01/01/2026
နှစ်သစ်မှာ ကုသိုလ် မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေ။
လောဘကို စေတနာနဲ့ စွန့်နိုင်ကြပါစေ။ ဒေါသကို မေတ္တာနဲ့ စွန့်နိုင်ကြပါစေ။ မောဟကို သတိနဲ့ စွန့်နိုင်ကြပါစေ။
စေတနာကြောင့် ကြီးပွား တိုးတက်မှုတွေ ရပါတယ်။ (Growth)
မေတ္တာကြောင့် အေးချမ်း ပျော်ရွှင်မှုတွေ ရပါတယ်။ (Happiness)
သတိကြောင့် နှောင်ဖွဲ့ မှုကင်းတဲ့ လွတ်မြောက်မှုတွေ ရပါတယ်။ (Freedom)
နှစ်သစ်မှာ “စေတနာ၊ မေတ္တာ၊ သတိ” တို့ကို လက်ကိုင်ထားပြီး ဓမ္မလမ်းကို လွယ်ကူစွာ လျှောက်လှမ်းနိုင်ကြပါစေ။
ကံလည်းကောင်းပါစေ၊ ဉာဏ်လည်းကောင်းပါစေ။ သတ္တဝါအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ နှစ်သစ်မှာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ဒေါက်တာစိုးလွင် (မန္တလေး)