Ko myo car workshop

Ko myo car workshop 👨‍🔧မိတ်ဆွေတို့ ၏ ကားများကို စိတ်တိုင်းကျ ပြုပြင်ပေးပါသည်🤝🤝

(၁) မိနစ်ပဲလူတစ်ယောက် ကားမောင်းပြီး ခရီးသွားတယ်။ လမ်းမှာ ကားပျက်လို့ ဆင်းပြီး ကားကို ပြင်ကြည့်တယ်။ မရဘူး။ဆက်ပြင်တယ်။ (၁၅...
30/09/2023

(၁) မိနစ်ပဲ

လူတစ်ယောက် ကားမောင်းပြီး ခရီးသွားတယ်။ လမ်းမှာ ကားပျက်လို့ ဆင်းပြီး ကားကို ပြင်ကြည့်တယ်။ မရဘူး။

ဆက်ပြင်တယ်။ (၁၅) မိနစ်၊ နာရီ၀က်၊ တစ်နာရီ မရဘူး။

လက်လျှော့လိုက်ပြီး ကား၀ပ်ရှော့ပ်ဆိုင်တစ်ခုကိုရှာပြီး ကားပြင်သမားကို ပြင်ခိုင်းလိုက်တယ်။

ကားပြင်သမားက ကားအဖုံးဖွင့်ကြည့်ပြီး လိုအပ်တာ ပြင်လိုက်တယ်။

(၃) မိနစ်ပဲ ကြာလိုက်တယ်။ ပြန်ကောင်းသွားတယ်။

" ဘယ်လောက်ကျသလဲ ကောင်လေး "

" (၅၀၀၀) ကျပ်ကျပါတယ် "

" (၃) မိနစ်ပဲ ပြင်ရတာကို (၅၀၀၀) က မများလွန်းဘူးလားကွ "

" ဦးလေး ဘာအလုပ် လုပ်နေပါသလဲ "

" ဆရာ၀န် "

" ဟုတ်ကဲ့ပါ ဆရာ။ ဆရာလည်း ဆေးခန်းကို ရောက်လာတဲ့ လူနာတွေဆီက (၂၀၀) ကျပ်ဖိုးလောက်ပဲတန်တဲ့ ဆေးအတွက် (၅၀၀၀) ကျပ် ယူတယ်မလား "

" ဟ အဲဒါက ဒီဆေးသောက်ရင် ဒီရောဂါပျောက်တယ်ဆိုတဲ့ ပညာကို သိအောင်လေ့လာခဲ့ရတာ နှစ်ပေါင်းများစွာ ကြာတယ်ကွ ဆေးဖိုးယူတာမဟုတ်ဘူးပညာဖိုးကို ယူတာ "

" ဟုတ်ကဲ့။ ကျွန်တော်ပြောချင်တဲ့စကားကို ဆရာပြောပြီးနေပါပြီပျက်နေတဲ့ ကားတစ်စီးကို (၃) မိနစ်နဲ့ ပြန်ကောင်းလာအောင် လုပ်တတ်တဲ့ပညာကို ကျွန်တော်လည်း (၁၀) နှစ်မက လေ့လာခဲ့ရပါတယ်ဆရာ"

သင်ခန်းစာ
=======

ကိုယ့်ပညာကိုလည်း လေးစားပါ၊ သူတစ်ပါး၏ပညာကိုလည်း လေးစားပါ။ အတတ်ပညာတိုင်းကို တန်ဖိုးထားပါ။

အသိပညာ၊ အတတ်ပညာတို့ကို တတ်မြောက်ကြအောင် သင်ထားကြဖို့ တိုက်တွန်းပေးသည့် ဥပမာကောင်း တစ်ခုဖြစ်ပါသည်။

မူရင်းရေးသူကို credit ပေးပါတယ် 🙏🙏🙏

👨‍🔧👨‍🔧 Audi Engine Over all💪💪
23/05/2023

👨‍🔧👨‍🔧 Audi Engine Over all💪💪

မိုးအေးအေးနဲ့တော့ တွေ့p 😫😖
15/03/2023

မိုးအေးအေးနဲ့တော့ တွေ့p 😫😖

👨‍🔧👨‍🔧💪💪
18/02/2023

👨‍🔧👨‍🔧💪💪

👨‍🔧  Today 💪
08/01/2023

👨‍🔧 Today 💪

06/01/2023

👨‍🔧👨‍🔧Wish .1zz.engine ခေါင်းစားချင်အုံး ခုတော့ ရသွားပြီး ဘာတတ်နိုင်သေးလည်😎😎

Today 👨‍🔧👨‍🔧
12/12/2022

Today 👨‍🔧👨‍🔧

👨‍🔧ခုလိုလာရောက်အားပေးကျသော လူကြီးမင်းများ အားလုံး 🚗Ko Myo Car WorkShop မှ အထူးကျေးဇူးတင်ရှိပါတယ်သည် 🥰🙏      လိုအပ်ချက်မျ...
07/12/2022

👨‍🔧ခုလိုလာရောက်အားပေးကျသော လူကြီးမင်းများ အားလုံး 🚗Ko Myo Car WorkShop မှ အထူးကျေးဇူးတင်ရှိပါတယ်သည် 🥰🙏

လိုအပ်ချက်များရှိပါက ဆက်သွယ်မေးမြန်လိုပါက☎️09453821627📲09958410776

26/10/2022

အင်ဂျင်လည်ပေမဲ့ စက်မနိူးသည့် အကြောင်းအရင်း (၈) ချက်

ဓာတ်ဆီအင်ဂျင်သည် ဘယ်လောက်နိုးနိုး အင်ဂျင်လည်ပြီး စက်မနိုးဘူးဆိုရင် သို့မဟုတ် အနိုးရှည်နေခဲ့ရင် ဘာတေ​ွကို စစ်ဆေးရမလဲ မျှဝေပေးပါ့မယ်ခင်ဗျ။ အင်ဂျင်တစ်လုံးသည် အပူလွန်ကဲခြင်း ၊ အအေးလွန်ကဲခြင်းကြောင်း စက်နိုးရခက်တာမျိုးကြုံနိုင်ပါတယ်။ နောက်ပြီး ချာဂျင်အဝင်နည်းလို့ ဘတ်ထရီအားနည်းနေတယ်ဆိုရင်လဲ စက်မနိုးနိုင်ပါဘူး။ အင်ဂျင်ကွန်ပရက်ရှင်းကျနေခြင်း ၊ မီးတိုင်မင်မမှန်ခြင်း ၊ ဆီပန့်ပရက်ရှာနည်းနေခြင်း စတဲ့ အချက်တွေကြောင့်လည်း စက်မနိုးနိုင်ပါဘူး။ တခြားသော အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

▶ အင်ဂျင်လျှပ်စစ်ပစ္စည်းများ ရေစိုနေခြင်း ... မိုးတွင်းကာလ ရေအိုင်ထဲ ဖြတ်မောင်းမိခြင်း ၊ မိုးရေထဲ အချိန်ကြာမြင့်စွာ ကားရပ်ထားသောကြောင့် မီးပေးစနစ်၏ အစိတ်အပိုင်းများဖြစ်ကြတဲ့ ဒစ်စတွီဗျူတာကပ် ၊ ပလပ် ၊ ပလပ်ဝါယာတွေမှာ ရေခိုးရေငွေ့များရိုက်ပြီး အနိုးခက်ပေလိမ့်မယ်။ ထိုကဲ့သို့ဖြစ်ရင် မီး​ပေးစနစ်ရဲ့ အထက်ပါ အစိတ်အပိုင်းတွေကို တနည်းနည်း အပူပေး ခြောက်သွေ့အောင်လုပ်ပြီး စက်နိုးနိုင်ပေ၏။ မော်ဒယ်မြင့်ကားတွေမှာတော့ ထိုကဲ့သို့ ပြစ်ချက်မျိုး မဖြစ်ရအောင် ဆော့ကဒ်တွေ သေချာစွာပြုလုပ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မီးပေးစနစ်တွေမှာ ပြစ်ချက်ရှိနိုင်ပေသည်။ ယ

▶ ဝိတ်များများ တင်ဆောင်တဲ့ ကားအားလုံးမှာ အင်ဂျင်သည် သာမာန်ထက် အလုပ်ပိုလုပ်ရတာမို့ အပူချိန်မြင့်များစွာမောင်းနှင်ရတဲ့ တောင်တက်တောင်ဆင်းနေရာတွေမှာ အင်ဂျင်ဟိပိုတတ်ပါသည်။ ထိုကဲ့သို့ အပူလွန်ကဲမှုကြောင့် ပလပ်ကွိုင်တွေ အရည်ပျော်ပျက်စီးခြင်း ၊ ဝါယာအစိတ်အပိုင်းတွေ ပေါက်ပြဲထွက်ခြင်း ၊ ဆီအငွေ့ပျံခြင်းတို့ ပိုမိုဖြစ်ပေါ်နိုင်၏။ နောက်ပြီး ဓာတ်ဆီကားတွေမှာ စတက်တာမော်တာ သက်တမ်းကြောင့် အထဲမှာ ကာဗွန်တွေပျက်စီးပြီး ပူရင် စက်နိုးမရဖြစ်ပါတယ်။

▶ ခေတ်ဟောင်းကားတွေမှာ ကာဗရိုက်တာ ဆီလျံခြင်းကြောင့် ကာဗရို်က်တာ flood ဖြစ်စေပြီး ဆီမွှန်းကာ စက်မနိုးတော့တာမျိုးဖြစ်တတ်ပါတယ်။ ထိုသို့ဖြစ်ခဲ့ရင် ချုပ်နဲ့သရော်တယ်ကို အဆုံးထိဖွင့်ပြီး ဆီများထုတ်ပစ်ပြီး အင်ဂျင်ကို တဖန်ပြန်နိူးပါက ရနိူင်ပါ၏။ efi ကားတွေမှာ အင်ဂျက်တာ ကပ်နေတာမျိုး ၊ ပန့်ကောင်းကောင်းအလုပ်မလုပ်ဘူး ၊ ဖစ်တာပိတ်နေတာမျိုး ၊ ဆီလိုင်းတွေမလုံတာမျိုး ၊ ဆီတိုင်ကီအဖုံးမလုံတာမျိုးတွေကြောင့်လဲ စက်မနိုးတာမျိုးတွေရှိတတ်ပါတယ်။

▶ ရာသီဥတုအေးလွန်းနေပါက စက်နိုးရခက်ပါတယ်။ အထူးသဖြင့် ဒီဇယ်ကားတွေသည် အေးလွန်းရင် စက်နိုးဖို့မလွယ်ပါ။ ဒါ့ကြောင့် အင်ဂျင်ကို အပူပေးဖို့ glow plug ၊ warm switch စတဲ့ စနစ်တွေသုံးပြီး အင်ဂျင်ကို မိနစ်အနည်းငယ်ကြာအောင် အပူပေးပြီးမှ စက်နိုးကြပါတယ်။ ဓာတ်ဆီကားတွေမှာတော့ ဆိုလိုနွိုက်တွေ ၊ ရက်လေးတွေ အေးနေရင် ကပ်နေပြီး အလုပ်မလုပ်တာမျိုးရှိတတ်ပါတယ်။ တချို့ စက်ဆရာတွေက အင်လက်ထဲကို ရေနွေးလောင်းထည့်တာတွေ မြန်မာ့နည်းမြန်မာဟန်ဖြင့် စက်နိုးရ လွယ်ကူအောင်လုပ်ကြပါတယ်။

▶အင်ဂျင်အနှေးလည်ပါက စက်နိုးရခက်စေတဲ့ အကြောင်းအရင်းဖြစ်ပေါ်ပါတယ်။ အင်ဂျင်အနှေးလည်ရခြင်းအကြောင်းကတော့ အင်ဂျင်ကိုထောက်ပံ့ပေးတဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းတွေမှာ ပြစ်ချက်ရှိနေတာကြောင့်ပါ။ အဲ့ဒါဘာလဲဆိုရင် အင်ဂျင်ဝိုင်ပြစ်စေးတာကိုသုံးထားခြင်း ၊ ဘတ်ထရီမကောင်းခြင်း ၊ မီးတိုင်မင်မြင့်မားခြင်း ၊ အင်ဂျင်အစိတ်အပိုင်းတွေတင်းကျပ်နေခြင်း ၊ စတက်တာမော်တာမကောင်းခြင်း ၊ ဘက်ထရီခေါင်းတွေ မိလိုက် မမိလိုက်ဖြစ်နေခြင်း ၊ ဝါယာအစိတ်အပိုင်းတွေ ပျက်တောက်နေခြင်း ၊ ချောင်းနေခြင်း စတဲ့ အချက်တွေကြောင့် အင်ဂျင်နိုးတဲ့အခါ လွန်စွာနှေးကွေးစွာအလုပ်လုပ်ပါတယ်။

▶အင်ဂျင်ကွန်ပရက်ရှင်းကျနေတာမျိုးကြောင့်လည်း စက်နိုးရခက်တက်ပါတယ်။ ဒါမျိုးက အင်ဂျင်သက်တမ်းနဲ့လည်းဆိုင်ပေသည်။ မီးတိုင်မင်မှန်တယ် ၊ ဆီလည်းပရက်ရှာရှိတယ် ၊ ရက်လေး ၊ဖြူး အကုန်ကောင်းတယ် ၊ ဒါပေမဲ့ အနိုးရခက်ပါတယ်။ အင်ဂျင်ကွန်ပရက်ရှင်းကျတာသေချာရင် လုပ်စရာ တစ်နည်းကတော့ ပလပ်ကိုဖြုတ်ပြီး အင်ဂျင်ဝိုင်အနည်းထည့်ပြီး အင်ဂျင်ကို တစ်ပတ်နှစ်ပတ်လောက်လှည့်လိုက်ရက် ခုန ကျနေတဲ့ ကွန်ပရက်ရှင်း အနည်းငယ်တက်လာပြီးစက်နိုးလို့ရနိုင်​ပါတယ်။ တကယ်တော့ ကွန်ပရက်ရှင်းကျနေတာမျိုးသည် စလစ် ၊ ပစ္စတင်စားနေခြင်း ၊ ရိန်းများအားနည်းခြင်း ၊ ဗားအထိုင်မကျခြင်း ၊ မလုံခြင်း ၊ ဂတ်စကက်မလုံးခြင်းစတဲ့ ပြစ်ချက်များကြောင့်ဖြစ်ပါတယ်။

▶ မီးတိုင်မမှန်ရင်လည်း စက်မနိုးပါဘူး။ မီးတိုင်မင် အရင်ခေတ်ဟောင်း ဒစ်စကြီဗျူတာစနစ်တွေမှာ မီးတိုင်မင်ချိန်ပေးရပေမဲ့ မော်ဒယ်မြင့်ကားတွေမှာ ပလပ်ကွိုင်တေ​ွ မီးထွက်မထွက်စစ်ဆေးခြင်း ၊ ပလပ်ကောင်းမကောင်းစစ်ဆေးခြင်း ၊ ဝါယာလိုင်းတွေစစ်ဆေးခြင်းလုပ်ဆောင်ရပေသည်။ ECU ​က မီးမချပေးရင်လည်း ကားအနိုးရှည် ၊ စက်မနိုး စတဲ့ ပြစ်ချက်များကြုံရတတ်ပါတယ်။

▶ ဆီပေးစနစ်မမှန်ကန်ခြင်းကြောင့် စက်မနိုးတာမျိုးရှိပါတယ်။ ဒါက ဘယ်ကားနေနေ အရေးကြီးတဲ့ သတိထားစရာအချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ပန့်မကောင်းလို့ စက်လုံးဝမနိုးတဲ့ ပြစ်ချက်တွေ အတော်လေး ကြုံဖူးတယ်။ ပန့် ဂျီးပိတ်တာ ၊ ပန့်မော်တာ အလုပ်မလုပ်တာ ၊ ဆီတိုင်ကီ မသန့်ရှင်းတာကြောင့် ဖစ်တာတွေ ဆီလိုင်းတွေ ပိတ်ဆို့နေပြီး ဆီပရက်ရှာမတက်တာ ၊ ကာဗရိုက်ကားတွေမှာ ကာဗရိုက်တာထွေတဲ့ပြစ်ချက်တွေကြောင်​့ စက်မနိုးတာ ၊ အင်ဂျက် ဂျီးပိတ်တာတွေ ၊ ဆီဖြန်းနှုန်း (spray pattern) မမှန်တာမျိုးတွေကြောင့် စက်မနိးတာတွေလည်းရှိပါကြောင်း

#၀ပ်ရှော့ဆရာညီအကိုတွေ အားတဲ့အချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်4အုပ်၀ယ်ယူနိင်ပါတယ်ခင်ဗျာ
♦️စက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းစာအုပ်ဈေးမတက်ဘဲမူရင်းဈေးအတိုင်းရောင်းပေးနေပါတယ်ခင်ဗျာ♦️

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
https://www.facebook.com/127119418075398/posts/1240203360100326/

#အော်တိုဂီယာ ဗားဘော်ဒီစာအုပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

& ECUစာအုပ်
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲစာအုပ်
https://www.facebook.com/127119418075398/posts/1074605609993436/

မြန်မာလိုစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476
📞09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏❤️ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏🏿❤️

🛠 အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ 💁‍♂️👇
https://t.me/automechanicsbook14 (ချန်နယ်)
https://t.me/+X2wga8MUZlw4M2Vl (ဂရု)

👨‍🔧👨‍🔧အလုပ်တွေက အာ့လိုအခြေအနေကို ဖြစ်နေတာ 🥶🥶🥶
18/09/2022

👨‍🔧👨‍🔧အလုပ်တွေက အာ့လိုအခြေအနေကို ဖြစ်နေတာ 🥶🥶🥶

Canter ဂန်းလဲ  အောက်ပိုင်း ြပုပြင် 👨‍🔧👨‍🔧 Hijet  Engine over allပြုပြင်  🥰
15/09/2022

Canter ဂန်းလဲ အောက်ပိုင်း ြပုပြင် 👨‍🔧

👨‍🔧 Hijet Engine over allပြုပြင် 🥰

🙏မိတ်ဆွေများ  ခုလို လာရောက်ပြုပြင်ကျသော  မိမိကားများ  စိတ်တိုင်းကျ ပြုပြင်ပေးသည် 👨‍🔧 KO MYO ကားလေး၀ပ်ရှော့မှ အထူးကျေးဇူး...
21/08/2022

🙏မိတ်ဆွေများ ခုလို လာရောက်ပြုပြင်ကျသော မိမိကားများ စိတ်တိုင်းကျ ပြုပြင်ပေးသည် 👨‍🔧 KO MYO ကားလေး၀ပ်ရှော့မှ အထူးကျေးဇူးတင်ပါသည်🙏🙏🙏

Address

Lashio

Website

Alerts

Be the first to know and let us send you an email when Ko myo car workshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share