KT car service

KT car service Coming soon with new things :)

ကားကြီး ကားလေး ပြင်ဆင်မှု

Toyota' Honda'Suzuki အတွက် ရောင်းပေးရင် ဝယ်ကြမလား လောဆယ် ကိုယ့်ကားမှာ စမ်းတပ်ထားတာ အဆင်ပြေတယ် အားဝင်တာလည်း မြန်တယ် အဝင်ဗ...
04/06/2019

Toyota' Honda'Suzuki အတွက် ရောင်းပေးရင် ဝယ်ကြမလား
လောဆယ် ကိုယ့်ကားမှာ စမ်းတပ်ထားတာ အဆင်ပြေတယ် အားဝင်တာလည်း မြန်တယ်
အဝင်ဗို့အားပြတာက ဘယ်ဘက်က သူက ပိုဈေးများမယ်
Dual နှစ်ပေါက် အားသွင်းလို့ ရတာက ညာဘက်က သူကတော့ စမတ်ကျတယ် ကားမှာ တပ်ရမယ့်နေရာလွတ် ရှာတပ်ရုံပဲ ပုံမှာ ဈေးရေးပေးထားတယ် ဆယ်ခု ဈေး ရှိသေးတယ်

12/11/2017

ဦးဆောင်သူတစ်ဦးအနေနှင့် ဘ၀မှာ အောင်မြင်မှုကို ရရှိချင်တယ်ဆိုရင် စွန့်လွှတ်ရမယ့် အချက် ၉ ချက်

၁။ မကျေမနပ်ဖြင့် ညည်းညူခြင်း၊ တိုင်တန်းခြင်း၊

အချို့သောသူများဟာ ၄င်းတို့မကျေနပ်သည့် အခြေအနေတစ်ရပ်ကို ပြောင်းလဲဖို့ ကြိုးစားရမယ့်အစား မကျေမနပ်ရညည်းညူနေခြင်းဖြင့် အချိန်တွေကို ဖြုန်းတီးနေတတ်ကြပါတယ်။ သင်အဲဒီအထဲမှာ မပါဖို့ လိုပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်သော ယုံကြည်မှုများ ထားရှိခြင်း၊

စီးပွားရေးလုပ်ငန်းအတွက်ပဲဖြစ်ဖြစ် အခြားဘယ်အကြောင်းအရာနဲ့ ပတ်သက်ပြီးဖြစ်ဖြစ် ကိုယ့်မှာ ဟိုဟာမရှိလို့ ဒီဟာ မရှိလို့ မလုပ်နိုင်ကြောင်း၊ အတွေ့အကြုံနည်းသေးလို့၊ အသက်ငယ်သေးလို့၊ အသက်ကြီးပြီဖြစ်လို့၊ နယ်မြို့လေးမှာ နေနေရလို့ အစရှိသော အကြောင်းပြချက်ပေါင်းများစွာဖြင့် ကိုယ့်ရည်မှန်းချက်ကို စွန့်လွှတ်နေရတဲ့ အဓိက အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေ ဖြစ်ပါတယ်။

၃။ အခြားသူများကို အပြစ်တင်ခြင်း၊

အခြေအနေတစ်ခုကို ကြုံလာရပြီဆိုရင် သင့်မှာ ရွေးချယ်စရာ ၂ ခုရှိပါတယ်။ တစ်ခုက အခြားလူတွေကို အပြစ်တင်တာ ဖြစ်ပြီး နောက်တစ်ခုက တစ်ရာ ရာခိုင်နှုန်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတာ ဖြစ်ပါတယ်။ သင်သာ အခြားသူတွေကို အပြစ်တင်နေသမျှ ကာလပတ်လုံး အခြေအနေကို ပြောင်းလဲဖို့ အခွင့်အာဏာရလာမှာ မဟုတ်ပဲ အခြေအနေရဲ့ သားကောင်သာ ဖြစ်နေမှာ သေချာပါတယ်။

၎။ ကိုယ့်ကိုယ်ကိုယ် မကောင်းပြောခြင်း၊

အခုနက ကန့်သတ်ထားတဲ့ ယုံကြည်မှုနဲ့လည်း ဆက်စပ်ပါတယ်။ တစ်ခုခု လုပ်တော့မယ်ဆိုရင် လူတချို့ဟာ ကိုယ့်ကိုယ်ကိုယ်ပြောတတ်တာ မင်း ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး၊ ဒါတွေက မင်းနဲ့ မဆိုင်ဘူး၊ တခြားသူသာ ရရင် ရမယ်၊ မင်းကတော့ ဒါကို ရမှာ မဟုတ်ဘူး အဲဒါမျိုးတွေ ပြောတတ်သလို လူကြီးသူမတွေက လာဆုံးမရင်လည်း အလကားပါကွာ၊ ဒါတွေက သက်သက် ငါတို့ကို ဆရာလုပ်နေတာ၊ ငါတို့ကို ခိုင်းချင်လို့ ပြောနေတာ စသည်ဖြင့် ထင်တတ်ကြတယ်၊ အဲဒီလို မကောင်းပြောတာကို ချက်ချင်းရပ်ရင်ရပ် မရပ်ရင် အကျိုးဆက်တွေက ပိုပိုဆိုးလာတတ်ပါတယ်။

၅။ အတိတ်ကို ပြန်လည်တူးဆွနေခြင်း၊

အတိတ်ဟာ အခုစာဖတ်နေတဲ့ စက္ကန့်အတွင်းမှာပဲ ကျန်ခဲ့ပါပြီ၊ အတိတ်က သင်မှားခဲ့တာတွေပဲ ဖြစ်ဖြစ်၊ အခြားသူက သင့်အပေါ်လုပ်ခဲ့တာပဲ ဖြစ်ဖြစ်၊ အတိတ်က အောင်မြင်မှုတွေဖြစ်ဖြစ် ရှုံးနိမ့်မှုတွေဖြစ်ဖြစ် အားလုံးဟာ သင်ခန်းစာအဖြစ်နဲ့ပဲ ကျန်ခဲ့ပါပြီ၊ သင့်ရဲ့ အတိတ်ဟာ အနာဂါတ်ကို မဆုံးဖြတ်နိုင်ပါဘူး။ သင်သာ အတိတ်အကြောင်း ပြန်ပြောင်းပြောနေကြသူတစ်ဦးဖြစ်တယ်ဆိုရင် အခုချိန်ကစပြီး အနာဂါတ်အတွက် ရည်မှန်းချက်ချပြီး အဲဒီရည်မှန်းချက်ကို ရအောင် လုပ်ဖို့ ပစ္စုပ္ပန်ကို တန်ဖိုးထားပါ။

၆။ အပြောင်းအလဲလုပ်ရမှာကို ငြင်းဆန်ခြင်း၊

မပြောင်းလဲပဲ အမြဲရှိနေတာဟာ ပြောင်းလဲခြင်းပဲ ဖြစ်တယ်လို့ ပြောကြပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ စသည်ဖြင့် အရာရာဟာ ပြောင်းလဲနေပါတယ်။ ကိုယ်က မပြောင်းလဲပဲ အရင်အတိုင်းနေနေမယ်ဆိုရင် ရပ်တည်နိုင်ဖို့ မလွယ်ပါဘူး။ သင့်အနေနဲ့ တိုးတက်ပြောင်းလဲမှုကို လိုချင်တယ်ဆိုရင် ရွေးချယ်ရပါမယ်။

၇။ အခြားသူတွေ အထင်ကြီးခံရမှုကို လိုအပ်ခြင်း၊

ပတ်ဝန်းကျင်ကလူတွေရဲ့ အထင်ကြီးခံရမှ သင်ပျော်မယ်ဆိုရင် သင့်ဘ၀တစ်ခုလုံးမှာ အဲဒီအတွက် ကြိုးစားရင်းနဲ့ အချိန်ကုန်သွားနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ သင့်ကိုနှစ်သက်တဲ့သူအများရှိနိုင်သလို သင့်ကို မနှစ်သက်တဲ့သူအချို့လည်း ရှိနိုင်ပါတယ်။ ကျွန်တော့် Mentor ဖြစ်တဲ့ John C. Maxwell ပြောတာကို ပြန်မျှဝေရရင် သူငယ်တုန်းက ပတ်ဝန်းကျင်ကလူတွေ သူ့ကို ဘာပြောကြမလဲ စိုးရိမ်ပူပန်ပြီး နေခဲ့ရာကနေ အသက် ၆၀ လည်း ကျော်လာရော သိလာတာက ပတ်ဝန်းကျင်က လူတွေက သူ့ကို အဲဒီလောက်လည်း ဂရုမစိုက်ကြပါဘူးလို့ ပြောပါတယ်။

၈။ အမြဲတမ်းမှန်နေဖို့ လိုအပ်ခြင်း၊

ကျွန်တော်တို့ အသစ်တစ်ခုခုလုပ်ပြီဆိုရင် အမှားအယွင်းဆိုတာ ရင်ဆိုင်ရနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့မှာ အဖြေမှန်တွေ အမြဲတမ်း မရှိနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ စူးစမ်းလေ့လာနေရမယ်။ ပိုပြီး တိုးတက်လာအောင် ကြိုးစားနေရမယ်။ အဲဒီအတွက် အမှားအယွင်း လုပ်မိမှာကို ကြောက်နေလို့ မရဘူး။ အရာအားလုံး သေချာမှသာ အလုပ်စမယ်ဆိုရင် ဘ၀မှာ လုပ်စရာတောင် ရှိလာမှာ မဟုတ်ဘူး။

၉။ တစ်ခုခုလုပ်ဖို့ အခြားသူတွေရဲ့ အတည်ပြုပေးမှုကို လိုအပ်နေခြင်း၊

လူသားတွေရဲ့ လိုအင်တွေထဲက တစ်ခုက ကိုယ်တစ်ခုခု လုပ်တော့မယ်ဆိုရင် တခြားသူတွေကို ပြောပြပြီး သူတို့ရဲ့ အတည်ပြုချက်တွေကို ရမှာ စိတ်ချလက်ချ လုပ်ရဲကြပါတယ်။ ကျွန်တော် တတ်သိနားလည်တဲ့လူတွေနဲ့ တိုင်ပင်တာက သဘာဝကျပါတယ်။ ဒါပေမယ့် လူတကာကို လိုက်ပြောပြပြီး အတည်ပြုချက်ရယူနေတာကတော့ သင့်အတွက် အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ လူတိုင်းက သင့်အလုပ်အကြောင်း နားမလည်နိုင်ပါဘူး။ သင့်အခြေအနေအကြောင်းကို နားအလည်ဆုံးသူဟာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ တခါတလေကျရင် ဘယ်သူ့အတည်ပြုချက်မှ မရပဲ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရတာတွေ ရှိနိုင်ပါတယ်။ အဲဒီအခြေအနေမျိုးကြုံလာရင် စိတ်တည်တည်ငြိမ်ငြိမ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ အကောင်းဆုံး ဆုံးဖြတ်ပြီး လုပ်ဆောင်ဖို့ အရေးကြီးပါလိမ့်မယ်။

Naing Win Aung
Business & Executive Coach
MBA (Northampton, UK)




Reference: Tony Robbins
Photo: banyancom

သင့်လုပ်ငန်း၊ အလုပ်အကိုင်နဲ့ ဘ၀ဖွံ့ဖြိုးတိုးတက်မှုအတွက် ရိုးရှင်းပြီး လက်တွေ့ကျသော ခေါင်းဆောင်မှုသင်ခန်းစာများကို သိရှိနိုင်ရန် Naing Win Aung - Business & Executive Coach Page ကို Like & See First ပြုလုပ်ထားနိုင်ပါသည်။

https://www.facebook.com/naingwinaungexecutivecoach/

ခေါင်းဆောင်မှု သင်ခန်းစာများအပြင် သင်တန်းအစီအစဉ်များကိုလည်း သိရှိလိုပါက Breakthrough Coaching, Training & Consulting page ကို Like & See First ပြုလုပ်ထားနိုင်ပါသည်။

https://www.facebook.com/BreakthroughMyanmar/

09/11/2017
09/11/2017

စီမံခန့်ခွဲမှုပုံစံအမှားကနေ ဖောက်ထွက်ပါ
+ စီးပွားရေးတွေ ဘာလို့အရှုံးပေါ်ကြရတာလဲ
*********************************

ကိုယ်ဟာ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဆိုပါစို့။ စားသောက်ဆိုင်ဖွင့်ဖို့အတွက် မနက်စောစောထပြီး ဈေးသွားဝယ်စီမံရတယ်။ ပြန်လာတော့ ချက်ပြုတ်တဲ့နေရာမှာပါရတယ်။ ချက်ပြုတ်တာတွေပြီးသွားတော့ စားပွဲခုံတွေနေရာချတာ၊ သန့်ရှင်းသပ်ရပ်အောင်လုပ်ရတာ၊ စားပွဲထိုးလေးတွေ အ၀တ်အစားနဲ့ တကိုယ်ရေသန့်ရှင်းရေးကအစ ဧည့်သည်ကို ခရီးဦးကြိုပြုတာ၊ ၀န်ဆောင်မှုပေးတာ၊ ဧည့်သည်နဲ့ပြဿနာတွေဖြစ်ရင် ဖြေရှင်းပေးရတာကနေအစ ၀င်ပါရလိမ့်မယ်။ ဒီကြားထဲမှာ စာရင်းမှတ်တာ၊ တစ်ဦးချင်းလုပ်ပုံကိုင်ပုံတွေအချိုးမပြေလို့ တစ်ယောက်ချင်းစီလိုက်စီမံနေတာနဲ့ တခြားဝေယျာဝစ္စကိစ္စတွေက ရှိဦးမယ်။ ညမိုးချုပ်ဆိုင်ပိတ်တဲ့အခါ ဘာမှလုပ်ချင်စိတ်မရှိတော့ဘဲ အိပ်ရာပေါ်မှာပဲလှဲပြီး ဖေ့ဘွတ်ပွတ်နေချင်တော့တယ်။

ဘယ်လုပ်ငန်းမှာပဲမဆို ကိုယ်မရှိရင်မဖြစ်လောက်အောင် ပါနေရပြီဆိုရင် စီမံခန့်ခွဲမှုမှာ အမှားအယွင်းဖြစ်နေပြီ။ လူတစ်ယောက်မှာ လုပ်ကိုင်နိုင်စွမ်းနဲ့ အချိန်ဟာ အမြဲတမ်းအကန့်အသတ်ရှိတယ်။ အဲဒီလုပ်ကိုင်နိုင်စွမ်းနဲ့ အချိန်ကန့်သတ်မှုဘောင်ကိုကျော်လွန်လို့မရဘူး။ တစ်နေ့တာအတွက်ကိုယ့်မှာအားအင် ၁၀၀ ရာခိုင်နှုန်းရှိတယ်။ ဒါပေမယ့် မိုးလင်းကနေ မိုးချုပ်သွားတဲ့အချိန်အထိ အဲဒီအားအင်တွေက အသေးစားစီမံခန့်ခွဲပြီးနေရာတကာလိုက်ပါနေရတဲ့အထဲမှာကုန်သွားပြီး လူကိုယ်တိုင်သော်လည်းကောင်းအဖွဲ့အစည်းအတွက်သော်လည်းကောင်း ဆက်လက်ဖွံ့ဖြိုးဖို့နေရာတွေမှာ အသုံးမချလိုက်နိုင်ဘူးဆိုရင် ရလဒ်ကကွဲပြားခြားနားလာလိမ့်မယ်။ ဥပမာပေးထားတဲ့အပေါ်က စားသောက်ဆိုင်ပိုင်ရှင်လိုပေါ့။ သူ့ရဲ့တစ်နေ့တာအားအင်တွေက လုပ်ငန်းလည်ပတ်ဖို့ (Operation) ထဲမှာပဲကုန်ဆုံးနေတယ်။ ကြည့်လိုက်ရင်တော့ တနေကုန်နားချိန်တောင်မရှိလောက်အောင် အလုပ်ရှုပ်တာပဲ။ ဒါပေမယ့် အလုပ်ရှုပ်သမျှထဲမှာ ဒီစားသောက်ဆိုင်လုပ်ငန်းဆက်လက်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အကြောင်းရင်းမပါလာတော့ဘူး။ ဘယ်လိုစားသုံးသူတွေပိုများလာအောင်လုပ်မလဲ။ ဘယ်လိုတိုးချဲ့မလဲ။ ဘယ်လိုနည်းဗျူဟာတွေချမှတ်ပြီး ရှေ့ဆက်မလဲဆိုတာတွေအတွက် အချိန်မပေးနိုင်တော့ဘူးလေ။

စီမံခန့်ခွဲမှုမှာ အဆင့်သုံးဆင့်ရှိတယ်။
Conceptual (စဉ်းစားတွေးခေါ်မှုအဆင့်)
Communication (ဆက်သွယ်ပြောဆိုမှုအဆင့်)
Technical (နည်းပညာအဆင့်) ဆိုပြီးတော့ပေါ့။
စဉ်းစားတွေးခေါ်မှုအဆင့်ဟာ အဖွဲ့အစည်းကို ဦးဆောင်နေသူတွေပါ။ ဆက်သွယ်ပြောဆိုမှုကတော့ ထိပ်ဆုံးကဦးဆောင်သူနဲ့ အောက်ကအလုပ်လုပ်နေတဲ့သူတွေအကြား ဆက်သွယ်ပေးရသူဖြစ်ပြီး နည်းပညာအဆင့်ကတော့ လက်တွေ့လုပ်ဆောင်နေရတဲ့သူတွေပေါ့။

ဥပမာ စစ်သားက သေနတ်ပစ်တတ်တာက နည်းပညာအဆင့်၊ ဘယ်လူတွေကိုပစ်ရမယ်၊ ဘယ်နေရာတွေကိုချီတက်ရမယ်ဆိုတာကို စစ်သားနားလည်အောင် ဆက်သွယ်ပြောဆိုပေးရတာက စစ်ဗိုလ်တွေပေါ့။ ဘယ်နေရာကိုချီတက်သိမ်းပိုက်ပြီး ဘယ်လိုဗျူဟာဖန်တီးရမလဲ၊ ဘယ်နေရာတွေက တိုက်ပွဲနိုင်ဖို့အတွက် မဟာဗျူဟာကျမလဲ၊ ထိုးစစ်ဘယ်လိုဆင်နွှဲရမလဲဆိုတာတွေကို စဉ်းစားတွေးခေါ်တဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ စဉ်းစားတွေးခေါ်မှုအဆင့်ပါ။ စစ်ဗိုလ်ချုပ်တစ်ယောက်က သေနတ်တော့ပစ်တတ်ရမယ်ဆိုပေမယ့် သူကိုယ်တိုင်ကတော့ သေနတ်တစ်လက်နဲ့ ရှေ့တန်းမှာနေနေရမှာမဟုတ်ဘူးလေ။ သူ့ရဲ့အချိန်တွေကို သေနတ်ပစ်လေ့ကျင့်ပြီး ကုန်ဆုံးနေရာမှာလည်းမဟုတ်ဘူး။ သူ့တာဝန်က စစ်သားတွေ၊ စစ်ဗိုလ်တွေကို စီမံခန့်ခွဲပြီး တိုက်ပွဲကိုအနိုင်တိုက်နိုင်မယ့် ဗျူဟာတွေစဉ်းစားအကောင်အထည်ဖော်ဖို့ပဲဖြစ်ရမှာ။ သူ့စစ်သားတွေကို စိတ်မချလို့ သူကိုယ်တိုင်သေနတ်လိုက်ပစ်နေရရင်တော့ သူလိုက်ပစ်တဲ့တိုက်ပွဲလေးတွေတော့ နိုင်ရင်နိုင်မယ်။ စစ်ပွဲကြီးတစ်ခုလုံးတော့ ဆုံးရှုံးရမှာပဲ။

ကိုယ်ပိုင်ပဲဖြစ်ဖြစ် ၀န်ထမ်းပဲဖြစ်ဖြစ် စီမံခန့်ခွဲမှုလုပ်နေသူတွေ သိသင့်တာက ကိုယ်မရှိရင်မဖြစ်ဘူးလို့တွေ့ပြီး နေရာတကာလိုက်ပါဖို့ ကြိုးစားနေတာ၊ ကိုယ့်အချိန်တွေကို အော်ပရေးရှင်းနဲ့ပဲအသုံးချနေရတာဟာ တိုက်ပွဲမှာကိုယ်တိုင်သေနတ်လိုက်ပစ်နေတဲ့ စစ်ဗိုလ်ချုပ်နဲ့တူနေတယ်ဆိုတာပါပဲ။ ကိုယ့်ကိုကိုယ် အချိန်ခဏလောက်ပေး သုံးသပ်ကြည့်ဖို့ကောင်းတယ်။ ကိုယ့်ရဲ့တစ်နေ့တာအချိန်နဲ့ အားအင်တွေကို ဘယ်အတွက်အသုံးချနေရလဲဆိုတာကို။ နေ့စဉ်လုပ်ကိုင်နေကျအလုပ်တွေမဟုတ်ဘဲ ကိုယ်တိုင်ဒါမှမဟုတ် ကိုယ့်လုပ်ငန်း၊ အဖွဲ့အစည်းတိုးတက်ဖို့အတွက်ကို ဘယ်လိုဗျူဟာတွေစဉ်းစားမိလဲ၊ တွေးမိလဲ၊ အကောင်အထည်ဖော်မိလဲ။ အိမ်ပြန်တဲ့အခါ အိပ်ရာဝင်တဲ့အခါ မောပန်းနေအောင်အလုပ်လုပ်နေရပြီး ရေရှည်အတွက်ဘာမှသက်ရောက်မှုမရှိ၊ ဖွံ့ဖြိုးမှုမရှိတဲ့အရာတွေအတွက် အချိန်တွေအကုန် အားအင်တွေအကုန်အသုံးချနေရတယ်ဆိုရင်တော့ စီမံခန့်ခွဲမှုကို ပြောင်းလဲဖို့ကောင်းပြီ။

ဒီအတွက်အကြံပေးချင်တာက ကိုယ့်ရဲ့အသေးအဖွဲလုပ်ငန်းတွေလို့ထင်တာတွေ၊ ကိုယ်မပါဘဲရနိုင်တာတွေကို စာရင်းလုပ်ပြီး တာဝန်လွှဲပေးဖို့ပါ။ တာဝန်လွှဲတယ်ဆိုပြီး အစကနေအဆုံးထိ ကိုယ်တိုင်ပဲ ဒါလုပ်၊ ဟိုဟာလုပ်၊ အဲဒါမလုပ်နဲ့၊ ဟိုလိုမပြောနဲ့ဆိုပြီး လိုက်ပါနေရဦးမယ်ဆိုရင်လည်း သိပ်မဟန်ပြန်ဘူး။ ကိုယ်အရင်ကကိုယ်တိုင်လုပ်ပြီးကုန်နေတဲ့အချိန်ကို အခုကျ တခြားတစ်ယောက်ကိုလုပ်ခိုင်းပေမယ့် ကိုယ်ကတော့ အချိန်ကုန်မြဲကုန်ဆဲပါ။ အဲဒါကို Gofer delegation လို့ခေါ်ပါတယ်။ အဲဒီအစား ကျင့်သုံးသင့်တာက ဘယ်နည်းလမ်းနဲ့လဲဆိုတာထက် ရလဒ်ကိုအာရုံစိုက်တဲ့ Stewardship delegation ဆိုတဲ့ပုံစံပါ။ ဒီပုံစံမှာတော့ ခုနကလို ဒါလုပ် ဟိုဟာလုပ်၊ ဒါပြီးမှဒါလုပ်ဆိုတဲ့ အသေးစိတ်လမ်းညွှန်ချက်တွေမပါဘဲ ကိုယ်လိုချင်တဲ့အရာနဲ့ ပုံစံကို ကိုယ် တာဝန်လွှဲအပ်မယ့်သူနဲ့ နှစ်ဦးနှစ်ဖက်ေ
ဆွးနွေးညှိနှိုင်းပြီး အသေးစိတ်အချက်အလက်တွေကို သူ့ကိုတာဝန်ပေး ဆုံးဖြတ်လုပ်ကိုင်စေတာပါပဲ။ ကိုယ်ကအမြဲမပါတော့ဘဲ အကူအညီလိုအပ်တဲ့အချိန် ကိုယ့်ရဲ့ အကြံဥာဏ်လိုအပ်တဲ့အချိန်မှပဲ ၀င်ပါတာမျိုးပါ။ ဒါဆိုရင် ကိုယ့်လုပ်ငန်းတိုးတက်ဖွံ့ဖြိုးဖို့အတွက် အချိန်တွေအများကြီးပိုထွက်လာနိုင်ပါလိမ့်မယ်။

ကျွန်တော်သာဆိုရင် ဒီလိုလုပ်ချင်တယ်။ ကိုယ့်ရဲ့ နေ့စဉ်မအားမလပ်အောင်ဖြစ်နေတဲ့အရာတွေကို စာရင်းလုပ်ကြည့်ပါ။ ဘာတွေက ကိုယ်မပါဘဲဖြစ်နိုင်သလဲဆိုတာကို ခွဲခြားပါ။ ပြီးရင် တာဝန်လမ်းကြောင်းအလိုက် ကိုယ်လွှဲအပ်မယ့်သူတွေကို အလုပ်နဲ့ကိုက်ညီမှုရှိရှိ ရွေးချယ်ပါ။ ဥပမာ စားပွဲခုံတွေသန့်ရှင်းသပ်ရပ်နေအောင် စီမံဖို့ကို စားပွဲထိုးခေါင်းဆောင်ကို လွှဲတာမျိုးပေါ့။

ပြီးရင် ကိုယ်လိုချင်တဲ့အနေအထားနဲ့ ပုံစံကို နားလည်အောင်ရှင်းပြပြီး ဆက်လက်တာဝန်ယူခိုင်းပါ။ ဘယ်လူတွေကိုအသုံးပြုမယ်၊ ဘယ်လိုအချိန်ဇယားနဲ့လုပ်မယ်ဆိုတာက သူဆုံးဖြတ်ပါစေ။ ကိုယ်လိုချင်တာက သပ်ရပ်သန့်ရှင်းနေဖို့ပဲလေ။ ကိုယ့်အကူအညီနဲ့ အကြံဥာဏ်လိုအပ်တဲ့အချိန်ကျမှသာ ကိုယ်ကကြားဝင်ပါ။ ဒီလိုဆိုရင်ကိုယ့်တနေ့တာက ကိုယ့်ဖွံ့ဖြိုးမှုနဲ့ အလုပ်တိုးတက်မှုအတွက် အသုံးချနိုင်တဲ့အချိန်တွေ၊ စဉ်းစားနိုင်တဲ့အချိန်တွေ ပိုလာနိုင်ပါလိမ့်မယ်။

Thurein Hlaing Win
=========================

စီးပွားရေးတွေ ဘာလို့အရှုံးပေါ်ကြရတာလဲ။
*******************************************
ရပ်ကွက်တစ်ခုမှာ ကုန်ပစ္စည်းအသေးစားလေးတွေရောင်းတဲ့ အိမ်ဆိုင်လေးတစ်ဆိုင်ရှိတယ်။ အဲဒီရပ်ကွက်တစ်ခုလုံးမှာ သူတစ်ယောက်ပဲရှိတာ။ ရပ်ကွက်ထဲကလူတွေက ၀ယ်စရာရှိရင် တစ်ခုတည်းသော ဒီဆိုင်လေးကနေပဲဝယ်ရတာဆိုတော့ ရောင်းကောင်းတယ်ပေါ့။ နောက်တော့ အဲဒီရပ်ကွက်ထဲမှာ ၂၄နာရီဖွင့်တဲ့ convenience store တွေလာဖွင့်တယ်။ ပထမ သုံးလေးလလောက်မှာ အိမ်ဆိုင်လေးရဲ့ အမြတ်ငွေကျတယ်။ ဒုတိယသုံးလေးလလောက်မှာ အရှုံးပေါ်တဲ့လတွေ ပေါ်နေတယ်။ တစ်နှစ်အကြာမှာ အဲဒီအိမ်ဆိုင်လေး ပိတ်လိုက်ရတယ်။

ကုန်ပစ္စည်းချင်းအတူတူ ငါ့ပစ္စည်းကို ဘာကြောင့် ၀ယ်သင့်တာလဲဆိုတဲ့အကြောင်းပြချက်က ပြိုင်ဆိုင်မှုစွမ်းရည် (competitive advantage)။ ပိတ်လိုက်ရတဲ့အိမ်ဆိုင်လေးရဲ့ အကြောင်းကိုပြောရင် ငွေကြေးအရင်းအနှီးမရှိလို့ လူအင်အားမရှိလို့စသဖြင့် အကြောင်းရင်းမျိုးစုံပြောနိုင်တယ်။ ဒါပေမယ့် ခြုံပြောလိုက်ရင် တစ်ခုတည်းက ပြိုင်ဆိုင်မှုစွမ်းရည်ဆုံးရှုံးသွားလို့။ ပထမသူရောင်းကောင်းနေတာက သူ့ပြိုင်ဆိုင်မှုစွမ်းရည်ကို တစ်ရပ်ကွက်လုံးမှာ တစ်ခုတည်းရှိတယ်ဆိုတဲ့အချက်အပေါ်မူတည်ပြီးတည်ဆောက်ထားလို့။ ပြိုင်ဘက်တွေပေါ်လာတဲ့အချိန်မှာ ဒီပြိုင်ဆိုင်မှုစွမ်းရည်က အလကားဖြစ်သွားပြီ။ သုံးစားလို့မရတော့ဘူး။ အဲဒီအချိန်မှာ ဒီသဘောကိုအမြန်သုံးသပ်မိပြီး ပြိုင်ဆိုင်မှုစွမ်းရည်အသစ်တည်ဆောက်မယ်ဆိုရင် ဆက်လက်ယှဉ်ပြိုင်နိုင်မယ်။ မဟုတ်ရင်တော့ ဈေးကွက်ထဲကနေ ထွက်ခွာရလိမ့်မယ်။

သီတင်းကျွတ်အချိန်မှာ သတိထားမိတဲ့အချက်က ပြည်တွင်းဖြစ်မီးပုံးတွေ၊ ကလေးကစားစရာတွေမမြင်ရသလောက်ဖြစ်သွားပြီး တရုတ်လုပ်မီးပုံးတွေ ကစားစရာတွေက အစားထိုးဝင်လာတယ်ဆိုတာပဲ။ ခေတ်နဲ့မညီတော့လို့ နည်းပညာမရှိလို့ ဘာညာပြောလို့ရပေမယ့် တကယ်တမ်းက ပြိုင်ဆိုင်မှုစွမ်းရည်ပျောက်ဆုံးသွားလို့ပဲ။ ဈးနှုန်းအားဖြင့်ရော အရည်အသွေးအားဖြင့်ရော တီထွင်ဆန်းသစ်မှုချင်းရော ကွာနေတဲ့ပစ္စည်းနှစ်ခုကို ကိုယ်သာဆိုရင်ရော ဘယ်ဟာကိုရွေးမလဲ။ ပြည်တွင်းဖြစ်ကို အားပေးပါပြောလို့ရပေမယ့် ပြည်တွင်းဖြစ်ကလည်း သိပ်မကွာတဲ့ အရည်အသွေးတော့ရှိနေသင့်တာပေါ့။ တကယ်ဆို ဈေးကွက်ကို လက်ဦးမှုရယူနိုင်ပြီးသားဖြစ်တဲ့သူတွေ ကျရှုံးကုန်တာဟာ ၀မ်းနည်းစရာကောင်းပါတယ်။ ဈေးကွက်ကိုယူပြီးသားဖြစ်ပေမယ့် ပြိုင်ဆိုင်မှုစွမ်းရည်တွေ အသစ်မဖန်တီးနိုင်တာကြောင့် ကိုယ်သိပြီးသားဈေးကွက်ကို သူများကို ပေးလိုက်ရတာပဲ။ အပေါ်က အိမ်ဆိုင်ဥပမာမှာရော၊ ပြည်တွင်းဖြစ်မီးပုံးဈေးကွက်မှာရော ဒီသဘောအတိုင်းပဲ။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သဘာဝက လုပ်လက်စ လုပ်နေကျဟာတွေကိုပဲ ဆက်လုပ်ချင်ကြတယ်။ အသစ်ဖန်တီးဖို့၊ ဗျူဟာ ပြန်သုံးသပ်ဖို့ စတာတွေအတွက် အချိန်မပေးချင်ကြဘူး။ ဟိုးအရင်ကတည်းက ဈေးကွက်ထဲမှာရှိနေတဲ့ပြည်တွင်းဖြစ်ပစ္စည်းတွေဆိုရင် ဆန်းသစ်တဲ့အမြင် အရည်အသွေးတွေနဲ့ထွက်လာတယ်ဆိုတာ အတော်ရှားရှားပဲ။

ပြိုင်ဆိုင်မှုစွမ်းရည်ကိုထိန်းသိမ်းဖို့အတွက် အကြမ်းဖျင်းလုပ်ဆောင်နိုင်တာ (၄) နည်းရှိပါတယ်။
၁။ ကုန်ထုတ်လုပ်မှုကို တိုးတက်အောင်လုပ်ပါ(efficiency)
၂။ အရည်အသွေးကို ကောင်းမွန်အောင်လုပ်ပါ (quality)
၃။ အသစ်ဖန်တီးပါ (innovation)
၎။ ၀ယ်ယူသူကို ဂရုတစိုက်နဲ့ အလေးထားပါ (customer responsiveness)

အဲဒါဆိုရင်တော့ ကိုယ့်ရဲ့ ယှဉ်ပြိုင်စွမ်းရည်ကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ တွေ့ရသလောက် အားအနည်းဆုံးကတော့ အသစ်ဖန်တီးမှုတွေပဲ။ ကိုယ့်နိုင်ငံက လုပ်ငန်းရှင်တွေ၊ မြန်မာမှုပညာရှင်တွေ ဈေးကွက်ထဲကနေထွက်ခွာသွားကြရတာကို ဆက်မမြင်ချင်ပါဘူး။

- Thurein Hlaing Win

=========================

Power of Passion ရဲ့ လက်တွေ့စီမံခန့်ခွဲမှုသင်တန်း (Batch-3) ကို လာမယ့် နိုဝင်ဘာလ (၉)ရက် ကြာသပတေးနေ့မှာ ထပ်ဖွင့်တော့မှာပါ။

• နေ့ရက် - အပတ်စဉ် ကြာသပတေး၊ သောကြာ
• အချိန် - ညနေ(၆)နာရီမှ (၈)နာရီ
• ကြာမြင့်ချိန် - ၁၂ ပတ် (စုစုပေါင်း ၂၄ ချိန်၊ ၄၈ နာရီ)
• နေရာက အမှတ်-၂၈၊ ၁၆၇ လမ်း၊ တာမွေမြို့နယ်၊
Active English သင်တန်း

သင်တန်းမှာ ပါဝင်မယ့် Module နဲ့ သင်ကြားချိန်တွေကတော့
၁။ Strategic Management (၈ ချိန်)
၂။ Human Resource Management (၄ ချိန်)
၃။ Marketing and Sales (၆ ချိန်)
၎။ Accounting (၂ ချိန်)
၅။ Leadership and personal development (၄ ချိန်)

သင်တန်းကြေးကတော့ ၁၅၀,၀၀၀ ကျပ် ဖြစ်ပြီး၊ နိုဝင်ဘာ (၁)ရက်နေ့မတိုင်မီ သင်တန်းအပ်သူတိုင်းအတွက် Early bird promotion နှုန်းထားကတော့ ၁၂၀,၀၀၀ ကျပ်ဖြစ်ပါတယ်။

သင်တန်းသားဦးရေကို အများဆုံး အယောက် (၃၀)ထိသာ လက်ခံပါမယ်။
ဖုန်းနဲ့စာရင်းပေးပြီး လာမတက်ဖြစ်ရင် တကယ်တက်ချင်သူတွေ နစ်နာနိုင်တာမို့ သင်တန်းကျောင်းမှာ လာအပ်ရတဲ့စနစ်ကို သုံးပါတယ်။ တကယ်လို့ လာရ အဆင်မပြေ ဖြစ်နေရင်တော့ ဖြိုးသီဟ KBZ ATM 999- 3070-1000-935-001 သို့မဟုတ် CB ATM 95030-8000-3357-014 ကို သင်တန်းကြေး လွှဲပြီး လွှဲထားကြောင်း
Page ကို ပြောပြပေးရင် လုံလောက်ပါတယ်။

မှတ်ချက် -
၁။ MLM ကုမ္ပဏီများတွင် ပါဝင်ဆောင်ရွက်နေသူများအား (လုံးဝ) တက်ရောက်ခွင့်မပြုပါ။
၂။ Power of Passion တွင် သင်တန်းတခုခု တက်ရောက်ဖူးလျှင် မူလသင်တန်းကြေး၏ ၂၀% လျှော့ပေးပါမည်။
၃၊၊ Power of Passion သင်တန်းသားဟောင်းမှ ညွှန်းပို့သူဖြစ်လျှင် မူလသင်တန်းကြေး၏ ၁၀% လျှော့ပေးပါမည်။
၎။ အဖွဲ့အစည်းတစ်ခုတည်းမှ (၅)ဦး တက်တိုင်း မူလသင်တန်းကြေး၏ ၁၀% လျှော့ပေးပါမည်၊၊
၅။ Attendance ၊ Assignment တို့နှင့် ပတ်သက်သော သတ်မှတ်ချက်များ ပြည့်မီမှသာ Certificate ထုတ်ပေးပါမည်။

လေးစားစွာဖြင့်
Power of Passion အဖွဲ့သားများ

"သင်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကျွန်တော်တို့ အဖြစ်ချင်ဆုံးအရာပါ"
"Your development is our passion"

ဆက်သွယ်ရန်-
Message ဖြင့် >>> https://m.me/powerofpassion.drthurein.zinzae.drphio/

ဖုန်း - ဒေါက်တာ ဖြိုးသီဟ 09-515-6826
လိပ်စာ - အမှတ် ၂၈၊ ၁၆၇ လမ်း၊ တာမွေမြို့နယ်
( Active English သင်တန်းနေရာ)၊ 09 4311 5202

(သင်တန်း မြေပုံကိုလည်း Message ကနေ လှမ်းတောင်းနိုင်ပြီး သင်တန်းမတက်ဖြစ်ခဲ့ရင်တောင် Power of Passion Page ကို reader လို့ မက်ဆေ့ခ်ျပို့ပေးမယ်ဆိုရင် ကျွန်တော်တို့တင်ပေးသမျှ ဆောင်းပါးတွေကို မလွတ်တမ်း ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်)

01/10/2017

Address

Letpadan
11031

Website

Alerts

Be the first to know and let us send you an email when KT car service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share