Phoe Chit Lone-လေထိုး/ကျွတ်ဖာလုပ်ငန်း

  • Home
  • Myanmar
  • Madaya
  • Phoe Chit Lone-လေထိုး/ကျွတ်ဖာလုပ်ငန်း

Phoe Chit Lone-လေထိုး/ကျွတ်ဖာလုပ်ငန်း တာယာများကိုစိတ်တိုင်းကျလုပ်ဆောင်ပေးပါသည်

14/11/2022

ကားတစ်စီးဝယ်ဖို့သွားကြည့်တော့ တာယာအသစ်လဲထားတယ်ဆိုတာနဲ့ Date နေရာကြည့်တော့ ပြန်ရိုက်ထားတယ်။ တာယာကိုပွတ်ကြည့်တော့ အတွင်းကြိုးတွေ ပျက်နေလို့ အဖုအထစ်လေးတွေနဲ့ပေါ့။
တာယာဘယ်အချိန်လဲရမလားမေးရင် (၄) ချက်ကိုစစ်ပါတယ်

၁။ Manufacture Date
ပေးထားတဲ့ Service life သက်တမ်းကျော်မကျော်၊ ဥပမာ ၅နှစ်ပေးထားတဲ့တာယာဆို ၅နှစ်၊ ၁၀နှစ်ပေးတဲ့တာယာဆို ၁၀နှစ် စသည်ဖြင့်..

၂။ User / Usage အသုံးပြုမှုကြောင့်ဖြစ်သော Error
ခဲထိုးခြင်း၊ Alignment မကောင်းသဖြင့်စားခြင်း၊ User fault ဖြစ်ခြင်း

၃။ TWI Bars
Tread Wear Indicator Bars - ပန်းလိုင်းထဲမှာရှိပြီး ဥပဒေအရ ကားများကို 1.6mm ထက်မပါးစေရသတ်မှတ်ထားပါတယ်။ ဒီအတုံး Bar လေးတွေထိတာနဲ့လဲရပါမယ်။ (မြန်မာပြည်မှာတော့ပန်းထိုးပြီးအတုံးပါထပ်ဖော်ပါသေးတယ်)

၄။ TWI indicators
တာယာဘေးစောင်းမှာရှိပြီးဥပဒေအရအနည်းဆုံး ၆နေရာမှာဖော်ပြထားပါတယ်။ တြိဂံပုံ သို့မဟုတ် TWI ဆိုပြီးရေးထားပါတယ်။ Tyre Side shoulder region မှာရှိတဲ့ TWI marking ကအရေးကြီးပါတယ်။ လူအများစုကအလယ်ပန်းပဲကြည့်ပြီးလဲကျပါတယ်။ ဘေးသားပါးသွားရင်တောင် အတွင်းအပြင်လဲ ကြပါတယ်။ အမှန်မလုပ်သင့်ပါ။ တာယာဘေးဘက်အစွန်းတွေဟာ High Speed Turn တွေမှာ Force သက်ရောက်စေပါတယ်။ အပူချိန် Pressure ပါတက်စေပါတယ်။ ဒါကြောင့်ဒီနေရာတွေကိုလိုအပ်လို့ TWI mark ပေးထားတာပါ။ အရှိန်နဲ့ကွဲရင်ဒီနေရာက Force ကြောင့်ပါ။ ဒီ Marking ပါးပြီ ထိပြီဆိုတာနဲ့ လဲသင့်ပါတယ်။ နိုင်ငံခြားမှာဆိုရင်တော့ဖမ်းပြီး ဒဏ်ငွေဆောင်ရပါတယ်။ မြန်မာပြည် ရဲ့ မော်တော်ယာဉ် ဥပဒေမှာအသေးစိတ်ဖော်ပြသင့်ပါတယ်။ စံနှုန်းကို International စံနှုန်းအတိုင်းယူသင့်ပါတယ်။
ကားတစ်စီးရဲ့ Safety က တာယာမှာရှိပါတယ်။

Credit Japan Used Auto Sales Myanmar

14/11/2022

ကားတစ်စီးအတွက် အရည်အသွေးကောင်းမွန်တဲ့ တာယာက ဘာကြောင့်အရေးကြီးလဲ။ အရည်အသွေးမကောင်းတဲ့ တာယာသုံးမိပြီး ကားမောင်းနှင်နေချိန် တာယာကွဲထွက် သွားမယ်ဆိုရင် မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်နိုင်ပြီး အဆိုးဆုံးအနေနဲ့ အသက်အန္တရာယ်ပါ ထိပါးလာနိုင်ပါတယ်။ ဒါကြောင့် တာယာရွေးချယ်တော့မယ်ဆိုရင် ဈေးနှုန်းထက် အရည်အသွေးကို ပိုဦးစားပေးဖို့လိုပါတယ်။ တာယာနဲ့ပတ်သက်လာရင်

- အရည်အသွေးပိုင်းမှာ စိတ်ချယုံကြည်ရမယ်။
- ဝိတ်တင်ခံပြီး အကြမ်းခံရမယ်။
- ပန်းပွိုင့်ထူရမယ်။
- တာယာအပူတက်တာသက်သာရမယ်။

ဆိုရင်တော့ ကမ္ဘာ့အဆင့်မီ ဆမ်ဆွန်တာယာက ကားဆရာကြီးများအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်စေမှာ အသေအချာပါပဲ။

Samson တာယာဝယ်ယူချင်တယ်ဆိုရင် မြန်မာနိုင်ငံအနှံ့ အရောင်းတာဝန်ခံဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ နီးစပ်ရာအရောင်းတာဝန်ခံဆိုင်တွေနဲ့ အသေးစိတ်ကို မေးမြန်းချင်တယ်ဆိုရင်တော့ ကောမန့် နဲ့ ချက်ဘောက် မှာမေးမြန်းနိုင်ပါတယ်ဗျ။


#ဝိတ်တင်ခံတယ်

Address

ကျောက်တံတား
Madaya

Website

Alerts

Be the first to know and let us send you an email when Phoe Chit Lone-လေထိုး/ကျွတ်ဖာလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share