Kyaw Kyar Aung

Kyaw Kyar Aung ☀️🏆🥇ဘဝရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ K2A Service and Technician Training နဲ့ စတင်စို့🥇🏆☀️

🚘⚙️ကျွန်တော်အခု knowledge sharing ပြုလုပ်ပေးမှာတော့ Spark Plug ပြန်တပ်တဲ့အခါမှာ လုပ်ငန်းခွင်ဝင်တဲ့ ညီငယ်တွေ သတိထားနိုင်စ...
04/04/2025

🚘⚙️ကျွန်တော်အခု knowledge sharing ပြုလုပ်ပေးမှာတော့ Spark Plug ပြန်တပ်တဲ့အခါမှာ လုပ်ငန်းခွင်ဝင်တဲ့ ညီငယ်တွေ သတိထားနိုင်စေရန်နှင့် Spark Plug ဖွဲ့စည်းပုံလေးကို အခွင့်အခါသင့်တုန်း ပြသချင်လို့ပဲဖြစ်ပါတယ်။⚙️🚘

⚙️ပြဿနာက Spark Plug ပြန်တပ်တဲ့အခါ အရမ်းကြီးမကျပ်မိစေဖို့ပါ။

⚙️အရမ်းကျပ်မိတဲ့အခါ ခဏလေးနဲ့ပြီးရမယ် အလုပ်က အချိန်ပိုကြာပြီး အလုပ်ပိုစေပါတယ်။

⚙️ဒါကြောင့်မို့ Spark Plug ပြန်တပ်တဲ့အခါ သူသတ်မှတ်ထားတဲ့ တင်းအား ဒါမှမဟုတ် လက်တတင်းလောက်ပဲ ကျပ်ပေးစေလိုပါတယ်။

⚙️ဒါကစက်ပြင်ဆရာတော်တော်များများ သိပေးမယ့်လည်းပဲ အခုတလော ဒီပြဿနာကို ဖြေရှင်းပေးနေရတာ တခါလဲ မဟုတ် နှစ်ခါလဲမဟုတ် မလို့ ပညာသင် workshop မှာလုပ်နေတဲ့ ညီငယ်များ သတိထားစေရန်ဖြစ်ပါတယ်။

⚙️ပျက်ပုံပျက်နည်းနဲ့။ Spark Plug ဖွဲ့စည်းပုံကို လေ့လာရန် အောက်ကပုံလေးတွေမှာ ကြည့်ရှုလို့ရပါတယ်

ကျွန်တော်အခု Knowledge Sharing ကနေ ကားအကြောင်း လေ့လာနေတဲ့ မိတ်ဆွေ၊ ညီ/ညီမ တို့အတွက် ပညာတစ်ခု (သို့) အကျိုးတစုံတရာ ရရှိကြပါစေ။ အသိပညာ၊ ဗဟုသုတများလည်း တိုးပွါးကြပါစေ။

☀Automotive Engineering Fundamental and Foundation Course (Engine) Online Class သင်တန်း အကြောင်း စုံစမ်းလိုပါက အောက်က comment မှာ Link ချ ပေးထားပါတယ်။

☀️Automotive Engineering Wiring, Electrical Systems and Onboard Diagnosis System Advanced Course (ကားဝါယာရိန်းနှင့်ကွန်ပျူတာစက်ထိုးသင်တန်း ) Online Class သင်တန်းအကြောင်း စုံစမ်းလိုပါက အောက်က comment မှာ Link ချပေးထားပါတယ်

☀⚡Telegram Channel မှာ လဲ Knowledge Sharing တွေ လေ့လာနိုင်ပါတယ်။ Link ⬇⬇⬇⬇⬇⬇
https://t.me/+LiiSzdM9AfkwY2Zl

☀️TikTok Link ⬇️⬇️⬇️⬇️⬇️

https://www.tiktok.com/?_t=8nKLkV0juQj&_r=1

☀❤🙏အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး စီးပွားရေးများ ဒီရေအလား တိုးတက်ကြပါစေ။ ဘေးအန္တာရယ်များ ကင်းရှင်းကြပါစေ🙏❤☀

☀KO Tun(K2A)
BE-Mech

#2025 #ကားအကြောင်းမျှဝေကြမယ်။ ゚viralシ

ငလျင်ဘေးသို့ သွားရောက် လှုဒါန်း/ကူညီပေးနေကြသော မိတ်ဆွေများအနေဖြင့် ကားနှင့်ပတ်သက်၍ အခက်အခဲ တခုခု ရှိပါက ကျွန်တော်ကို Pag...
04/04/2025

ငလျင်ဘေးသို့ သွားရောက် လှုဒါန်း/ကူညီပေးနေကြသော မိတ်ဆွေများအနေဖြင့် ကားနှင့်ပတ်သက်၍ အခက်အခဲ တခုခု ရှိပါက ကျွန်တော်ကို Page Messanger မှဖြစ်စေ Phone No.09456616559 သို့ ဆက်သွယ်၍ မေးမြန်းလို့ရပါတယ် ကျွန်တော် တတ်စွမ်းသမျှဖြေကြားပေးနေပါတယ်ခင်ဗျ🙏🙏🙏🙏🙏

မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေ🙏❤️🙏

#ငလျင် #ပရဟိတ

လက်ရှိအမြန်လမ်း အခြေအနေ 🙏
28/03/2025

လက်ရှိအမြန်လမ်း အခြေအနေ 🙏

စစ်ကိုင်း မင်းကွန်း တိနိကျောင်း ရွှေရတု ငွေရတု ငါးထပ်ဆောင်.. ပြိုကျ ... တည်းခို လူများ ပိနေ... ကူညီနိုင်ကြပါစေ...  🙏🙏🙏🙏🙏
28/03/2025

စစ်ကိုင်း မင်းကွန်း တိနိကျောင်း ရွှေရတု ငွေရတု ငါးထပ်ဆောင်.. ပြိုကျ ... တည်းခို လူများ ပိနေ... ကူညီနိုင်ကြပါစေ...

🙏🙏🙏🙏🙏

ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပြိုကျ မီးလောင်နေ Photo credit to Mandalay Free Press -MFP
28/03/2025

ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပြိုကျ မီးလောင်နေ

Photo credit to Mandalay Free Press -MFP

■ အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်း ကျိုးကျပျက်စီး■ မန္တလေးတွင်လည်း တိုက်အချို့ ပြိုကျသည်ဟု ကနဦး သိရအင်အားပြ...
28/03/2025

■ အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်း ကျိုးကျပျက်စီး

■ မန္တလေးတွင်လည်း တိုက်အချို့ ပြိုကျသည်ဟု ကနဦး သိရ

အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်း ကျိုးကျပျက်စီးပြီး မန္တလေးတွင်လည်း တိုက်အချို့ ပြိုကျသည်ဟု ကနဦး သိရသည်။

ယနေ့ (မတ် ၂၈ ရက်) နေ့လယ် ၁၂ နာရီ ၅၃ မိနစ်ခန့်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ရာ စစ်ကိုင်းတံတားဟောင်း ကျိုးကျပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အလားတူ မန္တလေးမြို့တွင်လည်း တိုက်အချို့ ပြိုကျပျက်စီးသည်ဟု ဒေသခံအချို့က လှုမှုကွန်ရက်စာမျက်နှာများတွင် ရုပ်သံများ တင်ထားပြီး အပျက်အစီးများနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းလျက်ရှိသည်။

Credit Eleven

☀️☀☀ဒီနေ့ ကားပညာလေ့လာနေတဲ့ ညီ/ညီမ မိတ်ဆွေတို့ အတွက် Relay အကြောင်း Knowledge Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်☀☀☀☀️Relay ...
27/03/2025

☀️☀☀ဒီနေ့ ကားပညာလေ့လာနေတဲ့ ညီ/ညီမ မိတ်ဆွေတို့ အတွက် Relay အကြောင်း Knowledge Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်☀☀☀

☀️Relay ကို တော့ အားလုံးတော်တော် များများ သိကြတာများပါတယ်။ ဒါပေမယ့်လည်း မသိတဲ့သူ တစ်ယောက်၊ နှစ်ယောက် အတွက် ရှင်းပြပေးပါအုံးမယ်ခင်ဗျ။

☀️Relay ကိုအသုံးပြုတဲ့ နေရာ၊ အမျိုးအစား၊ နယ်ပယ်ပေါ် လိုက်ပီး အမျိုးမျိုး တီထွင်ထုတ်လုပ်ထားပါတယ်။

☀️အဓိက အားဖြင့် Relay (၃) မျိုးရှိပါတယ်။
1. Solid State Relay
2. Reed Relay
3. Electromagnetic Relay တို့ဖြစ်ပါတယ်။

☀️ကျွန်တော်တို့ ကားမှာတော့ Electromagnetic Relay အမျိုးအစား ကို အသုံးပြုကြတာများပါတယ်။ ဒါကြောင့် Electromagnetic Relay အကြောင်းကို အကျယ်တဝင့် ပုံလေးတွေနဲ့ ရှင်းပြပေးသွားပါ့မယ်ခင်ဗျ။

☀️Electromagnetic Relay ဆိုတာ Electromagnetic Switch လျှပ်စစ်သံလိုက်ခလုတ်လေးတစ်ခု ဖြစ်ပါတယ်။ အောက်ကပုံလေးတွေမှာ Relay တွေရဲ့ ပုံစံ၊ တည်ဆောက်ပုံ၊ Pin တစ်ခုခြင်းဆီမှာ ဘယ်လိုင်းတွေရောက်နေလဲ၊ ဘယ်လိုအလုပ်လုပ်လဲ စတာတွေကို အတတ်နိုင်ဆုံး နားလည်ရလွယ်အောင်အသေးစိတ်ရှင်းပြထားတယ်။

⚡️ကျွန်တော်အခု Knowledge Sharing ကနေ ကားအကြောင်း လေ့လာနေတဲ့ မိတ်ဆွေ၊ ညီ/ညီမ တို့အတွက် ပညာတစ်ခု (သို့) အကျိုးတစုံတရာ ရရှိကြပါစေ။ အသိပညာ၊ ဗဟုသုတများလည်း တိုးပွါးကြပါစေ။

☀Automotive Engineering Fundamental and Foundation Course (Engine) Online Class သင်တန်း အကြောင်း စုံစမ်းလိုပါက အောက်က comment မှာ Link ချ ပေးထားပါတယ်။

☀️Automotive Engineering Wiring, Electrical Systems and Onboard Diagnosis System Advanced Course (ကားဝါယာရိန်းနှင့်ကွန်ပျူတာစက်ထိုးသင်တန်း ) Online Class သင်တန်းအကြောင်း စုံစမ်းလိုပါက အောက်က comment မှာ Link ချပေးထားပါတယ်

☀⚡Telegram Channel မှာ လဲ Knowledge Sharing တွေ လေ့လာနိုင်ပါတယ်။ Link ⬇⬇⬇⬇⬇⬇
https://t.me/+LiiSzdM9AfkwY2Zl

☀️TikTok Link ⬇️⬇️⬇️⬇️⬇️

https://www.tiktok.com/?_t=8nKLkV0juQj&_r=1

☀❤🙏အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး စီးပွားရေးများ ဒီရေအလား တိုးတက်ကြပါစေ။ ဘေးအန္တာရယ်များ ကင်းရှင်းကြပါစေ🙏❤☀

☀KO Tun(K2A)
BE-Mech

#2025 #ကားအကြောင်းမျှဝေကြမယ်။ ゚viralシ

☀⚙👨‍🔧ဒီနေ့တော့ OBD II Readiness Monitor (စောင့်ကြည့်ထိန်းချုပ်စနစ်) အကြောင်းကို ဗဟုသုတ အနေနဲ့ မျှဝေပေးချင်ပါတယ်။👨‍🔧⚙☀☀ကာ...
25/03/2025

☀⚙👨‍🔧ဒီနေ့တော့ OBD II Readiness Monitor (စောင့်ကြည့်ထိန်းချုပ်စနစ်) အကြောင်းကို ဗဟုသုတ အနေနဲ့ မျှဝေပေးချင်ပါတယ်။👨‍🔧⚙☀

☀ကားတစ်စီးမှာ OBD II System ဆိုတာရှိပါတယ်။ OBD II System ဆိုတာ ကားတစ်စီး ဟာ ဘယ်လို စနစ်တွေနဲ့ ဘယ်အချိန်မှာ လုပ်ရမယ်။ ဘယ်အစိတ်အပိုင်းတွေက ကားအခြေအနေတွေပေါ်လိုက်ပြီး သူသတ်မှတ်ထားတဲ့ နှုန်းအတိုင်း လုပ်ဆောင်စေဖို့ ECU ထဲမှာ တခါရေးသားထားတဲ့ စနစ်ဖြစ်ပါတယ်။

☀အဲ့လို OBD II System အတိုင်း ကားတစ်စီးက လိုက်နာလုပ်ဆောင်နေလားဆိုတာ သိဖို့ Readiness Monitor (စောင့်ကြည့်ထိန်းချုပ်တဲ့စနစ်) ကို ထားရှိထားပါတယ်။

☀ယခုလက်ရှိမှာတော့ U.S Enviromental Protection Agency (EPA) က သတ်မှတ်ထားတဲ့ OBD II Readiness Monitors (or I/M Monitors) (11) ချက် ရှိပါတယ်။

☀ဒါဟာ General ယူထားတာ ဖြစ်ပြီး ထုတ်လုပ်တဲ့ ကား Company အမျိုးအစားပေါ်မှုတည်ပြီး အနည်းငယ် ကွဲလွှဲနိုင်ပါတယ်။

☀Readiness Monitor လုပ်တဲ့ နေရာ ကားတစ်စီးရဲ့ အစိတ်အပိုင်းတစ်ခု (သို့) စနစ် တချို့ ဟာ အမြဲတမ်းစောင့်ကြည့်ထိန်းချုပ်ပေးဖို့ လိုသလို၊ တချို့ စနစ် နဲ့ အစိတ်အပိုင်းကျတော့ သူ သတ်မှတ်တဲ့ Criteria ကိုက်ညီမှ စောင့်ကြည့်ထိန်းချုပ်တဲ့ စနစ်ဟာ အသက်ဝင်မှာ ဖြစ်ပါတယ်။

☀ဒါကြောင့် Readiness Monitor လုပ်တဲ့နေရာမှာ ပုံစံ (၂) မျိုးနဲ့ လုပ်ဆောင်ပေးပါတယ်။
1. Continuous Monitor နဲ့
2. Non-Continuous Monitor တို့ ဖြစ်ပါတယ်။

☀1. Continuous Monitor (အမြဲစောင့်ထိန်းချုပ်တဲ့စနစ်) မှာ အောက်ပါ အစိတ်အပိုင်းတွေနဲ့ စနစ် တွေ အမြဲတမ်း အသင့်ဖြစ်နေမှာပါ။
1. Missfire (အင်ဂျင်မီးခေါက်သံ မှန်/မမှန် ကို ထိန်းချုပ်အာရုံခံတဲ့စနစ်)
2. Fuel System (လိုအပ်တဲ့ ဆီပမာဏကို ထုတ်လုပ်ပေးတဲ့စနစ်)
3. Comprehensive Component (CMM) (အင်ဂျင်ရဲ့ အဓိက Key Sensors များ) တို့ပဲဖြစ်ပါတယ်။

☀2. Non-Continuous Monitor (သတ်မှတ်တဲ့ Criteria နဲ့ ကိုက်ညီမှ စောင့်ကြည့်ထိန်းချုပ်မှုကို လုပ်တဲ့ စနစ်) မှာတော့ အောက်ပါ အစိတ်အပိုင်းတွေနဲ့ စနစ်တွေ ပါဝင်ပါတယ်။
1. EGR System
2. Oxygen Sensors
3. Catalyst
4. Evaporative System
5. O2 Sensor Heater
6. Secondary Air
7. Heated Catalyst
8. A/C System တို့ပဲ ဖြစ်ပါတယ်။

⚡️ကျွန်တော်အခု Knowledge Sharing ကနေ ကားအကြောင်း လေ့လာနေတဲ့ မိတ်ဆွေ၊ ညီ/ညီမ တို့အတွက် ပညာတစ်ခု (သို့) အကျိုးတစုံတရာ ရရှိကြပါစေ။ အသိပညာ၊ ဗဟုသုတများလည်း တိုးပွါးကြပါစေ။

☀Automotive Engineering Fundamental and Foundation Course (Engine) Online Class သင်တန်း အကြောင်း စုံစမ်းလိုပါက အောက်က comment မှာ Link ချ ပေးထားပါတယ်။

☀️Automotive Engineering Wiring, Electrical Systems and Onboard Diagnosis System Advanced Course (ကားဝါယာရိန်းနှင့်ကွန်ပျူတာစက်ထိုးသင်တန်း ) Online Class သင်တန်းအကြောင်း စုံစမ်းလိုပါက အောက်က comment မှာ Link ချပေးထားပါတယ်

☀⚡Telegram Channel မှာ လဲ Knowledge Sharing တွေ လေ့လာနိုင်ပါတယ်။ Link ⬇⬇⬇⬇⬇⬇
https://t.me/+LiiSzdM9AfkwY2Zl

☀️TikTok Link ⬇️⬇️⬇️⬇️⬇️

https://www.tiktok.com/?_t=8nKLkV0juQj&_r=1

☀❤🙏အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး စီးပွားရေးများ ဒီရေအလား တိုးတက်ကြပါစေ။ ဘေးအန္တာရယ်များ ကင်းရှင်းကြပါစေ🙏❤☀

☀KO Tun(K2A)
BE-Mech

#2025 #ကားအကြောင်းမျှဝေကြမယ်။ ゚viralシ

☀️အခုလက်ရှိ အချိန်ထိ ကျွန်တော် ဒီ Page လေးကနေ ကားနဲ့ပတ်သတ်တဲ့ အခက်အခဲများကို ကျွန်တော်တတ်စွမ်းသလောက် ကူညီပေးလျက်ရှိပါတယ်...
22/03/2025

☀️အခုလက်ရှိ အချိန်ထိ ကျွန်တော် ဒီ Page လေးကနေ ကားနဲ့ပတ်သတ်တဲ့ အခက်အခဲများကို ကျွန်တော်တတ်စွမ်းသလောက် ကူညီပေးလျက်ရှိပါတယ်

☀️ဒါပေမယ့် အခုချိန်အခါမှာ Page ကနေ reply ပြန်ဖို့ အခက်အခဲများရှိနေတဲ့ အတွက် reply ပြန်တာနောက်ကျခြင်းနဲ့ တခါတလေ လုံးဝမပြန်မိတာတွေရှိပါတယ်။နည်းပညာအခက်အခဲများကြောင့် ဖြစ်တာမို့ နားလည်ပေးစေလိုပါတယ်

☀️Page မှာ reply ကြာလို့ ကားနဲ့ပတ်သတ်တဲ့အခက်အခဲတွေကို မေးမြန်းလိုလျင် 09456616559 Telegram No သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

☀️Automotive knowledge sharing တွေကို ဖတ်ရှူလိုပါက အောက်မှာ Telegram Link ချပေးထားပါတယ်
⬇️⬇️⬇️⬇️⬇️

https://t.me/+LiiSzdM9AfkwY2Zl

☀️ အားလုံးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီးစီးပွါးရေးများ ဒီရေအလားတိုးတက်ကြပါစေ

☀️Ko Tun (K2A)
BE-Mech

☀👨‍🔧🚘ကျွန်တော် အခု knowledge Share လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ ကျွန်တော် ရဲ့ online Class မှာ တက်ရောက်နေတဲ့ သင်တန်းသာ...
21/03/2025

☀👨‍🔧🚘ကျွန်တော် အခု knowledge Share လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ ကျွန်တော် ရဲ့ online Class မှာ တက်ရောက်နေတဲ့ သင်တန်းသားညီငယ်တစ်ဦးမေးထားတဲ့ မေးခွန်းလေးကောင်းလို့ လိုင်းပေါ်ကနေ သင်ယူနေတဲ့ ညီ/ညီမများ အတွက်ပညာတစ်ခု ရရှိစေရန် မျှဝေပေးလိုက်ပါတယ်။🚘👨‍🔧☀

☀❓မေးခွန်းလေးကတော့ ဆရာရေ Duty Cycle နဲ့ Pulse Width အတူတူ ပဲလားတဲ့ သူစိတ်ထဲရောနေလို့ပါတဲ့။ ဒီမေးခွန်းကို ကျွန်တော် knowledge sharing လုပ်တဲ့ Post တစ်ခု အောက်မှာလဲ အကို တစ်ယောက်မေးဖူးပါတယ်။

☀👨‍🔧ကျွန်တော်လဲ အခုတလော စာမေးပွဲဖြေဖို့ စာလေ့လာနေရတာမို့ Knowledge Sharing သိပ်မလုပ်နိုင်တာကို နားလည်ပေးစေ လိုပါတယ်။
ဒါပေမယ့် ကားနဲ့ပတ်သတ်တဲ့ အခက်အခဲများ Page မှာလာမေးထားတာကိုတော့ အချိန်ရသလို ဖြေပေးနေပါတယ်။

☀Duty Cycle နဲ့ Pulse Width အတူတူပဲလား ဆိုတော့ မတူပါဘူးခင်ဗျ။
အားလုံး ပြည့်စုံသွားအောင် Frequency, Duty Cycle နဲ့ Pulse Width (၃) ခု လုံးကို ရှင်းပြပေးပါမယ်။

☀Frequency
Frequency ဆိုတာကတော့ ၁ စက္ကန့်အတွင်းမှာ on/off (ဖွင့်/ပိတ်) cycle ဘယ်နှကြိမ်လုပ်ဆောင်လဲဆိုတာ ပြောဆိုတာပဲ ဖြစ်ပါတယ်။ Frequency တိုင်းတာတဲ့အခါ Hertz (Hz) နဲ့ ဖော်ပြကြပါတယ်။ ဥပမာ ၁ စက္ကန့်အတွင်းမှာ အဖွင့်/အပိတ် 8 ခါလုပ်ရင် 8 cycle/sec or 8 Hz လို့ဖော်ပြကြပါတယ်။ အောက်က Frequency ပုံလေးမှာ လေ့လာကြည့်ပါ။

☀Duty Cycle
Duty Cycle ကတော့ Cycle တစ်ခုခြင်းဆီရဲ့ ဘယ်လောက်ပမာဏ on (ဖွင့်) ပြီး ဘယ်ပမာဏလောက် off (ပိတ်) လဲ ဆိုတာကိုဖော်ပြတာပဲဖြစ်ပါတယ်။ Duty Cycle ကိုတော့ Percentage (%) နဲ့ ဖော်ပြကြပါတယ်။ Duty Cycle ကို နားလည်ဖို့ဆိုရင် Cycle တစ်ခုကို 100 % နဲ့အလုပ်လုပ်နေတယ်ဆိုတာသိရပါမယ်။ ဒါဆို on (ဖွင့်) 50 % နဲ့ အလုပ်လုပ်ရင်၊ Off (ပိတ်) 50% ဖြစ်ပါတယ်။ On (70% ) ဆို Off (30%) ဖြစ်ပါတယ်။ မှတ်သားစရာကတော့ Duty Cycle ဟာ အမြဲတမ်း On Time အခြေအနေကိုပဲ ဖော်ပြပါတယ်။ ဒါကြောင့် Duty Cycle 80 % လို့ပြောရင် On Time (80%) , Off time (20%) ဖြစ်တယ်ဆိုတာ ကို သိရပါမယ်။ Duty Cycle ကို တိုင်းတာတဲ့အခါ Percentage (%) နဲ့ မဟုတ်ပဲ Degree( •) နဲ့လည်း ဖော်ပြနိုင်ပါတယ်။ အောက် Duty Cycle ပုံလေးမှာ လေ့လာကြည့်ပါ။

☀Pulse Width
Pulse Width က Cycle တစ်ခုခြင်းဆီမှာ ဘယ်လောက်ကြာကြာ On Time (ဖွင့်) လဲဆိုတာကို ဖော်ပြတာပဲဖြစ်ပါတယ်။ Off time (ပိတ်) ချိန်ကိုတော့ မဖော်ပြပေးပါဘူး။ Duty Cycle နဲ့မတူတဲ့အချက်ကတော့ Pulse Width က Time (အချိန်) နဲ့ တိုင်းတာပဲ ဖြစ်ပါတယ်။ Duty Cycle ကို တိုင်းတာတဲ့အခါ Millisecond (ms) နဲ့ဖော်ပြကြပါတယ်။ အောက်က Pulse Width ပုံလေးမှာ လေ့လာကြည့်ပါ။

☀ကဲ ဒါဆို အပေါ်ကသုံးခုကို အတိုလေးနဲ့ နားလည်အောင် ခြုံငုံပေးရရင်။ Injectors တွေကို ECU ကနေ Signal ပေးပို့ခိုင်းစေတဲ့အခါ Frequency 1 sec အတွင်း အဖွင့်အပိတ် Cycle ဘယ်နှကြိမ်လုပ်ဆောင်ပေးပြီး၊ Duty Cycle Percentage (%) ဘယ်ပမာဏလောက်နဲ့လုပ်ဆောင်တယ်၊ အဲ့ဒီ Percentage (%) က Pulse Width အချိန်ဘယ်လောက် ကြာကြာဖွင့်ပေးလဲ ကိုဖော်ပြပေးတာပဲဖြစ်ပါတယ်။နားမလည်တာရှိရင်လည်း Page Messenger မှာ လာရောက်မေးမြန်းလို့ရပါတယ်။

☀❤ ⚡️ကျွန်တော်အခု Knowledge Sharing ကနေ ကားအကြောင်း လေ့လာနေတဲ့ မိတ်ဆွေ၊ ညီ/ညီမ တို့အတွက် ပညာတစ်ခု (သို့) အကျိုးတစုံတရာ ရရှိကြပါစေ။ အသိပညာ၊ ဗဟုသုတများလည်း တိုးပွါးကြပါစေ။

☀Automotive Engineering Fundamental and Foundation Course (Engine) Online Class သင်တန်း အကြောင်း စုံစမ်းလိုပါက အောက်က comment မှာ Link ချ ပေးထားပါတယ်။

☀️Automotive Engineering Wiring, Electrical Systems and Onboard Diagnosis System Advanced Course (ကားဝါယာရိန်းနှင့်ကွန်ပျူတာစက်ထိုးသင်တန်း ) Online Class သင်တန်းအကြောင်း စုံစမ်းလိုပါက အောက်က comment မှာ Link ချပေးထားပါတယ်

☀⚡Telegram Channel မှာ လဲ Knowledge Sharing တွေ လေ့လာနိုင်ပါတယ်။ Link ⬇⬇⬇⬇⬇⬇
https://t.me/+LiiSzdM9AfkwY2Zl

☀️TikTok Link ⬇️⬇️⬇️⬇️⬇️

https://www.tiktok.com/?_t=8nKLkV0juQj&_r=1

☀❤🙏အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး စီးပွားရေးများ ဒီရေအလား တိုးတက်ကြပါစေ။ ဘေးအန္တာရယ်များ ကင်းရှင်းကြပါစေ🙏❤☀

☀KO Tun(K2A)
BE-Mech

#2025 #ကားအကြောင်းမျှဝေကြမယ်။ ゚viralシ
#ကားအကြောင်းမျှဝေကြမယ်။ ゚viralシ

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959456616559

Website

Alerts

Be the first to know and let us send you an email when Kyaw Kyar Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Kyar Aung:

Share