28/07/2024
လားရှိုး မြို့မဈေးကြီး မီးလောင်တယ်ဆိုပြီး သတင်းအမှားတွေ တက်နေပါတယ်။ မြို့မဈေး ဘာမှ မဖြစ်ပါ။ လက်နက်ကြီးကျလို့ လားရှိုးကြီးဈေးအပြင်ဘက်မှာ မီးနည်းနည်းလောင်တာဖြစ်ကြောင်း သိရပါတယ်။
လားရှိုးမြို့မှ နမ့်ပေါင်လမ်းအတိုင်း ထွက်လာမယ့်သူများအားလုံး ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တာတွေပါရင် ဖျက်ထားကြပါ။ စစ်ဆေးလို့ တွေ့ရင် ဖမ်းခံရနိုင်ပါတယ်။ အနည်းဆုံး ဖုန်းသိမ်းခံရနိုင်ပါတယ်။ မလိုအပ်တာတွေ ဖျက်ပစ်ကြပါ။
ခုအချိန်က နာရေးကူညီမှုအသင်းတွေလဲ ရှောင်ကုန်ပြီဆိုတော့ တစ်ခုခုဆို ကိုယ့်အစီအစဉ်နဲ့ကိုယ် သင်္ဂြိုဟ်နေကြရတယ်။ ကြာကန် ပို့လို့အဆင်မပြေတော့ အကုန်ဒုက္ခဖြစ်နေကြတယ်။
လားရှိုးမြို့မှ ထွက်မယ့်လူတွေအတွက် အထွက်ကို အချိန်နဲ့ခွင့်ပြုထားပေးပါတယ်။ နံနက်စောစောထွက်ကြပါ။ အဝင် ခွင့်မပြုပါ။ ကွင်းလမ်း စိတ်မချရပါ။ သွားသူတချို့ ပစ်ခံရတာ ရှိပါတယ်။ စဉ့်အင်က တက်လာတဲ့ကားတွေ မြို့ထဲဝင်ရဖို့ ခါးသျှိမှာ တန်းစီစောင့်နေကြပါတယ်။ တစ်ပတ်ကျော်ပြီ ဝင်ခွင့်မရပါ။
ရမခ ဘက်နဲ့ ၆၂၆ ဘက်တွေမှာ မနေ့ ညနေက ပစ်ခတ်မှုတွေ ဖြစ်နေပါတယ်။ ဒီမနက် နည်းနည်းငြိမ်နေပါတယ်။ လက်နက်ကြီးကျလို့ လူသေဆုံးတာတွေ အိမ်မီးလောင်တာတွေလဲ ဖြစ်နေဆဲပါ။ မြို့ထဲမှာတော့ အသံငြိမ်နေပြီး သိန္နီလမ်းဘက်မှာတော့ ပစ်ခတ်သံတွေကြားနေရပါတယ်။ အေတီဘက်၊ ထောင်ကြီးဘက်လဲ ပစ်ခတ်မှုတွေဖြစ်နေပါတယ်။ သူခိုးတွေလဲ ညစဉ် သောင်းကျန်းနေကြပါတယ်။
ယခု (၁၁:၃၀)အချိန် ပစ်ခတ်သံတွေ ခပ်စိတ်စိတ်ဖြစ်လာနေကြောင်းသိရပါတယ်။ ဘေးကင်းရာမှ နေကြဖို့နဲ့ လက်နက်ကြီး မကျဖို့ပဲ ဆုတောင်းပေးနေပါတယ်။
ဆက်လက်ဖော်ပြပေးပါမယ်
Crd:Nay Myo
#မန္တလေး_လားရှိုး
#ပြင်ဦးလွင်_လားရှိုး
#မန္တလေး_တောင်ကြီး
#နမ့်လန်_တောင်ကြီး
#နမ့်လန်_မန္တလေး
#တန့်ယန်း_မန္တလေး
#ကျောက်မဲ_မန္တလေး
#တန့်ယန်း_တောင်ကြီး
Tel:09 540 4276
#လားရှိုးမြို့ကြီးအမြန်ဆုံးအေးချမ်းပါစေ
(28-7-2024)