Majesty Car Service Center

Majesty Car Service Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Majesty Car Service Center, Automotive repair centre, No(789) , Block(345) , Mahasi Road , Sein Pann , Phaung Taw Quarter , Mahar Aung Myay Township, Mandalay.

ကားရေတိုင်ကီ အဖုံးသေးသေးလေးတွေမကောင်းရင် ဘာတွေဖြစ်နိုင်မလဲ ❓❓❓Radiator Cap (or) Pressure CapRadiator Cap လို့ခေါ်တဲ့ ရေတ...
21/07/2020

ကားရေတိုင်ကီ အဖုံးသေးသေးလေးတွေမကောင်းရင် ဘာတွေဖြစ်နိုင်မလဲ ❓❓❓

Radiator Cap (or) Pressure Cap

Radiator Cap လို့ခေါ်တဲ့ ရေတိုင်ကီ အဖုံးသေးသေးလေးကလည်း မကြာခဏ ကားအင်ဂျင် Heat တက်ထိုးရပ်ရတဲ့ ပြသနာအရင်းအမြစ် ဖြစ်ပါတယ်။

ကားရေတိုင်ကီ အဖုံးလို့ခေါ်တဲ့ Radiator Cap (or) Pressure Cap လေးရဲ့ အလုပ်လုပ်ပုံတွေ ၊ ကားရေတိုင်ကီအဖုံးလေးမကောင်းရင် ဖြစ်တတ်တဲ့ ပြသနာတွေကို ဆွေးနွေးတင်ပြပေးပါ့မယ်။

ရေတိုင်ကီ အဖုံးလေးအကြောင်း မပြောခင် ယနေ့ ကျနော်တို့ရဲ့ လက်ရှိအသုံးပြုနေတဲ့ ကားတွေရဲ့ အင်ဂျင်အအေးပေးစနစ် (Cooling System) အကြောင်း အရင်ပြောပြချင်ပါတယ်။

ကျနော်တို့ လက်ရှိအသုံးပြုနေတဲ့ ကားတွေမှာပါ၀င်တဲ့ အင်ဂျင်တွေပာ အတွင်းပိုင်းမီးလောင်ပေါက်ကွဲပြီး စွမ်းအင်ရရှိတဲ့ (Internal Combustion Engine) တွေပါပဲ။ ဒါကြောင့် ဒီအင်ဂျင်တွေပာ အတွင်းပိုင်း မီးလောင်ပေါက်ကွဲရတဲ့အတွက် ပူပါတယ်။ ဒီလိုပူတဲ့ အင်ဂျင်တွေပာ အပူချိန်လွန်ကဲပြီး မပျက်စီးရအောင် အအေးပေးစနစ်တွေကို တီထွင်ဖန်တီးရပါတယ်။

ကားအင်ဂျင်အအေးပေးစနစ်မှာ ပါ၀င်တဲ့ အဓိကပစ္စည်းတွေကတော့…

1️⃣ Radiator (ရေတိုင်ကီ)
2️⃣ Water Pump (ရေလည်အုံ)
3️⃣ Cooling Fan (ပန်ကာ)
4️⃣ Thermostat (သာမိုစတက်)
5️⃣ Raditor Cap (or) Pressure Cap (ရေတိုင်ကီ အဖုံး) စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။

ဒီ Cooling System ထဲမှာ ပါ၀င်တဲ့ Radiator Cap (or) Pressure Cap ဆိုတာကလည်း အင်ဂျင်အအေးပေးစနစ်အတွက် အဓိကအရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။

ကားရေတိုင်ကီ အဖုံးလေးရဲ့ အဓိကလုပ်ဆောင်ချက်တွေက.....
1️⃣ ရေတိုင်ကီထဲက Coolant တွေအပြင်ကို မထွက်အောင် ကာကွယ်ပေးတာ
2️⃣ ရေတိုင်ကီထဲက Coolant တွေရဲ့ Pressure ကို လိုသလို ထိန်းညှိပေးတာ
3️⃣ Cooling System ထဲမှာရှိတဲ့ Coolant တွေရဲ့ Boiling Point တွေကို ထိန်းညှိပေးတာ
4️⃣ အပူချိန်မြင့်မားတဲ့ Coolant တွေကို Expansion Tank လို့ခေါ်တဲ့ အအေးခံတဲ့ နေရာကို အ၀င်အထွက်လုပ်ရအောင် လုပ်ဆောင်ပေးတာ အစရှိတဲ့ တာ၀န်တွေကို ထမ်းဆောင်ပါတယ်။

Radiator Cap ကို Upper Pressure Seal, Lower Pressure Seal, Vaccum Seal, Pressure Spring Vaccum Spring တို့ဖြင့် ဖွဲ့စည်းထားပါတယ်။

အင်ဂျင်အတွင်းပိုင်းမှာ ရှိတဲ့ Coolantတွေ ပူလာတဲ့အခါ Coolaing System အတွင်းမှာ ရှိတဲ့ ဖိအားတွေကလည်း တိုးလာပါတယ်။ အဲ့ဒီလိုတိုးလာတဲ့ Coolant တွေရဲ့ Normal Working Pressure (ပုံမှန်အလုပ်လုပ်သည့် ဖိအား) အတိုင်း တည်ရှိနေဖို့ ဒီ Radiator Cap လေးတွေက ထိန်းညှိပေးပါတယ်။

Cooling System အတွင်းမှာ ရှိတဲ့ Coolant တွေရဲ့ Normal Working Pressure မရောက်မခြင်း Radiator Cap လေးမှာ Pressure Spring က တွန်းကန်ထားပြီး ၊ Coolant တွေရဲ့ Pressure က အဲ့ဒီ Normal Working Pressure ကို ကျော်လွန်သွားပြီဆိုရင်တော့ Coolant တွေပာ ဒီ Pressure Spring လေးကို တွန်းကန်ထွက်သွားပြီး Expansion Tank လို့ခေါ်တဲ့ ရေပြန်ဘူးတွေထဲမှာ သွားရောက်အအေးခံရပါတယ်။

ဒီလို အပူချိန်နဲ့ ဖိအားများနေတဲ့ Coolant တွေ ရေပြန်ဘူးထဲကို ရောက်သွားတယ်ဆိုတာနဲ့ ၊ အအေးပေးစနစ် Cooling System ထဲမှာ ဖိအားတွေ လျော့ကျသွားပါတယ်။ ဖိအားတွေလျော့ကျသွားနဲ့ Pressure Spring က ပြန်ပိတ်သွားပြီး အအေးပေးစနစ်ရဲ့ ဖိအားကို ပုံမှန်အတိုင်း ဖြစ်နေအောင် ဆက်လက်ထိန်းပေးထားပါတယ်။

Vaccum Valve ကတော့ Pressure Value ရဲ့ အောက်ဖက်မှာ တည်ရှိပြီး အအေးပေးစနစ်ထဲမှာရှိတဲ့ လေထုဖိအားထက်နည်းသွားပြီဆိုရင် Vaccum Valve ပွင့်သွားပြီး ရေပြန်ဘူးထဲက အအေးခံရည်တွေပာ ရေတိုင်ကီထဲကို တခါပြန်လည်၀င်ရောက်လည်ပတ်ပါတယ်။

Crd

ကားအင်ဂျင်စက်နှိုးမရသော ပြဿနာနှင့် ချွတ်ယွင်းအားနည်းချက်များ®®®®®®  ရုတ်တရက် ကားအင်ဂျင်စက် နှိုးမရသော အခက်အခဲမျိုးကို ကာ...
21/07/2020

ကားအင်ဂျင်စက်နှိုးမရသော ပြဿနာနှင့် ချွတ်ယွင်းအားနည်းချက်များ
®®®®®

® ရုတ်တရက် ကားအင်ဂျင်စက် နှိုးမရသော အခက်အခဲမျိုးကို ကား ပိုင်ရှင်တိုင်း ကြုံဖူးကြသည်။ ကား အကြောင်း အခြေခံကျကျနားလည် ထားသော ဝါရင့်အတွေ့အကြုံရှိသူ များအတွက် ဖြေရှင်းနိုင်သော်လည်း လူငယ်များနှင့် ယာဉ်ပိုင်ရှင်အသစ် များအတွက် ကားစက်နှိုးမရသော ပြဿနာသည် ခေါင်းခဲ အကြပ်ရိုက် ဖြစ်စေသော အခက်အခဲ တစ်မျိုးဖြစ် ပါသည်။

® သင့်ကားအင်ဂျင် စက်နှိုးသွား စေရန် ကြိုးပမ်းဆောင်ရွက်စဉ် မည် သည့်အရာများ ဖြစ်ပေါ်လာပါသ နည်း။ ချွတ်ယွင်းမှုဖြစ်ပြီး မူမမှန်သော အခြေအနေများကို လေ့လာသုံးသပ် ၍ ကားစက်နှိုးမရသော ပြဿနာများ ၏ အဖြေကို ရှာဖွေဖော်ထုတ်နိုင်ပါ သည်။

(၁) Ignition Switch သော့ ပေါက်ထဲသို့ ကားသော့ထည့်ပြီးလှည့် ၍ ရပါသလား။

(၂) ကားသော့လှည့်လိုက်သော အခါ ကားဒတ်ချ်ဘုတ်တွင် မီးလင်း လာပါသလား။ ကားလုံခြုံရေးစနစ် အရ ကားသော့ပုံစံ (Key-shaped Light) မီးအလင်းရောင် ပေါ်လာပါ သလား။ အင်ဂျင် Check မီးလင်း နေပါသလား။

(၃) ကားသော့တံကို "On" အဆင့်မှ "Start" အနေအထား Position သို့လှည့်လိုက်သောအခါ ဖြစ်ပေါ် သော အခြေအနေများ -
>> အင်ဂျင်လှည့်မရပါ။ မည် သည့် အသံမျှလည်း မကြားပါ။
>> ကားသော့ လှည့်လိုက်ပါက တောက်၊ တောက်ဟု မြည်သံကြားရ ပြီး အင်ဂျင်မလည်ပါ။ စက်နိူးမော် တာ မရုန်းပါ။
>> စက်နှိုးမော်တာ ဖြည်းဖြည်း သာ လည်သည်။ စက်မနှိုးပါ။
>> စက်နှိုးမော်တာတစ်ပတ်ချင်း အားမရှိသော ပုံစံမျိုးဖြင့် လည်ရုံသာ လည်ပါသည်။ စက်မနိုးပါ။

♓ပထမဆုံးစစ်ဆေးခြင်း♓

ကားစက်နှိုးမရပါက ပထမဆုံး စစ်ဆေးရမည့်အခြေခံများမှာ -
>> ဘက်ထရီအားရှိပါသလား။ OK မှာ ရှိနေပါသလား။
>> အော်တိုဂီယာဘောက်စ်ကား များ ဂီယာတံကို Park (P) တွင် မထား ပါက စက်နှိုးမော်တာ မလည်နိုင်အောင် စီမံထားပါသည်။ Starting System တွင် ဘေးကင်းလုံခြုံမှုရှိစေရန် Neutral Safety Switch တပ်ဆင်ထားပါ သည်။ ပါကင် (P) နေရာတွင် မထားဘဲ အခြားဂီယာ ဝင်နေပြီး ကားစက်နိုးသွားပါက ယာဉ် တိုက်မှု ဖြစ်တတ်ပါသည်။
>> ဘက်ထရီ ကေဘယ်ကြိုး အဆက်များ၊ ဘက်ထရီခေါင်းငုတ် များ ချောင်နေသလား။ လွတ်နေ သလား။
>> ဆီတိုင်ကီထဲတွင် လောင်စာ ဆီ အလုံအလောက် ရှိပါသလား။
>> အမြင့်ကားများတွင် လုံခြုံမှု စနစ်ကို အဆင့်မြှင့်ထား၍ကားသော့ပုံ မီးလင်းနေပါက စက်နှိုးမရပါ။
>> ကားသူခိုးရန်မှ လုံခြုံမှုရှိစေ ရန် Anti-theft System တပ်ထား သော ကားများတွင် အလွယ်တကူ စက်နှိုး၍ မရနိုင်ပါ။

♓ကားဘက်ထရီ စစ်ဆေးခြင်း♓

® ချာဂျင်မဝင်နိုင်ဘဲ အားကုန် နေသော ဘက်ထရီကြောင့် စက်နှိုး မော်တာ လုံး၀ မလှုပ်ရှားနိုင်တော့ပါ။ ဘက်ထရီတွင် အားလက်ကျန်ရှိ ^မရှိ စစ်ဆေးပါ။ ဟွန်းတီးကြည့်ပါ။ ဝိုက် ဘာဖွင့်ကြည့်ပြီး ရှေ့မီးကြီးဖွင့်ကြည့် ပါ။ ဟွန်းသံကျယ်ပြီး ဝိုင်ဘာလည် ပတ်မှုကောင်းပါက ဘက်ထရီကောင်း ပါသည်။ မီးကြီးအလင်းရောင်လည်း စူးရှပြီး လင်းထိန်နေပါက ဘက်ထရီ အားပြည့်နေသော အခြေအနေဖြစ်ပါ သည်။

® ဒိုင်နမို ချာဂျင်စနစ် အားနည်း ၍ ဘက်ထရီသို့ ချာဂျင်အဝင်နည်းပါ က ဘက်ထရီတွင် အားမရှိနိုင်ပါ။ နွေရာသီတွင် အပူချိန်မြင့်မားလွန်း၍ ဘက်ထရီအိုးထဲမှ လျှပ်လိုက်ရည်များ အငွေ့ပျံခန်းခြောက်မှု မြန်သည်။ ဘက်ထရီပလိပ်ပြားပေါ်အောင်အထိ လျှပ်လိုက်ရည် လျော့ကျခန်းခြောက် နေပါက ဘက်ထရီဓာတ်ပြုနိုင်သော မျက်နှာပြင်ဧရိယာ ကျဆင်းသွား၍ ဘက်ထရီအားမရှိသော ပုံစံမျိုးဖြစ်နေ တတ်သည်။

® ဘက်ထရီအိုးတွင် လျှပ်လိုက် ရည် Level ပြန်ပြည့်အောင် ဘက်ထရီ မိုးရေထပ်ဖြည့်ပေးရသည်။ ဘက်ထရီ ငုတ်တိုင်နှင့် ဘက်ထရီခေါင်း တပ် ဆင်ထားရှိမှု တင်းကြပ်သေချာနေရ မည်။ ဘက်ထရီခေါင်း ချောင်နေပါက ထိဆက်မှု အားနည်းပြီး စက်နှိုး မော်တာဆွဲပါက အားမကောင်းဘဲ ဖြစ်နေတတ်သည်။ ဘက်ထရီတစ်လုံး ၏ သက်တမ်းသည် နှစ်နှစ်မှ လေး နှစ်အထိ အသုံးခံပါသည်။ မကြာခဏ ကားအင်ဂျင် စက်နှိုးပေးရသော ကားများ၊ အဲကွန်းအမြဲသုံးသောကား များ ဘက်ထရီသက်တမ်းတိုပါသည်။

♓သော့အုံ (Ignition Switch) ထဲတွင်ကားသော့လှည့်မရခြင်း♓

® စတီယာရင်တွင် Lock ကျနေ ပါက ကားသော့လှည့်၍မရပါ။ ရှေ့ ဘီးမောင်းကားများ ရှေ့ဘီးတာယာနှင့် လမ်းပလပ်ဖောင်း ထိတိုက်နေပါက Steering Wheel လှည့်၍ မရပါ။ ကားစတီယာရင်ကွင်းကို ဘယ် ^ညာ ကစားပေးပြီး ကားသော့ကို ကစားပေး ပါက စတီယာရင်ကွင်း Lock ကျနေ သည်ကို ပြန်၍ ကုစားနိုင်ပါမည်။

♓ကားဒတ်ချ်ဘုတ် Instrument Panel တွင် မီးအလင်းရောင်မပေါ် ခြင်း♓

® ကားသော့တံသွင်း၍သော့အုံကို On အနေအထားဖွင့်လိုက်ပါက ဒတ်ချ်ဘုတ်မီးများ လင်းရပါသည်။ အကယ်၍ Instrument Panel တွင် မီးအလင်းရောင်များပေါ်မလာပါက ဘက်ထရီ လုံးဝအားမရှိ၍ဖြစ်ပါလိမ့် မည်။

♓စက်နှိုးမော်တာ လုံးဝမလည် နိုင်ခြင်း♓

® ကားသော့ လှည့်လိုက်သော် လည်း မော်တာ လုံး၀ မဆွဲပါ။ ဘက်ထရီအားရှိ ^မရှိဦးစွာစစ်ဆေးပါ။ ဘက်ထရီအား ကောင်းပါလျက် မော်တာ လုံးဝမလှုပ်ခြင်းမှာ မော်တာ စနစ်တွင် ချွတ်ယွင်းချက်များ ရှိနေ၍ ဖြစ်ပါမည်။
>> ကားသော့အုံ (Ignition Switch) ကောင်း ^မကောင်း စစ်ဆေး ပါ။ ကားသော့အုံ Switch မှ လှမ်းပို့ လိုက်သော လျှပ်စစ်ပါဝါသည် မော်တာ Solenoid ကွိုင်ဝါယာသို့ ရောက်ရပါသည်။
>> Solenoid ယူနစ်ကစားမှ မော်တာသို့ အားကောင်းသော လျှပ်စီး ကြောင်း အမ်ပီယာများများကို ဘက် ထရီမှ ရရှိပါမည်။
>> စက်နှိုးမော်တာ စနစ်တွင် ဘေးကင်းလုံခြုံမှုရှိစေရန် Nautral Safety Switch ထားလေ့ရှိပါသည်။ ၎င်းင်း Switch မကောင်းပါကလည်း စက် နှိုးမော်တာစနစ်သို့ ဘက်ထရီမှ စွမ်း အင်များ မရောက်နိုင်ပါ။

♓မော်တာမှ တောက်ခနဲမြည်သံ ထွက်ပြီး အင်ဂျင်ကိုမလှည့်နိုင်ခြင်း♓

® ကားသော့လှည့်၍ စက်နှိုး မော်တာကို ဆွဲခိုင်းသည်။ မော်တာမှ ဆိုလိုနွိုက်ကစားသော တောက် ခနဲ မြည်သံထွက်သည်။ သို့သော်လည်း အင်ဂျင်ကို မလှည့်နိုင်ဘဲ ရပ်နေမည်။ ဤသို့ဖြစ်ပါက ဘက်ထရီအားနည်း နေ၍ဖြစ်မည်။ (သို့မဟုတ်) ဘက်ထရီ ကြိုးနှင့် ဘက်ထရီခေါင်းများ ဆက် သွယ်မှု မကောင်းဘဲ မထိတထိဖြစ်နေ ခြင်းကြောင့်ဖြစ်မည်။

® စက်နှိုးမော်တာ လည်သော် လည်း ဆွဲအားမကောင်းဘဲ နှေးကွေး နေသည်။ ကားအင်ဂျင်စက်လည်း မနှိုးနိုင်ဖြစ်နေပါက ကားဘက်ထရီ အားအပြည့်ရှိ ^မရှိ ပထမစစ်ဆေးပါ။ ဘက်ထရီ အားကောင်းပါလျက် မော်တာရုန်းအား မကောင်းခြင်းဖြစ် နေပါက စက်နှိုးမော်တာ (Starter Motor) မကောင်းခြင်းကြောင့်ဖြစ်နိုင် သည်။ ဒိုင်နမို ^မော်တာ ဆားဗစ်ဆိုင် တွင် မော်တာကို စစ်ဆေးပါ။ ဆားဗစ် စင်လုပ်ပါ။ မကောင်းသော အစိတ် အပိုင်းများကို အစားထိုးလဲပါ။

® စက်နှိုးမော်တာစနစ် လည်း ကောင်းသည်၊ ဘက်ထရီလည်း အား အပြည့်ရှိသည်။ ကားသော့လှည့်၍ စက်နှိုးကြည့်ပါက မော်တာအား ကောင်းကောင်းနှင့် လှည့်ပေးနိုင် သည်။ သို့သော် ကားအင်ဂျင်စက်နှိုး ရန် အရိပ်အယောင်တောင် မမြင်ဖြစ် နေတတ်သည်။ ကားအင်ဂျင်တစ်လုံး စတင်စက်နှိုးသွားနိုင်ရန် လိုအပ်ချက် များက အဘယ်နည်း။

(က) အင်ဂျင် လုံရမည်။
Compression ဖိသိပ်အား မြင့်မားရ မည်။ အင်ဂျင် ဆလင်ဒါ တစ်လုံးတွင် Compression Test စမ်းကြည့်ပါက ဖိသိပ်အား
120 psi မှ 170 psi အတွင်းရှိရမည်။ အကယ်၍ ဖိအား 70-80 psi ထက် လျော့နည်းနေလျှင် အင်ဂျင်စက်နှိုးရန် မဖြစ်နိုင်တော့ပါ။ အင်ဂျင် Compression ကောင်းပြီး လုံနေစေရန် ပစ္စတင် Ring များ ကောင်းရမည်။ ဆလင်ဒါ Head ဂတ်စ် ကတ်လုံရမည်။ ဗားများ လုံရမည်။ အင်ဂျင် Ring ကွင်းများကျိုးပြီး တိုင်မင် Belt ကြိုး မကောင်း၍ တိုင်မင်လွဲချော် နေသော အင်ဂျင်တစ်လုံးသည် Compression ဖိသိပ်အား မကောင်းနိုင် ပါ။

(ခ) တိုင်မင် မှန်ကန်ရမည်။
အင်ဂျင် Head အတွင်းမှ ဗားများ အဖွင့်အပိတ် တိုင်မင်ကို မှန်ကန်တိကျ စွာ လှုပ်ရှားစေသောအရာမှာ Camshaft ဖြစ်သည်။ Camshaft ကို ချိန်းကြိုး (သို့မဟုတ်) တိုင်မင် Belt ကြိုးဖြင့် လှည့်ပေးသည်။ တိုင်မင် Belt ကြိုးသက်တမ်းပြည့်ပါက အချိန် မီ အသစ်လဲပေးရသည်။

(ဂ) လောင်စာဆီနှင့် မီးပွား Spark
ဓာတ်ဆီ အင်ဂျင်များသည် မီး တိုင်မင်မှန်ကန်မှသာ စက်နှိုးရန်လွယ် ကူသည်။ မီးပေးတိုင်မင်စနစ် ကောင်း ရန် Ignition Coil နှင့် Spark Plug များလည်း ကောင်းရသည်။ ပလပ်ကြိုး နှင့် ဒစ်စတြီဗျူတာများ ကောင်းရ သည်။ ဒစ်စတြီဗျူတာစနစ်ကို ကျော် လွန်ခဲ့သော ယနေ့ခေတ်ကားအင်ဂျင် များတွင် မီးတိုင်မင်ကို ကွန်ပျူတာ စနစ်က အမိန့်ပေးညွှန်ကြားသည်။

® ထိုနည်းအတူ လောင်စာဆီပို့ စနစ်တွင်လည်း ကွန်ပျူတာထိန်း ကျောင်းမှုရှိသော EFI စနစ်ဖြင့် ဆီဖြန့်ဝေပေးသည်။ လောင်စာဆီများ အရည်အသွေးမှန်ကန်ပြီး Injector များ ကောင်းပါက စက်နှိုးရန်အဆင် သင့်ဖြစ်သော အင်ဂျင်တစ်လုံးဖြစ်ပါ သည်။

® ကားအင်ဂျင်တစ်လုံး စက်နှိုး၍ မရသောအကြောင်းတရားများကို ရှာ ဖွေဖော်ထုတ်ရာတွင် သာမန်မျက်မြင် စစ်ဆေးရုံဖြင့်မသိနိုင်သော ပြဿနာ များကို ပစ္စည်းကိရိယာ Device အထောက်အကူများဖြင့် ရှာဖွေမှသာ မြင်နိုင်ပါသည်။
>> ကားစက်နှိုးရခက် သော၊
>> အနှိုးထိုင်းသော၊
>> စက်သံမမှန် သောကားများကို ပစ္စည်းကိရိယာစုံ လင်သော စက်ပြင်ကားဝပ်ရှော့ပ်ကြီး များတွင် စစ်ဆေးပြုပြင်သင့်ပါသည်။

Crd

တာယာတစ်လုံးမှ ပြောပြသော သူ၏အကြောင်းတာယာတစ်လုံး၏ ဘေးနံရံတွင် ၎င်းတာယာ၏ အရွယ်အစား၊ တပ်ဆင်ရမည့် ခွေ၏ (rim) အရွယ်အစား၊ တာယာ၏...
21/07/2020

တာယာတစ်လုံးမှ ပြောပြသော သူ၏အကြောင်း

တာယာတစ်လုံး၏ ဘေးနံရံတွင် ၎င်းတာယာ၏ အရွယ်အစား၊ တပ်ဆင်ရမည့် ခွေ၏ (rim) အရွယ်အစား၊ တာယာ၏ အမြင့်ဆုံးခံနိုင်မည့် ဝန်၊ အမြင့်ဆုံးမောင်းနှင်နိုင်မည့် speed၊ တာယာ၏ တည်ဆောက်ပုံ နှင့် အသုံးပြုထားသော materials များ၊ တာယာ၏ ပန်းပွန်းစားခံနိုင်မှုအခြေအနေ (treadwear)၊ တာယာ၏ကုတ်အား (traction)၊ နှင့် တာယာ၏ အပူဒဏ်ပေါ်ခံနိုင်မှု (temperature resistance)၊ တာယာ၏ ထုတ်လုပ်သည့် ကာလ၊ ထုတ်လုပ်သူ နှင့် ထုတ်လုပ်သည့် စက်ရုံ၊ TWI (Tread Wear Indicator) ခေါ် တာယာ၏ ပန်းပွန်းစားမှုအခြေအနေကိုကြည့်ရမည့်နေရာ၊ စသော သတင်းအချက်အလက် များကို ဖော်ပြထားသည်။

Tire Size Designation
ယခုဖေါ်ပြထားသော အချက်အလက်များသည် Euro-Metric Sizing System ကိုအသုံးပြုထားသော တာယာများ အတွက်သာဖြစ်သည်။ Numeric Sizing System (until late 1960s), Alpha-Numeric Sizing System (start in 1968), P-Metric Sizing System (start in 1976), Metric Sizing System, Millimetric Sizing System, Light Truck Numeric System, Light Truck Metric Sizing System, Light Truck High Floatation System စသော Tire Sizing Systems များအတွက် မဟုတ်ပါ။
205/65 R 15
205 --> တာယာ၏ ဗျက်အကျယ် ဖြစ်ပြီး မီလီမီတာ ဖြင့်ပြသည်။ 205mm (nominal section width in mm)
65 --> တာယာ၏ အမြင့်နှင့်အကျယ်၏ အချိုးရာခိုင်နှုန်းဖြစ်သည်။ Aspect ratio 65% (ratio of height to width in %)
Section height = (205*65)/100 =133 mm
R --> တာယာ၏ တည်ဆောက်ပုံ Radial Construction
15 --> တပ်ဆင်ရမည့် ခွေ၏ (rim) အရွယ်အစား 15 လက်မအချင်း (Rim diameter in inches)

Service Description
Service Description ကို တာယာ၏ ဘေးနံရံတွင် ဖော်ပြထားပြီး ဂဏာန်းနှစ်လုံး သို့မဟုတ် သုံးလုံးပါသော Load Index နှင့် အက္ခရာတစ်လုံးပါသော Speed Index တို့ဖြင့်ဖော်ပြသည်။ ဥပမာ 100Q

Load Index (LI)
Load index များကို တာယာ၏ အမြင့်ဆုံး ခံနိုင်မည့်ဝန် (design load) ကို သတ်မှတ်ရာတွင် သုံးသည်။ အောက်တွင် ဖေါ်ပြထားသော Maximum load carrying capacity per tire ပုံကို ဖတ်ရှုခြင်းဖြင့် တာယာ၏ ဘေးနံရံတွင် ဖော်ပြထားသော load index တစ်ခုစီအတွက် အမြင့်ဆုံး ခံနိုင်မည့်ဝန်ကို သိရှိနိုင်သည်။ ဥပမာအားဖြင့် load index 100 ရှိသော တာယာသည် အမြင့်ဆုံး 800kg ဝန်ကို ခံနိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။

Speed Index (SI)
တာယာ၏ ဘေးနံရံတွင် ဖော်ပြထားသော Speed Index မှတဆင့် ၎င်းတာယာ၏ သတ်မှတ်ထားသော အမြင့်ဆုံး ခံနိုင်မည့်ဝန်ကို တင်၍ မောင်းနှင်ပါက အမြင့်ဆုံး မောင်းနှင်နိုင်မည့် speed ကိုသိရှိနိုင်သည်။ အောက်တွင်ဖော်ပြထားသော speed index နှင့် maximum speed chart ကို ဖတ်ရှုခြင်းဖြင့် တာယာ၏ ဘေးနံရံတွင် ဖော်ပြထားသော speed index တစ်ခုစီအတွက် အမြင့်ဆုံး မောင်းနှင်နိုင်မည့် speed ကို သိရှိနိုင်သည်။ ဥပမာအားဖြင့် service description 100Q တာယာအတွက် အမြင့်ဆုံးဝန်(800kg)ကို တင်ဆောင် မောင်းနှင်ပါက တစ်နာရီ မိုင်တစ်ရာ (100mph) ထက် ပို၍ မမောင်းသင့်ပေ။ Speed Index သည် တာယာနှင့်သာ သက်ဆိုင်ပြီး ယာဉ်၏ မောင်းနှင်နိုင်မည့် speed နှင့် မသက်ဆိုင်ကြောင်း သတိပြုပါ။

Uniform Tire Quality Grade (UTQG)
တာယာထုတ်လုပ်သူများသည် UTQG ဟုခေါ်သော တာယာ၏ ပန်းပွန်းစားခံနိုင်မှုအခြေအနေ (treadwear)၊ တာယာ၏ကုတ်အား (traction)၊ နှင့် တာယာ၏ အပူဒဏ်ပေါ်ခံနိုင်မှု (temperature resistance) တို့ကိုစမ်းသပ်၍ တာယာ၏ဘေးမျက်နှာပြင်တွင် ဖော်ပြပေးရသည်။

Treadwear
တာယာ၏ ပန်းပွန်းစားခံနိုင်မှုအခြေအနေကို treadwear number အနေဖြင့်ဖော်ပြပေးသည်။Reference standard အနေဖြင့် treadwear number ကို 100 ဟုသတ်မှတ်ထားသည်။ တာယာများကို industry standard ၏ guidelines များအတိုင်း စမ်းသပ်၍ numerical grade များသတ်မှတ်ကာ reference standard grade ဖြစ်သော 100 နှင့်နှိုင်းယှဉ်လေ့ရှိသည်။ Treadwear number ကြီးလေလေ တာယာပွန်းစားမှုခံနိုင်ရည် ပိုကောင်းလေလေဖြစ်သည်။ ဥပမာအားဖြင့် treadwear number 200 ရှိသော တာယာသည် treadwear number 100 ရှိသော တာယာထက် ပွန်းစားမှုဒဏ် နှစ်ဆပိုခံနိုင်မည်။

Traction
တာယာ၏ စိုစွတ်နေသော လမ်းပေါ် (ကတ္တရာလမ်း နှင့် ကွန်ကရစ်လမ်း နှစ်မျိုးစလုံးပေါ်တွင် စမ်းသပ်သည်။) ရပ်တန့်နိုင်သော အရည်အသွေးကို traction number ဖြင့်သတ်မှတ်သည်။ “AA”, “A”, “B” နှင့် “C” ဟူ၍ traction grade လေးမျိုးသတ်မှတ် ထားသည်။ စိုစွတ်နေသော လမ်းပေါ် ရပ်တန့်နိုင်သော အရည်အသွေး အမြင့်ဆုံးကို “AA” ဖြင့်ဖော်ပြပြီး အနိမ့်ဆုံးကို “C” ဖြင့်ဖော်ပြသည်။

Temperature Resistance
တာယာ၏ အရှိန်တစ်ခုတွင် အပူမည်မျှထုတ်လုပ်နိုင်ခြင်း (heat generation) နှင့် အပူမည်မျှကွယ်ပျောက်စေနိုင်ခြင်း (heat dissipation) အပေါ် မူတည်၍ temperature grade ကိုသတ်မှတ်ထားသည်။ တာယာမှ အပူကို လုံလောက်စွာ dissipate မလုပ်နိုင်ပါက၎င်း၊ အပူချိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် destructive effects များကို မခုခံနိုင်ပါက၎င်း တာယာ၏ high speed တွင် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်မည့် စွမ်းရည် (ability) ကျဆင်းသွားစေသည်။ Temperature grade ကို A, B နှင့် C ဟူ၍ သုံးမျိုး သတ်မှတ်ထားပြီး grade A သည် အရည်အသွေး အမြင့်ဆုံးဖြစ်ပြီး grade C သည် အရည်အသွေး အနိမ့်ဆုံးဖြစ်သည်။

Tire Manufacturing Date Code
တာယာတစ်လုံး၏ ထုတ်လုပ်သည့်ကာလကို DOT (Department of Transportation) Tire Identification Number ၏ နောက်ဆုံး ၃-လုံး သို့မဟုတ် ၄-လုံး ကိုဖတ်ရှုခြင်းဖြင့် သိရှိနိုင်သည်။

၄-လုံးဖြစ်ပါက ပထမနှစ်လုံးမှာ ထုတ်လုပ်သည့်အပတ်ဖြစ်ပြီး ဒုတိယနှစ်လုံးမှာ ထုတ်လုပ်သည့်နှစ်ဖြစ်သည်။

ဥပမာ၊ 1309 --> 13th week of 2009
သက္ကရာဇ် ၂၀၀၀ မတိုင်မီ ထုတ်လုပ်သော တာယာများတွင်မူ ဂဏာန်း ၃-လုံးသာ တွေ့ရမည်ဖြစ်ပြီး တြိဂံပုံ သင်္ကေတပါပါက ၁၉၉၀ ခုနှစ်များတွင် ထုတ်သော တာယာများဖြစ်သည်။

ဥပမာ၊ 517Δ --> 51st week of 1997
တြိဂံပုံ သင်္ကေတမပါပါက 517 --> 51st week of 1987 ဖြစ်နိုင်သည်။

တာယာတစ်လုံး၏ သက်တမ်းကို လွှမ်းမိုးသောအချက်များစွာရှိပြီး အတိအကျ ခန့်မှန်းဆုံးဖြတ်ရန် မလွယ်ကူပေ။ သို့သော် rule of thumb အနေဖြင့် တာယာထုတ်လုပ်ချိန်မှ သက်တမ်း ၅-နှစ်မှ ၈-နှစ် အတွင်း လဲလှယ်ခိုင်းလေ့ရှိသည်။

Crd

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)မှာ Majesty Car Service Center(Mdy)က ညီလေးတွေ လေယာဉ်ပျံ ဆီဖြည့်ယာဉ်ကို Premium ရေေ...
25/09/2019

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)မှာ Majesty Car Service Center(Mdy)က ညီလေးတွေ လေယာဉ်ပျံ ဆီဖြည့်ယာဉ်ကို Premium ရေဆေး & အတွင်းခန်းလျှော် & စက်ပေါလစ်တိုက် ဝန်ဆောင်မှုတွေကို အကောင်းဆုံး ကြိုးစားလုပ်ပေးဖြစ်ခဲ့တယ်🥰
PUMA(Australia)
Team(Mdy)
#

  Restoration  Wash & Detailing  Mirror(Water Spot) Polishing  Mirror(Water Spot) Polishing  Mirror(Water Spot) Polishin...
15/04/2019

Restoration
Wash & Detailing
Mirror(Water Spot) Polishing
Mirror(Water Spot) Polishing
Mirror(Water Spot) Polishing
Removing
(Paint Correction)
Room Cleaning
Cover Cleaning
Alloy Wheel Cleaning
Wash

in Majesty Car Service Center
09-43103950 / 0943011587

၂ နှစ်ပြည့် အထိမ်းအမှတ် 👏🏻👏🏻👏🏻❤️❤️❤️❤️
28/01/2018

၂ နှစ်ပြည့် အထိမ်းအမှတ် 👏🏻👏🏻👏🏻❤️❤️❤️❤️

တစ်နှစ်ပြည့်အထိမ်းအမှတ် 👏👏👏❤️❤️❤️
28/01/2017

တစ်နှစ်ပြည့်အထိမ်းအမှတ် 👏👏👏❤️❤️❤️

03/10/2016

Majesty Car Service Center မှ ​အောက်​ပါဝန်​ထမ်းများ အမြန်​ အလိုရှိသည်

- ​ကား​ရေ​ဆေးကျွမ်းကျင်​သူ(ကျား) ၅ဦး

ဆက်​သွယ်​ရန်​ ၀၉၄၃၁၀၃၉၅၀
လမ်း ၉၀၊၃၈×၃၉လမ်းကြား မဟာစည်​လမ်း ​ဖောင်​​တော်​ရပ်​ စိန်​ပန်း မန်း​လေးမြို့

MAJESTY Car Wash 😉
24/02/2016

MAJESTY Car Wash 😉

Address

Mandalay

Alerts

Be the first to know and let us send you an email when Majesty Car Service Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Majesty Car Service Center:

Share