30/05/2023
အင်ဂျင်ဝိုင်မှာ grade အမျိုးမျိုးလာပါတယ်။
📌5W/30 မှာ သိပ်စေးမပြစ်ပါ၊ အရည်ကြဲပါတယ်
📌10W/30 မှာ အရည်အနည်းငယ်ကြဲနေပါသေးတယ်
📌10W/40 အရည်နည်းငယ်ပျစ်လာပါတယ်
📌10W/50 အရည်ပြစ်
📌15W/40 အရမ်းပြစ်
📌15W/50 အရမ်းပြစ်
~~~~~
10W/40 မှာ ဓာတ်ဆီအင်ဂျင်သုံးကားများ၊ ဒီဇယ်အင်ဂျင်သုံးကားများ ပင်စတင်မချောင်သေးသော ဝယ်ခါစကားသစ်များမှာသုံးပါတယ်။
15W/40 ,15W/50 မှာ ဒီဇယ်ကားအင်ဂျင်မှ ပင်စတင်ကျယ်လာသော အင်ဂျင်ကျလာသော အခါသုံးကျပါတယ်။
5W/20 ,5W/30 မှာ အင်ဂျင်ရုံးအားနည်းသော electric စနစ် သုံး Hybird ကားများမှာ သုံးပါတယ်။
10W/30 မှာ ဓာတ်ဆီကားများ ဝယ်ခါစ kilo အသစ်ကားလေးများမှာသုံးပါတယ်။ kilo 5သောင်းလောက်ပဲရှိသေးတော့ 10W/30နဲ့အဆင်ပြေပါတယ်။
10W/40မှာ kilo 1သိန်းကျော် ဂျပန်ကျကားများ(သို့)အခိုင်းကြာလာသော ကားများမှာ သုံးပါတယ်။
မိမိကားနင့်သင့်တင့်ရာ အင်ဂျင်ဝိုင် grade ကို ကျွမ်းကျင် စက်ပြင်ဆရာ နှင့်တိုင်ပင်ဆွေနွေး၍ မှန်ကန်စွာအသုံးပြုနိင်ကျပါစေ။ အင်ဂျင်ဝိုင် grade မှားသုံးရင်ဘာဖြစ်မလည်းဆို ဥပမာ – ဂျပန်ကျကား kilo 1သိန်းကျော် သုံးထားသောကားကို 5W/20 • 5W/30 သုံးမိပါက အရည်ကြဲသောကြောင့် အင်ဂျင်ဝိုင်ခမ်းသွားပြီး အချိန်မှီမစစ်ဆေးမိပါက အင်ဂျင်ဝိုင်ငက်ပြီး အင်ဂျင်ကွဲပါလိမ့်မည်။
10W/30 kilo သောင်းဂဏာန်းလောက်သာ ရှိသောကားကို 10W/40 သုံးမိပါက အနည်းငယ်အော်ပါမယ်၊ စက်သံကြမ်းလာမယ်၊ အရုန်းအဆွဲကျသွားသောကြောင့် ဆီစားများလာမယ်၊ အင်ဂျင် heat တက်လာမယ်။
15W/50 ဒီဇယ်ထည့် အင်ဂျင်ဝိုင်ကိုလည်း ထည့်မိပါ က အင်ဂျင်ကြပ်နေလိမ့်မယ်၊ စက်နိးရခက်သိအထိ့ကြုံရလိမ့်မယ် အဘယ်ကြောင့်ဆို ဓာတ်ဆီကားမှာ အင်ဂျင်လေဖိအားအနည်းငယ်သာ ဖိသောကြောင့် ပင်စတင်နှင့် အင်ဂျင်ဘလော့ တိုက်ပြီး ပင်စတင်ခုတ်ရသောကြောင့် ဖြစ်ပါတယ်၊ ဒီဇယ်အင်ဂျင်မှာ လေဖိအားမျာများဖိပြီးလောင်ကျွမ်းရသောကြောင့် စေးပြစ်သော အင်ဂျငိဝိုင် 10W/40 ကောင်းသေးသောကား 15W/50, 20W/50 great တွေရှိ့ပါသေးတယ် သုံးရပါတယ်၊ ဓာတ်ဆီကားမှာ စေးပြစ်သောအင်ဂျငိဝိုင်ကြောင့် အင်ဂျင်ကြပ်နေပါလိမ့်မယ်။
တချို့ အင်ဂျင်ကျလာသော ဓာတ်ဆီကားများမှာ 15W/40 • 20W/50 အထိ့အသုံးပြုလာတာတွေ့ရပါတယ်၊ ဘာကြောင့်ဆို နှစ်ပေါင်းများစွာ အကြမ်းအသုံးပြုလာသောကားများမှာ ပင်စတင်ခုတ်သော အင်ဂျင်ဘလော့မှာ ကျယ်လာပါတယ်၊ ထိုကြောင့်စေးပြစ်သောအင်ဂျင်ဝိုင် သုံးမှ အဆင်ပြေတော့တာပါ။
ထိုကြောင့် အင်ဂျင်ဝိုင် great မှာအရေးကြီးသောကြောင့် မှန်စွာရွေးချယ်တက်ဖို့အရေးကြီးပါတယ်၊ ပူနွေးသောမြန် မာနိင်ငံရာသီဥတုအပေါ်မူတည်၍ အရည်ကြဲသော အင်ဂျင်ဝိုင်လည်း မသုံးမိပါစေနဲ့၊ဂျပန်နိင်ငံက အေးသောနိင်ငံဖြစ်သောကြောင့် ဒီ grade သုံးပါလို့ညွန်ပြသော်လည်း မြန်မာနိင်ငံမှာ ပူနွေးသောကြောင့် မှန်ကန်စွာရွေးချယ်တက်ဖို့လည်းလိုပါတယ်။
ထို့ပြင် kilo 3000 နင့် 5000 ကြားအင်ဂျင်ဝိုင်အားအသုံးပြုပီးတိုင်းစစ်ဆေးပြီး မကောင်းပါက လှဲလှယ်ပေးပါ။
အင်ဂျင်ဝိုင်ကိုလည်း နေတိုင်း(သို့)2ရက် 3ရက် 1ပတ် တခါ ဂိတ်တံထုတ်၍ စစ်ဆေးပေးပါ။ လျော့လာပါက ဖြည့်ပေးပါ။
ကားအင်ဂျင်ဝိုင်လဲ ဖို့ လိုနေပြီလား
Duty မှတာဝန်ယူပါရစေ အင်ဂျင်ဝိုင်လဲရင်း အခြား အရေးကြီးတဲ့ ဘရိတ်ဆီ coolent / ရေ
ဆီစစ် / လေစစ် များကိုစစ်ဆေးပြီး သန့်ရှင်းပြုလုပ်ဖို့ Duty ကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ ။
တည်နေရာ - 73 လမ်း - 115 x 116ကြား ပြည်ကြီးတံခွန်မြို့နယ် မန္တလေးမြို့