ATK သုံးဘီးရောင်း၀ယ်ရေး

ATK သုံးဘီးရောင်း၀ယ်ရေး Engine oil change service in Mandalay. Oil Change charges free.

အိုးဝေမှာ လူ ဘယ်နှစ်ဦး တင်‌ဆောင်နိုင်သလဲ*******************************************အိုးဝေမှာ ခရီးသည်ဘယ်လောက် တင်ခွင့်ရှိ...
30/08/2025

အိုးဝေမှာ လူ ဘယ်နှစ်ဦး တင်‌ဆောင်နိုင်သလဲ
*******************************************
အိုးဝေမှာ
ခရီးသည်ဘယ်လောက်
တင်ခွင့်ရှိသလဲဆိုတာသိချင်ရင် အဆိုပါအိုးဝေရဲ့
ဝှီးတက် နောက်ကျောကိုကြည့်လိုက်ပါ
ပုံထဲကအတိုင်းပေါ့
တင်အားဆိုတဲ့နေရာမှာ 2P လို့ ပါရင်
ယာဉ်မောင်းသူမပါဘဲ ခရီးသည် ၂ ဦး
တင်ဆောင်နိုင်တယ်လို့ပြောတာပါ။
အိုးဝေမဟုတ်တဲ့ အခြားယာဥ်တွေမှာလည်း
4P/6P/10P စသည်ဖြင့် ပါရှိလျှင်
ယာဉ်မောင်းသူမပါဘဲ ၄ ဦး/၆ဦး/၁၀ဦး
တင်ဆောင်နိုင်တယ်လို့ ပြောတာပါ။

ဒီလိုနဲ့
ကျွန်တော့်စာတွေဖတ်ပြီး
ဒီနေ့ ယာဉ်စစ်ဆေးစဉ်မှာပဲ
လူ ၃ ဦး တင်ဆောင်လာတဲ့ အိုးဝေတစ်စီးနဲ့
ဆုံပါလေရော-
ကျွန်တော်ကဘာမှမပြောခင် ယာဉ်မောင်းဆရာက
ရွှမ်းရွှမ်းဝေအောင် အရင်ပြောပါတော့တယ်

" ဆရာရယ် အခုဟာကလေ
သားအမိတွေပါ နောက်ပြီး ဒီအဒေါ်ကလေ
နေမကောင်းဘူးဆရာ
ဆေးခန်းကို လိုက်ပို့ရမှာ
အဲ့ဒါ ဒီက ညီမနှစ်ယောက်က
ဒီအဒေါ် သူတို့အမေကို
သူတို့နှစ်ယောက်ကြားမှာ ညှပ်ထိုင်ခိုင်းပြီး
ထိန်းလို့ လိုက်ခဲ့တာပါဆရာ
ကျွန်တော့်အိုးဝေက 2P ပါဆရာ
အဲ့ဒါလေ ဆရာ ဟိုလေ--"

ယာဉ်မောင်းဆရာက လက်ရှိအခြေအနေကို
ရိုးသားစွာရှင်းပြနေပါတယ်

" မရဘူးလေ 2P ဆိုမှတော့
ခရီးသည် ၂ ဦးပဲ တင်ရမှာပဲလေ
ကဲပါ ဆရာ့ရဲ့ ဝှီးတက်သာ
ကျွန်တော့်ပြလိုက်ပါ"

" ဆရာရယ် မလုပ်ပါနဲ့
ခုဟာက ကျန်းမာရေးကိစ္စပါဆရာ
နားလည်ပေးပါဆရာရယ်"

" ပြပါ ဝှီးတက်ပြပါဆို
အချိန်မရှိဘူး မြန်မြန်ပြဗျာ"

ကျွန်တော့စကားဆုံးတော့
ကားဆရာက မျက်နှာမသာမယာနဲ့
ဝှီးတက်လေး ထုတ်ပြပါတယ်

" ဒီမှာပါဆရာ 2P ပါဆရာ
ကျန်းမာရေးမို့ နားလည်ပေးပါဆရာရယ်"

ကျွန်တော်ဝှီးတက်ကို ယူကြည့်လိုက်တယ်
ပြီးတော့ အသံခပ်မာမာနဲ့ ပြောလိုက်တယ်

" ခင်ဗျားဗျာ သက်သက်မဲ့
အချိန် မကုန်ကုန်အောင်လုပ်နေတယ်
ဘာ 2P လဲ
ခင်ဗျာဝှီးတက်ကို ခင်ဗျာ
သေချာရော ကြည့်ဖူးရဲ့လား
ဒီမှာကြည့် ဘယ်မလဲ 2P
3P လေ မမြင်ဘူးလားဗျာ
အချိန်မရှိပါဘူးဆိုနေမှ"

ကျွန်တော်ကလေသံမာမာလေးပြောလိုက်တော့
ယာဉ်မောင်းဆရာက သူ့အိုးဝေဝှီးတက်ကို
ပြာပြာသလဲ ယူကြည့်ပါတယ်
ပြီးတော့ ကျွန်တော့်ကိုကြည့်တယ်
တစ်ခါ ဝှီးတက်ကို ပြန်ကြည့်ပါတယ်။

" တွေ့လား အဲ့ဒီမှာကြည့်
2P လား 3P လား
သေချာကြည့်"

" 3
3P ပါဆရာ"

"ဒါဆို မြန်မြန်လုပ်လေ
အချိန်မရှိတော့ဘူး
ဆေးခန်းသွားရမှာပဲဟာကို"

ကျွန်တော့်စကားဆုံးတော့
ယာဉ်မောင်းဆရာက အိုးဝေကိုစက်နှိုးပါတယ်
ကျွန်တော့်ကို ကျွန်တော်ပြောမပြတက်တဲ့
မျက်နှာမျိုးနဲ့တစ်ချက်ကြည့်ပါတယ်

" ကျေးဇူးပါဆရာ" တဲ့
ကျွန်တော်ခေါင်းလေးငြိမ့်ပြလိုက်ပါတော့တယ်။

စာလေးရေးချင်လို့
ယာဉ်မောင်းဆရာရဲ့ ဝှီးတက်လေး
ဓါတ်ပုံရိုက်ယူထားလိုက်ပါတယ်
သေချာကြည့်ကြည့်ပါဗျာ
3P တဲ့။

နေမျိုးသူရ
26.8.2025
လေးစားစွာဖြင့်ကူးယူဖော်ပြပါသည်။
Credit ဆရာနေမျိုးသူရ #အိုးဝေ #သုံးဘီးရောင်းဝယ်ရေး #မှန်ကန်တိကျစျေးမှန်

အမျိုးအစား —— Bajaj REမော်ဒယ်  ———- 11Uစျေး —————- ၁၃******သက်တမ်း——— ၁၂လပိုင်း ၂၀၂၅လိုင်စင်————- မန်း(တောင်)နေရာ—————- ...
22/08/2025

အမျိုးအစား —— Bajaj RE
မော်ဒယ် ———- 11U
စျေး —————- ၁၃******
သက်တမ်း——— ၁၂လပိုင်း ၂၀၂၅
လိုင်စင်————- မန်း(တောင်)
နေရာ—————- 115လမ်းနှင့် 71လမ်းထောင့်
ATK အိန္ဒိယ သုံးဘီးအမျိုးမျိုးရောင်းဝယ်ရေး
စုံစမ်းရန်———— 09799979794 / 09404909050
#အိုးဝေ #သုံးဘီးရောင်းဝယ်ရေး #မှန်ကန်တိကျစျေးမှန်

ဦးသူယူဆိုလို့တဲ့ 🏠အိမ်ခြံမြေအကျိုးဆောင်ဆရာကြီး🏢 ကိုကျော်လင်းဆီ ဘီးအပ်လိုက်ပါပြီဗျာ မင်္ဂလာ soul out ပါ                  ...
29/07/2025

ဦးသူယူဆိုလို့တဲ့

🏠အိမ်ခြံမြေအကျိုးဆောင်ဆရာကြီး🏢 ကိုကျော်လင်းဆီ ဘီးအပ်လိုက်ပါပြီဗျာ

မင်္ဂလာ soul out ပါ

ATK
အိန္ဒိယသုံးဘီးအမျိုးမျိုး ရောင်းဝယ်ရေး
📱09799979794
☎️ 09404909050

#အိုးဝေ #သုံးဘီးရောင်းဝယ်ရေး #မှန်ကန်တိကျစျေးမှန်

ကဲ ❗️အသစ်စက်စက်ပါကင်❗️RE ပုံပြောင်း ၂၅မော်ဒယ်🤘🤘🤘အသစ်မရှိဘူးလား မရှိဘူးလားဆိုလို့ တင်ပေးလိုက်ပြီနော်  ❗️အမြန်ဆုံးစျေးနဲ့ရ...
29/07/2025

ကဲ ❗️အသစ်စက်စက်ပါကင်❗️
RE ပုံပြောင်း ၂၅မော်ဒယ်🤘🤘🤘
အသစ်မရှိဘူးလား မရှိဘူးလားဆိုလို့ တင်ပေးလိုက်ပြီနော်
❗️အမြန်ဆုံးစျေးနဲ့ရောင်းပေးမယ် လိုအပ်ရင် 📞ဟလိုလိုက်

🔍🔍🔍

ATK အိန္ဒိယသုံဘီးအမျိုးမျိုးရောင်းဝယ်ရေး
71လမ်းနှင့် 115လမ်းထောင့် (ကျွဲဆည်ကန်) မန္တလေးမြို့။
☎️09799979794
📱09404909050 #အိုးဝေ #သုံးဘီးရောင်းဝယ်ရေး #မှန်ကန်တိကျစျေးမှန်

ယနေ့ ဆိုင်ဖွင့်ပါသည်။📣📣📣📣📣📣📣 မနေ့က ရာသီဥတုကြောင့် ပိတ်ထားတဲ့ ကျွန်တော်များ ATK Sale and Oil Change Service ဆိုင် နှစ်ဆို...
16/05/2023

ယနေ့ ဆိုင်ဖွင့်ပါသည်။
📣📣📣📣📣📣📣
မနေ့က ရာသီဥတုကြောင့် ပိတ်ထားတဲ့
ကျွန်တော်များ ATK Sale and Oil Change Service ဆိုင် နှစ်ဆိုင်စလုံး ဆိုင်ပြန်ဖွင့်ပါပြီ ခင်ဗျာ

ဆိုင်လိပ်စာ
ATK Sales and Oil Change (ကျွဲဆည်ကန်)
(၇၁)လမ်း နှင့် (၁၁၅)လမ်း ထောင့် ၊ (က)ရပ်ကွက် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
09-883030003
https://maps.app.goo.gl/TwoFe4cbQJn4AXHC8

ATK Sales and Oil Change (38လမ်း)
၃၈ လမ်း ၊ ၇၁၇၂ လမ်းကြား၊ မဟာအောင်မြေ၊ မန္တလေး။
https://goo.gl/maps/eTENr7zb6cSPkny59
09-799979794

🙏🙏🙏
#အင်ဂျင်ဝိုင်
#လက်ခFree

လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေများကြောင့် ATK Sale and Oil Change ဆိုင်များ လက်တလော ယာယီပိတ်ထားကြောင်း အသိပေးအပ်ပါတယ...
15/05/2023

လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေများကြောင့် ATK Sale and Oil Change ဆိုင်များ လက်တလော ယာယီပိတ်ထားကြောင်း အသိပေးအပ်ပါတယ်

အဆင်မပြေမှုများ ရှိခဲ့လျှင် အနူးအညွှန့် တောင်းပန်အပ်ပါသည်😔😔😔
ဘေးဒုက္ခအန္တရာယ်အသွယ်သွယ်က လွှတ်မြောက်ပြီး နိုင်ငံသူ နိုင်ငံသားအားလုံး အေးချမ်းကြပါစေ🙏🙏🙏
👉 ဆိုင်လိပ်စာ
📍 ATK Sales and Oil Change (ကျွဲဆည်ကန်)
(၇၁)လမ်း နှင့် (၁၁၅)လမ်း ထောင့် ၊ (က)ရပ်ကွက် ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
☎ 09-883030003
https://maps.app.goo.gl/TwoFe4cbQJn4AXHC8

📍 ATK Sales and Oil Change (38လမ်း)
၃၈ လမ်း ၊ ၇၁×၇၂ လမ်းကြား၊ မဟာအောင်မြေ၊ မန္တလေး။
https://goo.gl/maps/eTENr7zb6cSPkny59
☎ 09-799979794

🙏🙏🙏
#အင်ဂျင်ဝိုင်
#လက်ခFree

03/05/2023

(ဘုရားအဖြစ်သို့ရောက်တော်မူသည့်)
🌷🌷 ကဆုန်လပြည့်နေ့ဖြစ်စဉ်

1️⃣ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

2️⃣ မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

3️⃣ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

4️⃣ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

🙏 ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဗုဒ္ဓနေ့ဟု သတ်မှတ်ခဲ့ကြသည်။

မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည် 🙏🙏🙏

#ကဆုန်လပြည့်နေ့

ကျွန်တော်များ KCT Oil Change Service အား ATK Sales and Oil Change (ကျွဲဆည်ကန်) အဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်ပါပြီ ပြောင်...
01/05/2023

ကျွန်တော်များ KCT Oil Change Service အား ATK Sales and Oil Change (ကျွဲဆည်ကန်) အဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်ပါပြီ
ပြောင်းလဲခြင်းတွေ နောက်ကနေ ချစ်သော ကာစတန်မာများ အတွက် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများ ယူဆောင်လာပြီး Quick Serviceများ ထပ်မံဖြည့်တင်းသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်

https://www.facebook.com/116858984622879/posts/182980004677443/?mibextid=Nif5oz

💦 အတာသင်္ကြန်အခါသမယ မှာမြန်မာနိုင်ငံသားအားလုံး 🇲🇲ဘေးဘယာ ဝေးကွာပြီး အေးချမ်းသာယာ ရှိကြပါစေကြောင်း ☺️ATK Sales And Oil Cha...
13/04/2023

💦 အတာသင်္ကြန်အခါသမယ မှာ
မြန်မာနိုင်ငံသားအားလုံး 🇲🇲
ဘေးဘယာ ဝေးကွာပြီး
အေးချမ်းသာယာ ရှိကြပါစေကြောင်း ☺️
ATK Sales And Oil Change (KCT) မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်....
😍🥰😊
#သင်္ကြန်

"လျှပ်စစ်ကား (Electric Vehicle)  များရဲ့ အားနည်းချက်"လျှပ်စစ်ကားကို စီးနင်းတာက ပတ်ဝန်းကျင် အကျိုးကျေးဇူးတွေနဲ့ စွမ်းဆောင...
26/03/2023

"လျှပ်စစ်ကား (Electric Vehicle) များရဲ့ အားနည်းချက်"

လျှပ်စစ်ကားကို စီးနင်းတာက ပတ်ဝန်းကျင် အကျိုးကျေးဇူးတွေနဲ့ စွမ်းဆောင်ရည် မြင့်မားမှုအရ ကောင်းမွန်တဲ့ အရာပါ။ သို့သော်၊ လျှပ်စစ်ကားများနဲ့အတူ ပါလာတဲ့ အားနည်းချက်အချို့လည်း ရှိနေပါသေးတယ်။

အကန့်အသတ်အကွာအဝေး - ခေတ်မီလျှပ်စစ်ကားများဟာ ခရီးသွားလာနိုင်စွမ်း (Electric Range) အကွာအဝေးစွမ်းရည်ကို မြှင့်တင်ထားသော်လည်း ဓာတ်ဆီသုံးကားများနဲ့ နှိုင်းယှဉ်ပါက အကန့်အသတ်ဖြင့် မောင်းနှင်ရနေဆဲ ဖြစ်ပါတယ်။။ တစ်ကြိမ်အားသွင်းရုံထားနဲ့ သွားလာနိုင်သော အကွာအဝေးဟာ ယာဉ်မော်ဒယ်နှင့် မောင်းနှင်မှုအခြေအနေပေါ်မူတည်၍ ကွဲပြားနိုင်ပါတယ်။ အားသွင်းစခန်းများကို မဝင်ရောက်ဘဲ ခရီးဝေးသွားလိုသော ယာဉ်မောင်းများအတွက် ဒီအချက်ဟာ အဆင်မပြေနိုင်ပါ။

တာရှည်အားသွင်းချိန် - လျှပ်စစ်ကားတစ်စီးကို အမြန်အားသွင်းသည့်နေရာများတွင်ပင် ဓာတ်ဆီတိုင်ကီဖြည့်ခြင်းထက် များစွာကြာနိုင်ပါတယ်။ ဘက်ထရီအရွယ်အစားနဲ့ အားသွင်းနည်းလမ်းပေါ်မူတည်ပြီး လျှပ်စစ်ကားတစ်စီး အားအပြည့်သွင်းရန် နာရီအနည်းငယ်မှ တစ်နေကုန်အထိ ကြာနိုင်ပါတယ်။ အလျင်လိုနေသော သို့မဟုတ် ခရီးဝေးသွားလိုသော ယာဉ်မောင်းများအတွက် အဆင်မပြေနိုင်ပါ။

ကုန်ကျစရိတ် - လျှပ်စစ်ကားများဟာ ဓာတ်ဆီသုံးကားများထက် ယေဘုယျအားဖြင့်စျေးကြီးပြီး ဘက်ထရီကုန်ကျစရိတ်ဟာလည်း အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင်အိမ်သုံးအားသွင်းစခန်း တပ်ဆင်ခြင်း သို့မဟုတ် အများသူငှာ အားသွင်းစခန်းများကို အသုံးပြုခြင်းအတွက် ကုန်ကျစရိတ်ဟာလည်း အချိန်နှင့်အမျှ တိုးလာနိုင်ပါတယ်။ လျှပ်စစ်ကားများဟာ စွမ်းအင်ကုန်ကျစရိတ် နည်းပါးခြင်းကြောင့် ရေရှည်တွင် လည်ပတ်မှုကုန်ကျစရိတ် သက်သာနိုင်သော်လည်း၊ ကြိုတင်ကုန်ကျစရိတ်များသည် အချို့သော ယာဉ်မောင်းများအတွက် အတားအဆီးတစ်ခုဖြစ်နိုင်ပါတယ်။

အားသွင်းအခြေခံအဆောက်အအုံ - အများသူငှာ အားသွင်းရုံအရေအတွက် တိုးလာသော်လည်း၊ အထူးသဖြင့် ကျေးလက်ဒေသ သို့မဟုတ် ဝေးလံခေါင်သီသော ဒေသအများအပြားတွင် အားသွင်းအခြေခံအဆောက်အအုံများ နည်းပါးနေသေး (သို့) မရှိသလောက်ကို ဖြစ်နေဆဲပါပဲ။ ဒီအချက်ဟာ လျှပ်စစ်ကားပိုင်ရှင်များအတွက် ခရီးဝေးသွားသည့်အခါ သို့မဟုတ် အများသူငှာ အားသွင်းရုံများသို့ အလွယ်တကူမဝင်ရောက်နိုင်သော နေရာများတွင် အားသွင်းစခန်းများကို ရှာဖွေရန် အခက်အခဲဖြစ်စေနိုင်ပါတယ်။

ဘက်ထရီစွန့်ပစ်ခြင်း - လျှပ်စစ်ကားဘက်ထရီများတွင် အဆိပ်အတောက်ဖြစ်စေသောပစ္စည်းများပါဝင်ပြီး စနစ်တကျစွန့်ပစ်ရန်ခက်ခဲနိုင်ပါတယ်။ စျေးကြီးပြီး အချိန်ကုန်စေမယ့် ဘက်ထရီများကို ပြန်လည်အသုံးပြုရန် လိုအပ်ပါသည်။ ထို့အပြင် ဘက်ထရီများကို စနစ်တကျ မစွန့်ပစ်ပါက ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

နိဂုံးချုပ်အားဖြင့် လျှပ်စစ်ကားများဟာ အကျိုးကျေးဇူးများစွာရှိသော်လည်း မဝယ်မီတွင် ထည့်သွင်းစဉ်းစားရမည့် အားနည်းချက်အချို့ရှိနေပါသေးတယ်။ လျှပ်စစ်ကားတစ်စီးသည် သင့်လိုအပ်ချက်နှင့် ဘဝနေထိုင်မှုပုံစံအတွက် မှန်ကန်သောရွေးချယ်မှုဖြစ်မဖြစ် ဆုံးဖြတ်ရန် အားသာချက်များနှင့် အားနည်းချက်များကို ချိန်ဆရန် အရေးကြီးလှပါတယ်။

Writer - Ko Maung

************

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များအမြန်ပြောင်းလဲတပ်ဆင်ရာတွင် ပြုလုပ်ရမည်များ***************************************...
23/03/2023

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ
အမြန်ပြောင်းလဲတပ်ဆင်ရာတွင် ပြုလုပ်ရမည်များ
************************************************
မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ
လာရောက်လျှောက်ထားတဲ့အခါဒါတွေလိုပါတယ်

၁။ လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏
မှတ်ပုံတင် မူရင်း၊မိတ္ထူ
(ဘယ်သူလာလာ လာတဲ့သူကိုပြောတာနော်)

၂။ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်မူရင်း။
(အုံနာဘုတ် ကိုပြောတာနော်)

၃။ မော်တော်ယာဉ်သက်သေခံလက်မှတ်မူရင်း။
(ဝှီးတက်ကိုပြောတာနော်)

၄။ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားတန်ဖိုး
၉၀၀၀ ကျပ်

စတာတွေလိုပါတယ်
ကားလဲမလိုဘူး
နံပါတ်ပြားအဟောင်းလဲ မလိုသေးပါဘူး
အထက်ပါအတိုင်းလျှောက်ထားတဲ့အခါ
ငွေးသွင်းချလံလေးပေးပါလိမ့်မယ်
ဖောင်းကြွနံပါတ်ပြားအသစ်
ပြန်လည်ထုတ်ယူရမည့်ရက်ကိုလည်း
ပြောပြပါလိမ့်မယ်။

ဖောင်းကြွအသစ် မှာယူပြီး ပြန်လည်ထုတ်ယူရာမှာ
ဒါတွေလိုပါတယ်

၁။ ငွေသွင်းချလံ
၂။ နံပါတ်ပြားအဟောင်း(၂)ချပ် ဖြစ်ပါတယ်။

အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ၊
Taxi ယာဉ်များ၊
မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ၊
နိုင်ငံပိုင် ဌာနဆိုင်ရာယာဉ်များ၊
ကုန်တင်ယာဉ်များအားလုံး
31.3.2023 ရက်နေ့အပြီး
ဖောင်းကြွနံပါတ်ပြားများသစ်များ
ပြောင်းလဲတပ်ဆင်ရပါမယ်။

ပုဂ္ဂလိက ကိုယ်ပိုင်မော်တော်ယာဉ်များကတော့
နှစ်လဲသက်တမ်းတိုးချိန် ဒါမှမဟုတ်
သက်တမ်းတိုးချိန်မရောက်ခင်ပဲဖြစ်ဖြစ်
ဖောင်းကြွနံပါတ်ပြားများ
ပြောင်းလဲတပ်ဆင်နိုင်ပါတယ်
ကိုယ်ပိုင်မော်တော်ယာဉ်တွေဟာ
31.3.2023 ရက်နေ့အပြီး မဖြစ်မနေပြောင်းကို
ပြောင်းတပ်ဆင်ရမယ်လို့ဆိုမထားပါဘူး
သက်တမ်းတိုးမှ တစ်ခါတည်းလုပ်လည်းရပါတယ်။

ထပ်ပြောပါရစေ
အိမ်စီးကားတွေ မဖြစ်မနေပြောင်းရမယ်လို့
မဟုတ်ပါဘူး ပြောင်းချင်ရင်လဲပြောင်း
မပြောင်းချင်ရင်လည်း သတ်တမ်းတိုးတဲ့အခါကျမှ
ပြောင်းလို့ရပါတယ်
အသေးစိတ်သိရှိနိုင်အောင်
လက်ကမ်းစာစောင်လေး တင်ပေးလိုက်ပါတယ်။

31.3.2023 ရက်နေ့ အပြီး
အမြန်ပြောင်းလဲတပ်ဆင်ရမယ်လို့ဆိုရာမှာ
၎င်းရက်ကျော်လွန်သည့်အချိန်
မပြောင်းလဲပါက စစ်ဆေးအရေးယူမယ်လို့တော့
ထုတ်ပြန်ထားခြင်းမရှိပါဗျာ။

နေမျိုးသူရ
15.3.2023

Address

Corner Of 115th Street And 71st Street
Mandalay
05051

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959883030003

Alerts

Be the first to know and let us send you an email when ATK သုံးဘီးရောင်း၀ယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ATK သုံးဘီးရောင်း၀ယ်ရေး:

Share