19/10/2023
ချစ်ခင်လေးစားတန်ဖိုးထားရပါသောညီအကိုမောင်နှမအားလုံးခင်ဗျာ။
အားလုံးအတွက်သတင်းကောင်းလေးပါးလိုက်ပါ့ရစေခင်ဗျာ။
သီလာစိုးစံကားဆားဗစ် လားရှိုးမြို့ မန်နားရွာ မှအောက်ပါဝန်ထမ်းများအားအလိုရှိပါသည်။ စိတ်ပါဝင်စားလိုသူများ အမြန်ဆုံးလျောက်ထားနိုင်ပါသည်။
လျောက်ထားလိုသူများမှာအသက်(၂၀)နှင့်(၄၀)ကြားရှိရပါမည်။လျောက်ထားလိုသူများသည်နေရာနှင့်ရာထူးအလိုက်အသက်နှင့်ပညာအရည်အချင်းကန့်သက်ထားတာရှိပါသည်။လျောက်ထားလိုသူများသည်အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံရေးနှင့်လူမှု့ရေးအရှုပ်အရှင်းကင်းသူဖြစ်ရပါမည်။
အသင်းအဖွဲ့နှင့်ပူးပါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။အလုပ်မှချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ပြီး ပေးအပ်လာသော တာ၀န်များကို ကျေပွန်စွာဆောင်ရွက်နိုင်ရမည်။ ရေရှည်လုပ်ကိုင်နိုင်သူဦးစားပေးမည်။လျောက်ထားမည့်သူများအတွက်ယူဆောင်လာရမည့်စာရွက်စာတန်းများမှာ
၁- CV Form နှင့် လိုင်စင်ပုံသုံးပုံ
၂-မှတ်ပုံတင်မူရင်းနှင့်မိတ္တူ
၃-သန်ခေါင်စာရင်းမူးရင်းနှင့်မိတ္တူ
၄-ရက်ကွက်ထောက်ခံစာ(တစ်လအတွင်း)
၅-အကျင့်စာရိတ္တကောင်းမွန်ကြောင်းရဲစခန်းထောက်ခံစာ (တလအတွင်း)
၆-မိမိတွင်ရှိသောအောင်လက်မှတ်များမူရင်းနှင့်မိတ္တူ
၇-အခြားသောကုမ္ပဏီတွင်တာဝန်ထမ်းဆာင်ခဲ့ဖူးပါကအနားယူခဲ့သောကုမ္ပဏီ၏ထောက်ခံစာ များယူဆောင်လာရမည်ဖြစ်သည်။
Service Adviser , Office Staff နှင့် Spare Parts Coordinator အဖြစ်တာဝန်ထမ်းဆောင်လိုသူများမှာ တက္ကသိုလ်တခုခုမှဘွဲရရှိထားသူဖြစ်ရမည်။ကွန်ပျူတာကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုတတ်ရမည်။ E-mail,Power Point, Excel ,Photoshop နှင့်စသည်တို့ကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုတတ်ရမည်။တရုတ်စာနှင့်တရုတ်စကားကိုကျွမ်းကျင်စွာပြောဆိုတတ်သူဦးစားပေးမည်။ ရုပ်ရည်ပြေပြစ်ပြီးလူမှု့ဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။ Automotive Service အတွေ့အကြုံရှိသူကိုဦးစားပေးမည်ဖြစ်သည်။
ကျန်ရှိနေသေးသောနေရာနှင့်ရာထူးအလိုက်လျောက်ထားလိုသူများမှာအောက်ပါအတိုင်းဆက်သွယ်ပေးပို့ကာလျောက်ထားနိုင်ပါသည်။လျောက်လွာများကိုစစ်ဆေးပြီး အင်တာဗျူးဖြေရမည့်ရက်ကိုဆက်သွယ်ပေးပါမည်။လျောက်ထားလိုသူများမှာအောက်ပါအတိုင်းဆက်သွယ်နိုင်ပါသည်။
E-mail - [email protected]
ရုံးဖုန်း - 09-985597999
Viber - 09985597999
09-985697999
Page Messenger သို့ဖြစ်စေ ဆက်သွယ်လျောက်ထားနိုင်ပါသည်။
အလုပ်ချိန် နံနက် ၀၈:၀၀ မှ ညနေ ၅:၃၀အထိဖြစ်ပါသည်။လကုန်ပြီးတရက်နေ့တိုင်းအလုပ်ရုံပိတ်ပါသည်။အစမ်းခန့်ကာလမှာတရားဝင်ဝန်ထမ်းဖြစ်သည်အထိယူနီဖေါင်းနှင့်နေစရာအခန်း၊မနက်စာနေ့လည်စာနှင့်ညစာပါစီစဉ်ပေးထားပါသည်။လက်တွေ့လုပ်ငန်းခွင်အသုံးချသင်တန်းပေးပါမည်။
နယ်မှလာရောက်တာဝန်ထမ်းဆောင်လိုသူများကိုခရီးစရိတ်ပါစီစဉ်ပေးပါမည်။
🏘️ လားရှိူးမြို့ မန်နားရွာ 🏠