဟာမှာဆို ypvs စတငိတဲ့ yp တွေမှာလဲအဲ့လို ပါဝါကတ်တွေနဲ့လာဖူးပါတယ်။ နောက်ပိုင်းမှာပါဝါ
ကတ်ဆားကစ်ကို ဘားဘူးအိမ်လေးထဲပေါင်းထည့်လိုက်တော့ တစ်ဘူးပျောက်သွားတာပါ။ အော်စီ အော်ဘားမှန်နေတာတောင် အလုပ်လုပ်ပုံမှန်မမှန်ပါစစ်ဖို့လိုသေးတာကို သိပီထင်ပါတယ်။ မမှန်ရင် cdi ဘားဘူး အတွဲလိုက်ငါးသိန်းဝန်းကျင်ကျပါတယ်။ ကိုယ့်ဆိုင်ကယ်တွေအပ်ပီဆိုလဲ အမှတ်သားလေးတွေပြပီး မှတိထားပီးမှ အပ်သင့်ပါတယ်။ ဖြုတ်ခိုးတဲ့ ခပ်ညံ့ညံ့စက်ဆရာတွေလဲရှိပါတယ်။
ဒါဆို ပြောစရာအနေနဲ့ လက်အရှောင်ကြဆုံးပြသနာလေးတွေကို ပြောပြကြည့်ကြမယ်။
မပွင့်ဘူး
--------
ဘယ်လိုမပွင့်တာလဲ အထမပွင့်ပဲ လီဘာတဝက်လောက်မှ ပွင့်လာတာလား။ဘားစီမှန်ရဲ့သားနဲ့ မပွင့်တာလား။ အထမပွင့်ရင် အိတ်ဇော ပိတ်နေတာနဲ့ ဘားဆက်တင်လွဲတာ ဘားအလုပ်လုပ်ပုံမမှန်တာကြောင့်ဖြစ်ဖို့များပါတယ်။တူးဒီများနေရငိလဲ အဲ့လိုအင့်တတ်ပါတယ်။
မပွင့်ဘူး လီဘာတဝက်လောက်မှာဝပ်ကျသွားတယိ။ဒါဆို စလစ်မှန်မမှန်စစ်ရတော့မယ်။ အင်ဂျင် ကျနေတာဟုတ်မဟုတ်စစ်ရတော့မယ်။
အသံထွက်တာ
-----------------
အသံက ထွက်စရာများပါတယ် ကရိုင်းဝင့်နေရင် ခိုပီနီယံနဲ့ကျိတိသံ ထွက်လို့လီဘာဆွဲတိုငိးဝီခေါ်အောင်ညည်းပါတယ်။
ဆောင့်သံဆိုရင် ကရိုင်းနဲ့ကလပ်အုံ လှုပ်တာများလို့ဖြစ်နိုင်ပီးတော့ ခတ်သံဆို ပင်စင်အိုးနဲ့ ဘားစလိုက်က ကြေးဘွတ် ချောင်တာဖြစ်နိုင်ပါသေးတယ်။ ( ဘားစလိုက်သံကို ပင်စင်သံဆိုပီး မလိုအပ်ပဲ ဆိုဒ်တွေချဲ့ဖြစ်ကြတဲ့စက်ဆရာမျိုးတွေကြုံဖူးပါတယ်။) သေချာတာတော့ တူးစတုတ်ဟာအသံဖမ်းရခက်ခဲပါတယ်။
စလိုးမရအနိုးခက်တဲ့ပြသနာ။
အသိနည်းတဲ့အဖြစ်တစ်ခုက ကာဘရိုက်တာမှန်သားနဲ့ အနိုးခက်တယ်ဆိုရင် cdi မီး နည်းနေလားစစ်ရမယ်။ နည်းလွန်းရင် အနိုးခက်ပါတယ်။ ပလပ်ထိပ်ကမီးရောင်ဟာ ခရမ်းဖြူဘက်ကိုလုနေမှ ထောင်ထောင်မြည် အဆွဲကောင်းတာပါ။ နောက်များမှာအဲ့မီးကို အဲ့အရောင်ရအောင်ချိန်နည်းဆက်ပြောပြပါ့မယ်။ အကယ်၍ ပလပ်ထိပ်ကမီးအရောင်ဟာ ရဲရဲ ဖြစ်နေမယ်ဆိုရင်တော့ပလပ်ဝါးပါလိမ့်မယ်။ ပလပ်ကိုလဲ ကားပလပ်ပဲသူံးပါ။ အမှန်ပလပ်က mazda rx rotray အင်ဂျင်မှာ သုံးတဲ့ တစ်လုံးတစ်သိန်းခွဲတန်ပလပ်ကို သုံးနိုင်ရင်ပိုကောင်းပါတယ်။ အဲ့ဒါတွေ မှန်နေရဲ့နဲ့စလိုးမရအနိုးခက်မယ်ဆို ဘဲလျှာလို့ခေါ်တဲ့ reed velve သပါ။ ပါတ်တီးပြားနဲ့ အစားထိုးထားတဲ့ဘဲလျှာတွေက ဟိုင်းဝေးမရပါဘူး။ ကရိုင်းရဲ့ ဘယ်ညာ အဝိုင်းစည်းတွေလုံရဲ့လားစစ်ပါ။ မလုံရင်လဲ အနိုးခက်ပါလိမ့်မယ်။
ကဲဒီလောက်ဆို 2stoke တွေဘာကြောင့်ပြင်ရခက်သလဲဆိုတဲ့အချက်ကို ပထမတစ်ပုဒ်ထက်စာရင်ပိုမို သိလာကြပီထင်ပါတယ်။ တူးစတုတ်ချစ်သူတိုင်း အောင်မြင်ပျော်ရွှင်ကြပါစေ။ (ပုံထဲမှာအော်စလစ်ဟာ အောက်ကိုဖွင့်အခြေက်ုကြည့်တဲ့အခါ သံစလစ်နဲ့ သတ္တုဘလောက်ဟာ တညီတညာထဲရှိတာကိုတွေ့ရမယ်။အော်စလစ်ဟုတ်မဟုတ်ကိုဖွင့်စစ်တဲ့အခါ အပေါ်ကနေ ပလပ်ဟက်ဖုံးလေးကြည့်ယုံနဲ့ မသိနိုင်ဘူး။)
ကျွန်တော်ရဲရင့်သာဝေပိုင်ပါ။
Credit ကောင်းထက်ပိုင်