Motion Mandalay Car Rental

Motion Mandalay Car Rental Motion Mandalay Car Rental
No.9-B, 32A Street,
Bet 66 & 67 Street,
Mandalay. Myanmar(Burma).
05021
+

Today  Shan Sightseeing ....Motion Mandalay Car Rental (Tour Grade Car Rental)0940255572609444020678
21/06/2023

Today Shan Sightseeing ....

Motion Mandalay Car Rental
(Tour Grade Car Rental)

09402555726
09444020678

Motion Mandalay Car Rental (Tour Grade Car Rental)0940255572609444020678
09/06/2023

Motion Mandalay Car Rental
(Tour Grade Car Rental)

09402555726
09444020678

Motion Mandalay Car Rental 09444020678. 09402555726
28/10/2022

Motion Mandalay Car Rental
09444020678. 09402555726

22/03/2022
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၏မြို့တော်ဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းအရ လ...
03/11/2021

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၏မြို့တော်ဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းအရ လူဦးရေ ၁ ၂၂၅ ၅၅၃ ယောက် ရှိသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့ မှ ၃၈၅မိုင် ကွာဝေး၍ ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန်မြို့ပြီးနောက် ဒုတိယအကြီးဆုံးသောမြို့ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသကဲ့သို့ပင် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ ဒေသလည်း ဖြစ်ပေသည်။ မန္တလေးမြို့သည် ခေတ် ၃ ခေတ်ပြောင်းခဲ့သော်လည်း ထင်ရှားလျက်ပင် ရှိပေသေးသည်။ နှစ် ၁ဝဝ အတောအတွင်းဝယ် မန္တလေးမြို့တွင် ဒုတိယကမ္ဘာစစ်ဒဏ်၊ မီးဘေးအန္တရာယ်များကို ခံရသောကြောင့် အပျက်အစီးရှိခဲ့သော်လည်း အသစ် ပြန်လည်ပျိုးထောင်နိုင်ခဲ့သည်

မန္တလေးမြို့ကို ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် ဒဿမ​မြောက်ဖြစ်သော မြန်မာဘုရင် မင်းတုန်းမင်း မှ ရဟန်းရှင်လူအများ ကန့်ကွက် သည့် ကြားမှ စ တင်တည်ထောင်ခဲ့သည်။ မန္တလေးသည် ၁၈၈၅ ခုနှစ် သီပေါမင်း လက်ထက် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ မတိုင်မီ (၁၈၆၀-၁၈၈၅)တွင် နောက်ဆုံး ကျန်ရစ်သည့် လွတ်လပ်သော မြန်မာ့မင်းနေပြည်တော်လည်းဖြစ်သည်။ ယခင်က "ရတနာပုံ" ဟုအမည်တွင်ခဲ့ပြီး နောင်အခါ "မန္တလေးတောင်" ကိုအစွဲပြု၍ "မန္တလေး"ဟု အမည်တွင်လေသည်။ မန္တလေးမြို့သည် မြန်မာ နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ် ပြီး မန္တလေးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းအရ လူဦးရေ ၁ ၂၂၅ ၅၅၃ ယောက် ရှိသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှ ၃၈၅မိုင် ကွာဝေး၍ ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း နေပြည်တော်ဖြစ်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန်မြို့ပြီးနောက် ဒုတိယ အကြီးဆုံးသောမြို့ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသကဲ့သို့ပင် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ ဒေသလည်း ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကူးသန်းသွားလာရေးနှင့် ကုန်စည်ပို့ ဆောင်ရေးတို့အတွက် အချက်အချာ ကျသည်။ မန္တလေးမြို့သည် ခေတ် ၃ ခေတ်ပြောင်းခဲ့သော်လည်း ထင်ရှားလျက်ပင် ရှိပေသေးသည်။ နှစ်၁ဝဝ အတောအတွင်းဝယ် မန္တလေးမြို့တွင် ဒုတိယ ကမ္ဘာစစ်ဒဏ်၊ မီးဘေးအန္တရာယ်များကို ခံရသောကြောင့် အပျက်အစီး ရှိခဲ့သော်လည်း အသစ်ပြန်လည် ပျိုးထောင်နိုင်ခဲ့သည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း နေပြည်တော် ဖြစ်ခဲ့သည့် အလျောက် ယဉ်ကျေးမှုအမွေအနှစ်များ အများအပြား ကျန်ရစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ယဉ်ကျေးမှုမြို့တော်ဖြစ်သော မန္တလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများ စီးဆင်း ဝင်ရောက် လာသည်။

မန္တလေးမြို့သည် ဧရာဝတီမြစ်၏ လက်ဝဲဖက်ဖြစ်သော အရှေ့ဖက်ကမ်းပေါ်တွင် တည်ရှိ၍ ဧရာဝတီမြစ်နှင့် ရှမ်းကုန်းပြင်မြင့်၏ အ ကြား အနံ ၈ မိုင် ရှိသော မြေပြန့်၏ တစ်စိတ်တစ်ပိုင်းတွင် တည်ရှိသည်။ မြောက်လတ္တီကျု ၂၁ ဒီဂရီ ၉၈ မိနစ်နှင့် အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ဝ၈ မိနစ် ကြားတွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၂၅ စတုရန်းမိုင် ရှိ၍ လူဦးရေမှာ ၁၉၆၃ ခုနှစ်တွင် ခန့်မှန်း ခြေ ၂၁၅၄၂၆ ယောက်ခန့်ရှိသည်။ ရပ်ကွက် ၃၈၊ အိမ်ခြေပေါင်း ၃၅ဝဝဝ ခန့် ရှိ၏။ ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ၂၀၀၇ ခုနှစ်တွင် မန္တလေးမြို့၏ လူဦးရေသည် စုစုပေါင်း ၁ သန်းခန့် ရှိသည်ဟု သိရသည်။ လူဦးရေ တိုးတက်နှုန်းများအရ ၂၀၂၅ ခုနှစ်တွင် မြို့နေလူဦးရေ စုစုပေါင်း ၁.၅ သန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။ မန္တလေးမြို့သည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အုပ်ချုပ်မှုတွင် တည်ရှိ၍ မြို့နယ် ၆ခု ၊ အရံမြို့နယ် ပုသိမ်ကြီးမြို့နယ် ၁ခုဖြင့် ဖွဲ့စည်းထားသည်။ မန္တလေးစည်ပင်သာယာရေးကော်မတီ နယ်နိမိတ်တွင် မဟာအောင်မြေမြို့နယ်, အောင်မြေသာဇံမြို့နယ်, ချမ်းအေးသာဇံမြို့နယ်, ချမ်းမြသာ စည်မြို့နယ်, ပြည်ကြီးတံခွန်, အမရပူရမြို့နယ် မြို့နယ် (၆)မြို့နယ်ပါဝင်သည်။ မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ အမရပူရမြို့ဟောင်းတွင် အမရပူရနန်းတော်၊ သပြေတန်းခံတပ်၊ တောင်သမန်အင်း၊ ဦးပိန်တံတား၊ မယ်ဇယ်တန်း၊ တောင်လေးလုံးကျောင်းတိုက်၊ ဗားကရာဘုန်းကြီးကျောင်း၊ ဆောင်းဒါးရက်ကန်းကျောင်း၊ ကျောက်တော်ကြီးဘုရား (အမရပူရ)နှင့် ရတနာ့ဂူတို့ အဓိကနေရာအဖြစ် တည်ရှိနေသေးသည်

ပင်လောင်းမြို့ သမိုင်းအကျဉ်း******************ပင်လောင်းမြို့နယ် ခရစ်သက္ကရာဇ် (၁၀၄၄-၁၇၅၂) ခုနှစ်၊ ပုဂံခေတ်နှင့်တောင်ငူခေတ...
29/07/2021

ပင်လောင်းမြို့ သမိုင်းအကျဉ်း
******************
ပင်လောင်းမြို့နယ် ခရစ်သက္ကရာဇ် (၁၀၄၄-၁၇၅၂) ခုနှစ်၊ ပုဂံခေတ်နှင့်တောင်ငူခေတ်တွင် ယခု ပင်လောင်းဟုခေါ်သည့် ဒေသသို့ ကျိုက်ထို၊ ကျိုက္ခမီနယ်သားကရင်များ သထုံနယ်သားပအိုဝ်းများ၊ ကွန်ဟူရှမ်း အမျိုးအနွယ်များ အဆင့်ဆင့်ရောက်ရှိနေထိုင်ခဲ့ရာ ပထမဆုံးရောက်ရှိလာသော ကျိုက္ခမီနယ်သား ကရင်များ ပင်လောင်းမြို့ တောင်ဘက်(၁၃)မိုင်အကွာ ဝမ့်ဖာ(ဘန့်ဘာ)ရွာကို တည်ထောင်ခဲ့ပါသည်။ ခရစ်သက္ကရာဇ် (၁၇၆၃-၁၇၇၈)ခုနှစ်၊ တတိယကုန်းဘောင်မင်းဆက် ဆင်ဖြူရှင်မင်းလက်ထက်တွင် ဝမ့်ဖာရွာ၌ မုဆိုးမ၏သမီးဖြစ်သူ မစီးထာ(ခ)နန်းမူ၏ ယာခင်းကို ဆင်ဖြူ(၁)ကောင် ဝင်ရောက်စားသောက်သဖြင့် ရွာသားများ သွားရောက်ဖမ်းဆီးရာ ဖမ်းမမိဘဲ မစီးထာကိုယ်တိုင်သွားရောက်ဖမ်းဆီးမှ ဖမ်းမိသဖြင့် ဝမ့်ဖာရွာတွင် ဆင်ဖြူအားထိန်းကျောင်းပြီး၊ အင်းဝဘုရင်ဆင်ဖြူရှင်မင်းထံ သွားရောက်ဆက်သခဲ့ပါသည်။ အင်းဝဘုရင်မှ မစီးထာအား ပင်လောင်းမြို့ဖြစ်လာမည့်ဒေသသို့ အုပ်ချုပ်ရန်နှင့်အခွန်အတုတ် ကောက်ခံရေး နယ်နိမိတ်ပိုင်းခြား ချီးမြှင့်ခဲ့ပါသည်။
တည်နေရာနှင့်အကျယ်အဝန်း
************************
ပင်လောင်းမြို့နယ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်ပြီး ‌ အရှေ့ လောင်တွဒ်( ၉၅ )ဒီဂရီ ( ၂၅ ) မိနစ်မှ ( ၉၆ ) ဒီဂရီ ( ၆၅ )မိနစ်အကြားနှင့် မြောက်လတ္တီတွဒ်( ၁၉ )ဒီဂရီ( ၄၀ ) မိနစ်မှ ( ၂၀ ) ဒီဂရီ ( ၁၈ )မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ ( ၄၈ )မိုင်နှင့် တောင်မှ မြောက်သို့( ၃၂ ) မိုင် ရှည်လျားပါသည်။ ပင်လောင်းမြို့နယ်၏ အကျယ်အ၀န်းမှာ( ၁၂၉၃.၄၂၅) စတုရန်း မိုင်နှင့်မြို့ အကျယ်အ၀န်းမှာ ( ၂.၃၈ )ဧရိယာစတုရန်းမိုင် ဖြစ်ပါသည်။
နယ်နိမိတ်
**********
ပင်လောင်းမြို့နယ်၏ အနောက်ဘက်တွင်းပျဉ်းမနားမြို့နယ် ၊ အရှေ့ဘက်တွင် ညောင်ရွှေမြို့နယ် နှင့် ထိစပ် လျက်ရှိပါသည်။
မြောက်ဘက်တွင် ကလောမြို့နယ်၊ တောင်ဘက်တွင် ဖယ်ခုံးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိပါသည်။
မြေမျက်နှာသွင်ပြင်
****************
ပင်လောင်းမြို့နယ်သည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး တောင်တန်းများမှာ တောင်မှမြောက်သို့ သွယ်တန်းလျက်ရှိပါသည်။
ရေဆင်း
******
ပင်လောင်းမြို့နယ်တွင် ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသောချောင်းမှာ ပင်လောင်း မြို့နယ်မှ စတင်စီးဆင်းသည့် ဘီလူးချောင်းဖြစ်ပြီး ညောင်ရွှေမြို့နယ်၊ မိုးဗြဲဆည်၊ လွိုင်ကော်လောပိတ ရေးအား လျှစ်စစ်စက်ရုံအတွင်းသို့ စီးဝင်ပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
*******************************
ပင်လောင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်(၄၈၀၀)ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ လွယ်မောင်းတောင်ဖြစ်ပြီး အမြင့်ပေ(၆၁၂၄)ပေ ဖြစ်ပြီး အမြင့်ဆုံးအရပ်ဒေသမှာ လွယ်မောင်းကျေးရွာဖြစ်ပါသည်။ အနိမ့်ဆုံးဒေသမှာ လယ်ပြင်ကြီးကျေးရွာ အမြင့်ပေ(၁၀၄၅)ပေ ဖြစ် ပါသည်။
ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်
=========================
ရာသီဥတု
***********
ပင်လောင်းမြို့နယ်သည် အေးမြစွတ်စိုသော ရာသီဥတုရှိပြီး၊ အမြင့်ဆုံးအပူချိန် ( ၃၀.၀)ဒီကရီစင်တီ ဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ( ၁.၀ ) ဒီကရီစင်တီဂရိတ်ဖြစ်ပါသည်။
သဘာဝပေါက်ပင်များ
*****************
ပင်လောင်းမြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ပျဉ်းကတိုး၊ ပိတောက်၊ ကနစိုး၊ ကြက်မောက်၊ ကရဝေး၊ သစ်ယား၊ ရေသင်းဝင်၊ ယမနေ၊ ထင်းရှူး၊ ချယ်ရီ၊ ပင်စိမ်း၊ လက်ပံ၊ ရေမဲနှင့် ဝါးပင်၊ ကျွန်းပင်(ရတနာတန်းဝင်)များ ပေါက်ရောက်လျက်ရှိပြီး၊ ရှားပါးဆေးဘက်ဝင်သည့် အပင်များ၊ အခြားသစ်ဝါးများထူထပ်စွာ ပေါက်ရောက်လျက်ရှိပါသည်။
တောရိုင်းတိရစ္ဆာန်များ
******************
ပင်လောင်းမြို့နယ်အတွင်းရှိ တောရိုင်းတိရိစ္ဆာန်များမှာ တောဆင်၊ ပြောင်၊ စိုင်၊ ဆတ်၊ ချေ၊ တောဆိတ်၊ ဒရယ်၊ တောဝက်၊ ကျား၊ ဝက်ဝံ၊ ကျားသစ်၊ မျောက်၊ သင်းခွေချပ်၊ ယုန်၊ ဖွတ်၊ ပဒပ်၊ ရှဉ့်၊ ရစ်၊ ဘုတ်၊ ခါ၊ ငုံး၊ ခို၊ ဇီးကွက်၊ စွန်၊ လိပ်၊ တောကြောင်၊ စပါးကြီးမြွေ၊ စပါးအုံးမြွေ၊ မြွေပွေး၊ ငန်းတော်ကြား၊ မြွေဟောက်၊ လင်းမြွေ စသည့်သတ္တဝါများ တို့ဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင်လက်ရှိအခြေနေ
*******************************
ပင်လောင်းမြို့နယ်သည် အေးမြစိုစွတ်သောဒေသ ဖြစ်ပါသဖြင့် သဘာဝပတ်ဝန်းကျင် တောတောင် ရေမြေ မြစ်ချောင်း အင်းအိုင်များ တည်ရှိပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ
*******************************************
ပင်လောင်းမြို့နယ်အတွင်း ဆောင်ရွက်သည့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများမှာ ၂၀၁၇ခုနှစ်အတွင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲများ၊ ပြည်သူလူထုများ၊ ဆရာ/ဆရာများ။ ကျောင်းသား/ကျောင်းသူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ရာ အပင်မျိုးစုံ စုစုပေါင်း(၆၅၀၀၀)ပင်စိုက်ပျိုးခဲ့ပါသည်။
သဘာဝဘေးအန္တရာယ်ကျရောက်မှု
*******************************
ပင်လောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကို ဒေသခံပြည်သူများအား လှုံ့ဆော်ရေး လုပ်ငန်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပူပြင်းခြောက်သွေ့သည့် ရာသီတွင်လည်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော် ချက်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ အသံချဲ့စက်ဖြင့် လှည့်လည် ဆော်သြခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
လူဦးရေဆိုင်ရာအချက်အလက်များ
==========================
နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများ
***********************************
ပင်လောင်းမြို့နယ်တွင် နေထိုင်ကြသောတိုင်းရင်းသားလူမျိုးစုများမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်-
၁။ ကချင် - ၁၇ ဦး
၂။ ကယား - ၉၀၈ ဦး
၃။ ကရင် - ၃၂၇၁ ဦး
၄။ ချင်း - ၄၂ ဦး
၅။ ဗမာ - ၁၄၃၄၄ ဦး
၆။ မွန် - ၇ ဦး
၇။ ရခိုင် - ၂၈ ဦး
၈။ ရှမ်း - ၁၇၃၉၆ ဦး
၉။ ပအိုဝ်း - ၁၃၆၀၇၈ ဦး
၁၀။ အင်းသား - ၁၂၅၇ ဦး
၁၁။ ဓနု - ၇၆၈ ဦး
၁၂။ တောင်ရိုး - ၆၄၀၇ ဦး
၁၃။ ကယန်း - ၃၃၁၇ ဦး
၁၄။ အခြား - ၃၂၅ ဦး
မြို့နယ်ချုပ်- ၁၈၅၀၆၅ ဦး
အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေ
**************************
ပင်လောင်းမြို့နယ်၏ ၂၀၁၉ခုနှစ် စက်တင်ဘာလကုန်အထိ လူဦးရေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)အိမ်ခြေ/အိမ်ထောင်စု
************************
ပင်လောင်းမြို့နယ်တွင် မြို့ပေါ်ရှိအိမ်ခြေ(၂၃၉၈)အိမ်၊ အိမ်ထောင်စု(၂၄၈၃)စု၊ ကျေးလက်နေ အိမ်ခြေ (၃၅၅၃၁) အိမ်၊ အိမ်ထောင်စု(၃၅၇၂၇)စု၊
နောင်တရားမြို့ပေါ် အိမ်ခြေ(၉၅၆)အိမ်၊ အိမ်ထောင်စု(၉၈၂)စု ၊ ပေါင်းလောင်းမြို့ပေါ် အိမ်ခြေ (၁၇၃၈) အိမ်၊ အိမ်ထောင်စု (၁၇၈၂)စုရှိရာ စုစုပေါင်း အိမ်ခြေ(၄၀၆၂၃)အိမ်နှင့် အိမ်ထောင်စု(၄၀၉၇၃)စု ရှိပါသည်။
-
(ခ)လူဦးရေ
***********
အသက်(၁၈)နှစ်အထက်
-------------------------------
ပင်လောင်းမြို့ပေါ်နေ ကျား(၃၁၂၂)ဦး၊ မ(၃၆၃၀)ဦး၊ စုစုပေါင်း (၆၇၅၂)ဦး၊
ကျေးလက်နေ ကျား(၄၃၆၇၉)ဦး မ(၄၆၂၅၄)ဦး၊ စုစုပေါင်း(၈၉၉၃၃)ဦး
မြို့နယ်အတွင်း ကျား(၄၆၈၀၁) မ(၄၉၈၈၄)ဦး၊ စုစုပေါင်း(၉၆၆၈၅)ဦး
နောင်တရားမြို့ပေါ် ကျား(၁၃၁၆) မ(၁၄၃၇) စုစုပေါင်း (၂၇၅၃)ဦး
ပေါင်းလောင်းမြို့ပေါ် ကျား(၁၇၈၁) မ(၁၇၇၁) စုစုပေါင်း(၃၅၅၂)ဦး
မြို့နယ်ချုပ် ကျား(၄၉၈၉၈) မ(၅၃၀၉၂) စုစုပေါင်း(၁၀၂၉၉၀)ဦး
အသက်(၁၈)နှစ်အောက်
------------------------------
ပင်လောင်းမြို့ပေါ်နေ ကျား(၁၆၃၈)ဦး၊ မ(၁၆၂၄)ဦး၊ စုစုပေါင်း (၃၂၆၂)ဦး၊
ကျေးလက်နေ ကျား(၃၆၄၁၈)ဦး၊ မ(၃၆၈၇၁)ဦး၊ စုစုပေါင်း(၇၃၂၈၉)ဦး
မြို့နယ်အတွင်း ကျား(၃၈၀၅၆) မ(၃၈၄၉၅)ဦး၊ စုစုပေါင်း(၇၆၅၅၁)ဦး
နောင်တရားမြို့ပေါ် ကျား(၉၂၄) မ(၁၇၉၅) စုစုပေါင်း (၂၂၄၀)ဦး
ပေါင်းလောင်းမြို့ပေါ် ကျား(၁၉၃၃) မ(၁၇၉၆) စုစုပေါင်း(၃၇၁၉)ဦး
မြို့နယ်ချုပ် ကျား(၄၀၉၁၃) မ(၄၁၁၆၂) စုစုပေါင်း(၈၂၀၇၅)ဦး
-----------------------------
မြို့ပေါ်နေ ကျား(၁၀၇၁၄)ဦး မ(၁၁၁၂၉)ဦး စုစုပေါင်း(၂၁၈၄၃)ဦး၊
ကျေးလက်နေ ကျား(၈၀၀၉၇)ဦး မ(၈၃၁၂၅)ဦး စုစုပေါင်း(၁၆၃၂၂၂)ဦး
မြို့နယ်အတွင်း ကျား(၉၀၈၁၁)ဦး၊ မ(၉၄၂၅၂)ဦး၊ စုစုပေါင်း(၁၈၅၀၆၅)ဦး
အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ
============================
အုပ်ချုပ်ရေးမှူးရုံးများ
********************
ပင်လောင်းမြို့နယ် အုပ်ချုပ်ရေးမှူး(၁) ဦး၊ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး(၁) ဦး၊ ပေါင်းလောင်းမြို့ မြို့အုပ်ချုပ်ရေးမှူး(၁) ဦး
မြို့နယ်အုပ်ချုပ်ရေးမှူးရုံး(၁)ရုံး၊ မြို့အုပ်ချုပ်ရေးမှူးရုံး(၂) ရုံး၊ ရပ်ကွက်ရုံး(၁၉)ရုံး၊ ကျေးရာအုပ်စုရုံး(၂၅)ရုံး
ပင်လောင်းမြို့နယ်ရှိ ဌာနဆိုင်ရာများ
*********************************
၁။ မြို့နယ်ထွေ/အုပ်ဌာန
၂။ မြို့နယ်တရားရုံး
၃။ မြို့နယ်ဥပဒေရုံး
၄။ မြို့နယ်ကော်မရှင်ရုံး
၅။ မြို့နယ်စာရင်းစစ်ရုံး
၆။ မြန်မာနိုင်ငံရဲတပ်ဖွဲ့
၇။ မီးသတ်ဦးစီးဌာန
၈။ စည်ပင်သာယာရေးအဖွဲ့
၉။ ပြန်/ဆက်
၁၀။ သမဝါယမဦးစီးဌာန
၁၁။ စိုက်ပျိုးရေးဦးစီးဌာန
၁၂။ လယ်/စီဦးစီးဌာန
၁၃။ မွေး/ကု
၁၄။ ဆသရ(အော်တို)
၁၅။ ဆသရ( ကြေးနန်း+စာတိုက် )
၁၆။ မိုးလေဝသနှင့်ဇလဗေဒ
၁၇။ ပတ်ဝန်းကျင်/သစ်တော
၁၈။ မြန်မာ့လျှပ်စစ်လုပ်ငန်း
၁၉။ လ.ဝ.က
၂၀။ အား/ကာ
၂၁။ ပညာရေး
၂၂။ ကျန်းမာရေး
၂၃။ ကျေးလက်ဖွံ့ဖြိုးရေး
၂၄။ မြန်မာ့စီးပွားရေးဘဏ်
၂၅။ ပြည်တွင်းအခွန်များ
၂၆။ စီမံကိန်း
၂၇။ လမ်းဦးစီးဌာန
၂၈။ မီးရထား(ဘူတာ)
၂၉။ သင်တန်းကျောင်း
၃၀။ လူမှုဝန်ထမ်းဦးစီးဌာန
၃၁။ ထပ်ဆင့်လွှင့်စက်ရုံ
၃၂။ သတင်းတပ်ဖွဲ့
၃၃။ အမှတ်(၂၆) အထူးမူးယစ်တပ်ဖွဲ့စု
၃၄။ ယာဉ်ထိန်းရဲတပ်ဖွဲ့
နိုင်ငံရေးပါတီများ
***************
၁။ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး
၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၃။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
၄။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
၅။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
၆။ ရှမ်းတိုင်းသားများဒီမိုကရက်တစ်
၇။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ
*******************************************
ပြည်သူ့လွှတ်တော်
-------------------
ဦးခွန်မောင်သောင်း (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ)
အမျိုးသားလွှတ်တော် (ကိုယ်စားလှယ်မရှိ)
ပြည်နယ်လွှတ်တော်
-------------------
၁ ။ ဦးခွန်လှဆန်း (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ) ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁)
၂ ။ ဦးခွန်စောအောင် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ) ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၂)
စီပွားရေးဆိုင်ရာအချက်အလက်
=======================
စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
*******************************
ပင်လောင်းမြို့နယ်သည် ရှမ်းပြည်နယ်အတွင်းတည်ရှိပြီး စီးပွားရေးအရ အချက်အခြာကျသော မြို့နယ် တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါသည်။ ပင်လောင်းမြို့နယ်သည် ကုန်းလမ်းကြောင်းများဖြစ်သော အောင်ပန်း-ပင်လောင်း-မိုးဗြဲ-လွိုင်ကော်ကားလမ်း၊ ပင်လောင်း-ပျဉ်းမနားလမ်းမပေါ်တွင်တည်ရှိပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သောမြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ အာလူး၊ လက်ဖက်၊ ကြက်သွန်ဖြူ၊ အစေ့ထုတ်ပြောင်း၊ ဂျင်း၊ နနွင်း၊ ပန်းမုံလာ၊ မုံလာထုတ်(ဂေါ်ဖီထုတ်)၊ ငရုပ်သီး(စို၊ခြောက်)၊ လိမ္မော်၊ ဖြစ်ပြီး အောင်ပန်းဒေသသို့ အများဆုံးတင်ပို့ရောင်းချပါသည်။
စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ
==================================
ကုမ္ပဏီ၊ပွဲရုံများ၊ဈေးနှင့်ကုန်တိုက်များ
***********************************
ကုမ္ပဏီများ
***********
၁။ ကုမ္ပဏီများ မရှိပါ
ပွဲရုံများနှင့် တည်နေရာ
********************
၁။ ပင်လောင်း (၃)ခု
ဈေးများနှင့်တည်နေရာ
*********************
၁။ မြို့မဈေး (မင်္ဂလာကွက်သစ်ရပ်ကွက်)
၂။ ဆောင်းပြောင်းဈေး (ဆောင်းပြောင်းကျေးရွာ)
၃။ ပင်ခွန်စျေး (ပင်ခွန်ကျေးရွာ)
၄။ နောင်ဝိုးဈေး (နောင်ဝိုးကျေးရွာ)
၅။ ထီယွန်းဈေး (ထီယွန်းကျေးရွာ)
ကုန်တိုက်များနှင့်တည်နေရာ
*************************
ကုန်တိုက်များ မရှိပါ
ဘဏ်များ
*********
၁။ မြန်မာ့စီးပွားရေးဘဏ်
၂။ ဧရာ၀တီဘဏ်
၃။ ကမ္ဘောဇဘဏ်
၄။ ကမ္ဘာ့ရတနာဘဏ်(နောင်တရား)
ပင်လောင်းမြို့တွင်းရှိ စတိုးဆိုင်နှင့်အရောင်းဆိုင်များ(အရေအတွက်)
***********************************************************
၁။ စတိုးဆိုင် (၄၈)ဆိုင်
၂ ။ရွှေဆိုင် (၄)ဆိုင်
၃ ။လျှပ်စစ်ပစ္စည်းဆိုင် (၈)ဆိုင်
၄ ။ဖုန်းပစ္စည်းအရောင်းဆိုင် (၂၀)ဆိုင်
၅ ။စာအုပ်ဆိုင်(၅)ဆိုင်
၆ ။ဆေးဆိုင် (၈)ဆိုင်
၇ ။စားသောက်ဆိုင် (၁၀)ဆိုင်
၈ ။လက်ဖက်ရည်ဆိုင် (၁၄)ဆိုင်
၉ ။ကုန်မာဆိုင်(၈)ဆိုင်
၁၀။ စိုက်ပျိုးရေးပစ္စည်းဆိုင် (၅)ဆိုင်
၁၁။ ဆောက်လုပ်ရေးပစ္စည်းဆိုင် (၁၃)ဆိုင်
၁၃ ။ဆန်ဆိုင် (၁၂)ဆိုင်
၁၄ ။အဝတ်အထည်ဆိုင်( ၃၃)ဆိုင်
၁၅ ။နိဗ္ဗန်ကုန်ဆိုင် (၇)ဆိုင်
မြေအသုံးချမှု
*************
၁။ လက်ရှိစိုက်ပျိုးနိုင်သည့်မြေ (၉၉၁၀၂) ဧက
(က)လယ်မြေ (၁၂၀၀၅)ဧက
(ခ) ယာမြေ (၆၅၃၆၂)ဧက
(ဂ) ဥယျာဉ်မြေ( ၂၁၆၁၅)ဧက
(ဃ) တောင်ယာမြေ(၁၂၀)ဧက
၂။ အသားတင်စိုက်ပျိုးမြေ(၈၃၅၇၀) ဧက
(က) လယ်မြေဧရိယာ (၁၁၉၉၅) ဧက
(ခ) ယာမြေ (၅၄၉၄၇) ဧက
(ဂ) ဥယာဉ်မြေ (၁၆၅၀၈) ဧက
(ဃ) တောင်ယာမြေ (၁၂၀) ဧက
၃။ လပ်ထားမြေဧရိယာပေါင်း (၁၅၅၃၂) ဧက
(က) လယ်မြေဧရိယာ (၁၀) ဧက
(ခ) ယာမြေ (၁၀၄၁၅)ဧက
(ဂ) ဥယာဉ်မြေ (၅၁၀၇)ဧက
၄။ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောမြေ( ၃၈၆၈၆၉)ဧက
၅။ တောရိုင်းမြေ (၂၁၄၉၃)ဧက
၆။ မြေရိုင်း ( ၅၀၅၃၅)ဧက
၅။ မစိုက်ပျိုးနိုင်သောမြေ (၂၆၃၇၀၀)ဧက
စုစုပေါင်း (၈၂၁၆၉၉) ဧက
ဆည်ရေသောက်ဧရိယာ
====================
(က) ပင်လောင်းမြို့နယ်အတွင်း ဆည်မြောင်းတာတမံများ တည်ဆောက်မှု မရှိပါ
(ခ) ကိုယ့်အားကိုယ်ကိုး ဆည်များနှင့်အကျိုးပြုဧက
******************************************
၁။ နောင်ဝိုး သမထဆည် (မြေသား ) ( ၅၁၃)ဧက
၂၊ လွယ်စန့်ဆည် (မြေသား ) (၁၃၂)ဧက
၃။ ဗန်းမောက်ဆည် (မြေသား) (၄၉၁)ဧက
၄။ လင်ခံဆည် ( မြေသား ) (၁၈၇)ဧက
၅။ ကုန်းပေါဆည် (မြေသား ) (၈၃၈)ဧက
၆။ နောင်ဝိုးဆည် နောင်ဝိုးဆည် (မြေသား )၊ ( ၅၁၃)ဧက
၇။ လွယ်ကျိုင်းဆည် (မြေသား ) (၂၁၈)ဧက
၈။ ဟိုဝိုးဆည် (မြေသား ) ( ၂၉၀)ဧက
၉။ အမှတ်(၁) နောင်တရားဆည် (၄၇) ဧက
သစ်တောများ
***********
ပင်လောင်းမြို့နယ် ပေါင်းလောင်း သစ်တော်ကြိုဝိုင်းသည်(၃၈၁၄၅၁.၆၄)ဧက ကျယ်ဝန်းပြီး ပျဉ်းကတိုး၊ ကညင်း၊ သင်္ဂဒူ၊ သင်္ဃန်း၊ လောက်ယား၊ ကဇော် စသည့် အပင်များပေါက်ရောက်ပါသည်။ ကြိုးပြင် (၁၅၁၀.၀၀)ဧက တွင် ထင်းရှူး၊ ပင်စိမ်း တင်ပြဆဲ ဖြစ်ပါသည်။
ဓါတ်အားခွဲရုံအမည်နှင့် ဖြန့်ဖြူးသည့်ဓါတ်အား
******************************************
၁။ ပင်လောင်းဓါတ်အားခွဲရုံ 33/11KV (10 MVA)
ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း
=====================================
ရထားလမ်းနှင့် ဘူတာရုံများ
***********************
၁။ ပင်လောင်း-အောင်ပန်း (၄၈.၅၈) မိုင်
၂။ ပင်လောင်း-လွိုကော် (၅၃.၃၄) မိုင်
ကားဂိတ်များနှင့်ပြေးဆွဲသည့်ခရီးစဉ်များ
*************************************
၁။ ရာဇာဖြိုး ပင်လောင်း- တောင်ကြီး (မှန်လုံကြိီး)
၂။ ရွှေပအိုဝ်း ပင်လောင်း- တောင်ကြီး-မန္တလေး- လွိုင်ကော် (မှန်လုံငယ်)
၃။ ပန်းချယ်ရီ ပင်လောင်း- တောင်ကြီး (မှန်လုံငယ်)
၄။ ပအိုဝ်းထိပ်တန်း တောင်ကြီး- ပင်လောင်း- ဖယ်ခုံ (မှန်လုံကြီး)
၅။ ပန်းချယ်ရီ ပင်လောင်း- လွိုင်ကော် (ဒိုင်နာ)
စိုက်ပျိုးရေးလုပ်ငန်း
===============
စိုက်ပျိုးထုတ်လုပ်သည့် အဓိက အာလူး၊ လက်ဖက်၊ ကြက်သွန်ဖြူ၊ အစေ့ထုတ်ပြောင်း၊ ဂျင်း၊ နနွင်း၊ ပန်းမုံလာ၊ မုံလာထုတ်(ဂေါ်ဖီထုတ်)၊ ငရုပ်သီး(စို၊ခြောက်)၊ လိမ္မော် ဖြစ်ပါသည်။
နှစ်ရှည်သီးနှံစိုက်ပျိုးမှုဧက
************************
၁။ လိမ္မော်
၂။ ကော်ဖီ ( ၃၉၆)ဧက
၃။ လက်ဖက် ( ၁၅၃၇)ဧက
၄။ အုန်းသီး (၁၃၃)ဧက
၅။
စျေးကွက်ဝင်သီးနှံများစိုက်ပျိုးထုတ်လုပ်မှု
**************************************
၁။ အာလူး
၂။ လက်ဖက်
၃။ ကြက်သွန်ဖြူ
၄။ အစေ့ထုတ်ပြောင်း
၅။ ဂျင်း
၆။ နနွင်း
၇။ ပန်းမုံလာ
၈။ မုံလာထုတ်(ဂေါ်ဖီထုတ်)
၉။ ငရုပ်သီး(စို၊ခြောက်)
၁၀။ လိမ္မော်
စက်မှုလက်မှုလုပ်ငန်း
=================
မြို့နယ်ရှိစက်ရုံများနှင့်အမျိုးအစား
********************************
၁။ နဂါးဘိလပ်မြေစက်ရုံ
၂။ ကျောက်မီးသွေး လျှပ်ဓာတ်အားစက်ရုံ
၃။ အောင်မြတ်ကုမ္ပဏီ အရက်ချက်စက်ရုံ
၄။ အချိုခြောက်စက်ရုံ
၅။ တီကျစ်တံခွန်အထူးအဆင့်မြင့် အချောကိုင် ပေါင်ဒါမှုန့်စက်ရုံ
မြို့နယ်ရှိအလုပ်ရုံများ
================
၁။ မရှိပါ
အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ(အရေအတွက်)
***********************************************
၁။ မုန့်လုပ်ငန်း (၃၀)
၂။ လက်ဖက်ခြောက်လုပ်ငန်း (၃၈၀)
၃။ မုန့်ဖတ်လုပ်ငန်း ( ၁ )
၄။ ဝပ်ရှော့လုပ်ငန်း ( ၇)
၅။ ဆန်စက်လုပ်ငန်း (၂)
၆။ ပရိဘောဂလုပ်ငန်း ( ၃)
၇။ ယက်ကန်းလုပ်ငန်း ( ၇)
၈။ စက်ချုပ်လုပ်ငန်း (၄)
၉။ ပန်းဘဲလုပ်ငန်း (၁)
ဓါတ်ဆီ/ဒီဇယ်အရောင်းဆိုင်
*************************
၁။ ဝိုင်း(၁)
၂။ ကိုထိုက်
၃။ ထွန်း
၄။ နီလာရိုးမ
၅။ ဝိုင်း(၂)
၆။ ကောင်တန်
၇။ အောင်မဟာ
၈။ ပြည့်လင်း
၉။ အောင်စင်္ကြာ
၁၀။ လပြည့်
၁၁။ UT
တံတားများ
==========
ပေ(၁၈၀)အထက်တံတားများ
***************************
၁။ မရှိပါ
ဟိုတယ် နှင့် တည်းခိုခန်း
==================
ပင်လောင်းမြို့တွင် မိုတယ်(၁)ခုနှင့် တည်းခိုခန်း(၅)ခု
ရှိပါသည်။
ပညာရေးကဏ္ဍ
============
အဆင့်မြင့်ပညာ
****************
၁။ မရှိပါ
အခြေခံပညာအထကကျောင်းများ
*****************************
စဉ်၊ ကျောင်းအမည်၊ တည်နေရာ
----------------------------
၁။ အထက(၁) (ပင်လောင်း)
၂။ အထက(၂) (ပင်လောင်း)
၃။ အထက (နောင်တရား)
၄။ အထက (တီကျစ်)
၅။ အထက (ဆောင်းပြောင်း)
၆။ အထက (ပင်ခွန်)
၇။ အထက (တင်းထက်)
၈။ အထက (လွယ်ဘောင်း)
၉။ အထက (ထီရယ်)
၁၀။အထက (နားမွန်း)
၁၁။အထက (နောင်ပီ)
၁၂။အထက (တလိုင်းမ)
အထကကျောင်းခွဲများ
*********************
စဉ်၊ ကျောင်းအမည်၊ တည်နေရာ
-----------------------------
၁။ အထက(ခွဲ)ရင်းမှီး (ရင်းမှီးရပ်ကွက်)
၂။ အထက(ခွဲ)ထီတလိ ( ထီတလိ)
၃။ အထက(ခွဲ)နမ့်ဖာမူ (နမ့်ဖာမူ )
၄။ အထက(ခွဲ)ဝါးလီး (ဝါးလီး)
၅။ အထက(ခွဲ)တောင်လေး(တောင်လေး)
၆။ အထက(ခွဲ)လယ်ကြား (လယ်ကြား)
၇။ အထက(ခွဲ)ရေဦးထီယွန်း (ရေဦး)
၈။ အထက(ခွဲ)နန်းပန်း (နန်းပန်း)
၉။ အထက(ခွဲ)နန်းနိမ့် (နန်းနိမ့်)
၁၀။အထက(ခွဲ)တောင်မဲသင်း (တောင်မဲသင်း)
အလကကျောင်းများ
********************
စဉ်၊ ကျောင်းအမည်၊ တည်နေရာ
-----------------------------
၁။ အလကလွှဲကြီး (လွှဲကြီး)
၂။ အလက ဆောင်းဆီး (ဆောင်းဆီး )
၃။ အလက ကောင်ထို (ကောင်ထို)
၄။ အလက ကောင်မှီး (ကောင်မှီး)
၅။ အလက တောင်ခမောက် (တောင်ခမောက်)
၆။ အလက မိုးဦး ( မိုးဦး)
၇။ အလက လုံးပျဉ် (လုံးပျဉ်)
၈။ အလက ဆည်ခေါင်း (ဆည်ခေါင်း)
၉။ အလက လုံးပိုး (လုံးပိုး)
၁၀။ အလက နန်းတုတ် (နန်းတုတ်)
၁၁။ အလက လက်ပံပင် (လက်ပံပင်)
၁၂။ အလက တခါးယဉ် (တခါးယဉ်)
၁၃။ အလက နန်းထာ (နန်းထာ)
၁၄။ အလက ဧဒင် (ဧဒင်)
၁၅။ အလက ပင်သပြေ (ပင်သပြေ)
၁၆။ အလက မီးသွေးချောင်း (မီးသွေးချောင်း)
၁၇။ အလက ထာငို (ထာငို)
၁၈။ အလက နောင်တော (နောင်တော)
၁၉။ အလက ပက္ကော် (ပက္ကော်)
၂၀။ အလက မင်းဘူး (မင်းဘူး)
၂၁။ အလက ဝါးပြုံး (ဝါးပြုံး)
၂၂။ အလက သင်္ဘောကုန်း (သင်္ဘောကုန်း)
၂၃။ အလက ရိုင်း (ရိုင်း)
၂၄။ အလက ငိုလှ (ငိုလှ)
၂၅။ အလက တောင်ကျ (တောင်ကျ)
၂၆။ အလက ထီရီး (ထီရီး)
၂၇။ အလက နောင်မူ (နောင်မူ)
၂၈။ အလက တင်းတက် (မ) (တင်းတက်မြောက်)
၂၉။ အလက ထိန်ပင် (ထိန်ပင်)
၃၀။ အလက ပင်မွန်း (ပင်မွန်း)
၃၁။ အလက မြောက်ထီဗွာ (မြောက်ထီဗွာ)
၃၂။ အလက ဝါးရန် (ဝါးရန်)
အလကကျောင်းခွဲများ
********************
စဉ်၊ ကျောင်းအမည်၊ တည်နေရာ
-----------------------------
၁။ အလက(ခွဲ) ဗန်မောက် (ဗန်းမောက်)
၂။ အလက(ခွဲ) အရှေ့ရပ် (အရှေ့ရပ်ကွက်)
၃။ အလက(ခွဲ) လိန်းလီ (ပေါင်းလောင်းမြို့မ)
၄။ အလက(ခွဲ) ဆီဆုံကုန်းကြီး (ပေါင်းလောင်းမြို့မ)
၅။ အလက(ခွဲ) ရွာမ (ရွာမ)
၆။ အလက(ခွဲ) လိန်းညား (လိန်းညား)
၇။ အလက(ခွဲ) လွယ်စဲ (လွယ်စဲ)
၈။ အလက(ခွဲ) လွယ်မော (လွယ်မော)
၉။ အလက(ခွဲ) သပြေကုန်းသစ် (သပြေကုန်းသစ်)
၁၀။ အလက(ခွဲ) ပင်ခင် (ပင်ခင်)
မူလတန်းလွန်ကျောင်းများ
===================
(၃၆) ကျောင်းရှိပါသည်။
အမကကျောင်းများ
===============
(၁၃၉) ကျောင်းရှိပါသည်။
မူလတန်းကြိုကျောင်း
********************
စဉ်၊ ကျောင်းအမည်၊ တည်နေရာ
-----------------------------
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
*******************************
စဉ်၊ ကျောင်းအမည်၊ တည်နေရာ
-----------------------------
မရှိပါ
ကျန်းမာရေးကဏ္ဍ
===============
ဆေးရုံများ
***********
စဉ်၊ ဆေးရုံအမည်၊ တည်နေရာ
----------------------------
၁။ ခုတင်(၂၅)ပြည်သူ့ဆေးရုံကြီး (ပင်လောင်း၊ ရုံးဝင်းရပ်ကွက်)
၂။ သံဃာဆေးရုံ (ပင်လောင်း ၊ ရုံးဝင်းရပ်ကွက်)
၃။ ပေါင်းလောင်း တိုက်နယ်ဆေးရုံ
၄။ ဆောင်းပြောင်းတိုက်နယ်ဆေးရုံ
၅။ နောင်တရား တိုက်နယ်ဆေးရုံ
၆။ တီကျစ် တိုက်နယ်ဆေးရုံ
ဆေးပေးခန်းများ
****************
စဉ်၊ အမည်၊ တည်နေရာ၊ ကုသသည့်ရောဂါ
-------------------------------------
၁။ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာန
၂။ အနာကြီးရောဂါတိုက်ဖျက်ရေးဌာန
ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ
*********************************
စဉ်၊ ကျေးလက်ကျန်းမာရေးဌာနအမည်
-----------------------------------
၁။ မိခင်နှင့်ကလေးကျန်းမာရေးဌာန ( ပင်လောင်း )
၂။ ဆောင်းပြောင်း ကျေးလက်ကျန်းမာရေးဌာန (ဆောင်းပြောင်းကျေးရွာ)
၃။ ဗန်းမောက် ကျေးလက်ကျန်းမာရေးဌာန (ဗန်းမောက်ကျေးရွာ)
၄။ တီကျစ် ကျေးလက်ကျန်းမာရေးဌာန(တီကျစ်)
၅။ ထီရိုင် ကျေးလက်ကျန်းမာရေးဌာန (ထီရိုင်ကျေးရွာ)
၆။ မိုးနဲ ကျေးလက်ကျန်းမာရေးဌာန (ပရှားပူးကျေးရွာ)
၇။ နောင်တရား ကျေးလက်ကျန်းမာရေးဌာန (နောင်တရားမြို့)
၈။ ပေါင်းလောင်း ကျေးလက်ကျန်းမာရေးဌာန (လက်ပံတကဲ ရပ်ကွက်(၂))
စဉ်၊ ကျေးလက်ကျန်းမာရေးဌာနခွဲအမည်
------------------------------------
၁။ ပင်ခွန် ကျေးလက်ကျန်းမာရေးဌာနခွဲ
၂။ နဂါးပတ် ကျေးလက်ကျန်းမာရေးဌာနခွဲ
၃။ တောင်လေး ကျေးလက်ကျန်းမာရေးဌာနခွဲ
၄။ တင်းထက် ကျေးလက်ကျန်းမာရေးဌာနခွဲ
၅။ ‌တောင်ထီဗွာ ကျေးလက်ကျန်းမာရေးဌာနခွဲ
၆။ ကောင်မှီး ကျေးလက်ကျန်းမာရေးဌာနခွဲ
၇။ သမထ ကျေးလက်ကျန်းမာရေးဌာနခွဲ
၈။ နန်းတုတ် ကျေးလက်ကျန်းမာရေးဌာနခွဲ
၉။ တောင်မဲသင်း ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၀။ နန်းနိမ့် ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၁။ သံတဲ ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၂။ လုံးပိုး ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၃။ ပင်ခင် ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၄။ လက်ပံပင် ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၅။ မွှေးပြင် ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၆။ ပင်ဆုံ ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၇။ ရိုန်း ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၈။ မြင်းမထိ ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၉။ ပက်ကော် ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၀။ အင်းခေါင်း ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၁။ မင်းဘူး ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၂။ ဘုရားဖြူ ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၃။ ထီဂနိုင် ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၄။ နောင့်လျော့ ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၅။ ပေါ့ခင် ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၆။ နားမွန်း ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၇။ ဘောင်း ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၈။ ပင်မွန်း ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၉။ နန်းပုလင်း ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၀။ ထာငို ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၁။ သပြေကုန်း ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၂။ တောင်ကျ ကျေးလက်ကျန်းမာရေးဌာနခွဲ
ဒေသတွင်းအများဆုံးဖြစ်တတ်သောရောဂါများ
******************************************
ငှက်ဖျား၊ ဝမ်းလျှော၊ တီဘီ ၊ဝမ်းကိုက် ၊
အသည်းရောင်
ဘာသာရေးဆိုင်ရာအချက်အလက်များ
===========================
ဗုဒ္ဓဘာသာဆိုင်ရာ သာသနိကအဆောက်အဦများ
*********************************************
စဉ်၊ ဘုရား၊ စေတီ၊ ပုထိုးအမည်၊ တည်နေရာ
--------------------------------------
၁။ ပင်လောင်း- ဘုရား(၃၂၅) ဆူ၊ စေတီ (၄၁၀) ဆူ၊ ဘုန်းတော်ကြီးကျောင်း (၁၇၁) ကျောင်း၊ သီလရှင် (၁)ကျောင်း
၂။ ပေါင်းလောင်း- ဘုရား (၃၄၁)ဆူ၊ စေတီ (၄၁၅)ဆူ၊ ဘုန်းတော်ကြီးကျောင်း (၁၃)ကျောင်း၊ သီလရှင် (၁)ကျောင်း
သမိုင်း၀င်ထင်ရှားသော အဆောက်အဦနှင့်နေရာများ
=======================================
စဉ်၊ သမိုင်းဝင်အဆောက်ဦ၊ တည်နေရာ
-----------------------------------
မရှိပါ
အခြားဘာသာရေးအဆောက်အဦများ
*******************************
ခရစ်ယာန်ဘာသာ(ဘုရားကျောင်း)
-------------------------------
ပေါင်းလောင်း (၄)ကျောင်း
ကျေးလက် (၄)ကျောင်း
အစ္စလာမ်ဘာသာ(ဗလီ)
---------------------------
ပင်လောင်းမြို့ပေါ် (၁)ကျောင်း
နောင်တရားမြို့၊ တီကျစ် (၁)ကျောင်း
တရုတ်ဘုရားကျောင်း
--------------------
မရှိပါ
ဟိန္နူဘုရားကျောင်း
------------------
မရှိပါ
မှတ်ချက်။ လက်လှမ်းမှီသမျှသာ တင်ပြခြင်း
ဖြစ်ပါသည်။

Crd #

မန္တလေး - သခင်မတောင် စက်ဘီးစီး ခရီးစဥ်
02/01/2021

မန္တလေး - သခင်မတောင် စက်ဘီးစီး ခရီးစဥ်

13/12/2020
Mingun is a small town in central Myanmar (formerly Burma). It sits on the banks of the Irrawaddy River, northwest of th...
13/12/2020

Mingun is a small town in central Myanmar (formerly Burma). It sits on the banks of the Irrawaddy River, northwest of the city of Mandalay. It's known for the Mingun Pahtodawgyi, an immense, unfinished pagoda. Nearby, the Mingun Bell is a colossal bronze bell from the early 19th century. To the north, the striking, white Hsinbyume Pagoda is defined by its wavy, tiered terraces and is crowned by a large stupa.

Safe  Relax & Happy
10/12/2020

Safe Relax & Happy

Address

32A Street
Mandalay
05021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959444020678

Website

Alerts

Be the first to know and let us send you an email when Motion Mandalay Car Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Motion Mandalay Car Rental:

Share

Category