17/02/2024
မန္တလေးမြို့ ရွှေကျင် တိုက်မကြီးတွင် မင်းတုန်းမင်းကြီး ဆောက်လုပ်လှုဒါန်းခဲ့တဲ့ ကျွန်းကျောင်းတော်ကြီးကို
ရှေးမူမပျက် ပြင်ဆင် ကြတဲ့ အလှူမှာ
ပင်မ မတည် ကုသိုလ်ရှင် ဖြစ်ကြသော ထိုင်းနိုင်ငံ မှ အလှူရှင်များနှင့်အတူ
မိုးသောက်နှင်းကုမ္ပဏီမိသားစုနှင့်
မဉ္ဇူအထွေထွေရောဂါကု သမားတော်ဆေးခန်းမှ
၁။ ကျွန်းကျောင်းတော်ကြီး၏ ပင်မ လှေကားကြီလေးစင်း
ပြုပြင် ပြီး နေပူခံစကျင်ကျောက်များခင်းခြင်း
၂။ ပတ်လမ်းတချို့အား ပြင်ဆင် ၍နေပူခံကျောက်ပြားများခင်းခြင်း
၃။ ၈ပေ ၄ ပေ စကျင်ကျောက်စာကြီး (၄)ချပ်အားလှူဒါန်းခြင်း
၄။ ဦးဆောင်ပြုပြင်လှူဒါန်းခဲ့သော ထိုင်းနိုင်ငံမှ ဆရာကြီး
Mr.Thaworn Phromthaworn ၏ရုပ်တုလှူဒါန်ခြင်း
၅။ ရွှေကျင်တိုက်မကြီးအတွင်း လိုအပ်ရာရာပြုပြင်မွမ်းမံရန်အတွက်လှူဒါန်းခြင်း
စသည့် လှူဒါန်းမှု့ အစုစု တို့အတွက် အလှုငွေ စုစုပေါင်း
ကျပ်သိန်း (၅၀၀) ကျော် ကို အခြားအလှူရှင်များနှင့်အတူ
ကြည်နူးဝမ်းမြောက်စွာ ပါဝင်ကုသိုလ်ယူ လှူဒါန်းခဲ့ပါတယ်
ဖေဖော်ဝါရီ (၁၈) နေ့မှာ ကျင်းပမည့် ပြုပြင်ပြီးစီးအောင်မြင်မှု့အထိမ်းအမှတ်ပွဲကိုလည်း လာရောက်ဖို့ဖိတ်ကြားပါတယ်
ကောင်းမှူ့ အတွက် ကုသိုလ် အမျှ များကိုလည်း
ကြည်နူးဝမ်းမြောက်စွာ ပေးဝေ ပါတယ်
သာဓုခေါ်ဆိုတော်မူကြပါခင်ဗျာ။