Tire/Tool/Repir/Knowgle Group

Tire/Tool/Repir/Knowgle Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tire/Tool/Repir/Knowgle Group, Magway.

ကျနော်မတတ်နိုင်သော ကမ္ဘာလောကကြီးထဲသို့ ရောက်ခဲ့သည် ကျနော် တတ်နိုင်သလောက် ကြိုးစားခဲ့မိသည်" ကမ္ဘာကြီးကအကျယ်ကြီးပါ စကြဝဠာက ပိုကျယ်တယ်။ ဒါကြောင့် ဘယ်အလုပ်မဆို ရိုးရိုးလေးပဲတွေးပြီးလုပ်ပါ။"

17/08/2026
16/08/2026
16/08/2026
15/08/2026

ရေမြုပ်ထားတဲ့ ဆိုင်ကယ်တစီးကို "စက်နှိုးကြည့်တာ" ဟာ အင်ဂျင်ကို ရစရာမရှိအောင် ပျက်စီးစေမယ့် အကြီးမားဆုံး အမှားပါ❌
အခုလို 🌧မိုးများတဲ့ကာလမှာ ရေလွှမ်းတဲ့လမ်းတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဆိုင်ကယ်ရေမြုပ်သွားတဲ့ အခြေအနေ‌မှာ ထိခိုက်မှုအနည်းဆုံးနဲ့ ကြီးမားတဲ့ဆုံရှုံးမှုတွေမဖြစ်စေဖို့ ဆောင်ရန်/ရှောင်ရန် အချက်လေးများကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။🙏

ဆိုင်ကယ်တစီးရေမြုပ်သွားတဲ့အခါ….

🔹သော့ဖွင့်ခြင်း/ စက်နှိုးကြည့်ခြင်း လုံးဝမပြုလုပ်ပါနှင့်။
ဝါယာရှော့ခ်ဖြစ်ခြင်း နှင့် အင်ဂျင်အစိတ်အပိုင်များ ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ရန် သော့ဖွင့်ခြင်း ၊ စက်နှိုးကြည့်ခြင်းများ မပြုမိစေရန် ဂရုစိုက်ပါ။

🔹ဘက်ထရီကြိုးများကို ဖြုတ်ပါ
ဝါယာရှော့ခ် ဖြစ်ခြင်းမှ ကာကွယ်ဖို့ ဘက်ထရီရဲ့ အနက်ကြီး (-) ကို အရင်ဆုံး ဖြုတ်ပြီးမှ အနီကြိုး (+) ကိုဖြုတ်ပါ။

🔹သန့်ရှင်းရေးပြုလုပ်ပေးပါ။
ဘရိတ်စနစ် နှင့် ဆိုင်ကယ်ကိုယ်ထည်ရှိ သဲ/ရွှံ့နွံ နှင့် အညစ်အကြေးများကို ပြောင်စင်အောင် ဆေးကြောသန့်စင်ပြီ ခြောက်သွေ့အောင်ထားပါ။

🔹အင်ဂျင်ဝိုင် စစ်ဆေး/လဲလှယ်ပါ။
အင်ဂျင်ဝိုင်ကို စစ်ဆေးကြည့်ပြီး “နို့နှစ်ရောင်” ဖြစ်နေပါက ရေဝင်သွားတာဖြစ်လို့ အသစ် ချက်ချင်းလဲပေးပါ။

🔹𝐒𝐩𝐚𝐫𝐤 𝐏𝐥𝐮𝐠 , 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫 တို့ကို စစ်ဆေးပါ။
𝐒𝐩𝐚𝐫𝐤 𝐏𝐥𝐮𝐠 နှင့် 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫 တို့ကို စစ်ဆေးပြီး ရေစိုနေပါက ခြောက်သွေ့သန့်စင်အောင်ပြုလုပ်ပါ။ လိုအပ်ပါက အသစ်လဲလှယ်ပေးပါ။

🔹ဆီတိုင်ကီ ရေဝင်ခြင်းရှိ/မရှိ စစ်ဆေးပါ။
ဆီတိုင်ကီအတွင်း ရေဝင်မဝင် စစ်ဆေးပြီး ရေဝင်ရောက်နေပါက ဆီဟောင်းများကိုကုန်စင်အောင်စစ်ထုတ်ပြီး အသစ်လဲလှယ်ပေးပါ။

❗️သတိပြုရန်: အင်ဂျင်ဝိုင်အသစ်လဲ၊ ပလပ်ခြောက်အောင်လုပ်၊ လေစစ် သန့်ရှင်းပြီးမှသာ စက်ပြန်နှိုးပါ။
✅စက်နိုးသွားပါက ၅ မိနစ်မှ ၁၀ မိနစ်ခန့် အင်ဂျင်ကို ဒီအတိုင်း ပုံမှန်နှိုးထားပါ။
✅ခဏမောင်းနှင်ပြီးနောက် အင်ဂျင်ဝိုင်ကို ပြန်စစ်ပါ။ အင်ဂျင်ဝိုင်သည် နို့နှစ်ရောင် ပြန်ဖြစ်နေပါက ရေကျန်နေသေးသည့်အတွက် အင်ဂျင်ဝိုင် ထပ်မံလဲလှယ်ပေးရမည်ဖြစ်ပါသည်။👐

စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိခြင်း (သို့မဟုတ်) ကိရိယာ မပြည့်စုံပါက ကျွမ်းကျင်စက်ပြင်ပညာရှင်များနှင့် ပြသစစ်ဆေးခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။






15/08/2026

စတီးတာယာ နှင့် နိုင်လွန်တာယာ တို့ရဲ့အားသာချက်တွေကို ဝေမျှပေးလိုက်ပါတယ်။ ကားဆရာကြီးတို့ရဲ့အတွေ့အကြုံတွေကိုလည်း comment မှာမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်နော်။✅✅✅



Address

Magway

Alerts

Be the first to know and let us send you an email when Tire/Tool/Repir/Knowgle Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tire/Tool/Repir/Knowgle Group:

Shortcuts

Share