Glow ‘N Go - Detailing Studio

Glow ‘N Go - Detailing Studio 𝙇𝙚𝙩 𝙩𝙝𝙚 𝙎𝙝𝙞𝙣𝙚 𝙗𝙚𝙜𝙞𝙣 𝙬𝙞𝙩𝙝 𝙂𝙪𝙖?

🧡🙏🏼🧡
17/04/2022

🧡🙏🏼🧡

🌿 ဓာတ်ဆီ ဈေးတွေကြီးနေသောအခုချိန် ဆီကုန်သက်သာစေသော Eco Mode 🌿===============================🌿 Eco Mode ဟုခေါ်သော Economic...
27/03/2022

🌿 ဓာတ်ဆီ ဈေးတွေကြီးနေသောအခုချိန် ဆီကုန်သက်သာစေသော Eco Mode 🌿
===============================

🌿 Eco Mode ဟုခေါ်သော Economical Mode အားအသုံးပြုသော အချိန်တွင် ကား၏ ကွန်ပျူတာ ထိန်းချုပ်မှု Electronic Control Unit , အင်ဂျင်နဲ့ ဂီယာဘောက်တို့Transmission Shift Point ချိန်ညှိပေးလို့ ဆီကုန်သက်သာစေပါတယ်။ 🌿

❗ဘာတွေကို ချိန်ညှိပေးလည်းဆိုရင် အင်ဂျင်နှင့် ဂီယာဘောက်တို့ စွမ်းဆောင်ရည်ကို ထိန်းချုပ်လိုက်သောအခါ ကားကို အရှိန် တင်ရာတွင် ယခင်ကလောက် မြန်မြန်ဆန်ဆန် မရှိတော့ပဲ အင်ဂျင်သို့ပေးပို့နေသည့် ဆီပမာဏလျှော့နည်းသွားစေသည်။ ❗

👉 ထို့ကြောင့်ပဲ ဆီကုန်သက်သာစေပါတယ်။ 👈

⚠️ Eco Mode သည် မြို့တွင်း သွားလာမှုများ အဆင်ပြေသော်လည်း Speed များများနဲ့ သွားလာရမည့် ခရီးဝေး တွေ တောင်တတ်ခြင်းတွေမှာတော့ အဆင်မပြေပါဘူး။ ⚠️

💯 ကျွန်တော်တို့ Glow 'N Go - Detailing Studio ကနေ လူကြီးမင်းတို့ အတွက်အကျိုးရှိစေမဲ့ Post လေးတွေကို အမြဲတမ်းတင်ပေးသွားပါအုန်းမယ်။ 💯☺️

ဒီထိဖတ်ပေးလို့လဲ ကျေးဇူးအထူးတင်ရှ်ပါတယ်ဗျာ
မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ 🙏🙏🙏


ကားတွေကို ဘာကြောင့် Microfiber အဝတ်တွေသုံးပြီး ဖုန်သုတ်၊ ရေသုတ်၊ ရေဆေးခြင်းတွေပြုလုပ်သင့်တာလဲ? ==================Microfi...
09/03/2022

ကားတွေကို ဘာကြောင့် Microfiber အဝတ်တွေသုံးပြီး ဖုန်သုတ်၊ ရေသုတ်၊ ရေဆေးခြင်းတွေပြုလုပ်သင့်တာလဲ?
==================

Microfiber အဝတ်တွေက တကယ်တော့
" စွယ်စုံသုံး ကြာရှည်ခံ နူးညံ့သော အဝတ်တွေ " ဖြစ်လို့
Car Detailing ရဲ့ နေရာတိုင်းလိုလိုမှာ အသုံးပြုနေကြပါတယ်။ 💯

Microfiber အဝတ်တွေက သဘာဝ မဟုတ်ပဲ လူတွေ ဖန်တီးထုတ်လုပ်ထားသော Fiber လေးတွေနဲ့ ဖွဲ့စည်းထားသော အဝတ်တွေဖြစ်ပါတယ်။ 🌿

Fiber တွေကို တိုင်းတာရာမှာ ကျွန်တော်တို့တွေက 1 Denier , 2 Denier လို့ အခေါ်အဝေါ်ကြတယ်
Denier နည်းလေပိုပြီး နူးညံ့လေးဖြစ်ပါတယ်။ 💥

💥0.1 - 0.2 Denier လောက်ပဲ ရှိတဲ့ Fiber တွေနဲ့ထုတ်လုပ်ထားသောကြောင့် Microfiber လို့ခေါ်ဝေါ်သုံးစွဲနေကြပြီး အရမ်းနူးညံ့ချက်က ဆံပင်ထက် အဆ ၁၀၀ လောက်ထိ နူးညံ့နေပါတယ်။ 😮

💥အဲလောက်တင် မဟုတ်ပဲ Microfiber အဝတ်​တွေကို
Electrostatic စွမ်းအင် ဖြစ်ပေါ်လာအောင် ထုတ်လုပ်ထားပါတယ်။ Electrostatic စွမ်းအင်က ဖုန်မှုန်တွေကို ပိုပြီး ဆွဲငင်နိုင်လို့ အညစ်အကြေးတွေကို ပိုမိုပြောင်စေပါတယ်။

💥Microfiber အဝတ်တွေရဲ့ ထူးခြားချက်က
သူတို့ရဲ့ မူလအလေးချိန်ထက် ၈ဆ လောက်လေးတဲ့
ရေပမာဏကို စုပ်ယူနိုင်နဲ့ထိ ရေစုပ်အားလည်း ကောင်းမွန်ပါတယ်။

💯ထို့ကြောင့် စွယ်စုံသုံးလို့ရပြီး ကြာရှည်ခံ နူးညံ့သော Micorfiber အဝတ်က လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီး ကားတွေမှာ ဆောင်ထားသင့် အသုံးပြုသင့် ပစ္စည်းလေးဖြစ်ပါတယ်။ 💯

ကျွန်တော်တို့ Glow 'N Go - Detailing Studio ကနေ အခုလို လူကြီးမင်းတို့အတွက် အကျိုးရှိစေမဲ့ Post လေးတွေကိုနောက်ပိုင်းမှာလည်းတင်ပေးသွားပါအုန်းမယ်ဗျာ ☺️

🌿ဒီထိဖတ်ပေးလို့လဲ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ
မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ 🙏🙏



လူဆံပင်ထက် အဆ ၁၀၀ လောက် ပိုပြီး နူးညံ့တဲ့ Microfiber Cloth သို့မဟုတ် ကားသုတ်အဝတ် 😳==============================⚠️ လူကြီ...
02/03/2022

လူဆံပင်ထက် အဆ ၁၀၀ လောက် ပိုပြီး နူးညံ့တဲ့
Microfiber Cloth သို့မဟုတ် ကားသုတ်အဝတ် 😳
==============================

⚠️ လူကြီးမင်းတို့အရင်တုန်းကလို
တွေ့ရာအဝတ် စွတ်ကျယ် တွေနဲ့
ယနေ့ခေတ်ကားတွေရဲ့ ကားဆေးသားကို သုတ်လို့မရတော့ပါဘူး ...
ကားဆေးသားမှာ အစင်းရာတွေ ပျော်ပျော်ကြီးပေါ်လာပါလိမ့်မယ် ... ⚠️

💯 အကောင်းဆုံး ကားသုတ်အဝတ်ကို ပြောပါဆို
Microfiber အဝတ်တွေကို ပြောရပါလိမ့်မယ်...

⚠️ လူကြီးမင်းတို့
ဆောင်ထားပါ
အသုံးပြုပါ
ကျန်တာ အသုံးမပြုပါနဲ့ ...⚠️

🚘 ကျွန်တော်တို့ရဲ့ ကားတွေကသာ
သက်ရှိဆိုရင် ကားဆေးသားတွေက
အပေါ်ယံအရေးပြားလေးတွေပဲဖြစ်လို့
အမြဲတမ်း ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။ 🚘

လူကြီးမင်းတို့အတွက် အကျိုးရှိစေမဲ့ Post လေးတွေကိုကျွန်တော်တို့ Glow 'N Go - Detailing Studio ကနေ တင်ပေးသွားပါအုန်းမယ်ဗျာ ☺️

🌿ဒီထိဖတ်ပေးလို့လဲ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ
မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ 🙏🙏🙏




🚗 ကားတွေအတွက်သီးသန့်သုံးနေတဲ့ Carwash Shampoo တွေက ဒီလိုအလုပ်လုပ်တယ် 😲 👇🚘 Carwash Shampoo ကိုအဓိကအားဖြင့် Surfactants (S...
20/02/2022

🚗 ကားတွေအတွက်သီးသန့်သုံးနေတဲ့ Carwash Shampoo တွေက ဒီလိုအလုပ်လုပ်တယ် 😲 👇

🚘 Carwash Shampoo ကိုအဓိကအားဖြင့် Surfactants (Surface Active Agent) တွေနဲ့ ဖွဲ့စည်းတည်ဆောက်ပြီး ထုတ်လုပ်ထားတာပါ 🤔😇

👉 Surfactants တွေမှာ Molecules နှစ်မျိုး ပါဝင်ပါတယ် တစ်ခုက Hydrophilic Head နဲ့ နောက်တစ်ခုက Hypdrophobic Tail (Water Loving Headနဲ့ Water Hating Tail) ( Love Water , Hate Water )🤔

👉 လူကြီးမင်းတို့ ရှုတ်သွားမှာဆိုးလို့ Love Water နဲ့ Hate Water ကို ဒီလိုလေးမြင်ကြည့်လိုက်ပါ 💭
💢Love Water က ရေတွေကိုချစ်မြတ်နိုးလို့ သူအနားမှာ ရှိတဲ့ ရေတွေကို ဆွဲယူ စုဆောင်းလိုက်ပါတယ်။
💢Hate Water က ရေတွေကို မနှစ်သက်လို့ အတင်မခံပဲ အလွယ်တကူ လျော့ချစေပါတယ်
(ရှုတ်သွားလားဗျာ ပိန်းကြာရွက်ပေါ် ရေမတင်သလို မျိုးကိုပြောတာပါ- ဆေးကြော်ငြာတာမဟုတ်ပါဘူး 😁)

💢ဂျေးတွေကိုအလွယ်တကူ ပြောင်စင်အောင် Surfacetants ပါဝင်တဲ့ Molecule နှစ်မျိုးမှာ တစ်မျိုးကဂျေးတွေအောက်ခြေထိ တိုးဝင်သွားပြီး (Hypdrophobic Tail) ဂျေးတွေကို မျက်နှာပြင်မှာစွဲကပ်မနေအောင် လုပ်ဆောင်ပြီး ကျန်တစ်မျိုးက (Hydrophilic Head) ထိုဂျေးတွေကို စုဝေးစေပါတယ်။ ထိုကြောင့် ရေနဲ့ဆေးချတဲ့အခါမှာ အလွယ်တကူပြောင်စင်သွားစေပါတယ်။ 🧼🚿

⁉️အဲဆို ဒီတိုင်းပြောင်လည်းပြောင်တယ် ဆိုပြီး ဘာကြောင့်ဆပ်ပြာကို လက်အိတ်တွေ ဖော့တွေ ဘယက်တွေနဲ့ ပွတ်တိုက်နေကြတာလဲဆိုရင်တော့ Surfacetants နဲ့လုပ်ဆောင်နိုင်စွမ်းကို Boots လုပ်ဖို့အတွက် ဖြစ်ပါတယ်။ ⬆️⬆️

⚠️ အဲလို Boots လုပ်တဲ့ လက်အိတ်၊ဖော့၊ဘယက် တွေကြောင့် မလိုလားအပ်ပဲ ပျက်စီးမှုမဖြစ်စေအောင် အထူးသတိထားဖို့ လိုပါတယ် ⚠️

💥 ထို့ကြောင့် နောက်တစ်ပတ်မှာလည်း မလိုလားအပ်သော ပျက်စီးမှုမဖြစ်စေဖို့ Microfilber အဝတ်တွေ ဘာကြောင့်အသုံးပြုသင့်လည်း Micorfilber အဝတ်ကဘာလည်းဆိုတာ လူကြီးမင်းတို့အတွက် ကျွန်တော်တို့ Glow 'N Go - Detailing Studio ကနေ တင်ပေးသွားပါအုန်းမယ်ဗျာ ☺️

🌿ဒီထိဖတ်ပေးလို့လဲ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ
မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ 🙏🙏🙏




❗ကမ္ဘာ့ပထမဆုံး Car Wash Business - Auto Laundry အမည်ရှိသော Car Wash လုပ်ငန်း ကို 1914 ခုနစ်တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း...
16/02/2022

❗ကမ္ဘာ့ပထမဆုံး
Car Wash Business - Auto Laundry အမည်ရှိသော Car Wash လုပ်ငန်း ကို 1914 ခုနစ်တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း 🚗

💥1910 ခုနစ်တွင် George Simon ဆိုသော လူသည် Carnauba Wax ကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ 🌴

💥 1920 အစောပိုင်းကာလများမှာ 3M ကုမ္ပဏီသည်
ကမ္ဘာ့ပထမဆုံး waterproof sand paper များထုတ်လုပ်ခဲ့ပြီး 1925 တွင်လည်း 3M သည် ကားဆေးမှုတ် တိပ်ကိုလည်း ထုတ်လုပ်ခဲ့ပါသည်။ 🙂
( ☝️အဲဒီ တိပ်ကြောင့် Razor-Sharp Line တွေ Two-Tone paint တွေရရှိပြီး automotive industry ကြီးကို
ထောက်အကူကောင်းကောင်းပေးခဲ့ပါတယ် 🥰)

💥 အဲဒီနောက် 1944 ခုနစ်မတိုင်ခင်အထိတော့
Car Wax ကိုအရည်အသွေးကောင်းကောင်းရရှိစေဖို့ အမျိုးမျိုး စမ်းသပ်နေကြပြီး ...

👉 1944 ခုနစ်တွင်တော့ Turtle Wax® လို့ လူသိများတဲ့ ကားဖယောင်းကို Plastone ကုမ္ပဏီကနေ ထုန်လုပ်ခဲ့ပါသည်။

💥1969 ခုနစ်တွင် Polymer Sealant ကို DuPont ကထုတ်လုပ်ခဲ့သည် ။

💥1970 ခုနစ်တွင် Japan and Europe တို့သည် metallic based paints ကို Clear Coat (လိုက်ကာ) System နဲ့ ထုန်လုပ်ခဲ့ပါတယ် ။ Clear Coat တို့ထုံးစံအတိုင်း ကြာရှည်ခံတယ်၊ လှပတယ်၊ မာတယ် စတာတွေနဲ့ ဖြစ်ပြီး USA ကိုလည်း ရောက်ရှိခဲ့ပါတယ်။
(အစပိုင်း ၃ နှစ်လောက်ထိ Error တွေရင်ဆိုင်ရင်းနဲ့ပေါ့🙂)

💥1980 - 1990 ဝန်းကျင်မှာ ဂျပန်၊ အမေရိကန် တို့တွင် Clay Bar ကို စတင်အသုံးပြုနေပြီး 👇
💥1990 ခုနစ်တွင် Microfibers အဝတ်ကို စတင်အသုံးပြုခဲ့ပါသည်။

⚠️ ကျန်ရှိသေးသော Polis စက်တွေ Coating အကြောင်းတွေကိုလည်း နောက်ပိုင်းမှာ တင်ပေးသွားပါအုန်းမယ်ဗျာ 🙇‍♂️

💯 ကျွန်တော်တို့ Glow 'N Go - Detailing Studio ကနေ လူကြီးမင်းတို့ အတွက်အကျိုးရှိစေမဲ့ Post လေးတွေကို အမြဲတမ်းတင်ပေးသွားပါအုန်းမယ်။☺️

ဒီထိဖတ်ပေးလို့လဲ ကျေးဇူးအထူးတင်ရှ်ပါတယ်ဗျာ
မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ 🙏🙏🙏




ယနေ့ February 15 ရက်နေ့တွင် ကျရောက်သော ♥️Love Your Detailer Day ♥️မှာ ကျွန်တော်တို့ Detailing လောကဖွံ့ဖြိုးတိုးတက်အောင် ...
15/02/2022

ယနေ့ February 15 ရက်နေ့တွင် ကျရောက်သော
♥️Love Your Detailer Day ♥️မှာ
ကျွန်တော်တို့ Detailing လောကဖွံ့ဖြိုးတိုးတက်အောင် စွမ်းစွမ်းတမံ ကြိုးပမ်းပေးနေကြသော
ကမ္ဘာတစ်ဝန်းရှိ မြန်မာနိုင်ငံတစ်ဝန်းရှိ Detailer များအားလုံး အလုပ်အကိုင်များအောင်မြင်၍
Detailer career တစ်လျှောက်လုံး
အဆင်ပြေချောမွေ့ကြပါစေကြောင်း
ကျွန်တော်တို့ Glow ‘N Go - Detailing Studio မှ ဂုဏ်ပြုဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏🏼

Detailing ဘယ်ကစ 🤔🚗================ကားတွေစပေါ်ခဲ့သောအချိန်မှစ ဆယ်စုနှစ် အခါခါတွင်ကားတွေကို တန်ဖိုးထားထိန်းသိမ်းသော ကားချစ...
13/02/2022

Detailing ဘယ်ကစ 🤔🚗
================

ကားတွေစပေါ်ခဲ့သောအချိန်မှစ ဆယ်စုနှစ် အခါခါတွင်
ကားတွေကို တန်ဖိုးထားထိန်းသိမ်းသော ကားချစ်သူများစွာရှိပါတယ်။ 💕🚗

အချိန်အားဖြင့် 1890 ခုနစ်... 💭
☝️ထိုသူတို့က မိမိတို့တန်ဖိုးထားသော ကားတွေကို မိုးရေ၊ဖုန်တွေ၊အပူဒဏ်တွေမှ ကာကွယ်စေရန် တောက်ပြောင်နေရန်အတွက် တိရစ္ဆာန်တို့ရဲ့အဆီတို့ဖြင့်သုတ်လိမ်းအလှဆင်ကြတယ် ☔🌈
( ယခု Coating Coating တို့ရဲ့ ဘိုးအေကြီးပေါ့ 😁)

❗တိရစ္ဆာန်တို့ရဲ့ အဆီဆိုတော့ အချိန်အကြာကြီးလည်းထားမရပဲ ပြန်လည်ဆေးကြောသန့်ရှင်းဖို့ အဆီကိုပြန်သုတ်လိမ်းဖို့ စတဲ့လိုအပ်ချက်တွေကြောင့်... 🤷‍♀️👇

အဲအချိန်ကတည်းက အခကြေးငွေယူ၍ ကားတွေကို ဆေးကြောသန့်စင်ပေးနေပါသော လူတချို့တွေရှိနေပါပြီ။🙍🏻‍♂️👱‍♂️
( ယခု Car Wash တွေနဲ့ Detailing တွေရဲ့ ဘိုးအေကြီးတွေပေါ့ 😁 )

💥 အဲဒီနောက် 1901 ခုနှစ် Frank Meguiar ဆိုသောလူတစ်ယောက်တီထွင်ထုတ်လုပ်ခဲ့သော ပရိဘောဂပစ္စည်းတွေအတွက် အရောင်တင်ဆီကို ကားတွေမှာ သုံးစွဲခဲ့ကြတယ်။ 😲😳

အဲဒါတွေက ယနေ့ခေတ် Detailer တွေသုံးစွဲနေတဲ့ Meguiar ဆိုသော Brand ကြီးကို ဖြစ်ဖို့ အစပြုခဲ့ပါတယ်။
(Frank Meguiar ဆိုတာ Meguiar တွေရဲ့ ဘိုးအေကြီးပေါ့ 😁)

စာရှည်နေရင် လူကြီးမင်းတို့အဆင်မပြေမှာဆိုးသောကြောင့် ကျန်ရှိသေးတဲ့ အပိုင်းလေးကို နောက်နေ့ကျ ဆက်တင်ပေးပါအုန်းဗျာ 🙇‍♂️

💯 ကျွန်တော်တို့ Glow 'N Go - Detailing Studio ကနေ လူကြီးမင်းတို့ အတွက်အကျိုးရှိစေမဲ့ Post လေးတွေကို အမြဲတမ်းတင်ပေးသွားပါအုန်းမယ်။☺️

ဒီထိဖတ်ပေးလို့လဲ ကျေးဇူးအထူးတင်ရှ်ပါတယ်ဗျာ
မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ 🙏🙏🙏

Car Wax အမျိုးအစား ဘယ်လောက်ရှိလဲ ?? 🤔​💥အလွယ်ပြောရရင် (၂)မျိုး ရှိပါတယ် Brazil 🇧🇷 Carnauba Wax တို့လို အပင်ကနေ ထုတ်ယူထားသ...
10/02/2022

Car Wax အမျိုးအစား ဘယ်လောက်ရှိလဲ ?? 🤔

​💥အလွယ်ပြောရရင် (၂)မျိုး ရှိပါတယ် Brazil 🇧🇷 Carnauba Wax တို့လို အပင်ကနေ ထုတ်ယူထားသော သဘာဝWax နဲ့ လူတွေဖန်တီးထုတ်လုပ်ထားသော Synthetic Wax တို့ဖြစ်ပါတယ်။ 💯👇

အဲဒီ (၂) မျိုးကိုမှ Spray ပုံစံတွေ၊ အရည်ပုံစံတွေ နဲ့ အမာသား(အခဲ) ပုံစံ စတဲ့ ပုံစံမျိုးစုံဖြင့် ထုတ်လုပ်ရောင်းချနေကြပါတယ်။

ဘာတွေကွဲသွားလည်း ဘာတွေကိုသုံးသင့်လည်း ??🤔

💥ဘာတွေကွဲသွားလည်းဆိုရင် အဓိကအားဖြင့် အသုံးပြုရလွယ်မှုနှင့် ကြာရှည်ခံခြင်းတွေ ကွဲသွားပါတယ် ။ အခဲ အမာသားပုံစံတွေက အသုံးပြုရ ခက်ခဲသော်လည်း ကြာရှည်ခံပါတယ်။ အရည်နဲ့ Spray တွေကတော့ အသုံးပြုရတာ လွယ်ကူပြီး ကြာရှည်ခံမှုမှာတော့ လျော့နည်းသွားပါတယ်။

🎯ဘာကိုသုံးသင့်လည်းဆိုရင်တော့ ကားပိုင်ရှင် လူကြီးတို့အကြိုက်ပေါ်မှာ မူတည်ပြီး ရွေးချယ်အသုံးပြုသင့်ပါတယ်။ ☺️

Wax တိုက်တာအစင်းရာတွေရော ပျောက်လား?? 🤔

💯တကယ်တော့ Wax တွေက ဖြစ်ပြီးသားအစင်းရာတွေကို မပျောက်ကင်းနိုင်ပါဘူး။ သူက တောက်ပြောင်လှပ နေစေရန်ပဲ အဓိကလုပ်ဆောင်ပေးတာပါ။

💥ဒါပေမဲ့ ဘာမှလုပ်မထားတဲ့ ကားဆေးသားတွေထက်
Wax တိုက်ထားသော ကားဆေးသားက အပွန်းအစင်း ဖြစ်ပေါ်မှုတွေကို အထိုက်အလျောက်တော့ ကာကွယ်ပေးပါတယ်။ ☺️

Wax တွေကဘယ်လောက်လောက်ခံလည်း ??🤔

📆 Wax တွေက သူတို့ ထုတ်လုပ်တဲ့ စက်ရုံကအညွှန်းအတိုင်းနဲ့ Google အတိုင်းဆို Carnauba Wax တို့ဆို
၃ လလောက်ထိ ခံတယ်လို့ရေးထားပေမဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အပူဒဏ်၊ဖုန်၊ကားသုတ်အဝတ်နဲ့ Pressure Washer တွေကြောင့် ရက်ပိုင်းပဲ ခံနိုင်တယ်လို့ မြင်မိပါတယ်။ (အများဆုံး ၁၄ ရက် လောက်ပေါ့)

👉ပြီးတော့ ကျွန်တော်တို့ဆီမှာ အများစုက ၂ ပတ် တစ်ခါလောက်ပဲ ကားရေဆေးတော့ ရေဆေးပြီးတိုင်း Wax တိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။ 💯
ကားကို Coating တွေဘာတွေ လုပ်မထားရင်ပေါ့။ ☺️

💥( ကားတွေကိုတစ်နှစ်မှာ ရက်ပေါင်း 370 လောက်ထိ တောက်ပြောင်လှပနေစေသော Coating အကြောင်းကို နောက်ပိုင်း အသေးစိတ်လေးတင်ပေးပါအုန်းဗျာ)
တစ်နှစ်မှာ ရက်ပေါင်း 370 ဟုတ်ပါတယ်
365 ရက်က ထက်ပိုပြီးတောက်ပြောင်လှပ နေလို့ပါ 😁

Wax အကြောင်းရေးထားတဲ့ ပထမ အပိုင်းလေးပါ👇

https://www.facebook.com/105516255332407/posts/122860516931314/?d=n

🎯ကားပိုင်ရှင်လူကြီးမင်းတို့ရဲ့ ကားဆေးသားအမြဲတောက်ပြောင်လှပနေစေဖို့နဲ့ အကောင်းဆုံးထိန်းသိမ်းနိုင်စေဖို့ကိုပဲ ရှေးရှုပြီး 🎯

💯 ကျွန်တော်တို့ Glow 'N Go - Detailing Studio ကနေ လူကြီးမင်းတို့ အတွက်အကျိုးရှိစေမဲ့ Post လေးတွေကို အမြဲတမ်းတင်ပေးသွားပါအုန်းမယ်။☺️

ဒီထိဖတ်ပေးလို့လဲ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ
မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ 🙏🙏🙏





လူကြီးမင်းတို့ အားလုံးလိုလို အမေးခံရတဲ့မေးခွန်းလေး ဖြစ်ကောင်းဖြစ်မှာပါ ☺️ 👇_____________________________________________...
06/02/2022

လူကြီးမင်းတို့ အားလုံးလိုလို အမေးခံရတဲ့မေးခွန်းလေး ဖြစ်ကောင်းဖြစ်မှာပါ ☺️ 👇
________________________________________________

💦 ကားရေဆေးပြီးတိုင်း အမြဲမေးခံရတာတဲ့ Wax တိုက်သွားအုန်းမလား (or) ဖယောင်းတင်သွားအုန်းမလားဆိုတာဘာကြီးလဲ ??? 🤔

💥 ဖယောင်းတင် (or) Wax တိုက်ခြင်းဆိုတာ များစွာသော ကားဆေးသားထိန်းသိမ်းမှုတွေထဲမှာမှ အလျင်မြန်ဆုံးနဲ့ ငွေကုန်သက်သာဆုံး ထိန်းသိမ်းမှုပဲ တစ်ခုဖြစ်ပါတယ်။

💦 ခနခန Wax တိုက်ခြင်းက ကားဆေးသားကို ပျက်စီးစေလား ??? 🤔

💥 တကယ်တော့ Wax တွေက Correction (စားခြင်း) လုပ်တာမဟုတ်ပဲ Finishing (အပြီးသတ်) ခြင်းကိုလုပ်တာမလို့ ကားဆေးသားမပျက်စီးစေပါဘူး။

💦 အဲဒါကို နားလည်အောင် ပြန်ရှင်းပြပေးပါအုန်း ??🤔

💥 Wax ခေါ် ဖယောင်းတွေမှာ ပေါ်လစ်တို့ ကွန်ပေါင်းတို့မှာ ပါဝင်သော Abrasive Particles (နားလည်အလွယ်ဆုံးပြောရရင် အလွန်းသေးငယ်သော ကြမ်းရှရှ အမှုန် တစ်မျိုး) မပါဝင်လို့ ကားဆေးသား ပျက်စီးမှုကို မဖြစ်စေပါဘူး။ သူက တောက်ပြောင်စေမှုကိုပဲ အဓိကလုပ်ဆောင်ပေးတာပါ။ 💯

💦 Wax ကဘာတွေကောင်းတာလဲ ??? 🤔

💥 Wax တွေက အပေါ်မှာပြောခဲ့သလိုပဲ တောက်ပြောင်စေမှုကို ဦးစားပေးလို့ ကားဆေးသားကို တောက်ပြောင်းလှပနေစေပါတယ်။

💥 ကားရေဆေးပြီးတိုင်းWax တိုက် မယ်ဆို ထိုWax ကားပေါ်နောက်ထပ်ရေတင်မှုတွေကို လျော့နည်းစေလို့ ရေခြောက်ကွက်ဖြစ်ပေါ်မှုကို သက်သာစေပါတယ်။

💥 Wax တိုက်ထားတယ်ဆို ကားဆေးသားအပေါ်မှာ အလွှာလေးတစ်ခုဖြစ်နေသောကြာင့် ဖုန်မှုန့်တွေ ငှက်ချေးတွေကြောင့်ဖြစ်သော ဆေးကွက်ခြင်းတွေကို အထိုက်အလျောက်အနေဖြင့်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(Waxနဲ့ပတ်သတ်လို့ ကျန်ပါသေးတယ် ဆက်ရန်ရှိ🙇‍♂️)

🎯ကားပိုင်ရှင်လူကြီးမင်းတို့ရဲ့ ကားဆေးသားအမြဲတောက်ပြောင်လှပနေစေဖို့နဲ့ အကောင်းဆုံးထိန်းသိမ်းနိုင်စေဖို့ကိုပဲ ရှေးရှုပြီး 🎯

💯 ကျွန်တော်တို့ Glow 'N Go - Detailing Studio ကနေ လူကြီးမင်းတို့ အတွက်အကျိုးရှိစေမဲ့ Post လေးတွေကို အမြဲတမ်းတင်ပေးသွားပါအုန်းမယ်။☺️

ဒီထိဖတ်ပေးလို့လဲ ကျေးဇူးအထူးတင်ရှ်ပါတယ်ဗျာ
မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ 🙏🙏🙏




ကားရေဆေးခြင်းက အရေးကြီးလို့လား ?🤔_______________________________________ကားရေဆေးခြင်းက အရေးကြီးလားဆိုရင် အလွန်အရေးကြီးပါ...
30/01/2022

ကားရေဆေးခြင်းက အရေးကြီးလို့လား ?🤔
_______________________________________

ကားရေဆေးခြင်းက အရေးကြီးလားဆိုရင် အလွန်အရေးကြီးပါတယ်လို့ ပြောရပါလိမ့်မယ်။ 💯

ဘာကြောင့်လဲဆိုရင် ကားဆေးသားပေါ်မှာ
အများဆုံးဖြစ်နေတဲ့ ထိခိုက်ပျက်စီးမှုတွေရဲ့
ရာခိုင်နှုန်း တော်တော်များများဟာ ကားရေဆေးခြင်းကနေ
ဖြစ်လာရတာပါ။ 🤷‍♀️
💁‍♀️(တချို့ထိခိုက်မှုတွေက ချက်ချင်းကြီး ဖြစ်တာမဟုတ်ပဲ အချိန်တစ်ခုကြာမှ ထိခိုက်တာကို သိလာစေပါတယ်)

🎯နည်းစနစ်မမှန်သော ကားရေဆေးခြင်းတွေကြောင့်
လိုက်ကာပျက်စီး အရောင်မှိန်လာ ခြင်းအကြောင်းကို
ဖတ်ကြည့်ခြင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ ရေထားပါတယ်👇👇
https://fb.watch/aRZPlHGC0W/

⚠️အလွန်အရေးကြီးတဲ့ ကားရေဆေးခြင်းဆိုတာ
တကယ်တော့ ကားဆေးသား ထိန်းသိမ်းခြင်း
မဟုတ်သေးပါဘူး။

💧**ကားရေဆေးခြင်းက ကားပိုင်ရှင်လူကြီးမင်းတို့
မလုပ်ပဲနေလို့ မရတဲ့ အလုပ်တစ်ခုဖြစ်ပြီး ...
ကားဆေးသားထိန်းသိမ်းခြင်းက ကားပိုင်ရှင်လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီးကားတွေကို အမြဲတမ်းလှပ တောက်ပြောင်
နေအောင်လုပ်ပေးနိုင်လို့ အလိုအပ်ဆုံးသော ဝန်ဆောင်မှု တစ်ခုပါ ** 💯

👉" ကားဆေးသားထိန်းသိမ်းခြင်းဆိုတာ
ကာရေဆေးထက်များစွာပိုပါတယ်။ "
(အဲအကြောင်းကို ကျွန်တော်တို့
Glow 'N Go - Detailing Studio
ကနေ မကြာခင်ကားပိုင်ရှင်လူကြီးမင်းတို့အတွက်
တင်ပေးသွားမှာပါ)☺️

🎯ကားပိုင်ရှင်လူကြီးမင်းတို့အတွက် အကျိုးရှိစေဖို့ပဲ
ရည်ရွယ်၍ ကျွန်တော်တို့ Glow 'N Go - Detailing Studio ကအကောင်းဆုံးကြိုးစားပြီး နောက်ပိုင်းမှာလဲ အမြဲတင်ပေးသွားမှာဖြစ်ပါတယ်

ဒီထိဖတ်ပေးလို့လဲ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ
မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ကြပါစေဗျာ 🙏🙏🙏




Jaguar ကားတွေရဲ့ Founder ကြီးက ပြောတာမှန်လား ? 🤔🤷‍♂️_________________________________________________Mr. Jaguar လို့လူသိ...
26/01/2022

Jaguar ကားတွေရဲ့ Founder ကြီးက ပြောတာမှန်လား ? 🤔🤷‍♂️
_________________________________________________

Mr. Jaguar လို့လူသိများထင်ရှားပြီး
Jaguar ကားကုမ္ပဏီရဲ့ Founder တစ်ဦးလည်း
ဖြစ်သော Sir William Lyons ခုလိုပြောခဲ့တယ် 👇

👉 " The car is the closest thing we will ever Creat to something that is Alive. " 👌
" လူတွေဖန်တီးခဲ့သမျှမှာ ကားဆိုတာ အသက်ရှိဆုံး " 🚘☺️

တဲ့ ကားပိုင်ရှင် လူကြီးတို့ရော ဘယ်လိုထင်လဲဗျာ ? 👀

လူကြီးမင်းတို့ကိုယ်တိုင်ရော ကားကို
ဘယ်လိုသဘောထားသလဲ ? 💁‍♂️

သက်ရှိလို့ သဘောထားနိုင်ရင်တော့ 💡
👇Comment မှာ " Yes " လို့ရေးပေးပြီး
သက်မဲ့ဟာ သက်မဲ့ပါလို့ သဘောထားရင်တော့
👇Comment မှာ " No " လို့ရေးပေးခဲ့ပါလား...

🎯ကျွန်တော်တို့ Glow 'N Go - Detailing Studio
ကတော့ လူကြီးမင်းတို့ရဲ့ ကားတွေကို
သက်ရှိ သက်မဲ့ သဘောထားတွေထက်
အကောင်းဆုံး Service ပေးနိုင်ပြီး အမြဲတမ်း
တောက်ပြောင်လှပနေဖို့ကိုပဲ
ပထမ ဦးစားပေးပါတယ်ဗျာ ☺️☺️

မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေဗျာ 🙏🙏🙏





Address

62Street, Bet 28st & 29st
Mandalay

Website

Alerts

Be the first to know and let us send you an email when Glow ‘N Go - Detailing Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share